Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×




Credit: lwinpyin
#Unicode Version#
မနေ့တုန်းက အောင်လအင်ဆန်း ကြိုးဝိုင်း ထဲမှာထိုးသတ်နေတဲ့အချိန်…Lလွန်းဝါ ဂွမ်မော်တို့ ကချင် တွေလည်း အောင်လ ဟက်ကက် တို့ ကယား တွေလည်း အောင်လ စောဖိုးခွား စောခူဆဲလ်တို့ ကရင်တွေလည်းအောင်လသက်မွန်မြင့် ဆုန်သင်းပါတ ို့ချင်းတွေလည်းအောင်လ မင်းကိုနိင် တို့မွန်တွေလည်းအောင်လ နေတိုး မင်းသွေးတို့ရခိုင်တွေလည်း အောင်လ အာဇာနည် တို့ ဗမာ တွေလည်း အောင်လ စိုင်းစိုင်း တို့ရှမ်းတွေလည်း အောင်လ ခဝဲခြံ က ခရစ်ယာန်တွေလည်း အောင်လ၃၈ လမ်းက ဘာဘူတို့ ကိုကာစင်တို့လည်း အောင်လကလေးတွေလည်း အောင်လ လူကြီးတွေလည်း အောင်လ ဘုန်းကြီးတွေ မယ်သီလတွေလည်း အောင်လ ပျိုပျို အိုအို အောင်လ တပ်မတော် သားအားလုံးကလည်း အောင်လ တိုင်းရင်းသား လက်နက်ကိုင်အားလုံးကလည်း အောင်လ NLD ပါတီ ကလည်း အောင်လ ကြံ့ခိုင်ရေးပါတီကလည်း အောင်လ တိုင်းရင်သားပါတီတွေကလည်း အောင်လ လွှတ်တော်တခုလုံးကလည်း အောင်လ..

အောင်လ အရေးနိမ့်တိုင်း မြန်မာပြည် သား တွေအားလုံး အရေးနိမ့်သလိုခံစားရတယ် အောင်လ သွေးထွက် တိုင်း မြန်မာပြည်သားတွေ ကိုယ်တိုင် သွေးထွက် သလို ခံစားရတယ် အောင်လ နာကျင် သလို မြန်မာပြည် သား တွေနာ ကျင် ရတယ် အောင်လ အောင်ပွဲခံတော့ မြန်မာပြည် သား တွေလည်း တဒုန်းဒုန်းနဲ့ အောင်ပွဲခံကြပြန်တယ်။ဘာလို့လဲ ဆိုတော့ မြန်မာဆို တဲ့အသိအားလုံးရင်ထဲ ရှိနေလို့ပဲ

လူမျိုး တွေ ဘာသာ တွေ အသွေးအရောင်တွေ ခံ့ယူချက်တွေ နေထိုင်ရာဒေသ ကွဲပြားနေပါစေ ..ခွဲခြား မှု့တွေ နိုင်ငံရေး ဘာသာရေး လူမျိုး ရေး အလွဲသုံးစားမှု့တွေ ရှိပါစေ …အားလုံးရင်ထဲမှာ အချိန်တန်ရင် ရင်ထဲက ပွင့်အန်လာမယ့် စကားလုံး တစ်ခု ရှိတယ်

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top