Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သင္ဟာ အလုပ္ခ်ိန္ မအားလပ္တာေတြေၾကာင့္ အားကစားခန္းမ မသြားျဖစ္ပဲ ရပ္ကြက္ထဲမွာပဲ ျဖစ္ျဖစ္ အနီးဆုံးက ပန္းၿခံတစ္ခုခုမွာပဲ ျဖစ္ျဖစ္ အေျပးေလ့က်င့္ေတာ့မယ္ ဆုိပါစို႔။ အေျပးေလ့က်င့္တယ္ ဆိုတာဟာ အေကာင္းဆံုး အားကစားတစ္ခုပါ။ ဒါေပမယ့္လည္း ေျပးခ်င္သလို ေျပးေနလို႔ေတာ့မရပါဘူး။ အေျပးေလ့က်င့္ေနစဥ္မွာ မလုပ္သင့္တဲ့အမွားေလးေတြရွိေနပါတယ္။ ဒါေတြကို ေရွာင္ရွားႏိုင္မွာသာ က်န္းမာေရး အတြက္ ေကာင္းမြန္လာပါလိမ့္မယ္။ အဲဒါေတြကေတာ့ -

 ၁။ နာက်င္ေနခ်ိန္မွာ ေျပးျခင္း

သင္ဟာ ေျခေထာက္ နာက်င္ေနခ်ိန္မွာ အံႀကိတ္ၿပီးဆက္ေျပးေနလို႔လည္း ဘယ္သူကမွ သင့္ကို သူရဲေကာင္းဘြဲ႕လာေပးမွာ မဟုတ္ပါဘူး။ လူဆိုတာ ကိုယ့္အေၾကာင္းကိုယ္ ပဲ သိပါတယ္။ ကိုယ္ေျခေထာက္နာေနတဲ့အေျခအေနက ဆက္ၿပီး အေျပးေလ့က်င့္ဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ သိတာနဲ႔ ဆက္မေျပးပါနဲ႔ေတာ့။နားလိုက္ပါ။

၂။ မသင့္ေတာ္တဲ့ ဖိနပ္ကို စီးၿပီး ေျပးျခင္း

အေျပးေလ့က်င့္တယ္ဆိုတာဟာလည္း ေဘာလံုးကန္တာတို႔ ၊ တင္းနစ္ ကစားတာတို႔ လိုမ်ိဳး အားကစား တစ္ရပ္ ျဖစ္တဲ့အတြက္ သတ္မွတ္ ၀တ္စံုေတြကို ေတာ့ ၀တ္ဆင္ဖို႔လိုပါလိမ့္မယ္။ အေျပးေလ့က်င့္တဲ့ အခါမွာလည္း ဖိနပ္ အမ်ိဳးအစားေတြ သတ္မွတ္ေပးထားပါတယ္။ ဒါမွသာ လွ်င္ ေျခေထာက္မနာပဲ က်န္းမာေရး နဲ႔ ညီညြတ္တဲ့ အေျပးေလ့က်င့္ျခင္း ျဖစ္လာမွာပါ။

၃။ ေသြးပူေလ့က်င့္ခန္းမလုပ္ပဲ ေျပးျခင္း

အေျပးေလ့က်င့္ေတာ့မယ္ဆိုရင္ ေသြးပူေလ့က်င့္ခန္း ေတာ့ အရင္လုပ္သင့္ပါတယ္။ ေသြးပူေလ့က်င့္ခန္း လုပ္မွ အေၾကာေတြပါ ေျပေလ်ာ့ႏိုင္မွာ ျဖစ္ပါတယ္။ အေၾကာေတြေျပေလ်ာ့ေနမွသာ အေျပးေလ့က်င့္ျခင္းရဲ႕ အက်ိဳး သက္ေရာက္မႈကို ရရွိမွာျဖစ္ပါတယ္။ မဟုတ္ရင္ေတာ့ အေျပးေလ့က်င့္တာဟာ ကိုယ့္ကိုကိုယ္ ဒုကၡေပးေနသလို ျဖစ္ေနပါလိမ့္မယ္။

၄။ ဖေနာင့္နဲ႕ဦးစြာ ေျခခ်ျခင္း

ေျပးတဲ့အခါမွာ ေျခေထာက္ကို ေျမွာက္လိုက္ၿပီးရင္ ျပန္အခ်မွာ ဖေနာင့္နဲ႔ခ်ရမွာ မဟုတ္ပါဘူး။ ေျခဖ၀ါး အရင္ခ် ၿပီးမွသာ ဖေနာင့္ကို ေျမျပင္က်ေစရမွာျဖစ္ပါတယ္။ မဟုတ္ရင္ေတာ့ ဖေနာင့္နာက်င္တဲ့ ေ၀ဒနာကို ခံစား ရပါလိမ့္မယ္။

၅။ လက္ကိုအရမ္းလႊဲျခင္း

အေျပးေလ့က်င့္တဲ့အခါ ေျခေထာက္ရဲ႕ ေလ့က်င့္ခန္းကို လုပ္ေနရတာပါ။ ခႏၶာကိုယ္ရဲ႕ အေလးခ်ိန္မွ်တမႈ ကို ေျခေထာက္ေတြ လႈပ္ရွားၿပီး ထိန္းရတာပါ။ လက္ရဲ႕ ေလ့က်င့္ခန္းတစ္ခု မဟုတ္ပါဘူး။ ဒါေၾကာင့္ ေျပးေနရင္းနဲ႔ လက္ေတြကိုလႊဲလိုက္ျခင္းဟာ လက္ေတြကို နာက်င္ေစႏိုင္ၿပီး အေျပးေလ့က်င့္ျခင္းရဲ႕ အက်ိဳးသက္ေရာက္မႈ ကို ခံစားရမွာ မဟုတ္ေတာ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
 သင်ဟာ အလုပ်ချိန် မအားလပ်တာတွေကြောင့် အားကစားခန်းမ မသွားဖြစ်ပဲ ရပ်ကွက်ထဲမှာပဲ ဖြစ်ဖြစ် အနီးဆုံးက ပန်းခြံတစ်ခုခုမှာပဲ ဖြစ်ဖြစ် အပြေးလေ့ကျင့်တော့မယ် ဆိုပါစို့။ အပြေးလေ့ကျင့်တယ် ဆိုတာဟာ အကောင်းဆုံး အားကစားတစ်ခုပါ။ ဒါပေမယ့်လည်း ပြေးချင်သလို ပြေးနေလို့တော့မရပါဘူး။ အပြေးလေ့ကျင့်နေစဉ်မှာ မလုပ်သင့်တဲ့အမှားလေးတွေရှိနေပါတယ်။ ဒါတွေကို ရှောင်ရှားနိုင်မှာသာ ကျန်းမာရေး အတွက် ကောင်းမွန်လာပါလိမ့်မယ်။ အဲဒါတွေကတော့ -

 ၁။ နာကျင်နေချိန်မှာ ပြေးခြင်း

သင်ဟာ ခြေထောက် နာကျင်နေချိန်မှာ အံကြိတ်ပြီးဆက်ပြေးနေလို့လည်း ဘယ်သူကမှ သင့်ကို သူရဲကောင်းဘွဲ့လာပေးမှာ မဟုတ်ပါဘူး။ လူဆိုတာ ကိုယ့်အကြောင်းကိုယ် ပဲ သိပါတယ်။ ကိုယ်ခြေထောက်နာနေတဲ့အခြေအနေက ဆက်ပြီး အပြေးလေ့ကျင့်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိတာနဲ့ ဆက်မပြေးပါနဲ့တော့။နားလိုက်ပါ။

၂။ မသင့်တော်တဲ့ ဖိနပ်ကို စီးပြီး ပြေးခြင်း

အပြေးလေ့ကျင့်တယ်ဆိုတာဟာလည်း ဘောလုံးကန်တာတို့ ၊ တင်းနစ် ကစားတာတို့ လိုမျိုး အားကစား တစ်ရပ် ဖြစ်တဲ့အတွက် သတ်မှတ် ဝတ်စုံတွေကို တော့ ဝတ်ဆင်ဖို့လိုပါလိမ့်မယ်။ အပြေးလေ့ကျင့်တဲ့ အခါမှာလည်း ဖိနပ် အမျိုးအစားတွေ သတ်မှတ်ပေးထားပါတယ်။ ဒါမှသာ လျှင် ခြေထောက်မနာပဲ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အပြေးလေ့ကျင့်ခြင်း ဖြစ်လာမှာပါ။

၃။ သွေးပူလေ့ကျင့်ခန်းမလုပ်ပဲ ပြေးခြင်း

အပြေးလေ့ကျင့်တော့မယ်ဆိုရင် သွေးပူလေ့ကျင့်ခန်း တော့ အရင်လုပ်သင့်ပါတယ်။ သွေးပူလေ့ကျင့်ခန်း လုပ်မှ အကြောတွေပါ ပြေလျော့နိုင်မှာ ဖြစ်ပါတယ်။ အကြောတွေပြေလျော့နေမှသာ အပြေးလေ့ကျင့်ခြင်းရဲ့ အကျိုး သက်ရောက်မှုကို ရရှိမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ အပြေးလေ့ကျင့်တာဟာ ကိုယ့်ကိုကိုယ် ဒုက္ခပေးနေသလို ဖြစ်နေပါလိမ့်မယ်။

၄။ ဖနောင့်နဲ့ဦးစွာ ခြေချခြင်း

ပြေးတဲ့အခါမှာ ခြေထောက်ကို မြှောက်လိုက်ပြီးရင် ပြန်အချမှာ ဖနောင့်နဲ့ချရမှာ မဟုတ်ပါဘူး။ ခြေဖဝါး အရင်ချ ပြီးမှသာ ဖနောင့်ကို မြေပြင်ကျစေရမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ဖနောင့်နာကျင်တဲ့ ဝေဒနာကို ခံစား ရပါလိမ့်မယ်။

၅။ လက်ကိုအရမ်းလွှဲခြင်း

အပြေးလေ့ကျင့်တဲ့အခါ ခြေထောက်ရဲ့ လေ့ကျင့်ခန်းကို လုပ်နေရတာပါ။ ခန္ဓာကိုယ်ရဲ့ အလေးချိန်မျှတမှု ကို ခြေထောက်တွေ လှုပ်ရှားပြီး ထိန်းရတာပါ။ လက်ရဲ့ လေ့ကျင့်ခန်းတစ်ခု မဟုတ်ပါဘူး။ ဒါကြောင့် ပြေးနေရင်းနဲ့ လက်တွေကိုလွှဲလိုက်ခြင်းဟာ လက်တွေကို နာကျင်စေနိုင်ပြီး အပြေးလေ့ကျင့်ခြင်းရဲ့ အကျိုးသက်ရောက်မှု ကို ခံစားရမှာ မဟုတ်တော့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top