Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ထိုင္းႏိုင္ငံ၊ ဖူးခက္ၿမိဳ႕မွ အမ်ိဳးသားတဦးဟာ ဖုန္းအားသြင္းထားရင္း နားၾကပ္နဲ႔ သီခ်င္းနားေထာင္ေနခ်ိန္မွာ ဓာတ္လိုက္ၿပီး ေသဆံုးသြားခဲ့တယ္လို႔ ရဲေတြက ေျပာပါတယ္။
ဒီအျဖစ္အပ်က္ဟာ ႏိုဝင္ဘာ ၇ ရက္ေန႔ ညပိုင္းက ဆီရိဆြန္ေထာင္ေဒသတြင္းက ေသဆံုးသူ ငွားရမ္းေနထိုင္ရာ အိမ္ထဲမွာ ျဖစ္ခဲ့တာလို႔ သည္ဖူးခက္နယူးစ္သတင္းမွာ ေဖာ္ျပပါတယ္။

အဲဒီအမ်ိဳးသားဟာ ေမြ႔ယာေပၚမွာ မ်က္ႏွာေမွာက္လ်က္သား အေျခအေနနဲ႔ ေသဆံုးေနခဲ့တာျဖစ္ၿပီး ဖုန္းကေတာ့ လွ်ပ္စစ္အားသြင္းခံုမွာ အားသြင္းထားဆဲ ျဖစ္ေနတာကို ေတြ႔ရွိခဲ့ပါတယ္။
ေသဆံုးသူဟာ အသက္ ၅၇ ႏွစ္အရြယ္ ခရစ္တ္ဆာဒါ ဂၽြန္ဂရက္ခ္ျဖစ္ၿပီး သူ႔ခႏၶာကိုယ္မွာ မီးေလာင္ဒဏ္ရာေတြ ေတြ႔ရွိခဲ့ရတယ္လို႔ ရဲေတြက ေျပာပါတယ္။
အခင္းျဖစ္တဲ့ေနရာကို ရဲေတြ ေရာက္ရွိလာခ်ိန္မွာေတာ့ အခန္းတြင္းမွာ တျခား ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ရတဲ့ အေျခအေနမ်ိဳး မေတြ႔ခဲ့ရဘဲ ဒါဟာ ဓာတ္လိုက္ေသဆံုးတာပဲ ျဖစ္ႏိုင္တယ္လို႔ သာလန္းခ႐ုိင္ရဲဌာန ဗိုလ္မႉးႀကီး ခ႐ုိင္ဆြန္ ဘြန္ပရာဆြတ္က ေျပာပါတယ္။

ခရစ္တ္ဆာဒါရဲ႕ သူငယ္ခ်င္းတေယာက္က သူတို႔ ၂ ေယာက္ဟာ ဘိလပ္ေျမစက္႐ုံတ႐ုံမွာ အတူတူ အလုပ္လုပ္ၾကတာျဖစ္ၿပီး ခရစ္တ္ဆာဒါကို ေနာက္ဆံုးေတြ႔ခဲ့တာ ႏုိဝင္ဘာ ၅ ရက္ေန႔ ည ၉ နာရီမွာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ အဲဒီေနာက္ အလုပ္လည္းမလာ၊ ဖုန္းလည္းဆက္လို႔ မရေတာ့ သူတေယာက္တည္းေနတဲ့ အခန္းကို သြားစံုစမ္းရင္း ခုလိုေတြ႔ခဲ့တာလို႔ ေျပာပါတယ္။

ငွားရမ္းေနထိုင္ရာ တိုက္ခန္းဆီ ေရာက္ခ်ိန္မွာ ပိုင္ရွင္ျဖစ္သူက သူလည္း ခရစ္တ္ဆာဒါကို မေတြ႔တာ ၾကာေနတဲ့အတြက္ ၂ ေယာက္အတူ အခန္းဆီ သြားၾကည့္ခဲ့ခ်ိ္န္မွာ ေသဆံုးေနတာ ေတြ႔လို႔ ရဲေတြကို အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။
“ဒီအေျခအေနမွာေတာ့ ခရစ္တ္ဆာဒါဟာ လွ်ပ္စစ္ေရွာ့ခ္ျဖစ္ၿပီး ေသဆံုးရတာျဖစ္တယ္လို႔ က်ေနာ္တို႔ ယူဆပါတယ္” လို႔ ခ႐ုိင္ဆြန္က ေျပာပါတယ္။

လက္ရွိမွာေတာ့ ခရစ္တ္ဆာဒါရဲ႕ အေလာင္းကို သာလန္းေဆး႐ုံဆီ ပို႔ေဆာင္ထားၿပီး လိုအပ္တဲ့ ေဆးစစ္မႈေတြ ျပဳလုပ္ေနကာ ေသဆံုးရတဲ့ အေၾကာင္းရင္းကို ရွာေဖြသြားမယ္လို႔ ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှ အမျိုးသားတဦးဟာ ဖုန်းအားသွင်းထားရင်း နားကြပ်နဲ့ သီချင်းနားထောင်နေချိန်မှာ ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာ ၇ ရက်နေ့ ညပိုင်းက ဆီရိဆွန်ထောင်ဒေသတွင်းက သေဆုံးသူ ငှားရမ်းနေထိုင်ရာ အိမ်ထဲမှာ ဖြစ်ခဲ့တာလို့ သည်ဖူးခက်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

အဲဒီအမျိုးသားဟာ မွေ့ယာပေါ်မှာ မျက်နှာမှောက်လျက်သား အခြေအနေနဲ့ သေဆုံးနေခဲ့တာဖြစ်ပြီး ဖုန်းကတော့ လျှပ်စစ်အားသွင်းခုံမှာ အားသွင်းထားဆဲ ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူဟာ အသက် ၅၇ နှစ်အရွယ် ခရစ်တ်ဆာဒါ ဂျွန်ဂရက်ခ်ဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာတွေ တွေ့ရှိခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာကို ရဲတွေ ရောက်ရှိလာချိန်မှာတော့ အခန်းတွင်းမှာ တခြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရတဲ့ အခြေအနေမျိုး မတွေ့ခဲ့ရဘဲ ဒါဟာ ဓာတ်လိုက်သေဆုံးတာပဲ ဖြစ်နိုင်တယ်လို့ သာလန်းခရိုင်ရဲဌာန ဗိုလ်မှူးကြီး ခရိုင်ဆွန် ဘွန်ပရာဆွတ်က ပြောပါတယ်။

ခရစ်တ်ဆာဒါရဲ့ သူငယ်ချင်းတယောက်က သူတို့ ၂ ယောက်ဟာ ဘိလပ်မြေစက်ရုံတရုံမှာ အတူတူ အလုပ်လုပ်ကြတာဖြစ်ပြီး ခရစ်တ်ဆာဒါကို နောက်ဆုံးတွေ့ခဲ့တာ နိုဝင်ဘာ ၅ ရက်နေ့ ည ၉ နာရီမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက် အလုပ်လည်းမလာ၊ ဖုန်းလည်းဆက်လို့ မရတော့ သူတယောက်တည်းနေတဲ့ အခန်းကို သွားစုံစမ်းရင်း ခုလိုတွေ့ခဲ့တာလို့ ပြောပါတယ်။

ငှားရမ်းနေထိုင်ရာ တိုက်ခန်းဆီ ရောက်ချိန်မှာ ပိုင်ရှင်ဖြစ်သူက သူလည်း ခရစ်တ်ဆာဒါကို မတွေ့တာ ကြာနေတဲ့အတွက် ၂ ယောက်အတူ အခန်းဆီ သွားကြည့်ခဲ့ချိန်မှာ သေဆုံးနေတာ တွေ့လို့ ရဲတွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
“ဒီအခြေအနေမှာတော့ ခရစ်တ်ဆာဒါဟာ လျှပ်စစ်ရှော့ခ်ဖြစ်ပြီး သေဆုံးရတာဖြစ်တယ်လို့ ကျနော်တို့ ယူဆပါတယ်” လို့ ခရိုင်ဆွန်က ပြောပါတယ်။

လက်ရှိမှာတော့ ခရစ်တ်ဆာဒါရဲ့ အလောင်းကို သာလန်းဆေးရုံဆီ ပို့ဆောင်ထားပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်နေကာ သေဆုံးရတဲ့ အကြောင်းရင်းကို ရှာဖွေသွားမယ်လို့ ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top