Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ယခုရက္ပိုင္းအတြင္း ေဆာင္းပဲတီစိမ္းေစ်းအနည္းငယ္ ျပန္လည္ျမင့္တက္လာေၾကာင္း ေအာင္လံနယ္အတြင္းရွိ ပဲတီစိမ္း စိုက္ေတာင္သူမ်ားက ေျပာၾကား သည္။

ေဆာင္းပဲတီစိမ္းေပၚစ ရာသီတြင္ ပိႆာႏွစ္ဆယ္(တစ္တင္း) လွ်င္ က်ပ္ ၂၇,၀၀၀ သာေစ်းရွိ သျဖင့္ ေတာင္သူမ်ားအ႐ႈံးေပၚခဲ့ ေသာ္လည္း ယခုရက္ပိုင္းအတြင္း က်ပ္ ၂၉,၅၀၀ အထိ ေစ်းျမင့္တက္ လာေၾကာင္း ေအာင္ေျမကုန္း ေက်းရြာေနေတာင္သူ ဦးမင္းႏိုင္ဦးက ေျပာသည္။

‘‘ပဲတီစိမ္းက ေစ်းမေကာင္း တာ သံုးႏွစ္ေလာက္ရွိၿပီ။ ဒီႏွစ္ ေစ်းနည္းနည္းျမင့္လာေပမယ့္ အ ရင္ကဆိုရင္ ေလးေသာင္းနီးပါး အထိ ေရာင္းခဲ့ရတာေလ။ စိုက္စ  ရိတ္၊ လုပ္သားစရိတ္ႀကီးျမင့္ ေတာ့ တြက္ေျခေတာ့ မကိုက္ပါ ဘူး။ ဒါေပမဲ့ ေစ်းေကာင္းေတာ့ လုပ္အားခေတာ့ ရတာေပါ့’’ဟု သနပ္ေက်းရြာမွ ေတာင္သူကိုေဇာ္မင္းက ေျပာသည္။

ယခုႏွစ္ မိုးပဲတီစိမ္းကာလ တြင္ ပဲတီစိမ္းပိႆာႏွစ္ဆယ္ (တစ္တင္း) လွ်င္ က်ပ္ ၂၅,၀၀၀ ေစ်းျဖစ္ခဲ့ၿပီး ယခုအခါ ေစ်းျပန္ လည္ ျမင့္တက္လာေၾကာင္း ေအာင္လံနယ္အတြင္းရွိ ပဲတီစိမ္း စိုက္ေတာင္သူမ်ားက ဆုိသည္။

အထြက္ႏႈန္းသည္ ယခုႏွစ္ တြင္ မိုးမ်ားေသာေၾကာင့္ မိုးပဲ တီစိမ္းႏွင့္ ေဆာင္းပဲတီစိမ္းႏွစ္ သီးစလံုးအထြက္ႏႈန္းက်ဆင္းခဲ့ၿပီး ယခင္ႏွစ္က တစ္ဧကလွ်င္ ၁၈ တင္းခန္႔ထြက္ေသာ အခင္းမ်ား ယခုႏွစ္ ဆယ္တင္းဝန္းက်င္သာ ထြက္ရွိေၾကာင္း ေတာင္သူမ်ား က ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ယခုရက်ပိုင်းအတွင်း ဆောင်းပဲတီစိမ်းဈေးအနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း အောင်လံနယ်အတွင်းရှိ ပဲတီစိမ်း စိုက်တောင်သူများက ပြောကြား သည်။

ဆောင်းပဲတီစိမ်းပေါ်စ ရာသီတွင် ပိဿာနှစ်ဆယ်(တစ်တင်း) လျှင် ကျပ် ၂၇,၀၀၀ သာဈေးရှိ သဖြင့် တောင်သူများအရှုံးပေါ်ခဲ့ သော်လည်း ယခုရက်ပိုင်းအတွင်း ကျပ် ၂၉,၅၀၀ အထိ ဈေးမြင့်တက် လာကြောင်း အောင်မြေကုန်း ကျေးရွာနေတောင်သူ ဦးမင်းနိုင်ဦးက ပြောသည်။

‘‘ပဲတီစိမ်းက ဈေးမကောင်း တာ သုံးနှစ်လောက်ရှိပြီ။ ဒီနှစ် ဈေးနည်းနည်းမြင့်လာပေမယ့် အ ရင်ကဆိုရင် လေးသောင်းနီးပါး အထိ ရောင်းခဲ့ရတာလေ။ စိုက်စ  ရိတ်၊ လုပ်သားစရိတ်ကြီးမြင့် တော့ တွက်ခြေတော့ မကိုက်ပါ ဘူး။ ဒါပေမဲ့ ဈေးကောင်းတော့ လုပ်အားခတော့ ရတာပေါ့’’ဟု သနပ်ကျေးရွာမှ တောင်သူကိုဇော်မင်းက ပြောသည်။

ယခုနှစ် မိုးပဲတီစိမ်းကာလ တွင် ပဲတီစိမ်းပိဿာနှစ်ဆယ် (တစ်တင်း) လျှင် ကျပ် ၂၅,၀၀၀ ဈေးဖြစ်ခဲ့ပြီး ယခုအခါ ဈေးပြန် လည် မြင့်တက်လာကြောင်း အောင်လံနယ်အတွင်းရှိ ပဲတီစိမ်း စိုက်တောင်သူများက ဆိုသည်။

အထွက်နှုန်းသည် ယခုနှစ် တွင် မိုးများသောကြောင့် မိုးပဲ တီစိမ်းနှင့် ဆောင်းပဲတီစိမ်းနှစ် သီးစလုံးအထွက်နှုန်းကျဆင်းခဲ့ပြီး ယခင်နှစ်က တစ်ဧကလျှင် ၁၈ တင်းခန့်ထွက်သော အခင်းများ ယခုနှစ် ဆယ်တင်းဝန်းကျင်သာ ထွက်ရှိကြောင်း တောင်သူများ က ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top