Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရဲတပ္ဖြဲ႕ဝင္တစ္ဦးေသ နတ္ေပ်ာက္ဆံုး၍ လာျပန္အပ္သူ အား ဆုေငြက်ပ္ငါးသိန္းေပးမည္ ဟု ရဲတပ္ဖြဲ႕က ေၾကညာၿပီးေနာက္ ေဒသခံတစ္ဦးက ေသနတ္လာေရာက္အပ္ႏွံသည့္ျဖစ္စဥ္ ပူတာအိုၿမိဳ႕၌ ျဖစ္ပြားသည္။

ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕ နယ္ ေနာင္မြန္ၿမိဳ႕မရဲစခန္းမွ ရဲ တပ္ဖြဲ႕ဝင္မ်ားသည္ ပူတာအိုၿမိဳ႕မွ ဘဏ္ေငြထုတ္၍ ျပန္လာစဥ္ ရဲ တပ္သားတစ္ဦး၏ဆုိင္ကယ္ခံု ေပၚတြင္ အိတ္ျဖင့္ ထည့္ထား ေသာ BA-94 ေသနတ္ႏွင့္က်ည္ ငါးေတာင့္ေပ်ာက္ဆံုးမႈ ႏုိဝင္ဘာ ၁၁ ရက္က ျဖစ္ပြားခဲ့ေၾကာင္း ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕မွဴး   ရဲမွဴးႀကီးေဇာ္ခင္ေအာင္က  ေျပာၾကားသည္။

‘‘ေသနတ္  ေပ်ာက္သြား ေတာ့ သက္ဆုိင္ရာေဒသခံ ဘာ သာေရးဆရာေတြ၊ သင္းအုပ္ ဆရာေတြကိုေျပာၿပီး  ဆုေငြငါး သိန္းေပးပါမယ္ဆိုၿပီး  ထုတ္လိုက္ တယ္။  ဒီမနက္ (ႏိုဝင္ဘာ ၁၃ ရက္ မနက္)လာအပ္တယ္။ အခမ္းအနားေလးနဲ႔ လက္ခံလိုက္တယ္’’ဟု  ရဲမွဴးႀကီးေဇာ္ခင္ေအာင္က ေျပာသည္။

ေသနတ္သည္ ပူတာအိုၿမိဳ႕ ႏွင့္ ႏွစ္မိုင္ခန္႔အကြာ ဂ်ဴဗလီေက်း ရြာတြင္ ျပဳတ္က်ေပ်ာက္ဆံုးခဲ့ျခင္း ျဖစ္ၿပီး ျပန္လည္ ရွာေဖြေသာ္ လည္း မေတြ႕ေတာ့၍ ရဲတပ္ဖြဲ႕က ဆုေငြထုတ္ခဲ့သည္။

ဂ်ဴဗလီေက်းရြာမွ ေတာင္သူ ဦးဒခြမ္ခင္ဆားက ေကာက္ရထားေၾကာင္း အေၾကာင္းၾကား၍  အခမ္းအနားျပဳလုပ္ကာ ဆုေငြက်ပ္ ငါးသိန္းေပးအပ္ခဲ့ေၾကာင္း ပူတာအိုၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က  ဆိုသည္။

ေသနတ္ေပ်ာက္ဆံုးသည္ အထိ တာဝန္ေပါ့ေလ်ာ့သူ ရဲတပ္ ဖြဲ႕ဝင္အဆင့္ဆင့္ကို အေရးယူ မည္ျဖစ္ၿပီး ျပည္သူလူထုက ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းေဆာင္ရြက္သည့္ ယခုျဖစ္စဥ္ေၾကာင့္ ေဒသခံမ်ား အား ေက်းဇူးတင္ေၾကာင္း ရဲမွဴး ႀကီးေဇာ္ခင္ေအာင္က    ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ရဲတပ်ဖွဲ့ဝင်တစ်ဦးသေ နတ်ပျောက်ဆုံး၍ လာပြန်အပ်သူ အား ဆုငွေကျပ်ငါးသိန်းပေးမည် ဟု ရဲတပ်ဖွဲ့က ကြေညာပြီးနောက် ဒေသခံတစ်ဦးက သေနတ်လာရောက်အပ်နှံသည့်ဖြစ်စဉ် ပူတာအိုမြို့၌ ဖြစ်ပွားသည်။

ကချင်ပြည်နယ် ပူတာအိုမြို့ နယ် နောင်မွန်မြို့မရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များသည် ပူတာအိုမြို့မှ ဘဏ်ငွေထုတ်၍ ပြန်လာစဉ် ရဲ တပ်သားတစ်ဦး၏ဆိုင်ကယ်ခုံ ပေါ်တွင် အိတ်ဖြင့် ထည့်ထား သော BA-94 သေနတ်နှင့်ကျည် ငါးတောင့်ပျောက်ဆုံးမှု နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး   ရဲမှူးကြီးဇော်ခင်အောင်က  ပြောကြားသည်။

‘‘သေနတ်  ပျောက်သွား တော့ သက်ဆိုင်ရာဒေသခံ ဘာ သာရေးဆရာတွေ၊ သင်းအုပ် ဆရာတွေကိုပြောပြီး  ဆုငွေငါး သိန်းပေးပါမယ်ဆိုပြီး  ထုတ်လိုက် တယ်။  ဒီမနက် (နိုဝင်ဘာ ၁၃ ရက် မနက်)လာအပ်တယ်။ အခမ်းအနားလေးနဲ့ လက်ခံလိုက်တယ်’’ဟု  ရဲမှူးကြီးဇော်ခင်အောင်က ပြောသည်။

သေနတ်သည် ပူတာအိုမြို့ နှင့် နှစ်မိုင်ခန့်အကွာ ဂျူဗလီကျေး ရွာတွင် ပြုတ်ကျပျောက်ဆုံးခဲ့ခြင်း ဖြစ်ပြီး ပြန်လည် ရှာဖွေသော် လည်း မတွေ့တော့၍ ရဲတပ်ဖွဲ့က ဆုငွေထုတ်ခဲ့သည်။

ဂျူဗလီကျေးရွာမှ တောင်သူ ဦးဒခွမ်ခင်ဆားက ကောက်ရထားကြောင်း အကြောင်းကြား၍  အခမ်းအနားပြုလုပ်ကာ ဆုငွေကျပ် ငါးသိန်းပေးအပ်ခဲ့ကြောင်း ပူတာအိုမြို့နယ် ရဲတပ်ဖွဲ့က  ဆိုသည်။

သေနတ်ပျောက်ဆုံးသည် အထိ တာဝန်ပေါ့လျော့သူ ရဲတပ် ဖွဲ့ဝင်အဆင့်ဆင့်ကို အရေးယူ မည်ဖြစ်ပြီး ပြည်သူလူထုက ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သည့် ယခုဖြစ်စဉ်ကြောင့် ဒေသခံများ အား ကျေးဇူးတင်ကြောင်း ရဲမှူး ကြီးဇော်ခင်အောင်က    ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top