Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကရင္ျပည္နယ္နယ္၊ ဘားအံၿမိဳ႕နယ္တြင္ ႏိုဝင္ဘာ ၉ ရက္ေန႔က အသက္ ၁၂ႏွစ္၁၀ အ႐ြယ္ တတိယတန္းေက်ာင္းသူတစ္ဦးကို တစ္႐ြာတည္းေန အသက္ ၅၆ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးမွ အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င့္သူအား အမႈဖြင့္အေရးယူေဆာင္႐ြက္ထားၿပီး ျပစ္မႈက်ဴးလြန္ သူအား အခ်ိန္ႏွင့္တေျပးညီ ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာ ၉ ရက္ ညေန ၇နာရီ၊ မိနစ္ ၅၀ အခ်ိန္ ဘားအံၿမိဳ႕နယ္၊ လြန္းညေက်း႐ြာ၊ အမွတ္(၂)ရပ္ကြက္ တြင္ေနထိုင္သူ ေဒၚခင္ေထြး၊ ၃၂-ႏွစ္မွ သမီးျဖစ္သူ နန္း———၊ အသက္၁၂ႏွစ္၁၀လအ႐ြယ္၊ တတိယတန္း ေက်ာင္းသူအား တစ္႐ြာတည္းေန ဦးေမာင္ျမင့္ေအာင္ (ခ)အေဆး၊ (၅၆)ႏွစ္က သားမယားအျဖစ္ ျပဳက်င့္၍ အမႈဖြင့္အေရးယူ ေပးရန္ လာေရာက္တိုင္တန္းခဲ့သျဖင့္အိႏၵဳနယ္ေျမရဲစ ခန္းမႉး ရဲအုပ္ ရဲမင္းထြဋ္မွ ေက်း႐ြာအုပ္ခ်ဳပ္ေရး အဖြဲ႕မ်ား၊ အမ်ိဳးသမီးေရးရာ အဖြဲ႕မ်ားေရွ႕တြင္ ျဖစ္စဥ္အား ေမးျမန္းရာ ႏိုဝင္ဘာ ၈ရက္ေန႔ ညေန ၆ နာရီအခ်ိန္ ခန႔္ ေဒၚခင္ေထြးသည္ သမီးျဖစ္သူႏွင့္ အတူေနအိမ္၌ ရွိေနစဥ္ တစ္႐ြာတည္းေန ဦးေမာင္ျမင့္ေအာင္(ခ)အေဆးမွ ၎၏သမီးျဖစ္ သူမမ်ိဳးသႏၲာထြန္း၊ ၁၀-ႏွစ္( ၃-တန္း)၊ ေျမးျဖစ္သူ ေမာင္ႏိုင္မင္းဦး၊ ၅-ႏွစ္တို႔ႏွင့္အတူ အေဖာ္အျဖစ္လိုက္အိပ္ေပးရန္ လာေရာက္ေခၚေဆာင္ သျဖင့္ သမီးျဖစ္သူ——မွလိုက္သြားခဲ့ၿပီး၎ညတြင္ဦးေမာင္ျမင့္ေအာင္ (ခ)အေဆး၏ ေနအိမ္ ဧည့္ခန္း၌ ဦးေမာင္ျမင့္ေအာင္(ခ)အေဆး၊ မ်ိဳးသႏၲာထြန္း၊ ေမာင္ႏိုင္လင္းဦး၊ ယာဘက္အစြန္ဘက္တြင္နန္း ——-မွ အိပ္ခဲ့ေၾကာင္း၊ ည ၁၀နာရီေက်ာ္ ၁၁နာရီအခ်ိန္ခန႔္တြင္ ဦးေမာင္ျမင့္ေအာင္မွ နန္း——- အိပ္သည့္ေနရာသို႔ ေရာက္ရွိလာ၍ ဦးေမာင္ျမင့္ေအာင္(ခ)အေဆးမွအလိုမတူဘဲအတင္းအဓမၼ သားမယားအျဖစ္ (၁)ႀကိမ္ျပဳက်င့္ခဲ့ၿပီး ၎၏ ယာဘက္ေဘးတြင္ အိပ္ခဲ့ေၾကာင္း၊ ၄၅မိနစ္ခန႔္အၾကာတြင္ (၁)ႀကိမ္၊ ၁၅မိနစ္ခန႔္အၾကာ (၁)ႀကိမ္၊ (၁)နာရီခြဲခန႔္ အၾကာတြင္ (၁)ႀကိမ္၊ စုစုေပါင္း သားမယားအျဖစ္ (၄)ႀကိမ္ျပဳက်င့္ခဲ့ေၾကာင္း သမီးျဖစ္သူ၏ ေျပာျပခ်က္အရ သိရွိရသျဖင့္ ေဒၚခင္ေထြးမွ သမီးျဖစ္သူ——အား အလိုမတူဘဲအတင္းအဓမၼသားမယား အျဖစ္ျပဳက်င့္ခဲ့သူ ဦးေမာင္ျမင့္ေအာင္(ခ)အေဆးအား ဥပေဒအရ အေရးယူေပးရန္ လာေရာက္တိုင္တန္းခဲ့ျခင္းျဖစ္ေၾကာင္း ေမးျမန္း သိရွိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ၁၂ႏွစ္၁၀လအ႐ြယ္ တတိယတန္းေက်ာင္းသူကို အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င့္ခဲ့သူ ဦးေမာင္ျမင့္ေအာင္ (ခ)အေဆးအား ဥပေဒႏွင့္အညီ အေရးယူေပးရန္ ေဒၚခင္ေထြးမွ တရားလိုျပဳလုပ္တိုင္တန္းခဲ့သျဖင့္ အိႏၵဳနယ္ေျမရဲစခန္း(ပ) ၉၃/၂၀၁၇၊ ရာဇသတ္ႀကီး ပုဒ္မ-၃၇၆ အရအမႈေရးဖြင့္ခဲ့ၿပီး အမႈအား စခန္းမႉး ရဲအုပ္ ရဲထြဋ္မင္းမွ စစ္ေဆးကာ အမႈမွ စြပ္စြဲခံရသူအားအမႈျဖင့္ ဖမ္းဆီး စစ္ေဆးေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းသူ/ထြန္းထြန္းေထြး(ဘားအံ)
#Unicode Version#


ကရင်ပြည်နယ်နယ်၊ ဘားအံမြို့နယ်တွင် နိုဝင်ဘာ ၉ ရက်နေ့က အသက် ၁၂နှစ်၁၀ အရွယ် တတိယတန်းကျောင်းသူတစ်ဦးကို တစ်ရွာတည်းနေ အသက် ၅၆နှစ်အရွယ် အမျိုးသားတစ်ဦးမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူအား အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ပြစ်မှုကျူးလွန် သူအား အချိန်နှင့်တပြေးညီ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် ညနေ ၇နာရီ၊ မိနစ် ၅၀ အချိန် ဘားအံမြို့နယ်၊ လွန်းညကျေးရွာ၊ အမှတ်(၂)ရပ်ကွက် တွင်နေထိုင်သူ ဒေါ်ခင်ထွေး၊ ၃၂-နှစ်မှ သမီးဖြစ်သူ နန်း———၊ အသက်၁၂နှစ်၁၀လအရွယ်၊ တတိယတန်း ကျောင်းသူအား တစ်ရွာတည်းနေ ဦးမောင်မြင့်အောင် (ခ)အဆေး၊ (၅၆)နှစ်က သားမယားအဖြစ် ပြုကျင့်၍ အမှုဖွင့်အရေးယူ ပေးရန် လာရောက်တိုင်တန်းခဲ့သဖြင့်အိန္ဒုနယ်မြေရဲစ ခန်းမှူး ရဲအုပ် ရဲမင်းထွဋ်မှ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၊ အမျိုးသမီးရေးရာ အဖွဲ့များရှေ့တွင် ဖြစ်စဉ်အား မေးမြန်းရာ နိုဝင်ဘာ ၈ရက်နေ့ ညနေ ၆ နာရီအချိန် ခန့် ဒေါ်ခင်ထွေးသည် သမီးဖြစ်သူနှင့် အတူနေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ ဦးမောင်မြင့်အောင်(ခ)အဆေးမှ ၎င်း၏သမီးဖြစ် သူမမျိုးသန္တာထွန်း၊ ၁၀-နှစ်( ၃-တန်း)၊ မြေးဖြစ်သူ မောင်နိုင်မင်းဦး၊ ၅-နှစ်တို့နှင့်အတူ အဖော်အဖြစ်လိုက်အိပ်ပေးရန် လာရောက်ခေါ်ဆောင် သဖြင့် သမီးဖြစ်သူ——မှလိုက်သွားခဲ့ပြီး၎င်းညတွင်ဦးမောင်မြင့်အောင် (ခ)အဆေး၏ နေအိမ် ဧည့်ခန်း၌ ဦးမောင်မြင့်အောင်(ခ)အဆေး၊ မျိုးသန္တာထွန်း၊ မောင်နိုင်လင်းဦး၊ ယာဘက်အစွန်ဘက်တွင်နန်း ——-မှ အိပ်ခဲ့ကြောင်း၊ ည ၁၀နာရီကျော် ၁၁နာရီအချိန်ခန့်တွင် ဦးမောင်မြင့်အောင်မှ နန်း——- အိပ်သည့်နေရာသို့ ရောက်ရှိလာ၍ ဦးမောင်မြင့်အောင်(ခ)အဆေးမှအလိုမတူဘဲအတင်းအဓမ္မ သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ခဲ့ပြီး ၎င်း၏ ယာဘက်ဘေးတွင် အိပ်ခဲ့ကြောင်း၊ ၄၅မိနစ်ခန့်အကြာတွင် (၁)ကြိမ်၊ ၁၅မိနစ်ခန့်အကြာ (၁)ကြိမ်၊ (၁)နာရီခွဲခန့် အကြာတွင် (၁)ကြိမ်၊ စုစုပေါင်း သားမယားအဖြစ် (၄)ကြိမ်ပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူ၏ ပြောပြချက်အရ သိရှိရသဖြင့် ဒေါ်ခင်ထွေးမှ သမီးဖြစ်သူ——အား အလိုမတူဘဲအတင်းအဓမ္မသားမယား အဖြစ်ပြုကျင့်ခဲ့သူ ဦးမောင်မြင့်အောင်(ခ)အဆေးအား ဥပဒေအရ အရေးယူပေးရန် လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း မေးမြန်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၁၂နှစ်၁၀လအရွယ် တတိယတန်းကျောင်းသူကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ ဦးမောင်မြင့်အောင် (ခ)အဆေးအား ဥပဒေနှင့်အညီ အရေးယူပေးရန် ဒေါ်ခင်ထွေးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် အိန္ဒုနယ်မြေရဲစခန်း(ပ) ၉၃/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၃၇၆ အရအမှုရေးဖွင့်ခဲ့ပြီး အမှုအား စခန်းမှူး ရဲအုပ် ရဲထွဋ်မင်းမှ စစ်ဆေးကာ အမှုမှ စွပ်စွဲခံရသူအားအမှုဖြင့် ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top