Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သတ္ေသသည္ဟုဆိုကာ အမႈပိတ္ၿပီး သံုးလၾကာမွ အခင္းျဖစ္အိမ္ကို ဝင္စစ္

ထိုင္းႏုိင္ငံ၌ ေသနတ္ဒဏ္ရာျဖင့္ ေသဆံုးခဲ့ေသာ အိမ္အကူ ျမန္မာအမ်ိဳး သမီးအမႈႏွင့္ပတ္သက္၍ ထုိင္းရဲတပ္ဖြဲ႕က အခင္းျဖစ္ပြားသည့္ ေနအိမ္ကို ႏိုဝင္ဘာ ၇ ရက္တြင္ ျပန္လည္စစ္ေဆးခဲ့သည္။

အိမ္အကူ အသက္(၁၇)ႏွစ္အရြယ္ မညိဳညိဳေအး ေသဆံုးခဲ့သည့္ ေနအိမ္ကို ျပန္ လည္စစ္ေဆးရာတြင္ ေသနတ္ျဖင့္ ပစ္သတ္ ခံရသည့္အခ်က္မ်ားကို ထိုင္းရဲတပ္ဖြဲ႕က ေတြ႕ရွိခဲ့ေၾကာင္း သြားေရာက္စစ္ေဆးရာ တြင္ ထုိင္းရဲတပ္ဖြဲ႕ႏွင့္အတူ လိုက္ပါသြား ၿပီး ယင္းအမႈ၌ ကူညီေဆာင္ရြက္ေပးေနေသာ AAC မဟာမိတ္အဖြဲ႕မွ ကိုရဲမင္းက ေျပာ သည္။

အသံုးျပဳသည့္ ေသနတ္သည္ ထိုင္းအိမ္ ရွင္၏ အိမ္အေပၚထပ္ရွိ ဗီ႐ိုထဲ၌ ထားရွိ ျခင္း၊ က်ည္ဆန္ပစ္ခ်က္တစ္ခုသည္ ေဘး အိမ္၏ ၿခံစည္း႐ိုးကို ထိမွန္ထားသလို ေနာက္ ထပ္က်ည္ဆန္တစ္ခုသည္ အိမ္အတြင္းရွိ မွန္ေပါင္တစ္ခုကို ထိမွန္ျခင္းတို႔ကို ေတြ႕ရွိ ရေၾကာင္း ကိုရဲမင္းက ေျပာသည္။

‘‘ပထမ ထိုင္းရဲေတြ ေျပာထားတာက ကိုယ့္ကိုယ္ကိုယ္ သတ္ေသတယ္ေပါ့။ ထိုင္ လ်က္အေနအထားနဲ႔ ႏွစ္ခ်က္ပစ္ၿပီး သတ္ေသတာလို႔ ေျပာခဲ့တာ။ အခုအေနအထား က ႐ုန္းရင္းဆန္ခတ္ျဖစ္ၿပီး က်ည္ထြက္တဲ့ အေနအထားျဖစ္ေနတယ္။ အခုေတာ့ ထိုင္းရဲေတြက ကိုယ့္ကိုယ္ကိုယ္သတ္ေသတာလို႔ေတာ့ မေျပာေတာ့ဘူး။ ေဆး႐ံုက ေဆးစစ္ ခ်က္အေျဖပဲ ေစာင့္မယ္လို႔ ေျပာတယ္’’ဟု ကိုရဲမင္းက ေျပာၾကားသည္။

ယမန္ေန႔က အခင္းျဖစ္ပြား ေသာ ေနအိမ္ကို စစ္ေဆးအၿပီး တြင္ ေသဆံုးသူ၏ မိသားစုဝင္မ်ား က ထိုင္းႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ံုးသို႔ သြားေရာက္၍ သံအမတ္ႀကီး ႏွင့္ ေတြ႕ဆံုကာ အကူအညီေပး ရန္ ေတာင္းဆုိခဲ့ေၾကာင္း ကိုရဲမင္းက ဆက္လက္ေျပာၾကားသည္။

ထိုင္းလူမ်ိဳးအိမ္ရွင္ထံတြင္ အိမ္အကူအလုပ္ လုပ္ကိုင္စဥ္ ေသနတ္ဒဏ္ရာျဖင့္ ေသဆံုးေသာမညိဳညိဳေအး၏ ႐ုပ္အေလာင္းကို ဂူသြင္းျမႇဳပ္ႏွံထားရာ ယခုအခါ အ ေလာင္းကို ျပန္လည္စစ္ေဆးရန္ ထိုင္းႏိုင္ငံမႈခင္းတိုက္ဖ်က္ေရး အထူးရဲအဖြဲ႕ (CSD)က ႏိုဝင္ဘာ၂ ရက္ ညေနတြင္ ျပန္ေဖာ္ခဲ့ သည္။

ထိုင္းႏုိင္ငံ ရာ့ခ်္ပူရီခ႐ိုင္ ဘန္ပံုနယ္ေျမရွိ ထုိင္းလူမ်ိဳးအိမ္ ရွင္ထံ အိမ္အကူအလုပ္လုပ္ကိုင္ ေနေသာ မညိဳညိဳေအးသည္ ဩဂုတ္ ၆ ရက္ည၌ ေသနတ္ဒဏ္ ရာႏွစ္ခ်က္ျဖင့္ ေသဆံုးခဲ့ၿပီး သံုး ရက္အၾကာတြင္ ဂူသြင္းခဲ့သည္။ မညိဳညိဳေအးသည္ ထိုင္းအိမ္ရွင္ ၏ အခန္းအတြင္း ေသဆံုးေနၿပီး ယင္းျဖစ္ရပ္ကို ထိုင္းနယ္ေျမခံ ရဲတပ္ဖြဲ႕က ေသေၾကာင္းႀကံစည္ မႈအျဖစ္ သတ္မွတ္ကာ အမႈပိတ္ သိမ္းခဲ့သည္။

ယင္းျဖစ္ရပ္ကို ကူညီေပး ေနေသာ AAC မဟာမိတ္အဖြဲ႕က မညိဳညိဳေအး ေသဆံုးသည့္ အမႈ ျဖစ္စဥ္ကို ထုိင္းႏုိင္ငံအမ်ိဳးသား မႈခင္းစစ္ေဆးေရးဌာန ဥကၠ႒ ေဒါက္တာဖြန္သစ္ထံ သြားေရာက္ အကူအညီေတာင္းခံရာ ေဒါက္ တာဖြန္သစ္က ေသနတ္ဒဏ္ရာ သည္ ေသေၾကာင္းႀကံစည္မႈ မဟုတ္ေၾကာင္း ေျပာဆုိခဲ့ရာမွ အမႈကို ျပန္လည္စစ္ေဆးေပးရန္ ေအာက္တုိဘာ ၃၁ ရက္က ေတာင္းဆုိခဲ့၍ ထုိင္းႏုိင္ငံ မႈခင္း တိုက္ဖ်က္ေရး အထူးအဖြဲ႕ (CSD)က ႐ုပ္အေလာင္းကို ျပန္လည္တူး ေဖာ္ၿပီး စစ္ေဆးရန္ ေဆာင္ရြက္ ခဲ့သည္။

မညိဳညိဳေအးကို ဩဂုတ္ ၈ ရက္က ထိုင္းႏုိင္ငံ လွေဘာ္လီၿမိဳ႕ နယ္ ဆြန္ဖီးအရပ္တြင္ ဂူသြင္း သၿဂႋဳဟ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
သတ်သေသည်ဟုဆိုကာ အမှုပိတ်ပြီး သုံးလကြာမှ အခင်းဖြစ်အိမ်ကို ဝင်စစ်

ထိုင်းနိုင်ငံ၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သော အိမ်အကူ မြန်မာအမျိုး သမီးအမှုနှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွားသည့် နေအိမ်ကို နိုဝင်ဘာ ၇ ရက်တွင် ပြန်လည်စစ်ဆေးခဲ့သည်။

အိမ်အကူ အသက်(၁၇)နှစ်အရွယ် မညိုညိုအေး သေဆုံးခဲ့သည့် နေအိမ်ကို ပြန် လည်စစ်ဆေးရာတွင် သေနတ်ဖြင့် ပစ်သတ် ခံရသည့်အချက်များကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း သွားရောက်စစ်ဆေးရာ တွင် ထိုင်းရဲတပ်ဖွဲ့နှင့်အတူ လိုက်ပါသွား ပြီး ယင်းအမှု၌ ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြော သည်။

အသုံးပြုသည့် သေနတ်သည် ထိုင်းအိမ် ရှင်၏ အိမ်အပေါ်ထပ်ရှိ ဗီရိုထဲ၌ ထားရှိ ခြင်း၊ ကျည်ဆန်ပစ်ချက်တစ်ခုသည် ဘေး အိမ်၏ ခြံစည်းရိုးကို ထိမှန်ထားသလို နောက် ထပ်ကျည်ဆန်တစ်ခုသည် အိမ်အတွင်းရှိ မှန်ပေါင်တစ်ခုကို ထိမှန်ခြင်းတို့ကို တွေ့ရှိ ရကြောင်း ကိုရဲမင်းက ပြောသည်။

‘‘ပထမ ထိုင်းရဲတွေ ပြောထားတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ပေါ့။ ထိုင် လျက်အနေအထားနဲ့ နှစ်ချက်ပစ်ပြီး သတ်သေတာလို့ ပြောခဲ့တာ။ အခုအနေအထား က ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကျည်ထွက်တဲ့ အနေအထားဖြစ်နေတယ်။ အခုတော့ ထိုင်းရဲတွေက ကိုယ့်ကိုယ်ကိုယ်သတ်သေတာလို့တော့ မပြောတော့ဘူး။ ဆေးရုံက ဆေးစစ် ချက်အဖြေပဲ စောင့်မယ်လို့ ပြောတယ်’’ဟု ကိုရဲမင်းက ပြောကြားသည်။

ယမန်နေ့က အခင်းဖြစ်ပွား သော နေအိမ်ကို စစ်ဆေးအပြီး တွင် သေဆုံးသူ၏ မိသားစုဝင်များ က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်၍ သံအမတ်ကြီး နှင့် တွေ့ဆုံကာ အကူအညီပေး ရန် တောင်းဆိုခဲ့ကြောင်း ကိုရဲမင်းက ဆက်လက်ပြောကြားသည်။

ထိုင်းလူမျိုးအိမ်ရှင်ထံတွင် အိမ်အကူအလုပ် လုပ်ကိုင်စဉ် သေနတ်ဒဏ်ရာဖြင့် သေဆုံးသောမညိုညိုအေး၏ ရုပ်အလောင်းကို ဂူသွင်းမြှုပ်နှံထားရာ ယခုအခါ အ လောင်းကို ပြန်လည်စစ်ဆေးရန် ထိုင်းနိုင်ငံမှုခင်းတိုက်ဖျက်ရေး အထူးရဲအဖွဲ့ (CSD)က နိုဝင်ဘာ၂ ရက် ညနေတွင် ပြန်ဖော်ခဲ့ သည်။

ထိုင်းနိုင်ငံ ရာ့ချ်ပူရီခရိုင် ဘန်ပုံနယ်မြေရှိ ထိုင်းလူမျိုးအိမ် ရှင်ထံ အိမ်အကူအလုပ်လုပ်ကိုင် နေသော မညိုညိုအေးသည် ဩဂုတ် ၆ ရက်ည၌ သေနတ်ဒဏ် ရာနှစ်ချက်ဖြင့် သေဆုံးခဲ့ပြီး သုံး ရက်အကြာတွင် ဂူသွင်းခဲ့သည်။ မညိုညိုအေးသည် ထိုင်းအိမ်ရှင် ၏ အခန်းအတွင်း သေဆုံးနေပြီး ယင်းဖြစ်ရပ်ကို ထိုင်းနယ်မြေခံ ရဲတပ်ဖွဲ့က သေကြောင်းကြံစည် မှုအဖြစ် သတ်မှတ်ကာ အမှုပိတ် သိမ်းခဲ့သည်။

ယင်းဖြစ်ရပ်ကို ကူညီပေး နေသော AAC မဟာမိတ်အဖွဲ့က မညိုညိုအေး သေဆုံးသည့် အမှု ဖြစ်စဉ်ကို ထိုင်းနိုင်ငံအမျိုးသား မှုခင်းစစ်ဆေးရေးဌာန ဥက္ကဋ္ဌ ဒေါက်တာဖွန်သစ်ထံ သွားရောက် အကူအညီတောင်းခံရာ ဒေါက် တာဖွန်သစ်က သေနတ်ဒဏ်ရာ သည် သေကြောင်းကြံစည်မှု မဟုတ်ကြောင်း ပြောဆိုခဲ့ရာမှ အမှုကို ပြန်လည်စစ်ဆေးပေးရန် အောက်တိုဘာ ၃၁ ရက်က တောင်းဆိုခဲ့၍ ထိုင်းနိုင်ငံ မှုခင်း တိုက်ဖျက်ရေး အထူးအဖွဲ့ (CSD)က ရုပ်အလောင်းကို ပြန်လည်တူး ဖော်ပြီး စစ်ဆေးရန် ဆောင်ရွက် ခဲ့သည်။

မညိုညိုအေးကို ဩဂုတ် ၈ ရက်က ထိုင်းနိုင်ငံ လှဘော်လီမြို့ နယ် ဆွန်ဖီးအရပ်တွင် ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top