Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဘာကိုမွ အေသးစိတ္ မတင္ပါနဲ႔။

ဘဝရဲ႕ အခ်ိဳးအေကြ႕တစ္ခုျဖစ္တဲ့ လက္ထပ္မဂၤလာဟာ တကယ္ပဲ အေလးအနက္ထားရဆံုးအရာေတြထဲက တစ္ခုပါ။ မဂၤလာပြဲအတြက္ ျပင္ဆင္ရတာေတြလည္း ႐ွိလာၿပီဆုိေတာ့ ကိုယ့္ကိုယ္ကိုယ္လည္း ဂ႐ုစိုက္ရတယ္။ ၿပီးေတာ့ ကိုယ့္ရဲ႕ အျပဳအမူ အေနအထိုင္လည္း ဆင္ျခင္ရတယ္။ အထူးသျဖင့္ေတာ့ ေဖ့စ္ဘုတ္ေပၚကို မတင္သင့္တာေတြ မတင္မိေအာင္ ဆင္ျခင္ေစခ်င္ပါတယ္။ ကိုယ္က ဘာရယ္မဟုတ္ တင္လိုက္ေပမဲ့ အက်ိဳးဆက္က မေကာင္းတာေတြ ၾကံဳလာမယ္ဆုိ ေရွာင္ၾကဥ္ရမွာပဲေလ။

၁။ လက္ထပ္လက္စြပ္

ကိုယ့္ရဲ႕စိန္လက္စြပ္က ဘယ္ေလာက္အဖိုးတန္တယ္၊ ဘယ္ကဝယ္တယ္ဆုိတာေတြကို လက္ထပ္ပြဲမတုိင္မီ ဝမ္းသာအားရနဲ႔ အြန္လိုင္းေပၚမတင္ပါနဲ႔။ လက္စြပ္ဝတ္ၿပီး တဖ်တ္ဖ်တ္ေတာက္ေနတာကို ၄၅ စကၠန္႔ေလာက္ ဗီဒီယို႐ိုက္ၿပီး ေဖ့စ္ဘုတ္ေပၚ တင္လိုက္ရင္ လူေတြက ၾကြားတယ္ပဲျမင္ၾကမွာ။ အဲ့ဒီအစား ဒီလက္စြပ္ေလးကို ဘယ္လိုရခဲ့တယ္ဆုိတာေလးကို ေရးျပရင္ အားလံုးက အားက်ၾကည္ႏူးေနမွာ။

၂။ ေၾကညာခ်က္ေတြ

မဂၤလာပြဲနဲ႔ ပတ္သက္တဲ့ ေၾကညာခ်က္ေတြကို မိသားစုဝင္ေတြနဲ႔ အရင္းႏွီးဆံုးသူငယ္ခ်င္းေတြကို အသိမေပးရေသးဘဲနဲ႔ ေဖ့စ္ဘုတ္ေပၚ မတင္လိုက္နဲ႔ဦး။ သူတုိ႔ စိတ္မေကာင္းျဖစ္ရလိမ့္မယ္။ ခ်စ္ခင္ရသူေတြကို ဦးစားေပးပါ။

၃။ အခမ္းအနားအေၾကာင္း အေသးစိတ္

မဂၤလာေဆာင္ကို ဘယ္ေနရာမွာ က်င္းပမယ္၊ ဘယ္လိုေတြလုပ္မယ္ ဆုိတာေတြကို ခေရေစ့တြင္းက်ေရးၿပီး ေဖ့စ္ဘုတ္ေပၚမွာ Public နဲ႔ တင္တာကလည္း ကိုယ့္ကို အေႏွာင့္အယွက္ေပးခ်င္သူေတြအတြက္ သတင္းေပးသလို ျဖစ္သြားႏိုင္တယ္။ ဘာကိုမွ အေသးစိတ္ မတင္ပါနဲ႔။ ေနရာနဲ႔ အခ်ိန္ေလာက္ေလး ေျပာျပရင္ လံုေလာက္ၿပီေလ။

၄။ Hashtag တစ္သန္းေလာက္နဲ႔ ေၾကညာခ်က္

အဓိက ျဖစ္ခ်င္တာက ကိုယ့္မဂၤလာပြဲနဲ႔ ပတ္သက္ၿပီး အနီးအေဝးကလူေတြ သိရေအာင္ ေျပာျပခ်င္တာမဟုတ္လား။ ေၾကာ္ျငာလိုလို hashtag ေတြ တစ္ပံုႀကီးက ဘာလုပ္ဖုိ႔တုန္း။ ဥပမာ ေျပာရရင္ #bridetobe #heputaringonit #taken #diamond #wedding  အဲ့လိုမ်ိဳးေတြ အမ်ားႀကီး စုၿပံဳေရးထားတဲ့ hashtag ေၾကာင့္ ကိုယ့္ပို႔စ္ကို ဖတ္ရတဲ့လူက မ်က္စိလည္သြားႏိုင္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဘာကိုမှ အသေးစိတ် မတင်ပါနဲ့။

ဘဝရဲ့ အချိုးအကွေ့တစ်ခုဖြစ်တဲ့ လက်ထပ်မင်္ဂလာဟာ တကယ်ပဲ အလေးအနက်ထားရဆုံးအရာတွေထဲက တစ်ခုပါ။ မင်္ဂလာပွဲအတွက် ပြင်ဆင်ရတာတွေလည်း ရှိလာပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ရတယ်။ ပြီးတော့ ကိုယ့်ရဲ့ အပြုအမူ အနေအထိုင်လည်း ဆင်ခြင်ရတယ်။ အထူးသဖြင့်တော့ ဖေ့စ်ဘုတ်ပေါ်ကို မတင်သင့်တာတွေ မတင်မိအောင် ဆင်ခြင်စေချင်ပါတယ်။ ကိုယ်က ဘာရယ်မဟုတ် တင်လိုက်ပေမဲ့ အကျိုးဆက်က မကောင်းတာတွေ ကြုံလာမယ်ဆို ရှောင်ကြဉ်ရမှာပဲလေ။

၁။ လက်ထပ်လက်စွပ်

ကိုယ့်ရဲ့စိန်လက်စွပ်က ဘယ်လောက်အဖိုးတန်တယ်၊ ဘယ်ကဝယ်တယ်ဆိုတာတွေကို လက်ထပ်ပွဲမတိုင်မီ ဝမ်းသာအားရနဲ့ အွန်လိုင်းပေါ်မတင်ပါနဲ့။ လက်စွပ်ဝတ်ပြီး တဖျတ်ဖျတ်တောက်နေတာကို ၄၅ စက္ကန့်လောက် ဗီဒီယိုရိုက်ပြီး ဖေ့စ်ဘုတ်ပေါ် တင်လိုက်ရင် လူတွေက ကြွားတယ်ပဲမြင်ကြမှာ။ အဲ့ဒီအစား ဒီလက်စွပ်လေးကို ဘယ်လိုရခဲ့တယ်ဆိုတာလေးကို ရေးပြရင် အားလုံးက အားကျကြည်နူးနေမှာ။

၂။ ကြေညာချက်တွေ

မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ ကြေညာချက်တွေကို မိသားစုဝင်တွေနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေကို အသိမပေးရသေးဘဲနဲ့ ဖေ့စ်ဘုတ်ပေါ် မတင်လိုက်နဲ့ဦး။ သူတို့ စိတ်မကောင်းဖြစ်ရလိမ့်မယ်။ ချစ်ခင်ရသူတွေကို ဦးစားပေးပါ။

၃။ အခမ်းအနားအကြောင်း အသေးစိတ်

မင်္ဂလာဆောင်ကို ဘယ်နေရာမှာ ကျင်းပမယ်၊ ဘယ်လိုတွေလုပ်မယ် ဆိုတာတွေကို ခရေစေ့တွင်းကျရေးပြီး ဖေ့စ်ဘုတ်ပေါ်မှာ Public နဲ့ တင်တာကလည်း ကိုယ့်ကို အနှောင့်အယှက်ပေးချင်သူတွေအတွက် သတင်းပေးသလို ဖြစ်သွားနိုင်တယ်။ ဘာကိုမှ အသေးစိတ် မတင်ပါနဲ့။ နေရာနဲ့ အချိန်လောက်လေး ပြောပြရင် လုံလောက်ပြီလေ။

၄။ Hashtag တစ်သန်းလောက်နဲ့ ကြေညာချက်

အဓိက ဖြစ်ချင်တာက ကိုယ့်မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး အနီးအဝေးကလူတွေ သိရအောင် ပြောပြချင်တာမဟုတ်လား။ ကြော်ငြာလိုလို hashtag တွေ တစ်ပုံကြီးက ဘာလုပ်ဖို့တုန်း။ ဥပမာ ပြောရရင် #bridetobe #heputaringonit #taken #diamond #wedding  အဲ့လိုမျိုးတွေ အများကြီး စုပြုံရေးထားတဲ့ hashtag ကြောင့် ကိုယ့်ပို့စ်ကို ဖတ်ရတဲ့လူက မျက်စိလည်သွားနိုင်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top