ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ထိုင္းႏိုင္ငံ အူဘြန္ ရာခ်႒ာနီ ျပည္နယ္က အသက္ ၆၅ႏွစ္ အ႐ြယ္ ဆြန္ေပါင္ ခြၽန္ဖူပရာဖက္ ဆိုတဲ့ အမ်ိဳးသမီးႀကီးတဦးဟာ ခ်စ္သူအလိုရွိေၾကာင္း ေနအိမ္အေပါက္မွာ ဆိုင္းဘုတ္ခ်ိတ္ဆြဲကာ ေၾကာ္ျငာ ထားတယ္လို႔The Naiton သတင္းမွာ ေရးသားထားပါတယ္။

သူမဟာ အရင္ဂ်ာမန္လူမ်ိဳးနဲ႔ လက္ထပ္ခဲ့ေပမယ့္ ေနာက္ပိုင္းကြာရွင္းၿပီးေနာက္ အထီးက်န္ျဖစ္ လာတာေၾကာင့္ အၿငိမ္းစားအ႐ြယ္ ခ်စ္သူတဦး အလိုရွိတယ္လို႔ ေၾကာ္ျငာလိုက္တာျဖစ္ပါတယ္။

ဆိုင္းဘုတ္မွာေတာ့ “အသက္ ၆၀ နဲ႔ ၇၀ အၾကား၊ သေဘာေကာင္း၊ ႐ိုးသား က်န္းမာေရး ေကာင္းတဲ့ ခ်စ္သူ အလိုရွိတယ္”လို႔ ေရးသားထားပါတယ္။

အမ်ိဳးသမီးႀကီး ဆြန္ေပါင္ဟာ ပထမဆုံး ထိုင္းလူမ်ိဳး ေလတပ္အရာရွိတဦးနဲ႔ အိမ္ေထာင္က်ၿပီး သားသမီး ၂ ဦး ထြန္းခဲ့ေပမယ့္ ခင္ပြန္းဟာ အေသာက္အစားမက္ၿပီး မၾကာမၾကာ စကားမ်ားတာ ေၾကာင့္ ကြာရွင္းၿပီး၊ ဒုတိယအႀကိမ္ ဂ်ာမန္လူမ်ိဳးနဲ႔ လက္ထပ္ကာ ဂ်ာမနီကို လိုက္ပါကာ ၁၃ႏွစ္ ၾကာေအာင္ ေနထိုင္ခဲ့ပါတယ္။

ေနာက္ပိုင္း ထိုင္းႏိုင္ငံကို ျပန္လာကာ တဦးတည္း ေနထိုင္ခဲ့ၿပီး ဘဝေနာက္ဆုံးအခ်ိန္ေတြမွာ တစုံတဦးနဲ႔ အတူေနလိုတဲ့ ရည္႐ြယ္ခ်က္ျဖစ္တယ္လို႔ သိရပါတယ္။

ေၾကာ္ျငာၿပီးေနာက္ လူ ၂ဦး လာေရာက္ေလွ်ာက္ထားခဲ့ေပမယ့္ ၂ဦးလုံးကို ျငင္းခဲ့ၿပီး သင့္ေတာ္သူကို ဆက္လက္ေစာင့္ေမွ်ာင္ေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဧရာ၀တီ
#Unicode Version#
 ထိုင်းနိုင်ငံ အူဘွန် ရာချဋ္ဌာနီ ပြည်နယ်က အသက် ၆၅နှစ် အရွယ် ဆွန်ပေါင် ချွန်ဖူပရာဖက် ဆိုတဲ့ အမျိုးသမီးကြီးတဦးဟာ ချစ်သူအလိုရှိကြောင်း နေအိမ်အပေါက်မှာ ဆိုင်းဘုတ်ချိတ်ဆွဲကာ ကြော်ငြာ ထားတယ်လို့The Naiton သတင်းမှာ ရေးသားထားပါတယ်။

သူမဟာ အရင်ဂျာမန်လူမျိုးနဲ့ လက်ထပ်ခဲ့ပေမယ့် နောက်ပိုင်းကွာရှင်းပြီးနောက် အထီးကျန်ဖြစ် လာတာကြောင့် အငြိမ်းစားအရွယ် ချစ်သူတဦး အလိုရှိတယ်လို့ ကြော်ငြာလိုက်တာဖြစ်ပါတယ်။

ဆိုင်းဘုတ်မှာတော့ “အသက် ၆၀ နဲ့ ၇၀ အကြား၊ သဘောကောင်း၊ ရိုးသား ကျန်းမာရေး ကောင်းတဲ့ ချစ်သူ အလိုရှိတယ်”လို့ ရေးသားထားပါတယ်။

အမျိုးသမီးကြီး ဆွန်ပေါင်ဟာ ပထမဆုံး ထိုင်းလူမျိုး လေတပ်အရာရှိတဦးနဲ့ အိမ်ထောင်ကျပြီး သားသမီး ၂ ဦး ထွန်းခဲ့ပေမယ့် ခင်ပွန်းဟာ အသောက်အစားမက်ပြီး မကြာမကြာ စကားများတာ ကြောင့် ကွာရှင်းပြီး၊ ဒုတိယအကြိမ် ဂျာမန်လူမျိုးနဲ့ လက်ထပ်ကာ ဂျာမနီကို လိုက်ပါကာ ၁၃နှစ် ကြာအောင် နေထိုင်ခဲ့ပါတယ်။

နောက်ပိုင်း ထိုင်းနိုင်ငံကို ပြန်လာကာ တဦးတည်း နေထိုင်ခဲ့ပြီး ဘဝနောက်ဆုံးအချိန်တွေမှာ တစုံတဦးနဲ့ အတူနေလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ သိရပါတယ်။

ကြော်ငြာပြီးနောက် လူ ၂ဦး လာရောက်လျှောက်ထားခဲ့ပေမယ့် ၂ဦးလုံးကို ငြင်းခဲ့ပြီး သင့်တော်သူကို ဆက်လက်စောင့်မျှောင်နေတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:ဧရာဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top