ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

၉၆-ပါးထက္ မကေသာ ေ၀ဒနာမ်ားစြာ ရွိၾကသလို၊ သဘာ၀ တရားၾကီရဲ ့ဆုလာဘ္အျဖစ္
ေဆးဖက္၀င္တဲ့ ႏြယ္ျမက္သစ္ပင္ေတြ လည္း မိမိတို ့လက္တစ္ကမ္းမွာ
အဆင္သင့္ ရွိေနၾကပါတယ္။ သို ့ေသာ္ အက်ိဳးရွိရွိ မသံုးနိုင္ျခင္းက လြန္စြာမွ
ႏွေျမာ စရာေကာင္း လွပါတယ္။ ယေန ့ကမၻာေပၚမွာ လူေတြကို ဒုကၡအေပးဆံုးႏွင္
့ေဘးထြက္ဆိုးက်ိဳး အမ်ားဆံုးေရာဂါဟာ ဆီးခ်ိဳ (Diabetics) ေရာဂါ ျဖစ္ပါတယ္။
ဆီးခ်ိဳေရာဂါဆိုတာ ဆီးထဲမွာ သၾကားဓာတ္ မ်ားလာသည့္ ဆိုးရြားေသာ
ေရာဂါတစ္ရပ္ျဖစ္ျပီး၊ ထိုေရာဂါ စြဲကပ္ပါက ခႏၶာကိုယ္ အတြင္းအျပင္ အနာေရာဂါတို
့ေပ်ာက္ကင္းဖို ့ ခဲယဥ္းသြားပါျပီ။

ေဆးသိပၸံနည္းအရ ဓာတုပစၥည္းမ်ားျဖင့္ စီမံေဖာ္စပ္ထားတဲ့
ဆီးခ်ိဳေပ်ာက္ေဆးမ်ားဟာ၊ ဆီးခ်ိဳပမာဏကို ထိန္းထားနိုင္ေသာ္ လည္း
အျမစ္္ေပ်ာက္နိုင္စြမ္းမရွိသလို၊
နာတာရွည္ ဆီးခ်ိဳေရာဂါရဲ ့ေဘးထြက္ဆိုးက်ိဳးအျဖစ္ ေက်ာက္ကပ္ပ်က္စီးေစတဲ့ သာ
ဓကမ်ားစြာကို မိမိပတ္၀န္းက်င္မွာ ျမင္ေတြ ့ၾကားသိေနရပါတယ္။

သဘာ၀တရားၾကီးက ဖန္တီးေပးထားတဲ့ ၾကက္ဟင္းခါး၊ ကင္းပုန္သီး(အခါး)၊
ရွားေစာင္းခါးသီး၊ ေၾကာင္လ်ာသီး၊ ေတာင္ ဆီးျဖဴသီး၊ ခံတက္ရြက္၊ ေတာၾကက္ေမာက္၊
ပ်ားျမီးရြက္ပင္၊ ကင္ပြန္းခ်ဥ္ရြက္၊ တရုတ္စံကားပင္၏ပင္စည္အေခါက္၊ ျပည္ပန္း
ညိဳပင္၏ အရြက္/အေခါက္၊ နတ္ေဆးဂမုန္းပင္၊ ေဗဒါပန္းပြင့္၊ သေျပသီးအေစ့၊ ခ၀ဲ(ခါး)
သီး၊ ႐ံုးပတီသီး၊ ပဲနံ ့သာပင္ ၊ မာလ ကာသီး ၊ သရက္ပင္အရြက္၊ ဥသွ်စ္ရြက္၊
မိုးမခရြက္၊ သစ္ၾကပိုးေခါက္မႈန္ ့၊ ဘလူးဘယ္ရီသီး စတဲ့ ဟင္းသီးဟင္းရြက္ ႏွင့္
သစ္သီး ၀လံမ်ားကလည္း ဆီးခ်ိဳေရာဂါအတြက္ အသံုးတဲ့လွပါတယ္။

ဆီးခ်ိဳေရာဂါကို ျမန္မာေဆးဆရာတို ့က “မဓုေမလ ေရာဂါ” ဟု ေခၚဆိုၾကျပီး၊
ေရွးပေ၀သဏီကတည္းကစ၍ ထိုေရာဂါကို ဆင္တံုးမႏြယ္ပင္ျဖင့္ အျမစ္ျပတ္ေအာင္
ကုသလာခဲ့ၾကပါတယ္။ သို ့ပါ၍ ေငြလည္းမကုန္၊ ေဘးထြက္ဆိုးက်ိဳးလည္းမရွိ အမွန္ တကယ္
အျမစ္ျပတ္ ေပ်ာက္ေစနိုင္တဲ့ " ဆင္တံုးမႏြယ္ " အပင္ကို သံုးၾကည့္ဖို ့
တိုက္တြန္းလိုပါတယ္။

<ေဆးအညႊန္း>

# ဦိးစြာ ပင္စည္လက္ခလယ္ခန္ ့တုတ္ေသာ ဆင္တံုးမႏြယ္(ရင့္ရင့္) အပင္ကို၊
တစ္ေတာင္ဆစ္ခန္ ့အရွည္ လွီးျဖတ္ပါ။

# အရြက္ေတြကိုဖယ္၍ ပင္စည္္ကိုေရေဆးပါ။

# ေရေျခာက္ေအာင္သုတ္ျပီးတဲ့အခါ မီးဖုတ္ပါ။ ၄င္းပင္စည္
အေပၚခြံကြ်မ္းခါနီးအထိ မီးဖုတ္ေပးဖုိ ့လိုပါတယ္။

# အေပၚက မီးကြ်မ္းေနတဲ့အမဲမ်ားကို ျခစ္ထုတ္ျပီး၊ သန္ ့ရွင္းတဲ့
လက္ရိုက္တစ္ခုျဖင့္ ထုပါ။

# ျပီးရင္ ဆန္ေဆးရည္ ၂ ပိႆာထဲ့ထားေသာ အ၀က်ယ္ေၾကြဇလံုထဲမွာ
ဆင္တံုးမႏြယ္ကို ထဲ့စိမ္ေပးပါ။ ဆန္ေဆးရည္

ထဲမွာ တစ္ေန ့ႏွင့္တစ္ည စိမ္ေပးရမွာျဖစ္ပါတယ္။

# ထိုေဆးရည္ကို ညစာမစားခင္ ၁-နာရီခန္ ့ၾကိဳတင္၍
အခ်ိဳပန္းကန္လံုး(လၻက္ရည္ပန္းကန္လံုး) တစ္လံုးျဖင့္ တစ္ေန ့ တစ္ၾကိမ္
ေသာက္ေပးရပါမယ္။

*<မွတ္ခ်က္>*

(၁) ေဆးရည္ေသာက္ခါနီးတိုင္း အေပၚယံက အျမွဳပ္မ်ားကို ေၾကြဇြန္းျဖင့္ ဖယ္ထုတ္ပါ။
ေသာက္ျပီးတိုင္း ဆန္ေဆးရည္ တစ္ပန္း ကန္ ျပန္ျဖည့္ပါ။ ထိုေဆးရည္ကို
တစ္လတိတိသံုးနိုင္ပါတယ္။ တစ္လျပည့္တဲ့အခါ ေဆးရည္အသစ္ျပန္စိမ္ပါ။

(၂) အရသာခါးသီးလြန္းတာေၾကာင့္ ေဆးေသာက္ျပီးတဲ့အခါ၊ ထန္းလ်က္ (သို ့မဟုတ္)
ပ်ားရည္စားပါ။ (သၾကားမစားရ)

(၃) ေဆးရည္စိမ္တဲ့ခြက္၊ အျမွဳပ္ခတ္ဇြန္္း ႏွင့္ ေဆးေသာက္ခြက္တို ့ကို
ေၾကြထည္ပစၥည္း တစ္မ်ိဳးတည္းသာသံုးပါ။ (ဓာတ္ ေဖာက္ျပန္အာနိသင္ ျပယ္္ေစတတ္တဲ့
စတီးလ္၊ ဒန္၊ ေငြ စတဲ့ပစၥည္းမ်ားကို လံုး၀ မသံုးပါႏွင့္)

(၄) ဆီးကို ပုရြက္ဆိတ္ မတက္ေတာ့တဲ့အထိ ဇြဲရွိရွိေသာက္ပါ။

(၅) ဆင္တံုးမႏြယ္က ဆီးခ်ိဳေပ်ာက္ေစတဲ့အျပင္၊ အသား၀ါေရာဂါ၊ ၀မ္းကိုက္၊
ရင္ျပည့္ရင္ကယ္၊ အစာမေက်၊ တီဘီ၊ မီးယပ္ ျဖဴဆင္းျခင္း စတဲ့ေရာဂါမ်ားကို
ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဒါ့ျပင္ အရြယ္မတိုင္မီ ဆံပင္ျဖဴျခင္း ႏွင့္
မ်က္စိမႈန္ျခင္းတို ့ကိုပါ ေကာင္းက်ိဳးျပဳပါတယ္။

(ေဆာင္းပါးရွင္…ေပါက္ေပါက္…မွ်ေ၀သည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: promise.pauk

# Unicode Version ျဖင့္ ဖတ္ပါ #

၉၆-ပါးထက် မကသော ဝေဒနာများစွာ ရှိကြသလို၊ သဘာ၀ တရားကြီရဲ့ဆုလာဘ်အဖြစ်
ဆေးဖက်ဝင်တဲ့ နွယ်မြက်သစ်ပင်တွေ လည်း မိမိတို့လက်တစ်ကမ်းမှာ
အဆင်သင့် ရှိနေကြပါတယ်။ သို့သော် အကျိုးရှိရှိ မသုံးနိုင်ခြင်းက လွန်စွာမှ
နှမြော စရာကောင်း လှပါတယ်။ ယနေ့ကမ္ဘာပေါ်မှာ လူတွေကို ဒုက္ခအပေးဆုံးနှင်
့ဘေးထွက်ဆိုးကျိုး အများဆုံးရောဂါဟာ ဆီးချို (Diabetics) ရောဂါ ဖြစ်ပါတယ်။
ဆီးချိုရောဂါဆိုတာ ဆီးထဲမှာ သကြားဓာတ် များလာသည့် ဆိုးရွားသော
ရောဂါတစ်ရပ်ဖြစ်ပြီး၊ ထိုရောဂါ စွဲကပ်ပါက ခန္ဓာကိုယ် အတွင်းအပြင် အနာရောဂါတို
့ပျောက်ကင်းဖို့ ခဲယဉ်းသွားပါပြီ။

ဆေးသိပ္ပံနည်းအရ ဓာတုပစ္စည်းများဖြင့် စီမံဖော်စပ်ထားတဲ့
ဆီးချိုပျောက်ဆေးများဟာ၊ ဆီးချိုပမာဏကို ထိန်းထားနိုင်သော် လည်း
အမြစ်ပျောက်နိုင်စွမ်းမရှိသလို၊
နာတာရှည် ဆီးချိုရောဂါရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် ကျောက်ကပ်ပျက်စီးစေတဲ့ သာ
ဓကများစွာကို မိမိပတ်ဝန်းကျင်မှာ မြင်တွေ့ကြားသိနေရပါတယ်။

သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ ကြက်ဟင်းခါး၊ ကင်းပုန်သီး(အခါး)၊
ရှားစောင်းခါးသီး၊ ကြောင်လျာသီး၊ တောင် ဆီးဖြူသီး၊ ခံတက်ရွက်၊ တောကြက်မောက်၊
ပျားမြီးရွက်ပင်၊ ကင်ပွန်းချဉ်ရွက်၊ တရုတ်စံကားပင်၏ပင်စည်အခေါက်၊ ပြည်ပန်း
ညိုပင်၏ အရွက်/အခေါက်၊ နတ်ဆေးဂမုန်းပင်၊ ဗေဒါပန်းပွင့်၊ သပြေသီးအစေ့၊ ခဝဲ(ခါး)
သီး၊ ရုံးပတီသီး၊ ပဲနံ့သာပင် ၊ မာလ ကာသီး ၊ သရက်ပင်အရွက်၊ ဥသျှစ်ရွက်၊
မိုးမခရွက်၊ သစ်ကြပိုးခေါက်မှုန့်၊ ဘလူးဘယ်ရီသီး စတဲ့ ဟင်းသီးဟင်းရွက် နှင့်
သစ်သီး ဝလံများကလည်း ဆီးချိုရောဂါအတွက် အသုံးတဲ့လှပါတယ်။

ဆီးချိုရောဂါကို မြန်မာဆေးဆရာတို့က “မဓုမေလ ရောဂါ” ဟု ခေါ်ဆိုကြပြီး၊
ရှေးပဝေသဏီကတည်းကစ၍ ထိုရောဂါကို ဆင်တုံးမနွယ်ပင်ဖြင့် အမြစ်ပြတ်အောင်
ကုသလာခဲ့ကြပါတယ်။ သို့ပါ၍ ငွေလည်းမကုန်၊ ဘေးထွက်ဆိုးကျိုးလည်းမရှိ အမှန် တကယ်
အမြစ်ပြတ် ပျောက်စေနိုင်တဲ့ " ဆင်တုံးမနွယ် " အပင်ကို သုံးကြည့်ဖို့
တိုက်တွန်းလိုပါတယ်။

<ဆေးအညွှန်း>

# ဦိးစွာ ပင်စည်လက်ခလယ်ခန့်တုတ်သော ဆင်တုံးမနွယ်(ရင့်ရင့်) အပင်ကို၊
တစ်တောင်ဆစ်ခန့်အရှည် လှီးဖြတ်ပါ။

# အရွက်တွေကိုဖယ်၍ ပင်စည်ကိုရေဆေးပါ။

# ရေခြောက်အောင်သုတ်ပြီးတဲ့အခါ မီးဖုတ်ပါ။ ၎င်းပင်စည်
အပေါ်ခွံကျွမ်းခါနီးအထိ မီးဖုတ်ပေးဖို့လိုပါတယ်။

# အပေါ်က မီးကျွမ်းနေတဲ့အမဲများကို ခြစ်ထုတ်ပြီး၊ သန့်ရှင်းတဲ့
လက်ရိုက်တစ်ခုဖြင့် ထုပါ။

# ပြီးရင် ဆန်ဆေးရည် ၂ ပိဿာထဲ့ထားသော အဝကျယ်ကြွေဇလုံထဲမှာ
ဆင်တုံးမနွယ်ကို ထဲ့စိမ်ပေးပါ။ ဆန်ဆေးရည်

ထဲမှာ တစ်နေ့နှင့်တစ်ည စိမ်ပေးရမှာဖြစ်ပါတယ်။

# ထိုဆေးရည်ကို ညစာမစားခင် ၁-နာရီခန့်ကြိုတင်၍
အချိုပန်းကန်လုံး(လ္ဘက်ရည်ပန်းကန်လုံး) တစ်လုံးဖြင့် တစ်နေ့ တစ်ကြိမ်
သောက်ပေးရပါမယ်။

*<မှတ်ချက်>*

(၁) ဆေးရည်သောက်ခါနီးတိုင်း အပေါ်ယံက အမြှုပ်များကို ကြွေဇွန်းဖြင့် ဖယ်ထုတ်ပါ။
သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်း ကန် ပြန်ဖြည့်ပါ။ ထိုဆေးရည်ကို
တစ်လတိတိသုံးနိုင်ပါတယ်။ တစ်လပြည့်တဲ့အခါ ဆေးရည်အသစ်ပြန်စိမ်ပါ။

(၂) အရသာခါးသီးလွန်းတာကြောင့် ဆေးသောက်ပြီးတဲ့အခါ၊ ထန်းလျက် (သို့မဟုတ်)
ပျားရည်စားပါ။ (သကြားမစားရ)

(၃) ဆေးရည်စိမ်တဲ့ခွက်၊ အမြှုပ်ခတ်ဇွန်း နှင့် ဆေးသောက်ခွက်တို့ကို
ကြွေထည်ပစ္စည်း တစ်မျိုးတည်းသာသုံးပါ။ (ဓာတ် ဖောက်ပြန်အာနိသင် ပြယ်စေတတ်တဲ့
စတီးလ်၊ ဒန်၊ ငွေ စတဲ့ပစ္စည်းများကို လုံး၀ မသုံးပါနှင့်)

(၄) ဆီးကို ပုရွက်ဆိတ် မတက်တော့တဲ့အထိ ဇွဲရှိရှိသောက်ပါ။

(၅) ဆင်တုံးမနွယ်က ဆီးချိုပျောက်စေတဲ့အပြင်၊ အသားဝါရောဂါ၊ ဝမ်းကိုက်၊
ရင်ပြည့်ရင်ကယ်၊ အစာမကျေ၊ တီဘီ၊ မီးယပ် ဖြူဆင်းခြင်း စတဲ့ရောဂါများကို
ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့ပြင် အရွယ်မတိုင်မီ ဆံပင်ဖြူခြင်း နှင့်
မျက်စိမှုန်ခြင်းတို့ကိုပါ ကောင်းကျိုးပြုပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

ဖိုးသူတော် (www.phothutaw.com)
Credit: promise.pauk
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top