Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

က်ြန္ေနာ္တို႔ သူငယ္ခ်င္းသံုးေယာက္ ဘီယာဆိုင္သြားျပီး အျပန္ ည ၁နာရီေလာက္ရွိမယ္။ဆိုင္ကယ္ တစ္ေယာက္တစ္စီးနဲ႔ ေမာင္းလာရင္း မုဒံုျမိဳ႔ အလြန္ ေတာင္ခုနွစ္ေခြ အဆင္းမွာ အေနာက္က ဆိုင္ကယ္တစ္စီး အျမန္ပဲ ေမာင္းဆင္းလာတယ္။

ဆိုင္ကယ္ေပၚမွာ လူသံုးေယာက္ဗ်။ေယာက်ာ္ နွစ္ေယာက္ အလယ္မွာ မိန္းမတစ္ေယာက္ကို ညွပ္ျပီး ေမာင္းလာတာ။ အလယ္က မိန္းကေလးက က်ေနာ္တို႔ သံုးေယာက္ကိုလဲ ေတြ႔ေရာ ကယ္ပါအံုး ကယ္ပါအံုး နဲ႔ ေအာ္ျပီး အကူအညီေတာင္းတယ္ဗ်။သူ႕အေနာက္မွာ ထိုင္ေနတဲ့ လူၾကီးက အဲ့မိန္ကေလးကို တစ္ခ်က္ ရိုက္ခ်လိုက္တယ္။အသံလဲ ျငိမ္သြားတယ္။အေရွ႕ကေန ဆိုင္ကယ္ကို အၾကမ္းေမာင္းဝင္သြားတယ္။ က်ေနာ္တို႔ သံုးေယာက္လဲ အတိုင္အေဖာက္ညီစြာနဲ႔ ေရွ႕ကဆိုင္ကယ္ကို မ်က္ေျခမျပတ္ လိုက္ေမာင္းလာတယ္။

ေတာင္ခုနွစ္ေခြ ဆင္းျပီး လမ္းေကြ႕အလြန္ သခ်ၤ ိဳင္းတစ္ခုရွိတယ္ေလ။ အဲ့ဒီ သခ်ၤ ိဳင္းထဲကို ေမာင္းဝင္သြားတယ္။တစ္ခုထူးျခားေနတာကို က်ေနာ္တို႔ သံုးေယာက္လံုး သတိမထားလိုက္မိဘူး။က်ေနာ္တို႔ လိုက္ဝင္သြားေတာ့ သခ်ၤ ိဳင္းမဟုတ္ဘူးဗ်။ ေျမနီလမ္းၾကီး ျဖစ္ေနတာ။ လမ္းအတိုင္းလိုက္ဝင္သြားေတာ့ အိမ္ၾကီး တစ္လံုးကို ေတြ႕တယ္။အိမ္ၾကီးေရွ႕မွာ ဆိုင္ကယ္တစ္စီးရပ္ထားတယ္။ည သန္ေခါင္ေက်ာ္ မူးေနလို႔သာေပါ့။ မမူးရင္ ေတာထဲ ဝင္ဖို႔ဆိုတာ အိပ္မက္ေတာင္ မက္ဘူး
အိမ္ၾကီးထဲကို ဖုန္းမီးေလး အသံုးျပဳျပီး လိုက္ဝင္သြားတယ္။အျပင္က လေရာင္ တစ္စိတ္ တစ္ပိုင္းက ကြက္တိ ကြက္ၾကား လင္းေနတယ္။ကို လင္းဆိုသူက နံရံရဲ့ ေနရာတစ္ခုကို လက္နဲ႔ သြားထိလိုက္တယ္။ ကံေကာင္းစြာနဲ႔ တစ္အိမ္လံုး မီးေတြ ထိန္လင္းလာတယ္။ အဲ့မွာလဲ ထူးျခားေနတာဗ်။ အဲ့ဘက္ျခမ္းမွာ မီးက ညသန္ေခါင္အထိ မရွိဘူးေလ။ ျပီးေတာ့ ဒီလိုအိမ္ရွိတာ တစ္ခါမွ မသိဘူး

ဘာကိုမွ ဂရုမစိုက္အားေတာ့ပါဘူး။ ဖမ္းသြားတဲ့ မိန္းကေလးကို ကယ္ဖို႔ ေဇာကပ္ေနတာ တစ္ေၾကာင္း မူးေနတာ တစ္ေၾကာင္းနဲ႔ ဘာမွ ဂရုမစိုက္ေတာ့တာ။ တစ္ခန္းဝင္ တစ္ခန္းထြက္ လိုက္ရွာရင္း အခန္းတစ္ခန္း အေရာက္ ကုတင္ေပၚမွာ မိန္းကေလး တစ္ေယာက္ အိပ္ေနတယ္။ ဝက္ကေလးက ( ဝက္ကေလး ဆိုတာ က်ေနာ္တို႔ထက္ ပိုဝလြန္းလို႔ ဝက္ကေလးလို႔ ေခၚတာ ) အဲ့ဒါ ခုနက ဖမ္းသြားတဲ့ ေကာင္မေလးမဟုတ္လား။ဟိုလူေတြ ရိုက္ျပီးေမ့ေနတာ ျဖစ္မယ္။ဆိုျပီး သံုးေယာက္လံုး အနားကပ္သြားတယ္။ကုတင္နားေရာက္ခါနီးမွ အေနာက္က ဝင္ခဲ့တဲ့ တံခါး " ဂ်ိန္း " ကနဲ ပိတ္သြားတယ္။သံုးေယာက္လံုး အသဲ ေအးထြက္သြာတာပဲဗ်ာ။ တစ္ေယာက္နား တစ္ေယာက္ကပ္လို႔။

ဝက္ေလးက ေကာင္မေလးကို လႈပ္ၾကည့္တယ္။ မလႈပ္ဘူး။နွာေခါင္းနား ကို လက္ေလးနဲ႔ အသာေလး စမ္းၾကည့္ေတာ့ အသက္ရႈေသးတယ္ကြ လို႔ လွည့္အေျပာ ေကာင္မေလး လက္က ဝက္ကေလးရဲ့ ပုခံုးေပၚ ေရာက္လာတယ္။ခုနက ေကာင္မေလး လက္က အေကာင္းပါ။ခုက်မွ ေကာင္မေလးရဲ့လက္က အေမြးေတြနဲ႔ လက္သည္းေတြ အရွည္ၾကီး ျဖစ္ေနတာ။က်ေနာ္တို႔ကို တစ္ျခမ္းေစာင္း အိပ္ေနရာကေန ေခါင္း တစ္လံုးပဲ က်ေနာ္တို႔ဘက္လွည့္လာတာကို က်ေနာ္နဲ႔ ကိုလင္းနဲ႔ ျမင္လိုက္ရတယ္။ဝက္ကေလးက ေကာင္မေလးကို ေက်ာခိုင္းျပီး က်ေနာ္တို႔ကို လွည့္စကားေျပာေနေတာ့ သူမေတြ႔ရဘူး။ က်ေနာ္နဲ႔ ကိုလင္းနဲ႔ ေၾကာက္လို႔ နွစ္ေယာက္သား ပူးကပ္ျပီး ဝက္ကေလး ကိုေျပာဖို႔ ပါးစပ္ကအသံ မထြက္ဘူး လက္နဲ႔ ပဲ ထိုးျပေနတာကို ငအက မသိဘူး ဘာလဲ ဘာလဲနဲ႔ ျပန္ေမးေနေတာ့တာပဲ။

ေနာက္မွ သူျဖည္းျဖည္းခ်င္းလွည့္ ၾကည့္ေတာ့ ေကာင္မေလး လက္လဲေတြ႔ေရာ ထေျပးဖို႔ အလုပ္ လက္သည္းရွည္နဲ႔ လက္ၾကီးက ဝက္ကေလးရဲ့ လက္ကို လွမ္းဆြဲထားတယ္ဗ်။ က်ေနာ္တို႔ နွစ္ေယာက္ေျပးျပီး။ ပိတ္ထားတဲ့တံခါးကို အတင္းဆြဲဖြင့္ျပီးေျပးတာ နွစ္ေယာက္သား ခလုတ္တိုက္လို႔တိုက္ဗ်ာ။ဝက္ကေလးကို ထားခဲ့ျပီး အိမ္အျပင္ေျပးထြက္ ဆိုင္ကယ္ခြျပီး ေမာင္းေျပးတာ တစ္ခ်ိဳးထဲပဲ၊ လမ္းတစ္ဝက္ က်ြန္းရြာေရာက္မွ ဝက္ကေလးကို ေစာင့္တာ။လူကို ေၾကာက္ဒူးေတြ တုန္လို႔။ေမာလဲေမာ ေၾကာက္လဲေၾကာက္ အမူးကိုေျပေရာ။

နာရီဝက္ေလာက္ၾကာမွ ဆိုင္ကယ္တစ္စီးျဖတ္သြားတယ္ အရွိန္ အေတာ္ျမန္တယ္ဗ်။ ရုတ္တရက္ လွမ္းၾကည့္လိုက္ေတာ့ ဝက္ကေလးနဲ႔ တူသလိုလိုရွိလို႔ က်ေနာ္နဲ႔ ကိုလင္းနဲ႔ အသားကုန္ဟိုက္ျပီး လိုက္တာေပါ့ ကဒါ တံတား ေက်ာ္မွ မီွတယ္။ငနဲ သားကဘယ္ေလာက္ေတာင္ ေၾကာက္လာလဲ မသိဘူး။

က်ေနာ္တို႔လဲ ေတြ႔ေရာ ဆိုင္ကယ္ရပ္ျပီး ငိုပါေလေရာ။သူက မင္းတို႔ကြာ ငါ့ကို တစ္ေယာက္တည္း ပစ္ထား ရက္တယ္ကြာ။ငါ့မွာ တစ္ေယာက္တည္း ဟိုသရဲမလက္ကေန မနည္းရုန္းျပီးေျပးလာခဲ့ရတယ္ကြ၊ ေျပာရင္ ငိုရင္းအသံေတြေတာင္တုန္ေနတယ္။ အသာေလးေခ်ာ့ျပီး အိမ္ျပန္လာခဲ့ၾကတယ္။ ေနာက္ေန႔မနက္ ေရာက္ေတာ့ ဝက္ကေလးတစ္ေယာက္ မ်က္ကြင္းေတြညိဳျပီး အဖ်ားတက္ပါေလေရာ။သံုးရက္ေလာက္ အိပ္ယာထဲ လဲသြားတယ္။

အဲ့ဒီေနာက္ပိုင္း ညဘက္ ဘီယာေသာက္ဖို႔ ေခၚရင္ ေခါင္းျပဳတ္မတတ္ ျငင္းေတာ့တာပဲ ။မိုးခ်ဳပ္ရင္ သူ႕ခမ်ာ အျပင္ေတာင္ ထြက္မရဲေတာ့ဘူးဗ်ာ။

ျဖစ္တတ္ပါတယ္ အရမ္းေၾကာက္သြားတယ္ဆိုေတာ့။
အရမ္းလဲ ေနာက္က်ေနျပီဆိုေတာ့ အားလံုး good night ပါဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: satmisatyar
#Unicode Version#
ကျွန်နော်တို့ သူငယ်ချင်းသုံးယောက် ဘီယာဆိုင်သွားပြီး အပြန် ည ၁နာရီလောက်ရှိမယ်။ဆိုင်ကယ် တစ်ယောက်တစ်စီးနဲ့ မောင်းလာရင်း မုဒုံမြို့ အလွန် တောင်ခုနှစ်ခွေ အဆင်းမှာ အနောက်က ဆိုင်ကယ်တစ်စီး အမြန်ပဲ မောင်းဆင်းလာတယ်။

ဆိုင်ကယ်ပေါ်မှာ လူသုံးယောက်ဗျ။ယောကျာ် နှစ်ယောက် အလယ်မှာ မိန်းမတစ်ယောက်ကို ညှပ်ပြီး မောင်းလာတာ။ အလယ်က မိန်းကလေးက ကျနော်တို့ သုံးယောက်ကိုလဲ တွေ့ရော ကယ်ပါအုံး ကယ်ပါအုံး နဲ့ အော်ပြီး အကူအညီတောင်းတယ်ဗျ။သူ့အနောက်မှာ ထိုင်နေတဲ့ လူကြီးက အဲ့မိန်ကလေးကို တစ်ချက် ရိုက်ချလိုက်တယ်။အသံလဲ ငြိမ်သွားတယ်။အရှေ့ကနေ ဆိုင်ကယ်ကို အကြမ်းမောင်းဝင်သွားတယ်။ ကျနော်တို့ သုံးယောက်လဲ အတိုင်အဖောက်ညီစွာနဲ့ ရှေ့ကဆိုင်ကယ်ကို မျက်ခြေမပြတ် လိုက်မောင်းလာတယ်။

တောင်ခုနှစ်ခွေ ဆင်းပြီး လမ်းကွေ့အလွန် သင်္ချ ိုင်းတစ်ခုရှိတယ်လေ။ အဲ့ဒီ သင်္ချ ိုင်းထဲကို မောင်းဝင်သွားတယ်။တစ်ခုထူးခြားနေတာကို ကျနော်တို့ သုံးယောက်လုံး သတိမထားလိုက်မိဘူး။ကျနော်တို့ လိုက်ဝင်သွားတော့ သင်္ချ ိုင်းမဟုတ်ဘူးဗျ။ မြေနီလမ်းကြီး ဖြစ်နေတာ။ လမ်းအတိုင်းလိုက်ဝင်သွားတော့ အိမ်ကြီး တစ်လုံးကို တွေ့တယ်။အိမ်ကြီးရှေ့မှာ ဆိုင်ကယ်တစ်စီးရပ်ထားတယ်။ည သန်ခေါင်ကျော် မူးနေလို့သာပေါ့။ မမူးရင် တောထဲ ဝင်ဖို့ဆိုတာ အိပ်မက်တောင် မက်ဘူး
အိမ်ကြီးထဲကို ဖုန်းမီးလေး အသုံးပြုပြီး လိုက်ဝင်သွားတယ်။အပြင်က လရောင် တစ်စိတ် တစ်ပိုင်းက ကွက်တိ ကွက်ကြား လင်းနေတယ်။ကို လင်းဆိုသူက နံရံရဲ့ နေရာတစ်ခုကို လက်နဲ့ သွားထိလိုက်တယ်။ ကံကောင်းစွာနဲ့ တစ်အိမ်လုံး မီးတွေ ထိန်လင်းလာတယ်။ အဲ့မှာလဲ ထူးခြားနေတာဗျ။ အဲ့ဘက်ခြမ်းမှာ မီးက ညသန်ခေါင်အထိ မရှိဘူးလေ။ ပြီးတော့ ဒီလိုအိမ်ရှိတာ တစ်ခါမှ မသိဘူး

ဘာကိုမှ ဂရုမစိုက်အားတော့ပါဘူး။ ဖမ်းသွားတဲ့ မိန်းကလေးကို ကယ်ဖို့ ဇောကပ်နေတာ တစ်ကြောင်း မူးနေတာ တစ်ကြောင်းနဲ့ ဘာမှ ဂရုမစိုက်တော့တာ။ တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ရှာရင်း အခန်းတစ်ခန်း အရောက် ကုတင်ပေါ်မှာ မိန်းကလေး တစ်ယောက် အိပ်နေတယ်။ ဝက်ကလေးက ( ဝက်ကလေး ဆိုတာ ကျနော်တို့ထက် ပိုဝလွန်းလို့ ဝက်ကလေးလို့ ခေါ်တာ ) အဲ့ဒါ ခုနက ဖမ်းသွားတဲ့ ကောင်မလေးမဟုတ်လား။ဟိုလူတွေ ရိုက်ပြီးမေ့နေတာ ဖြစ်မယ်။ဆိုပြီး သုံးယောက်လုံး အနားကပ်သွားတယ်။ကုတင်နားရောက်ခါနီးမှ အနောက်က ဝင်ခဲ့တဲ့ တံခါး " ဂျိန်း " ကနဲ ပိတ်သွားတယ်။သုံးယောက်လုံး အသဲ အေးထွက်သွာတာပဲဗျာ။ တစ်ယောက်နား တစ်ယောက်ကပ်လို့။

ဝက်လေးက ကောင်မလေးကို လှုပ်ကြည့်တယ်။ မလှုပ်ဘူး။နှာခေါင်းနား ကို လက်လေးနဲ့ အသာလေး စမ်းကြည့်တော့ အသက်ရှုသေးတယ်ကွ လို့ လှည့်အပြော ကောင်မလေး လက်က ဝက်ကလေးရဲ့ ပုခုံးပေါ် ရောက်လာတယ်။ခုနက ကောင်မလေး လက်က အကောင်းပါ။ခုကျမှ ကောင်မလေးရဲ့လက်က အမွေးတွေနဲ့ လက်သည်းတွေ အရှည်ကြီး ဖြစ်နေတာ။ကျနော်တို့ကို တစ်ခြမ်းစောင်း အိပ်နေရာကနေ ခေါင်း တစ်လုံးပဲ ကျနော်တို့ဘက်လှည့်လာတာကို ကျနော်နဲ့ ကိုလင်းနဲ့ မြင်လိုက်ရတယ်။ဝက်ကလေးက ကောင်မလေးကို ကျောခိုင်းပြီး ကျနော်တို့ကို လှည့်စကားပြောနေတော့ သူမတွေ့ရဘူး။ ကျနော်နဲ့ ကိုလင်းနဲ့ ကြောက်လို့ နှစ်ယောက်သား ပူးကပ်ပြီး ဝက်ကလေး ကိုပြောဖို့ ပါးစပ်ကအသံ မထွက်ဘူး လက်နဲ့ ပဲ ထိုးပြနေတာကို ငအက မသိဘူး ဘာလဲ ဘာလဲနဲ့ ပြန်မေးနေတော့တာပဲ။

နောက်မှ သူဖြည်းဖြည်းချင်းလှည့် ကြည့်တော့ ကောင်မလေး လက်လဲတွေ့ရော ထပြေးဖို့ အလုပ် လက်သည်းရှည်နဲ့ လက်ကြီးက ဝက်ကလေးရဲ့ လက်ကို လှမ်းဆွဲထားတယ်ဗျ။ ကျနော်တို့ နှစ်ယောက်ပြေးပြီး။ ပိတ်ထားတဲ့တံခါးကို အတင်းဆွဲဖွင့်ပြီးပြေးတာ နှစ်ယောက်သား ခလုတ်တိုက်လို့တိုက်ဗျာ။ဝက်ကလေးကို ထားခဲ့ပြီး အိမ်အပြင်ပြေးထွက် ဆိုင်ကယ်ခွပြီး မောင်းပြေးတာ တစ်ချိုးထဲပဲ၊ လမ်းတစ်ဝက် ကျွန်းရွာရောက်မှ ဝက်ကလေးကို စောင့်တာ။လူကို ကြောက်ဒူးတွေ တုန်လို့။မောလဲမော ကြောက်လဲကြောက် အမူးကိုပြေရော။

နာရီဝက်လောက်ကြာမှ ဆိုင်ကယ်တစ်စီးဖြတ်သွားတယ် အရှိန် အတော်မြန်တယ်ဗျ။ ရုတ်တရက် လှမ်းကြည့်လိုက်တော့ ဝက်ကလေးနဲ့ တူသလိုလိုရှိလို့ ကျနော်နဲ့ ကိုလင်းနဲ့ အသားကုန်ဟိုက်ပြီး လိုက်တာပေါ့ ကဒါ တံတား ကျော်မှ မှီတယ်။ငနဲ သားကဘယ်လောက်တောင် ကြောက်လာလဲ မသိဘူး။

ကျနော်တို့လဲ တွေ့ရော ဆိုင်ကယ်ရပ်ပြီး ငိုပါလေရော။သူက မင်းတို့ကွာ ငါ့ကို တစ်ယောက်တည်း ပစ်ထား ရက်တယ်ကွာ။ငါ့မှာ တစ်ယောက်တည်း ဟိုသရဲမလက်ကနေ မနည်းရုန်းပြီးပြေးလာခဲ့ရတယ်ကွ၊ ပြောရင် ငိုရင်းအသံတွေတောင်တုန်နေတယ်။ အသာလေးချော့ပြီး အိမ်ပြန်လာခဲ့ကြတယ်။ နောက်နေ့မနက် ရောက်တော့ ဝက်ကလေးတစ်ယောက် မျက်ကွင်းတွေညိုပြီး အဖျားတက်ပါလေရော။သုံးရက်လောက် အိပ်ယာထဲ လဲသွားတယ်။

အဲ့ဒီနောက်ပိုင်း ညဘက် ဘီယာသောက်ဖို့ ခေါ်ရင် ခေါင်းပြုတ်မတတ် ငြင်းတော့တာပဲ ။မိုးချုပ်ရင် သူ့ခမျာ အပြင်တောင် ထွက်မရဲတော့ဘူးဗျာ။

ဖြစ်တတ်ပါတယ် အရမ်းကြောက်သွားတယ်ဆိုတော့။
အရမ်းလဲ နောက်ကျနေပြီဆိုတော့ အားလုံး good night ပါဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: satmisatyar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top