မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
Credit: 7DayDaily
#Unicode Version#
ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသသို့ လာရောက်လည် ပတ်သည့် ခရီးသွားအချို့၏စည်း ကမ်းမဲ့မှုကြောင့် စိုက်ခင်းများ ပျက်စီးဆုံးရှုံးနေကြောင်း ဒေသခံ များက ပြောသည်။
ပင်းတယ၊ ရွာငံနှင့် အောင် ပန်းမြို့တို့ရှိ ကားလမ်းဘေးဝဲယာ၌ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် အဖူးအပွင့်များဖြင့် လှပနေသည့် ပန်းနှမ်းစိုက်ခင်းများရှိပြီး ခရီးသွားအချို့က အုပ်စုလိုက် စိုက်ခင်းထဲဝင်ရောက်၍ စည်းကမ်းမဲ့  ဓာတ်ပုံရိုက်ခြင်းကြောင့် အချို့ပန်းနှမ်းခင်းများ  ပျက်စီးကြောင်း ပန်းနှမ်းစိုက်တောင်သူအချို့က ပြောသည်။
‘‘အခုအချိန်က အခင်းတွေ က တအားလှတော့ ခရီးသွားတွေ က အုပ်စုလိုက် ဓာတ်ပုံဝင်ရိုက် ကြတယ်။ မရိုက်နဲ့လို့ ကျွန်တော် တို့ မပြောပါဘူး။ စည်းကမ်းတကျ နဲ့ ဝင်ရိုက်၊ စည်းကမ်းတကျနဲ့ ထွက်ပေးရင် အခုလို ပျက်စီးမှု တွေ မဖြစ်ပါဘူး။ လမ်းဘေးဝဲယာ အခင်းတွေက ပျက်စီးမှုအများဆုံး ပါပဲ’’ဟု ပင်းတယဒေသခံ စိုင်းလူ ခေးက ပြောသည်။
ထို့ပြင် ခရီးသွားဧည့်သည် အချို့က စိုက်ခင်းများအတွင်း အစာစားခြင်းနှင့် အမှိုက်များစွန့် ပစ်ခဲ့ခြင်းတို့ကြောင့် ပန်းနှမ်းနှင့် ဂေါ်ဖီစိုက်ခင်းများ အထွက်လျော့ ကျကြောင်း တောင်သူအချို့က ပြောသည်။
‘‘သူတို့ဓာတ်ပုံရိုက်ရင် အ ပြင်ကပဲ ရိုက်စေချင်တယ်။ ခြံထဲ ဝင်ရိုက်ပြီး နင်းသွားတော့ အပင် တွေ ပျက်စီးကုန်တယ်။ မစားရ တော့ဘူး။ ဓာတ်ပုံမရိုက်စေချင် တာမဟုတ်ဘူး။ အပြင်ကပဲ ရိုက် စေချင်တယ်’’ဟု ပန်းနှမ်းစိုက် တောင်သူတစ်ဦးက ပြောသည်။
စည်းကမ်းမဲ့ ခရီးသွားအချို့ ကြောင့် ဒေသခံတောင်သူတို့၏ စိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု ထပ်မံမဖြစ်ပေါ်စေရန် စိုက်ခင်းများအ တွင်း စည်းကမ်းတကျ ဓာတ်ပုံ ရိုက်ရန်၊ အမှိုက်များ မစွန့်ပစ်ရန် သတိပေးစာများ၊ စည်းကမ်းချက်များရေးသား၍ ဗီနိုင်းထောင်မည်ဟု စိုင်းလူခေးက ပြောသည်။
 အဆိုပါဒေသရှိ တောင်သူ များသည် ပန်းနှမ်း၊ ဂေါ်ဖီ၊ အာလူးတို့ကို အဓိကထားစိုက်ပျိုးသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top