Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

နွစ္ေယာက္ထဲမို ့နာမည္ၾကီးလြန္းတဲ ့အျမန္လမ္းမွာညဖက္ေမာင္းဖို ့စိတ္မကူးရဲခဲ ့ဘူး။
မနက္ေ၀လီေ၀လင္းထထြက္လာတာလွည္းကူးကြန္ကရစ္လမ္းေပၚတက္ေတာ့အလင္းေရာင္ျမင္ရတာပဲ။

ကားကအသစ္ဟြန္ဒါဖစ္၂၀၁၃ အေဒၚတေယာက္အတြက္သြားယူေပးတာပါ။
ညီအကိုႏွစ္ေယာက္၉၅ဆီသန္ ့တဲ့ဆိုင္မွာအျပည့္ျဖည့္တူေတာ္ေမာင္ရဲ ့ေအာ္တိုဆားဗစ္မွာ
ေအာက္ပိုင္းစစ္ ေလခ်ိန္ တာယာစစ္ ဘရိတ္ဆီ ဘကၠထရီဂီယာ၀ိုင္အဂၤ်င္၀ိုင္လိုအပ္တာအားလံုးနီးပါးစစ္ေဆးထားတာေတာင္ ကီလို၁၀၀ေက်ာ္ေအာင ္မေမာင္းဘူး။သက္ေတာင့္သက္သာပါပဲ။
လင္းလင္းရွင္းရွင္း ႐ႈခင္းေတြၾကည္ ့လို ့ေမာင္းလာၾကတာ။မသက္မသာ
ျဖစ္တာက က်ေနာ္ပါ။

ခရီးမသြားတာဆယ္စုနွစ္ေတာ္ၾကာျပီဆိုေတာ့ အေပါ ့ခဏ ခဏ သြား
ခ်င္တယ္။အျမန္လမ္းဆိုေတာ့ကားရပ္စရာေနရာလမ္းက်ယ္ေလးေတြ ့မွရပ္ရတာေလ။
မိုင္တိုင္၈၀ေလာက္မွာရပ္ျပီးအေပါ ့အပါးသြားေတာ့ေန ့ခင္းျဖစ္ေပမဲ ့နာမည္ၾကီးလြန္းလို ့ေတာေစာင့္ေတာင္ေစာင့္ေျမေစာင့္ေတြစိတ္ထဲကမွန္းအ႐ိုအေသျပဳျပီး
သြားရတာေပါ ့။အမ်ားသံုးအိမ္သာလည္းမၾကံဳၾကံဳေတာ့သြားခ်င္စိတ္ကမ႐ွိနဲ ့မို့လို ့ပါ။

ကိစၥျပီးလို ့ကားေပၚတက္ စက္ျပန္နိုးထြက္ေတာ့ နိုးေတာ့နိုးတယ္လီဗာနင္းမရဘူးဗ်
ကားက ဆီထဲေရပါသလားမသိ ဖြတ္ခ်က္ဖြတ္ခ်က္ နဲ ့မေ႐ြ ့ဘူး။အကုန္စစ္လာတာကို။
နင္းရင္းနင္းရင္းနဲ ့မွစက္သံမွန္လာျပီး ေမာင္းရတယ္။
အေကာင္းဗ်။ စိတ္ထဲ ပန္ ့တိုင္ကေရပါတဲ ့ဆီနဲ ့တိုးျပီေပါ ့။
ေမာင္းရင္းစဥ္းစားမိတာက ဒီကား
ေတြကကြန္ျဗဴတာေဘာက္ပါတယ္
တိုင္ကီထဲ ပန္ ့တလံုးအပိုပါေသးတယ္။ေရပါရင္အခုလိုေလ်ာေလ်ာ႐ႈ႐ႈေမာင္းရပါ ့မလားလို ့ေပါ ့။ဒါေပမဲ ့ကားကအေကာင္းဆိုေတာ့ေမ့ေမ့ေပ်ာက္ေပ်ာက္ပဲဆက္ေမာင္းလာတယ္။

၁၁၅မိုင္မွာစားေသာက္ျပီးျပန္ထြက္လာေတာ ့ဒီကိစၥ ေမ့ေတာင္ေနျပီ။
သိပ္မၾကာခင္ ဆႏၵျပ လို ့တခါ ရပ္ရျပန္ေတာ ့အရင္တခါလိုပဲ ကားစက္က နွိဳးရျပီး နင္းမရျပန္ဘူး
ဒီတခါအေတာ္ၾကာတယ္။ စက္ဖံုးေတြဖြင္ ့ဟိုၾကည္ ့ဒီလွန္။အမွန္ကဘာမွလုပ္လို ့လဲမရ
ခဏေန တက္ေမာင္းေတာ ့အေကာင္း။
သိပ္ေတာ ့မသကၤခ်င္ေတာ့။ေသခ်ာေအာင္ေနျပည္ေတာ္ဒီဖက္မွာၾကားထဲတခါရပ္
ၾကည္ ့လည္းဒီအတိုင္းပဲဗ်။

ထူးျခားတာက စားေသာက္ဆိုင္
ရပ္နားစခန္းေတြၾကိဳက္သေလာက္ရပ္ ျပန္နိုး လံုး၀ အေကာင္းပဲ အဲ
ၾကားလူသူမနီးတဲ ့ေနရာရပ္ရင္ျဖစ္ေတာ ့တာပဲ။
ေနာက္ပိုင္းေတာ့၃ၾကိမ္၄ၾကိမ္
ေလာက္စမ္းျပီး အေပါ ့သြားခ်င္လဲ
စက္မသတ္ေတာ ့ပဲသြားယူရတယ္
မန္းေလးျပန္ေရာက္လို ့၅ရက္၆ရက္
႐ွိျပီတခ်က္မွမေဖာက္ပါ။

ေအာ္ အျမန္လမ္းက လမ္းအျပစ္
ေမာင္းသူအျပစ္ ပါမက ပရေလာကအေမွာင္ ့မ်ား႐ွိေနမလား လို ့ထပ္တိုးရမဲ ့အျပစ္တခုလားထင္မိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
#Unicode Version#
နှစ်ယောက်ထဲမို့နာမည်ကြီးလွန်းတဲ့အမြန်လမ်းမှာညဖက်မောင်းဖို့စိတ်မကူးရဲခဲ့ဘူး။
မနက်ဝေလီဝေလင်းထထွက်လာတာလှည်းကူးကွန်ကရစ်လမ်းပေါ်တက်တော့အလင်းရောင်မြင်ရတာပဲ။

ကားကအသစ်ဟွန်ဒါဖစ်၂၀၁၃ အဒေါ်တယောက်အတွက်သွားယူပေးတာပါ။
ညီအကိုနှစ်ယောက်၉၅ဆီသန့်တဲ့ဆိုင်မှာအပြည့်ဖြည့်တူတော်မောင်ရဲ့အော်တိုဆားဗစ်မှာ
အောက်ပိုင်းစစ် လေချိန် တာယာစစ် ဘရိတ်ဆီ ဘက္ကထရီဂီယာဝိုင်အင်္ဂျင်ဝိုင်လိုအပ်တာအားလုံးနီးပါးစစ်ဆေးထားတာတောင် ကီလို၁၀၀ကျော်အောင ်မမောင်းဘူး။သက်တောင့်သက်သာပါပဲ။
လင်းလင်းရှင်းရှင်း ရှုခင်းတွေကြည့်လို့မောင်းလာကြတာ။မသက်မသာ
ဖြစ်တာက ကျနော်ပါ။

ခရီးမသွားတာဆယ်စုနှစ်တော်ကြာပြီဆိုတော့ အပေါ့ခဏ ခဏ သွား
ချင်တယ်။အမြန်လမ်းဆိုတော့ကားရပ်စရာနေရာလမ်းကျယ်လေးတွေ့မှရပ်ရတာလေ။
မိုင်တိုင်၈၀လောက်မှာရပ်ပြီးအပေါ့အပါးသွားတော့နေ့ခင်းဖြစ်ပေမဲ့နာမည်ကြီးလွန်းလို့တောစောင့်တောင်စောင့်မြေစောင့်တွေစိတ်ထဲကမှန်းအရိုအသေပြုပြီး
သွားရတာပေါ့။အများသုံးအိမ်သာလည်းမကြုံကြုံတော့သွားချင်စိတ်ကမရှိနဲ့မို့လို့ပါ။

ကိစ္စပြီးလို့ကားပေါ်တက် စက်ပြန်နိုးထွက်တော့ နိုးတော့နိုးတယ်လီဗာနင်းမရဘူးဗျ
ကားက ဆီထဲရေပါသလားမသိ ဖွတ်ချက်ဖွတ်ချက် နဲ့မရွေ့ဘူး။အကုန်စစ်လာတာကို။
နင်းရင်းနင်းရင်းနဲ့မှစက်သံမှန်လာပြီး မောင်းရတယ်။
အကောင်းဗျ။ စိတ်ထဲ ပန့်တိုင်ကရေပါတဲ့ဆီနဲ့တိုးပြီပေါ့။
မောင်းရင်းစဉ်းစားမိတာက ဒီကား
တွေကကွန်ဗြူတာဘောက်ပါတယ်
တိုင်ကီထဲ ပန့်တလုံးအပိုပါသေးတယ်။ရေပါရင်အခုလိုလျောလျောရှုရှုမောင်းရပါ့မလားလို့ပေါ့။ဒါပေမဲ့ကားကအကောင်းဆိုတော့မေ့မေ့ပျောက်ပျောက်ပဲဆက်မောင်းလာတယ်။

၁၁၅မိုင်မှာစားသောက်ပြီးပြန်ထွက်လာတော့ဒီကိစ္စ မေ့တောင်နေပြီ။
သိပ်မကြာခင် ဆန္ဒပြ လို့တခါ ရပ်ရပြန်တော့အရင်တခါလိုပဲ ကားစက်က နှိုးရပြီး နင်းမရပြန်ဘူး
ဒီတခါအတော်ကြာတယ်။ စက်ဖုံးတွေဖွင့်ဟိုကြည့်ဒီလှန်။အမှန်ကဘာမှလုပ်လို့လဲမရ
ခဏနေ တက်မောင်းတော့အကောင်း။
သိပ်တော့မသင်္ကချင်တော့။သေချာအောင်နေပြည်တော်ဒီဖက်မှာကြားထဲတခါရပ်
ကြည့်လည်းဒီအတိုင်းပဲဗျ။

ထူးခြားတာက စားသောက်ဆိုင်
ရပ်နားစခန်းတွေကြိုက်သလောက်ရပ် ပြန်နိုး လုံး၀ အကောင်းပဲ အဲ
ကြားလူသူမနီးတဲ့နေရာရပ်ရင်ဖြစ်တော့တာပဲ။
နောက်ပိုင်းတော့၃ကြိမ်၄ကြိမ်
လောက်စမ်းပြီး အပေါ့သွားချင်လဲ
စက်မသတ်တော့ပဲသွားယူရတယ်
မန်းလေးပြန်ရောက်လို့၅ရက်၆ရက်
ရှိပြီတချက်မှမဖောက်ပါ။

အော် အမြန်လမ်းက လမ်းအပြစ်
မောင်းသူအပြစ် ပါမက ပရလောကအမှောင့်များရှိနေမလား လို့ထပ်တိုးရမဲ့အပြစ်တခုလားထင်မိပါသည်။

ဖိုးသူတော် (www.phothutaw.com)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top