Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 # Zawgyi Version ျဖင့္ ဖတ္ပါ #

''ျမင့္ျမင့္စန္းကိုသတ္လိုက္ေတာ့ေလ''
  ''ဟာ!… မသတ္နိုင္ပါဘူး သူကရိုးတယ္ ျမင့္ျမင့္စန္းကို ငါခ်စ္တယ္!… မသတ္နိုင္ေသးဘူး''
   ''ငါနင့္ကို အမိန္႔ေပးေနတာေနာ္… အဲ႔ေကာင္မကို သတ္လိုက္ေတာ့''
  ''မသတ္နိုင္ဘူး!…''

    ''ဟာ…''
   ''လုပ္ပါဦးေယာက်ာ္းရယ္ ငါ့နားထဲမွာ အဲ႔စကားသံေတြႀကားေနရျပန္ျပီ… လုပ္ပါဦး''
  ''ဒုကၡပါပဲမိန္းမရာ… ငါလည္းဘယ္လိုလုပ္ေပးရမွန္းကိုး မသိေတာ့ပါဘူး… ဘုရားစာေလးရြတ္ျပီး အိပ္ႀကည့္ပါလား''
  ''ကြ်န္မလဲ ေတာ္ေတာ္ေလးစိတ္ညစ္ေနျပီ… အဲ႔အသံေတြေႀကာင့္ အိပ္မရတဲ႔ညေပါင္းလဲမနည္းေတာ့ဘူး… စိတ္ညစ္ပါတယ္''
   ''ေနပါဦးမိန္းမရယ္!… မနက္ႀကမွ ေနာက္ဆရာတစ္ေယာက္ဆီ ထပ္သြားႀကတာေပါ့… အခုေတာ့ ေယာက်ာ္းလဲဘုရားစာေလးေတြရြတ္ေပးမယ္ မိန္းမလည္း ဘုရားစာေလးရြတ္ျပီး ေမွးေနႀကည့္ပါဦး''

  သူမနာမည္ ျမင့္ျမင့္စန္းဟုေခၚသည္။ အသက္အားျဖင့္(၅၀)ေက်ာ္ခန္႕ရွိေနျပီး၊ အသားျဖဴျဖဴ၊ ကိုယ္လံုးကိုယ္ေပါက္ ခပ္ေတာင့္ေတာင္ႏွင့္ အရြယ္တင္လွသည္။ သူမ၏အမ်ိဳးသားမွာ ဦးလွေငြျဖစ္ခါ၊ အသက္အားျဖင့္ (၆၀)ခန္႔ရွိေနျပီး၊ ပင္စဥ္လခစားနွင့္ ယခုအခါ ဇနီးျဖစ္သူျမင့္ျမင့္စန္းအား Taxiေမာင္းခါ ရွာေဖြေကြ်းေနခဲ႔သည္။ အသက္အားျဖင့္ ႀကီးရင့္ေသာ္လည္း ဦးလွေငြႏွင့္ ေဒၚျမင့္ျမင့္စန္းတို႔မွာ ငယ္လင္ငယ္မယားျဖစ္သည့္အလား တစ္ဦးအေပၚတစ္ဦး တန္ဖိုးထားခ်စ္ျမတ္နိုးႀကသည္။ အိမ္ေထာင္အသက္ ႏွစ္(၃၀)လံုးလံုး သားသမီးထြန္းကားျခင္းလည္း မရွိခဲ႔ေခ်။

    ေဒၚျမင့္ျမင့္စန္းမွာ ယခင္က မူလတန္းျပေက်ာင္းဆရာမျဖစ္၍ ဝန္ထမ္းဘဝႏွင့္ (၁၀)ႏွစ္မွ်ထမ္းေဆာင္ခါ ပင္စဥ္ယူခဲ႔ရင္း ယခုအခါ လင္ေယာက်ာ္းအေပၚ မွီခိုစားေသာက္ေနခဲ႔ရသည္။ မူလတန္းျပ ေက်ာင္းဆရာမဘဝတြင္လည္း သူမဟာ ေက်ာင္းသားေလးမ်ားအေပၚ စာေက်စြာတတ္ေျမာက္ေစခ်င္ေသာ္ေႀကာင့္ ရိုက္နွပ္ဆံုးမ၍ သင္ျပေလ့ရွိသည္။

    ထိုကဲ႔သို႔အျပဳမူမ်ားအား ေက်ာင္းသားမိဘတစ္ခ်ိဳ႔မွာ ေဒၚျမင့္ျမင့္စန္းအေပၚသို႕ ေက်နပ္ျခင္းမရွိခဲ႔ေခ်။ ေက်ာင္းဆရာမဘဝႏွင့္ တာဝန္ထမ္းေဆာင္ခဲ႔စဥ္ (၁၀)ႏွစ္လံုးလံုး တစ္ႏွစ္လ်င္ ေဒၚျမင့္ျမင့္စန္းႏွင့္ ေက်ာင္းသားမိဘ သံုးဦးေလးဦးခန္႔ အျမဲတေစ ခတ္ရန္ျဖစ္ပြားေလ့ရွိသည္။ ထို႔ေႀကာင့္လဲ ေက်ာင္းဆရာမဘဝအား စိတ္ကုန္ေစခါ ဝန္ထမ္းဘဝမွႏႈတ္ထြက္၍ ပင္စဥ္ယူခဲ႔ျခင္းပင္ျဖစ္သည္။

   ခင္ပြန္းသည္တစ္ေယာက္ မနက္လင္းသည့္အခ်ိန္ ကားေမာင္းထြက္ခ်ိန္၌ ေဒၚျမင့္ျမင့္စန္းမွာ ေနအိမ္တြင္ တစ္ကိုယ္တည္းက်န္ရစ္ေနခဲ႔ခါ အိမ္မႈ႕ကိစၥမ်ားျပဳလုပ္ေနတတ္သည္။ သားသမီးမ်ားလည္း မရွိခဲ႕သည္ေႀကာင့္ လင္ေယာက်ာ္းအလုပ္သြားခ်ိန္၌ သူမတစ္ဦးတည္းသာ အထီးက်န္ေနခဲ႔ရသည္။ ယခုကဲ႔သို႔ သူမ၏နားအတြင္း၌ တစ္စံုတစ္ေယာက္ (သို႔မဟုတ္) အသံေပါင္းစံုေျပာဆိုေနႀကေသာ စကားမ်ားအား ႀကားေနခဲ႔ရသည္မွာ (၃)လတင္းတင္းျပည့္ေနျပီျဖစ္သည္။ ထိုစကားသံမ်ားေႀကာင့္ ေန႔ေရာညပါ ေဒၚျမင့္ျမင့္စန္းမွာ အိပ္ပ်က္စားပ်က္ျဖစ္ေနခဲ႔ရရင္း လူသည္လည္း ပိန္လီလီျဖစ္လာခဲ႔ရသည္။

  အျမဲတေစႀကားေနခဲ႔ရေသာ စကားသံမ်ားမွာ…
  ''ျမင့္ျမင့္စန္းကိုသတ္လိုက္ေတာ့ေလ…''
  ''ဟာ!… မသတ္နိုင္ပါဘူး သူကရိုးတယ္ ျမင့္ျမင့္စန္းကိုငါခ်စ္တယ္… မသတ္နိုင္ေသးဘူး'
  ''ငါ့နင့္ကိုအမိန္႔ေပးေနတာေနာ္ အဲ႔ေကာင္မကိုသတ္လိုက္ေတာ့''
  'မသတ္နိုင္ဘူးဟာ!… သူကရိုးရိုးသားသားေနတာ သူ႔ကိုခင္တယ္ မသတ္နိုင္ေသးဘူး''
  ''ငါ့ကိုအာခံေနတာေကာင္မ!… သူ႔ကိုမသတ္ရင္ နင့္ကိုငါသတ္မွာေနာ္''

    ထိုကဲ႕သို႔စကားသံမ်ား အျပန္အလွန္ေျပာဆ္ုေနခဲ႔သည္မ်ားအား ေဒၚျမင့္ျမင့္စန္းတစ္ေယာက္ အျမဲတေစ ေန႔ေရာညပါ ႀကားေနခဲ႔ရသည္။ ေအာက္လမ္းပညာသည္ တစ္ဦးတစ္ေယာက္ဟာ သူမအား ျပဳစားထား၍ သရဲတေစၧႏွင့္ အေသသတ္ခိုင္းေနျခင္းပင္ျဖစ္သည္ဟု ေဒၚျမင့္ျမင့္စန္းမွာမူ သိရွိေနခဲ႔ရသည္။ ထိုတင္မက အျပင္သို႔သြားသည့္အခါတြင္လည္း သူမအနားတြင္ တစ္ဦးတစ္ေယာက္ လိုက္ပါလာသည့္အတိုင္း ခံစားေနခဲ႔ရေလသည္။

   ေနအိမ္တြင္ တစ္ေယာက္တည္းရွိေနခ်ိန္၌လည္း သူမႏွင့္အတူ တစ္ဦးတစ္ေယာက္ အတူရွိေနခဲ႔သည္ဟု ခံစားေနရခါ ေႀကာက္ရႊံ႕စိတ္ႏွင့္ စိတ္ဆင္းရဲႀကီးစြာ ျဖစ္ေနခဲ့ရေပသည္။ ထိုကဲ႔သို႔အျဖစ္ပ်က္မ်ားေႀကာင့္ ခင္ပြန္းသည္ ဦးလွေငြသည္လည္း ကားေမာင္းမထြက္နိုင္၊ ဇနီးျဖစ္သူ၏အနားတြင္ ေနထိုင္ေပးေနခဲ႔ရင္း စုေဆာင္းမိထားေသာ ေငြေလးမ်ားျဖင့္ ထိုင္စားေနခဲ့ရသည္။

  ဇနီးျဖစ္သူ၏ အျဖစ္မ်ားေႀကာင့္ ဦးလွေငြသည္လည္း ပေယာဂါဆရာေပါင္းစံုႏွင့္ လိုက္လံကုသေပးခဲ႔သည္။ ထိုတင္မက သံဃာေတာ္ဆရာမ်ားႏွင့္လည္း ဆရာစံုေအာင္ လိုက္လံကုသေပးခဲ႔ပါသည္။ သို႕ေသာ္လည္း ေဒၚျမင့္ျမင့္စန္းမွာမူ ထိုကဲ႔သို႔စကားသံမ်ား ႀကားေနရစျမဲပင္။ တစ္ခါတစ္ေလတြင္မူ ထိုစကားသံမ်ား ႀကားလာျပီဆိုလ်င္ ေဒၚျမင့္ျမင့္စန္းမွာ စိတ္ဖိဆီးမႈ႕မ်ားျဖင့္ စိတ္မရွည္ေတာ့သည့္ ေလသံႏွင့္အတူ ထိုကဲ႔သို႔စကားမ်ားလည္း ေျပာဆိုေလတတ္သည္။

   ''ဟာ… ငါစိတ္ညစ္လာျပီေနာ္ နင္တို႔ငါ့ကိုသတ္ခ်င္ေနတာမဟုတ္လား… သတ္သြားႀကေတာ့ေလ… ငါ့ကိုစိတ္ဆင္းရဲမႈ႕ေတြ ထပ္မေပးပါနဲ႔ေတာ့ သတ္ခ်င္ရင္လည္း သတ္လိုက္ႀကပါေတာ့ဟာ''

   မ်က္ရည္မ်ားျဖင့္ ထိုသို႔ေျပာဆိုခါ ခ်ုဳန္းပြဲခ် ငိုေႀကြးေနခဲ႔သည္။ ဦးလွေငြသည္လည္း မိန္းမျဖစ္သူအား ထိုကဲ႔သို႕စိတ္လိုက္မာန္ပါ မေျပာဆိုရန္ တားျမစ္လ်က္ ဇနီးျဖစ္သူအား ႏွစ္သိမ့္ေနခ့ဲရသည္။ အထက္လမ္းဆရာေတာ္ႀကီးတစ္ပါးႏွင့္ မနက္ခင္းအခ်ိန္မွ ပေယာဂါသြားေရာက္ကုသခဲ႔ျပီး တစ္ေန႔ကုန္တိုင္ေအာင္ သူမ၏နားအတြင္း၌ စကားသံမ်ာမႀကားခဲ႔ရေခ်။ သို႕ေသာ္ ယခုညနက္အခ်ိန္ခါ၌ ျပန္လည္ႀကားေယာင္လာမိသည့္အတြက္ ထိုဆရာေတာ္ႀကီးသည္လည္း သူမ၏အေနွာက္ယွက္အား ကုသေပးနိုင္ျခင္းမရွိဟု သတ္မွတ္ေလခါ မနက္လင္းသည္ႏွင့္ အထက္လမ္းဆရာတစ္ဦးဦးႏွင့္ ထပ္မံျပသရမည္ဟု ေတြးထားခဲ႔ေလသည္။
                           ××××××
ယေန႔။ ယေန႔ဟာ ကြ်န္ုပ္၏အားလပ္ရက္ေလးဟုပင္ သတ္မွတ္ေစနိုင္သည္။ ကြ်န္ုပ္သည္ ယခုႏွစ္အတြက္ မတတ္ျဖစ္ပဲ နားထားခဲ႔ေသာ ဓာတုေဗဒ ဒုတိႏွစ္အေဝးသင္အား ျပန္လည္တတ္ေရာက္ေနရသည္။ ထို႔ေႀကာင့္ ယေန႔ဟာ တနဂၤေႏြေန႔ရက္ပင္ျဖစ္ျပီး ေက်ာင္းမွျပန္ေရာက္လာခါ အိမ္ေရွ႕ခန္းေလးအတြင္းတြင္ ေခတၱထိုင္ေနမိခဲ႕သည္။

  ''ဆရာရွိလား…''
''ေႀသာ္!… ဟုတ္ကဲ႔ခင္ဗ် ရွိပါတယ္''
  ''ခဏထိုင္ဦးေနာ္''

ဆရာဟူသည္ ကြ်န္ုပ္၏ဖခင္ျဖစ္သူအား ထိုသူမ်ားမွ ေခၚေဝၚသံုးႏႈန္းျခင္းျဖစ္သည္။ ကြ်န္ုပ္၏ဖခင္ျဖစ္သူသည္ တိုင္းရင္းျမန္မာအရိုးေႀကာကု ေဆးဆရာတစ္ဦးျဖစ္သည့္အလား၊ အထက္ဂိုဏ္းဆရာႀကီးတစ္ဦးလည္း ျဖစ္ေပသည္။ ထို႔ေႀကာင့္ ကြ်န္ုပ္၏ဖခင္ျဖစ္သူႏွင့္ ရင္းႏွီးကြ်မ္းဝင္ေသာ လူမ်ားမွာ ဆရာဟုေခၚေဝၚျခင္းပင္ျဖစ္ေလသည္။ အသံလာရာႏွင့္အတူ ျခံအတြင္းသို႔ အသက္(၆၀)ခန္႔လူႀကီးတစ္ဦးႏွင့္၊ အသက္(၅၀)ေက်ာ္ခန္႔ရွိေနခဲ႔ေသာ လူႀကီးတစ္ဦးအပါအဝင္၊ မိန္းမႀကီးတစ္ဦး၊ အားလံုးေပါင္း သံုးဦးသားသည္လည္း ျခံအတြင္းသို႔ တျပိဳင္နက္ဝင္ေရာက္ခဲ႔ေလသည္။

     ျခံအတြင္းရွိ ခံုေလးမ်ားတြင္ ထိုသူမ်ားအား ေခတၱထိုင္ေစရန္ ကြ်န္ုပ္တစ္ေယာက္ ေနရာခ်ထားေပးခဲ႔ရင္း အိမ္ေပၚတြင္ တရားထိုင္လ်က္ရွိေနသည့္ ဖခင္ျဖစ္သူထံသို႔ အေႀကာင္းႀကားေစခဲ႔သည္။ ကြ်န္ုပ္၏အေႀကာင္းႀကားခ်က္ျဖင့္ ဖခင္ျဖစ္သူသည္လည္း ထိုသူမ်ားရွိေနခဲ႔ေသာ ျခံအတြင္းသို႔ ေရာက္ရွိလာခါ လာရင္းကိစၥမ်ား ေမးျမန္းေလေတာ့သည္။

   ''ေႀသာ္!… ဆရာ… ကြ်န္ေတာ့ကိုမွတ္မိလားမသိဘူး''
  ''ဟင္!… ေႀသာ္… စိတ္မရွိပါနဲ႔ဗ် အမွတ္တမွတ္ပဲ''
''ဟုတ္ကဲ႕ဆရာ… ဟိုတေလာတုန္းက သမီးေလးကိုဆရာကုေပးခဲ႔တာေလ… ဟိုေလဆရာ… သိုက္ကလာတဲ႔ ေကာင္မေလးကို သိုက္ႀကိဳးျဖတ္လာကုသြားတာေလ''
  ''ေႀသာ္!… မွတ္မိျပီ မွတ္မိျပီ… ဘယ္လိုတုန္းဗ် ကေလးမေလးေရာ ေနေကာင္းရဲ့လား''
   ''ေကာင္းပါတယ္ဆရာ''
  ''အခုေရာ ဘာျဖစ္လို႔တုန္း''
  ''ဒီလိုပါဆရာ ဒါက ကြ်န္ေတာ့္မိတ္ေဆြေတြပါ… ေဒၚျမင့္ျမင့္စန္းနဲ႔ ဦးလွေငြလို႔ေခၚပါတယ္ဆရာ… ဆရာ့ဆီမွာ ပေယာဂါစစ္ခ်င္လို႔ပါ''
  ''ဟုတ္ကဲ႔… ဘယ္လိုျဖစ္လို႔တုန္းဗ်… ဘယ္သူလဲ''
  ''ကြ်န္မပါဆရာ… ျဖစ္ပံုက ဒီလိုပါ''

  စာဖတ္သူမ်ားမွတ္မိေလမလား။ ''သိုက္ႀကိဳးျဖတ္ျခင္း''ဟူေသာ ဇာတ္လမ္းတိုအား စာေရးသူကြ်နု္ပ္တစ္ေယာက္ ေရးသားေဖာ္ျပခဲ႔ဘူးသည္။ ယခုကြ်န္ုပ္၏ဖခင္ျဖစ္သူထံသို႔ ေရာက္ရွိလာခဲ႔ေသာ ထိုလူၿကီးမွာမူ သိုက္ႀကိဳးလာေရာက္ျဖတ္ေသာ မိန္းကေလး၏ဖခင္ပင္ျဖစ္သည္။ ထို႔ေနာက္ ေဒၚျမင့္ျမင့္စန္းမွာမူ သူမတစ္ေယာက္ ေန႔စဥ္ႏွင့္အမွ် ခံစားေနခဲ႔ရေသာ အေနွာက္ယွက္စကားသံမ်ားအား ကြ်န္ုပ္၏ဖခင္ထံသို႔ အားကိုးတႀကီးေျပာဆ္ုေလခဲ့သည္။

  ''အင္း!… ေဒၚျမင့္ျမင့္စန္း အခုျဖစ္ေနတဲ႔ အေႀကာင္းကို ဘယ္လိုထင္လဲဗ်''
  ''ကြ်န္မကေတာ့ သူမ်ားလုပ္ထားတယ္ပဲ ထင္တယ္ဆရာ… ဘာျဖစ္လို႔လဲဆိုရင္ ေက်ာင္းဆရာမဘဝတုန္းက ေက်ာင္းသားမိဘေတြနဲ႔ ႏွစ္တ္ုင္းလိုလိုစကားမ်ားရတယ္… သူတို႔ထဲက တစ္ေယာက္ေယာက္မ်ား အတိုက္ခိုက္နဲ႔လုပ္ထားတယ္လို႔ ထင္တယ္''

''အခု… ဒီမွာထိုင္ေနတဲ႔အခ်ိန္မွာေရာ ေဒၚျမင့္ျမင့္စန္း အဲ႔ဒီစကားသံေတြ ႀကားရေသးလား''
  ''မႀကားရဘူးဆရာ… တစ္လမ္းလံုး ကြ်န္မနဲ႔အတူတူလိုက္လာတယ္လို႔ ခံစားရတယ္!… ဆရာ့ျခံထဲေရာက္ေတာ့မွ စိတ္ထဲရွင္းသြားတယ္… သူတိုု႔လိုက္မလာေတာ့ဘူးလို႔ထင္တယ္''
   ''ဟုတ္တယ္ဆရာ… ကြ်န္ေတာ့္မိန္းမအခုလိုျဖစ္ေနလို႔ လိုက္ကုတာ ဆရာေတြလဲစံု ေငြေတြလဲကုန္ေနျပီဆရာ… ဘယ္ဆရာနဲ႔မွ မေပ်ာက္ဘူးျဖစ္ေနတယ္… အခုမွ ကိုေဇာ္မ်ိဳးနဲ႕ဆံုျပီး ဆရာ့ဆီေရာက္လာရတာပါ… အဲ႔ဒီအေနွာက္ယွက္ေတြ လုပ္ေပးပါဦးဆရာရယ္''
''အင္း!… ျဖစ္ေနတာေရာ ႀကာျပီလား''
  ''ႀကာျပီဆရာ သံုးေလးလေလာက္ရွိေနျပီ ကြ်န္မရူးေနတာလဲမဟုတ္ဘူးဆရာ… စိတ္ေဖာက္ျပန္ေနတာလဲမဟုတ္ဘူး… ကိုယ့္ကိုလည္း သိတယ္…''
  ''အင္း…ေကာင္းပါျပီ… ကဲလာ… အိမ္ေပၚတတ္… ကြ်န္ေတာ္စစ္ႀကည့္ေပးပါ့မယ္''

ဖခင္ျဖစ္သူထံ၌ အားကုိးတႀကီး ထိုသို႔ေျပာဆိုေလခါ၊ ဖခင္ျဖစ္သူသည္လည္း ထိုလူမ်ားအား ျခံအတြင္းမွ ေနအိမ္အေပၚရွိ ဘုရားခန္းဆီသို႔ ေခၚေဆာင္လာခဲ႔ေလသည္။ ထို႔ေနာက္ ဘုရားဆင္တြင္ ဖေယာင္းတိုင္ေလးမ်ား အစီစဥ္တက်ထြန္းညွိခါ၊ ကာယကံရွင္ေဒၚျမင့္ျမင့္စန္းအား ဘုရားဦးတိုက္ခိုင္းလ်က္၊ ဘုရားဆင္အား ေက်ာေပးေလခါ အျပင္ဘက္သို႕ ေျခဆင္းခိုင္းေလသည္။ ထို႔ေနာက္…

    ''ဘာေန႕သမီးလဲ''
  ''ႀကာသပေတးသမီးပါဆရာ''
  ''ဟုတ္ျပီ… ႀကာသပေတးသမီးရဲ့ အသက္နဲ႔ခႏၶာကိုယ္၊ အိမ္ျခံေျမ ပရိေဘာက ဆရာ့ဆီအပ္ေနာ္''
  ''ဟုတ္ကဲ႕ဆရာ အပ္ပါတယ္''

သို႔ႏွင့္ ဖခင္ျဖစ္သူသည္လည္း သူ၏အစီစဥ္တက် မတ္တပ္ရပ္အေနအထားႏွင့္ ေျခစင္းထားျပီး၊ ဆံပင္ဖ်ီခ်ထားေသာ ေဒၚျမင့္ျမင့္စန္း၏ဦးေခါင္းအေပၚသို႔ လက္ညိဳးကေလး ခပ္ဖြဖြထိုးစိုက္ထားခါ…

   ''ဘုန္းေတာ္အလြန္တရာ ႀကီးျမတ္ေတာ္မူေသာ ေကာကၠသံ၊ ေဂါဏဂံု၊ ကႆပ၊ ေဂါတမ၊ အရိေမတၱယ် ဘုရားငါးဆူႏွင့္တကြ ဣစၦာသယမဟိဒိၶေစဂိုဏ္းေတာ္ႀကီးအား အဖက္ဖက္မွ ကူညီေစာင့္ေရွာက္ေတာ္မူႀကကုန္ေသာ… အဖဘိုးေတာ္ေအး၊ အဖဘိုးေတာ္ျပဴး၊ အဖဘိုးေတာ္ပြင့္၊ ဥပဇၨ်ာယ္္ဆရာမ်ားအားလည္းေကာင္း အမႈ႕ထား၍ သား၏ကြ်နု္ပ္သည္ ဤႀကာသပေတးသမီးအား ကုပြဲႏွင့္အတူ အပ္နွင္းပါသည္။ အစဥ္အျမဲႀကြေရာက္၍ ေစာင့္ေရွာက္ေတာ္မူျပီလ်င္ ေျဖရွင္းေပးေတာ္မူပါ… ××××× ×××× ××××  ××××× ××××  ???? ××××  ××… … … ÷×±×   ××× ×× × × ×''

ထို႕သို႔တိုင္တည္ေျပာဆိုခဲ့ဲျပီး ကာယကံရွင္ေဒၚျမင့္ျမင့္စန္းအား စတင္စစ္ေဆးေလခဲ႔သည္။ ေဒၚျမင့္ျမင့္စန္းအား စုန္းတိုက္၊ အစိမ္းတိုက္၊ နတ္တိုက္၊ ဆရာတိုက္၊ ရိုးရာတိုက္၊ ဥစၥာေစာင့္၊ သူေယာင္စြဲ၊ လမိုင္းစြဲ၊ အပင္း၊ မင္းမဟာဂီရိ၊ ဘုရားတိုက္၊ အင္းတိုက္၊ ေျမဖုတ္ဘီလူး၊ စသည့္အစြဲမ်ားျဖင့္ ျပဳစားထားခဲ႔လ်င္ ေဒၚျမင့္ျမင့္စန္း၏ ဆင္းထားေသာေျခေထာက္တြင္ ေက်ာက္သားကပ္သို႔ ေလးလံေနေစသားဟု တုိင္တည္စစ္ေဆးအမိန္႔ေပးခဲ႔ေသာ္လည္း ေဒၚျမင့္ျမင့္စန္းမွာမူ ပံုမွန္အတိုင္းပင္ စင္းထားသည့္ေျခေထာက္မွာ ေကာင္းစြာ ႀကြနိုင္ေလခဲ႕သည္။

  အတိုက္ခိုက္မ်ားႏွင့္ပတ္သတ္ျပီး တစ္ခုခ်င္း အႀကိမ္ႀကိမ္အခါခါစစ္ေဆးခဲ႔ေသာ္လည္း မည္သည့္အစြဲ၊ အတိုက္တစ္ခိုက္မွ် ရွာမေတြ႕ခဲ႔ေခ်။ အခ်ိန္မ်ားသာ ကုန္လင့္သြားခဲ႔သည္သာ အဖတ္တင္ခဲ႔သည္။ ဖခင္ျဖစ္သူသည္လည္း မိုးဖြဲမ်ားစြာက်ေနသည့္ မိုးတြင္းအခ်ိန္ခါ၌ ခႏၶာကိုယ္ရွိ ေခြ်းေပါက္မ်ားအတြင္းမွ ေခြ်းေလးမ်ားစြာပင္လ်င္ ဆို႔လ်က္ရွိလာခဲ႕သည္။

''ကဲ!… ေဒၚျမင့္ျမင့္စန္း… ခင္ဗ်ားျမင္တဲ႔အတိုင္းပဲ ကြ်န္ေတာ္စစ္ႀကည့္တာေတာ့… ခင္ဗ်ားမွာ ဘာအတိုက္အခိုက္မွ မရွိဘူး… ခင္ဗ်ားစိတ္ထဲမွာေရာ အခု ရွင္းရွင္းလင္းလင္းျဖစ္ေနရဲ့လား''
  ''ဟုတ္ကဲ႔ဆရာ… တစ္လမ္းလံုး သူတို႔လိုက္လာတယ္… အခုနေျပာသလို… ဆရာ့ျခံထဲေရာက္ေတာ့မွ သူတို႔လိုက္မလာေတာ့တာ''
  ''အခုေရာ''
  ''အခုလဲ စိတ္ထဲေပါ့ေနတာပဲ''
  ''ဟုတ္ျပီ!… ကြ်န္ေတာ္ ေဆးေတာ္ေရစင္တ္ိုက္လိုက္မယ္… ဒီတစ္ညေတာ့ ေစာင့္ႀကည့္ေပးေနာ္… တကယ္လို႔ မသက္သာေသးရင္ ကြ်န္ေတာ္မနိုင္လို႔ပဲျဖစ္ပါလိမ့္မယ္''
  ''ရွင္…''
   ''ဗ်ာ!… ''

ဖခင္ျဖစ္သူ၏ေျပာစကားမ်ားေႀကာင့္ နံေဘးနားတြင္ ဂရုတစိုက္ေစာင့္ႀကည့္ေနခဲ႔ႀကေသာ ဦးလွေငြ၏နႈတ္မွ အာေမဋိတ္စကားသံထြက္ေပၚလာခဲ႕သည္။ တျပိဳင္နက္ ဖခင္ျဖစ္သူထံသို႔ ေခၚေဆာင္လာေပးေသာ ဦးေဇာ္မ်ိဳး၏ မ်က္ႏွာျပင္ဆီသို႔လည္း ႀကည့္မိေစခဲ႔သည္။ ဖခင္ျဖစ္သူ၏ ကုသပံုမ်ားအား ဦးေဇာ္မ်ိဳးတစ္ေယာက္ သမီးျဖစ္သူအတြက္ႏွင့္ ကိုယ္ေတြ႕ႀကံဳဘူးထားခဲ႔သည္။ ထို႔ေႀကာင့္ ဦးလွေငြႏွင့္ေဒၚျမင့္ျမင့္စန္းတို႔အားလည္း ဖခင္ျဖစ္သူ၏အေႀကာင္းမ်ား ဦးေဇာ္မ်ိဳးတစ္ေယာက္ မည္မွ်ပင္ညႊန္းဆို၍ ေခၚေဆာင္လာသနည္းမသိ။ ဖခင္ျဖစ္သူ၏ လက္ေလ်ာ့လိုက္ေသာ စကားသံေႀကာင့္ မ်က္ေမွာင္ႀကဳတ္လ်က္ ဦးေဇာ္မ်ိုဳးထံသို႔ ဦးလွေငြ ႀကည့္မိလိုက္ျခင္းျဖစ္ေလသည္။

    ကြ်န္ုပ္သည္လည္း လြန္စြာအံ႔ႀသေလမိသည္။ ဖခင္ျဖစ္သူ၏ အေနွာက္ယွက္၊ အတိုက္အခိုက္မ်ားအား ထိထိမိမိ၊ နိုင္နိုင္နင္းနင္း ကုသလာခဲ႕သည္မ်ားအား ကြ်န္ုပ္တစ္ေယာက္ မ်က္ျမင္ကိုယ္ေတြ႔ အႀကိမ္ေပါင္းမ်ားစြာ ျမင္ေတြ႕ခဲ႔ဘူးသည္။ အေနွာက္ယွက္၊ အတိုက္ခိုက္တိုင္းအားလည္း ဖခင္ျဖစ္သူတစ္ေယာက္ အေကာင္းဆံုးေျဖရွင္းေပးနိုင္ခဲ႕သည္။ ယခုအခါ အဘဟ့္ေႀကာင့္ ေဒၚျမင့္ျမင့္စန္းခံစားေနရေသာ အေႏွာက္ယွက္အား မနိုင္ေတာ့ပါဟု ေျပာဆိုလိုက္ရသနည္း။

   ဖခင္ျဖစ္သူသည္လည္း ေဘးပတ္ဝန္းက်င္ရွိသူမ်ားအားလံုး၏ စိတ္ေနစိတ္ထားအား ေကာင္းစြာအကဲခတ္မိဟန္တူသည္။ သို႔ႏွင့္…

''ကြ်န္ေတာ္မနိုင္ဘူးေျပာလို႔ ခင္ဗ်ားတို႔အားလံုး စိတ္မပ်က္သြားပါနဲ႔ ေဒၚျမင့္ျမင့္စန္းက ဆရာေတြစံုေနျပီေလ… ဆရာတစ္ေယာက္နဲ႔မွ မေပ်ာက္သြားခဲ႔ဘူး… အခု ကြ်န္ေတာ့္ဆီေရာက္လာေတာ့လည္း ကြ်န္ေတာ္မနိုင္ဘူးဆိုလို႔ ခင္ဗ်ားတို႔စိတ္ပ်က္သြားမွာဆိုးတယ္… ဒါေပမယ့္ ဘာမွမစိုးရိမ္ႀကပါနဲ႔ ကြ်န္ေတာ္မကုနိုင္ေပမယ့္ ေဒၚျမင့္ျမင့္စန္းကို ကုေပးနိုင္တဲ႔ ဆရာတစ္ေယာက္ဆီ ကြ်န္ေတာ္ပို႔ေပးမွာပါ''
''အခုေတာ့ ခင္ဗ်ားတို႔အားလံုးျပန္လို႔ရပါျပီ…''
  ''ဒီတစ္ညေတာ့ ေဒၚျမင့္ျမင့္စန္း သက္သာသလား၊ မသက္သာသလားဆိုတာ ေစာင့္ႀကည့္ျပီး မနက္ျဖန္မနက္ ကြ်န္ေတာ့္ဆီထပ္လာေပးလို႔ရမလား'
  'တကယ္လို႔မသက္သာခဲ႔ရင္. ဆရာတစ္ေယာက္ဆီ ကြ်န္ေတာ္လိုက္ပ္ု႔ေပးပါ့မယ္''

''ကူညီပါဆရာရယ္ ကြ်န္မကို သူတို႔ျပဳစားလို႔ ေသသြားရင္လည္း ေကာင္းသား… အခုေတာ့ မေသမရွင္နဲ႔ စိတ္ဆင္းရဲေနရတာကိုး ကြ်န္မမခံစားနိုင္ေတာ့လို႔ပါ''
  'စိတ္ခ်ပါ… ဒီတစ္ည မသက္သာရင္ ကြ်န္ေတာ္အခုနေျပာသလိုပဲ မျမင့္ျမင့္စန္းကိုျပဳစားထားတဲ႔ အတိုက္ခိုက္ကို ကြ်န္ေတာ္မနိုင္ဘူး… ဒါေပမယ့္ နိုင္တဲ႔ဆရာဆီကိုေတာ့ ကြ်န္ေတာ္ပို႔ေပးမွာပါ''
''ေက်းဇုးတင္ပါတယ္ဆရာရယ္… ေက်းဇူးတင္ပါတယ္ ကြ်န္မတို႔ကိုျပန္ခြင့္ျပဳပါဦး''
  ''ေကာင္းပါျပီဗ်ာ… ေကာင္းပါျပီ''

အားကိုးတႀကီးေျပာဆိုေလရင္း ဘုရားဦးတိုက္ျပီးေနာက္ ဖခင္ျဖစ္သူအားလည္း ဦးတိုက္ေလခါ ေဒၚျမင့္စန္းႏွင့္အတူ ဦးလွေငြႏွင့္ဦးေဇာ္မ်ိဳးတို႔သည္လည္း ျပန္လည္ထြက္ခြာသြားခဲ႔ႀကေလသည္။

ကြ်န္ုပ္သည္လည္း ဖခင္ျဖစ္သူ၏ ေျပာစကားမ်ားေႀကာင့္ ေဒၚျမင့္ျမင့္စန္းတစ္ေယာက္ ယေန႔ည၌ ယခင္ကဲ႔သို႔ အေနွာက္ယွက္မ်ား ႀကံဳေတြ႔ရေလသလား၊ သို႔မဟုတ္ အေနွာက္ယွက္မ်ား ပေပ်ာက္သြာခဲ႔ျပီလားဟူ၍ သိခ်င္ေနခဲ႔သည္မွာ အမွန္ကန္ပင္ျဖစ္သည္။ အကယ္၍မ်ား ေဒၚျမင့္ျမင့္စန္း္၏ အေနွာက္ယွက္ ပေယာဂါမ်ား မေပ်ာက္ေသးလ်င္ ဖခင္ျဖစ္သူ၏ ပညာျဖင့္မနိုင္နင္းေတာ့ပဲ မည္သည့္ဆရာထံသို႔ ပို႔ေဆာင္ေပးမည္နည္း။ သိခ်င္စိတ္မ်ားႏွင့္အတူ ေတြေဝစိတ္မ်ားအပါအဝင္ ယေန႔လ်င္ျမန္စြာ ကုန္ဆံုးသြားေစရန္ ထိုညေစာေစာသာလ်င္ အိပ္ပစ္လိုက္ေစေတာ့သည္။

  မနက္လင္းသည္ႏွင့္ ကြ်န္ုပ္တစ္ေယာက္ လုပ္စရာရွိေနေသာ အလုပ္မ်ားအား မျပဳလုပ္နိုင္ေသး၊ ေဒၚျမင့္ျမင့္စန္း၏ အေျခေနမ်ားကိုသာ သိခ်င္ေနခဲ႔သည္။ အိပ္ယာနိုးကတည္းမွ ေနအိမ္ဆီသို႔ ေရာက္ရွိလာဦးမည့္ ေဒၚျမင့္ျမင့္စန္ႏွင့္ဦးလွေငြတို႔အား ဖခင္ထက္စိတ္ေစာစြာ ေမွ်ာ္လင့္ေနခဲ႔မိသည္။ ထို႔ေနာက္ မနက္(၉)နာရီခြဲခန္႔အခ်ိန္တြင္ ေနအိမ္အေရွ႕၌ အျဖဴေရာင္Taxiကားေလးတစ္စီး ရပ္တည့္လာခဲ႔ေလသည္။

   ကာတံခါးဖြင့္လ်က္ ကားအတြင္းမွ ဆင္းသတ္လာႀကသူမ်ားမွာ ေဒၚျမင့္ျမင့္စန္းႏွင့္ဦးလွေငြအပါအဝင္ ဦးေဇာ္မ်ိဳးတို႔ပင္ျဖစ္ေလသည္။ ထိုသူမ်ားေနအိမ္အေပၚသို႔ ေရာက္ရွိလာခဲ႔သည္ႏွင့္ ေဒၚျမင့္ျမင့္စန္း၏ မ်က္ႏွာျပင္သို႕ ကြ်န္ုပ္တစ္ေယာက္ အကဲခတ္လိုက္မိ၏။ မ်က္ႏွာမေကာင္း၊ ယမန္ညမွလည္း အိပ္ေရးပ်က္ထားဟန္တူသည္။ ထို႔ေနာက္ ဖခင္ျဖစ္သူႏွင့္ ဆံုေတြ႕ေလခါ ထိုသို႔ေျပာဆိုေလေတာ့သည္။

''ဘယ္လိုတုန္းဗ်… ေဒၚျမင့္ျမင့္စန္း… အေျခေနေကာင္းရဲ့လား''
  ''ဟင္း…''

ဖခင္ျဖစ္သူ၏ အေမးစကားမ်ားအား သူမတစ္ေယာက္ျပန္လည္မေျဖေသး၊ သက္ျပင္းတစ္ခ်က္သာလ်င္ ခပ္ျပင္းျပင္းခ်ေလသည္။ ထို႔ေနာက္…

''မေကာင္းဘူးဆရာ အရင္လိုပဲ အဲ႔ဒီစကားသံေတြထပ္ႀကားေနရတုန္းပဲ… ဆရာ့ဆီကျပန္သြားျပီး ညေရာက္ေတာ့ အိပ္ေနရင္းနဲ႔ ထပ္ႀကားလာလို႔ ညကေကာင္းေကာင္းမအိပ္ရဘူး''
  ''ဟူး!… ေသခ်ာသြားျပီး ဒါဆို ခင္ဗ်ားဆီမွာရွိတဲ႔ အတိုက္ခိုက္ကို ကြ်န္ေတာ္မနိုင္ေတာ့ဘူးေဒၚျမင့္ျမင့္စန္း''
  ''ကူညီပါဦးဆရာရယ္… ဆရာေျပာတဲ႔ ဆရာ့ဆီလိုက္ပ္ု႔ိေပးပါဆရာ… လိုက္ပို႔ေပးပါ''
  ''ေကာင္းပါျပီ ေဒၚျမင့္ျမင့္စန္း မသက္သာမွန္းသိလို႕ ကြ်န္ေတာ္အားလံုးျပင္ဆင္ထားျပီသား… ကဲ… ကြ်န္ေတာ္နဲ႔ကြ်န္ေတာ့္သားလိုက္ပို႔ေပးပါ့မယ္… ခင္ဗ်ားတို႔ဆီမွာ ကားပါလာတယ္မဟုတ္လား''
  ''ပါပါတယ္ဆရာ… အိမ္က Taxiကားပါပါတယ္''
  ''ေကာင္းျပီ သားေရ… အေဖနဲ႔လိုက္ခဲ႔''

  ေဒၚျမင့္ျမင့္စန္းဆီမွ အေႏွာက္ယွက္မ်ားဟာ ပေပ်ာက္မသြားေသးပဲ နဂိုတိုင္းပါပင္လ်င္ဟု စိတ္ပ်က္စြာျဖင့္ ဖခင္ျဖစ္သူအား ေျပာဆိုေလခဲ႔သည္။ ဖခင္ျဖစ္သူသည္လည္း ေဒၚျမင့္ျမင့္စန္းတစ္ေယာက္ ထိုကဲ႕သို႔ ေျပာဆိုလာေတာ့မည္အား ႀကိုဳတင္သိရွိထားဟန္တူသည္။ နံနက္အခ်ိန္ကတည္းမွ အျပင္သို႕သြားရန္ ျပင္ဆင္ထားခဲ႕သည္က ကြ်န္ုပ္မ်က္ျမင္ပင္ ျဖစ္ေလသည္။

  ဖခင္ျဖစ္သူသည္လည္း ေဒၚျမင့္ျမင့္စန္း၏ အေနွာက္ယွက္မ်ားအား သူတစ္ေယာက္ မနိုင္ေတာ့ျပီျဖစ္သည္ေႀကာင့္ ဆရာတစ္ဦးထံသို႔ လိုက္လံပို႔ေဆာင္ေပးမည္ဟု ေျပာဆိုေလခါ ကြ်နိုပ္အားလည္း အေဖာ္အျဖင့္လိုက္ပါလာရန္ ေခၚေဆာင္ေလခဲ႕သည္။

   ဘာေျပာေကာင္းလိမ့္မည္နည္း။ ကြ်န္ုပ္သည္လည္း ယခုစာမူေရးသားရန္အတြက္ အတြင္းက်က် စာမူႀကမ္းရမည္ျဖစ္ေသာေႀကာင့္ ဖခင္ျဖစ္သူ၏အေဖာ္ေခၚေဆာင္ေလေသာ စကားအဆံုးမ်ားတြင္ ကြ်န္ုပ္သည္လည္း အိမ္အေပါက္ဝသို႔ ထြက္ခြာျပီးေနျပီျဖစ္ေလသည္။

ကားေမာင္းသူဦးလွေငြ၏နံေဘးနားတြင္ ဖခင္ျဖစ္သူထိုင္လ်က္ လိုက္ပါလာခဲ႔ရင္း ကားအေနာက္ခန္းတြင္မူ ကြ်န္ုပ္ႏွင့္အတူ ဦးေဇာ္မ်ိဳးႏွင့္ ေဒၚျမင့္ျမင့္စန္း လိုက္ပါစီးနင္းလာခဲ႔ေလသည္။

   ''ဘယ္ကိုေမာင္းရမလဲဆရာ…''
  ''ဘယ္ကိုေမာင္းရမလဲဆိုတာကို ကြ်န္ေတာ္လမ္းျပေပးမယ္ ဦးသြားမယ့္ေနရာကိုေတာ့ ေရာက္မွပဲကြ်န္ေတာ္ေျပာမယ္ေနာ္''
  ''ဟုတ္ကဲ႕ဆရာ… ဆရာ့သေဘာပါ''

ထိုသို႔ေျပာဆိုေလခဲ႔ရင္း ေနအိမ္ဆီမွ ထြက္ခြာလာခါ ေျမာက္ဥကၠလာပအဝိုင္းႀကီးမွတ္တိုင္ဆီသို႔ ေရာက္ရွိလာခဲ႔ေလသည္။ ထို႔ေနာက္ ေျမာက္ဒဂံုျမိဳ႕သစ္ဘက္သို႔ ဦးတည္ေမာင္းႏွင္သြားခါ၊ ကားေမာင္းသူ ဦးလွေငြအား ဖခင္ျဖစ္သူမွာ ဘယ္ေကြ႕၊ ညာခ်ိဳး၊ ဘယ္ခ်ိဳး၊ ညာေကြ႕စသျဖင့္ လမ္းျပေစခဲ႔ရင္း၊ ေလးဆယ့္ငါးမိနစ္ခန္႔ေမာင္းႏွင္ခဲ႔ျပီးေနာက္ ဒဂံုျမိဳ႕သစ္ ျမိဳ႕အစြန္ဘက္သို႔ ေရာက္ရွိလာခဲ႔ေလသည္။ ထို႕ေနာက္…

''ေရာက္ျပီဦးလွေငြ… ဆင္းလို႔ရပါျပီ''

ဖခင္ျဖစ္သူ၏ ေျပာစကားမ်ားေႀကာင့္ ကားေပၚတြင္ လိုက္ပါလာခဲ႔ႀကေသာ ကြ်န္ုပ္တို႔အားလံုးသည္လည္း ကားေပၚမွ ကိုယ္ဆီဆင္းသတ္ေလႀကသည္။ ကားေပၚမွဆင္းလိုက္သည္ႏွင့္ အေဆာက္အဦးတစ္ခုအား ဦးစြာျမင္ေတြ႕လိုက္ရသည္။ ျမင္ေတြ႕လိုက္ရေသာ အေဆာက္ဦးတြင္လည္း အစိမ္းေရာင္ေပၚတြင္ အျဖဴစာလံုးထင္းထင္းႀကီးျဖင့္ ေရသားထားေသာ ဆိုင္းပုဒ္တစ္ခုအား ျမင္ေတြ႕ရေလသည္။ ထိုဆိုင္းပုဒ္၏အမည္မွာ

          ''စိတ္က်န္းမာေရး အထူးကုေဆးရံုႀကီး''
''ဟင္!… ဆရာ… ဒါက''
  ''ဟုတ္ပါတယ္ ေဒၚျမင့္ျမင့္စန္းရဲ့အေနွာက္ယွက္ေတြ ေပ်ာက္သြားဖို႔ လိုက္ကုေနခဲ႔တာ ဆရာေတြစံုေနျပီမဟုတ္လား… ဒါေပမယ့္ စိတ္က်န္းမာေရးဆရာဝန္ႀကီးနဲ႔ေတာ့ မေတြ႕ရေသးဘူးလို႔ ကြ်န္ေတာ္ထင္တယ္ ဒါေႀကာင့္ ကြ်န္ေတာ္ဒီကိုေခၚလာတာပါ''
  ''ကြ်န္မဆရာ့ကိုေျပာျပီးသားပဲေလ ကြ်န္မရူးေနတာလည္းမဟုတ္ဘူး… စိတ္ေဖာက္ျပန္ေနတာလည္းမဟုတ္ဘူး… ဒါကိုဘာျဖစ္လို႔ စိတ္က်န္းမာေရးေဆးရံုဆီေခၚလာရတာလဲ'
  ''ကြ်န္မတို႔ျပန္မယ္''
  ''မိန္းမ ဆရာ့ကိုဘယ္လိုေျပာလိုက္တာလဲ… အားနာစရာႀကီး''
  ''ရပါတယ္ဗ်ာ… အစကတည္းက ဒီကိုသြားမယ္လို႔ေျပာလိုက္ရင္ ခင္ဗ်ားမိန္းမ လိုက္မွာမဟုတ္ဘူးဆိုတာ ကြ်န္ေတာ္ႀကိဳသိျပီသားပါ… ဒါေႀကာင့္အခုလို လမ္းပဲျပျပီး ဦးတည္ရာကို မေျပာပဲေခၚလာခဲ႔တာ''
  ''အိုး!… ဘာပဲျဖစ္ျဖစ္ ကြ်န္မရူးေနတာမဟုတ္ဘူး ဒါေႀကာင့္ ဒီကိုလဲလာစရာမလိုဘူး… ေယာက်ာ္း ကြ်န္မတို႔ျပန္ႀကမယ္''
  ''ေဒၚျမင့္ျမင့္စန္း!… ကြ်န္ေတာ္ေျပာတာကို နားေထာင္ပါ ကြ်န္ေတာ္အေနွာက္ယွက္ ပေယာဂါေပါင္းစံုကို ကုသေနတဲ႔ဆရာတစ္ေယာက္ပါ… ပေယာဂါရွိ မရွိိုဆိုတာ ကြ်န္ေတာ္ဆရာသက္တမ္းအရ မွန္းႀကည့္ေနနိုင္ပါျပီ… အခု ခင္ဗ်ားမွာ ဘာအေနွာက္ယွက္ ပေယာဂါမွ မရွိဘူး… ခင္ဗ်ားျဖစ္ေနတာက အသက္(၅၀)ေက်ာ္လို႔ မီးယက္ေသြးဆံုးကိုင္ေနတာ… စိတ္ကိုေဖာက္ျပန္သလို ခံစားေနရလိမ့္မယ္… အဲ႔ဒီေတာ့ ခင္ဗ်ားစိတ္က်န္းမာေရး ဆရာဝန္ႀကီးနဲ႔ ခဏေလးပဲေဆြးေႏြးႀကည့္ပါ… ခင္ဗ်ားမွာရွိေနတဲ႔ အတိုက္ခိုက္ေတြကို စိတ္က်န္းမာေရးဆရာဝန္ႀကီးပဲ ရွင္းေပးနိုင္ပါလိမ့္မယ္''
  ''အိုး!… ရွင္ကလူလိမ္ပဲ ကြ်န္မတို႔ကေတာ့ ရွင္မနိုင္လို႔ တျခားပေယာဂါဆရာဆီ ေခၚသြားမယ္ထင္ေနတာ ရွင္ကအခုေတာ့ ကြ်န္မကိုအရူးစာရင္းသြင္းျပီး အရူးေထာင္ကိုပို႔တယ္… ေတာ္ျပီေတာ္ျပီ ဦးလွေငြ ကြ်န္မတို႔အိမ္ျပန္ႀကမယ္''
   ''ျမင့္စန္း!… ငါဆရာအေႀကုာင္း ေကာင္းေကာင္းသိတယ္ ဒါေႀကာင့္လဲ နင္တို႔လင္မယားႏွစ္ေယာက္ကို ဆရာ့ဆီငါေခၚလာတာ ဆရာေျပာသလို နင္လုပ္ႀကည့္ဦး''
  ''ဟုတ္ပါတယ္မိန္းမရယ္… မင္းမရူးဘူးဆိုတာ အစ္ကိုသိပါတယ္… ဆရာ့ကိုအားနာစရာႀကီး ဘာပဲျဖစ္ျဖစ္ ဆရာေျပာသလို ဆရာဝန္ႀကီးနဲ႔ခဏေလး ဝင္ေဆြးေႏြးႀကည့္လိုက္တာ မမွားပါဘူး ခဏေလးပါမိန္းမရယ္ ခဏေလးပါေနာ္''
   ''ေကာင္းျပီေလ… ဆရာဝန္ႀကီးနဲ႔ ဝင္ေတြ႕ျပီးလို႔ ကြ်န္မမွာစိတ္ေရာဂါမရွိဘူးဆိုတာနဲ႔ ရွင္နဲ႔ကြ်န္မအေတြ႔ပဲ''
  ''ေကာင္းပါျပီ ေဒၚျမင့္ျမင့္စန္း… ခင္ဗ်ားမွာ မီးယက္ေသြးဆံုးေရာဂါေႀကာင့္ အခုလိုျဖစ္ေနတာမဟုတ္ဘူးဆိုရင္ ခင္ဗ်ားက်ဳပ္ကို ႀကိဳက္သလိုတရားစြဲပါ''
  ''ျပီးေရာ!…''

စိတ္က်န္းမာေရးေဆးရံုဆီသို႔ ဖခင္ျဖစ္သူတစ္ေယာက္ ေဒၚျမင့္ျမင့္စန္းနွင့္ ကြ်နိုပ္တို႔အား တိတ္တဆိတ္ေခၚေဆာင္ခဲ႔ျခင္းေႀကာင့္ ေဒၚျမင့္ျမင့္စန္းမွာမူ ဖခင္ျဖစ္သူအား လြန္စြာစိတ္ဆိုးလ်က္ အေျပာဆိုမ်ားစြာ ရိုင္းျပလာခဲ႔ေလသည္။ သို႔ေသာ္လည္း ဖခင္ျဖစ္သူမွာ မ်က္နွာမပ်က္ ေဒၚျမင့္ျမင့္စန္းတစ္ေယာက္ စိတ္က်န္းမာေရးဆရာဝန္ႀကီးနွင့္ ဝင္ေရာက္ေဆြးေႏြးရန္သာ တ္ုက္တြန္းေလခဲ႔သည္။

  ဖခင္ျဖစ္သူထံသို႔ ေခၚေဆာင္လာခဲ႔ေပးေသာ ဦးေဇာ္မ်ိဳးႏွင့္ သူ၏ခင္ပြန္းသည္ဦးလွေငြတို႔မွာ ဖခင္ျဖစ္သူအား လြန္စြာအားနာမိရင္း အႀကိမ္ႀကိမ္ေတာင္ပန္းစကား ေျပာဆိုေလခဲ႔သည္။ ထို႔ေနာက္ ေဒၚျမင့္ျမင့္စန္းအားလည္း ေဆးရံုအတြင္းသို႔ ဝင္ေရာက္ေစရန္ တြန္းအားေပးလ်က္ ေဒၚျမင့္ျမင့္စန္းသည္လည္း စိတ္က်န္းမာေရး ဆရာဝန္ႀကီးအေရွ႕ေမွာက္သို႔ ေရာက္ရွိလာခဲ႔ေလေတာ့သည္။

    ထို႔ေနာက္ ေဒၚျမင့္ျမင့္စန္းသည္လည္း သူမခံစားေနခဲ႔ရေသာ အျဖစ္ပ်က္မ်ားအား အေႀကာင္းစံုေျပာဆိုေလခါ ဆရာဝန္ႀကီးမွာလည္း ေခါင္းတျငိမ့္ျငိမ့္နားေထာင္ေနခဲ႔ေလသည္။ အတန္ႀကာျပီးေနာက္ ေဒၚျမင့္ျမင့္စန္းအား နီညိဳေရာင္ရွိေသာ ေဆးအမႈန္႔ေလးမ်ားအား လက္ဝါးအတြင္းသို႕ အနည္းငယ္ထည့္ေပးေလခါ ေရျဖင့္တို္က္ေစခဲ႔သည္။ ထို႔ေနာက္ ဆရာဝန္ႀကီးမွာလည္း နွစ္ရက္တိတိ ေဆးရံုဆီသို႔ ထပ္မံလာေရာက္ႀကရန္ ေျပာဆိုခဲ႔ရင္း ကြ်န္ုပ္ႏွင့္ဖခင္ျဖစ္သူအားလည္း ဦးလွေငြမွာ ေနအိမ္ဆီသို႔ျပန္လည္ပို႔ေဆာင္ေပးခဲ႔ေလသည္။

             တစ္ပတ္ခန္႔ႀကာျပီးသည့္ေနာက္…

ေဒၚျမင့္ျမင့္စန္း၊ ဦးလွေငြ၊ ဦးေဇာ္မ်ိဳးတို႔မွာ ဖခင္ျဖစ္သူထံသို႔ ရႊင္လန္းေနႀကေသာ မ်က္နွာထားျဖင့္ ျပန္လည္ေရာက္ရွိလာခဲ႔ႀကသည္။ ေဒၚျမင့္ျမင့္စန္းမွာမူ ဖခင္ျဖစ္သူအေပၚသို႔ ရိုင္းျပစြာဆက္ဆံမိခဲ႔သည္မ်ားအား အႀကိမ္ႀကိမ္အခါခါ ဝန္ခ်ေတာင္းပန္ေလခဲ႔သည္။ သူမ၏နားအတြင္း၌ အျမဲႀကားေနခဲ႔ရေသာ စကားသံမ်ားသည္လည္း ေပ်ာက္ကြယ္သြားခဲ႔ျပီဟု သိရွိရေလသည္။ စိတ္က်န္းမာေရးဆရာဝန္ႀကီးမွ ေဒၚျမင့္ျမင့္စန္းအား မိန္းမသားတို႔၏ သဘာဝ မီးယက္ေသြးဆံုးကိုင္ ေဝဒနာခံစားေနရေသာေႀကာင္ ထိုကဲ႔သို႔ ဂေယာင္ေျခာက္ျခား ခံစားမႈ႕မ်ားျဖစ္ေနခဲ႔ရသည္ဟု ေျပာဆိုေလခဲ႔သည္။

   သူမအား ေသြးေဆးတစ္ခ်ိဳ႕ တိုက္ေဆးခဲ႔ရင္း သံုးရက္ေျမာက္ေန႔တြင္ သူမ၏အတိုက္ခိုက္ဟု ထင္မွတ္ေနခဲ႔သည့္ စကားသံမ်ားသည္လည္း အလိုလိုသာလ်င္ ေပ်ာက္ကြယ္သြားခဲ႔ေလေတာ့သည္။ ထို႔ေႀကာင့္ ဖခင္ျဖစ္သူအား ေဒၚျမင့္ျမင့္စန္းမွာ ေျပာမွားဆိုမွားရွိခဲ႔သည္မ်ားအား အႀကိမ္ႀကိမ္အခါခါ လာေရာက္ဝန္ခ်ေတာင္းပန္ခဲ႔ရင္း သူမ၏အျဖစ္ကိုပင္ ငိုအားထက္ရယ္အားသန္စြာ ျဖစ္ေနေလေတာ့သည္။

(မွတ္ခ်က္။   ။ ျဖစ္ရပ္မွန္ျဖစ္ျပီး အမည္မ်ားအမွန္ကန္ ထည့္သြင္းေရးထားသားပါသည္။ ထိုကဲ႕သု႔ိအျဖစ္ပ်က္မ်ား မိမိတို႔၏ပတ္ဝန္းက်င္တြင္ ရွိေနမည္ျဖစ္ေသာေႀကာင့္ ထင္ေယာင္ထင္မွား မျဖစ္မိေစရန္ ရည္ရြယ္ခ်က္ျဖင့္ စာစီခ်ယ္သေရးသလိုက္ပါသည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ထီးကေလး။(ရင္ႏွင့္ရင္း၍ေရးသားသည္။)

# Unicode Version ျဖင့္ ဖတ္ပါ #

''မြင့်မြင့်စန်းကိုသတ်လိုက်တော့လေ''
  ''ဟာ!… မသတ်နိုင်ပါဘူး သူကရိုးတယ် မြင့်မြင့်စန်းကို ငါချစ်တယ်!… မသတ်နိုင်သေးဘူး''
   ''ငါနင့်ကို အမိန့်ပေးနေတာနော်… အဲ့ကောင်မကို သတ်လိုက်တော့''
  ''မသတ်နိုင်ဘူး!…''

    ''ဟာ…''
   ''လုပ်ပါဦးယောကျာ်းရယ် ငါ့နားထဲမှာ အဲ့စကားသံတွေကြားနေရပြန်ပြီ… လုပ်ပါဦး''
  ''ဒုက္ခပါပဲမိန်းမရာ… ငါလည်းဘယ်လိုလုပ်ပေးရမှန်းကိုး မသိတော့ပါဘူး… ဘုရားစာလေးရွတ်ပြီး အိပ်ကြည့်ပါလား''
  ''ကျွန်မလဲ တော်တော်လေးစိတ်ညစ်နေပြီ… အဲ့အသံတွေကြောင့် အိပ်မရတဲ့ညပေါင်းလဲမနည်းတော့ဘူး… စိတ်ညစ်ပါတယ်''
   ''နေပါဦးမိန်းမရယ်!… မနက်ကြမှ နောက်ဆရာတစ်ယောက်ဆီ ထပ်သွားကြတာပေါ့… အခုတော့ ယောကျာ်းလဲဘုရားစာလေးတွေရွတ်ပေးမယ် မိန်းမလည်း ဘုရားစာလေးရွတ်ပြီး မှေးနေကြည့်ပါဦး''

  သူမနာမည် မြင့်မြင့်စန်းဟုခေါ်သည်။ အသက်အားဖြင့်(၅၀)ကျော်ခန့်ရှိနေပြီး၊ အသားဖြူဖြူ၊ ကိုယ်လုံးကိုယ်ပေါက် ခပ်တောင့်တောင်နှင့် အရွယ်တင်လှသည်။ သူမ၏အမျိုးသားမှာ ဦးလှငွေဖြစ်ခါ၊ အသက်အားဖြင့် (၆၀)ခန့်ရှိနေပြီး၊ ပင်စဉ်လခစားနှင့် ယခုအခါ ဇနီးဖြစ်သူမြင့်မြင့်စန်းအား Taxiမောင်းခါ ရှာဖွေကျွေးနေခဲ့သည်။ အသက်အားဖြင့် ကြီးရင့်သော်လည်း ဦးလှငွေနှင့် ဒေါ်မြင့်မြင့်စန်းတို့မှာ ငယ်လင်ငယ်မယားဖြစ်သည့်အလား တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားချစ်မြတ်နိုးကြသည်။ အိမ်ထောင်အသက် နှစ်(၃၀)လုံးလုံး သားသမီးထွန်းကားခြင်းလည်း မရှိခဲ့ချေ။

    ဒေါ်မြင့်မြင့်စန်းမှာ ယခင်က မူလတန်းပြကျောင်းဆရာမဖြစ်၍ ဝန်ထမ်းဘဝနှင့် (၁၀)နှစ်မျှထမ်းဆောင်ခါ ပင်စဉ်ယူခဲ့ရင်း ယခုအခါ လင်ယောကျာ်းအပေါ် မှီခိုစားသောက်နေခဲ့ရသည်။ မူလတန်းပြ ကျောင်းဆရာမဘဝတွင်လည်း သူမဟာ ကျောင်းသားလေးများအပေါ် စာကျေစွာတတ်မြောက်စေချင်သော်ကြောင့် ရိုက်နှပ်ဆုံးမ၍ သင်ပြလေ့ရှိသည်။

    ထိုကဲ့သို့အပြုမူများအား ကျောင်းသားမိဘတစ်ချို့မှာ ဒေါ်မြင့်မြင့်စန်းအပေါ်သို့ ကျေနပ်ခြင်းမရှိခဲ့ချေ။ ကျောင်းဆရာမဘဝနှင့် တာဝန်ထမ်းဆောင်ခဲ့စဉ် (၁၀)နှစ်လုံးလုံး တစ်နှစ်လျင် ဒေါ်မြင့်မြင့်စန်းနှင့် ကျောင်းသားမိဘ သုံးဦးလေးဦးခန့် အမြဲတစေ ခတ်ရန်ဖြစ်ပွားလေ့ရှိသည်။ ထို့ကြောင့်လဲ ကျောင်းဆရာမဘဝအား စိတ်ကုန်စေခါ ဝန်ထမ်းဘဝမှနှုတ်ထွက်၍ ပင်စဉ်ယူခဲ့ခြင်းပင်ဖြစ်သည်။

   ခင်ပွန်းသည်တစ်ယောက် မနက်လင်းသည့်အချိန် ကားမောင်းထွက်ချိန်၌ ဒေါ်မြင့်မြင့်စန်းမှာ နေအိမ်တွင် တစ်ကိုယ်တည်းကျန်ရစ်နေခဲ့ခါ အိမ်မှု့ကိစ္စများပြုလုပ်နေတတ်သည်။ သားသမီးများလည်း မရှိခဲ့သည်ကြောင့် လင်ယောကျာ်းအလုပ်သွားချိန်၌ သူမတစ်ဦးတည်းသာ အထီးကျန်နေခဲ့ရသည်။ ယခုကဲ့သို့ သူမ၏နားအတွင်း၌ တစ်စုံတစ်ယောက် (သို့မဟုတ်) အသံပေါင်းစုံပြောဆိုနေကြသော စကားများအား ကြားနေခဲ့ရသည်မှာ (၃)လတင်းတင်းပြည့်နေပြီဖြစ်သည်။ ထိုစကားသံများကြောင့် နေ့ရောညပါ ဒေါ်မြင့်မြင့်စန်းမှာ အိပ်ပျက်စားပျက်ဖြစ်နေခဲ့ရရင်း လူသည်လည်း ပိန်လီလီဖြစ်လာခဲ့ရသည်။

  အမြဲတစေကြားနေခဲ့ရသော စကားသံများမှာ…
  ''မြင့်မြင့်စန်းကိုသတ်လိုက်တော့လေ…''
  ''ဟာ!… မသတ်နိုင်ပါဘူး သူကရိုးတယ် မြင့်မြင့်စန်းကိုငါချစ်တယ်… မသတ်နိုင်သေးဘူး'
  ''ငါ့နင့်ကိုအမိန့်ပေးနေတာနော် အဲ့ကောင်မကိုသတ်လိုက်တော့''
  'မသတ်နိုင်ဘူးဟာ!… သူကရိုးရိုးသားသားနေတာ သူ့ကိုခင်တယ် မသတ်နိုင်သေးဘူး''
  ''ငါ့ကိုအာခံနေတာကောင်မ!… သူ့ကိုမသတ်ရင် နင့်ကိုငါသတ်မှာနော်''

    ထိုကဲ့သို့စကားသံများ အပြန်အလှန်ပြောဆ်ုနေခဲ့သည်များအား ဒေါ်မြင့်မြင့်စန်းတစ်ယောက် အမြဲတစေ နေ့ရောညပါ ကြားနေခဲ့ရသည်။ အောက်လမ်းပညာသည် တစ်ဦးတစ်ယောက်ဟာ သူမအား ပြုစားထား၍ သရဲတစ္ဆေနှင့် အသေသတ်ခိုင်းနေခြင်းပင်ဖြစ်သည်ဟု ဒေါ်မြင့်မြင့်စန်းမှာမူ သိရှိနေခဲ့ရသည်။ ထိုတင်မက အပြင်သို့သွားသည့်အခါတွင်လည်း သူမအနားတွင် တစ်ဦးတစ်ယောက် လိုက်ပါလာသည့်အတိုင်း ခံစားနေခဲ့ရလေသည်။

   နေအိမ်တွင် တစ်ယောက်တည်းရှိနေချိန်၌လည်း သူမနှင့်အတူ တစ်ဦးတစ်ယောက် အတူရှိနေခဲ့သည်ဟု ခံစားနေရခါ ကြောက်ရွှံ့စိတ်နှင့် စိတ်ဆင်းရဲကြီးစွာ ဖြစ်နေခဲ့ရပေသည်။ ထိုကဲ့သို့အဖြစ်ပျက်များကြောင့် ခင်ပွန်းသည် ဦးလှငွေသည်လည်း ကားမောင်းမထွက်နိုင်၊ ဇနီးဖြစ်သူ၏အနားတွင် နေထိုင်ပေးနေခဲ့ရင်း စုဆောင်းမိထားသော ငွေလေးများဖြင့် ထိုင်စားနေခဲ့ရသည်။

  ဇနီးဖြစ်သူ၏ အဖြစ်များကြောင့် ဦးလှငွေသည်လည်း ပယောဂါဆရာပေါင်းစုံနှင့် လိုက်လံကုသပေးခဲ့သည်။ ထိုတင်မက သံဃာတော်ဆရာများနှင့်လည်း ဆရာစုံအောင် လိုက်လံကုသပေးခဲ့ပါသည်။ သို့သော်လည်း ဒေါ်မြင့်မြင့်စန်းမှာမူ ထိုကဲ့သို့စကားသံများ ကြားနေရစမြဲပင်။ တစ်ခါတစ်လေတွင်မူ ထိုစကားသံများ ကြားလာပြီဆိုလျင် ဒေါ်မြင့်မြင့်စန်းမှာ စိတ်ဖိဆီးမှု့များဖြင့် စိတ်မရှည်တော့သည့် လေသံနှင့်အတူ ထိုကဲ့သို့စကားများလည်း ပြောဆိုလေတတ်သည်။

   ''ဟာ… ငါစိတ်ညစ်လာပြီနော် နင်တို့ငါ့ကိုသတ်ချင်နေတာမဟုတ်လား… သတ်သွားကြတော့လေ… ငါ့ကိုစိတ်ဆင်းရဲမှု့တွေ ထပ်မပေးပါနဲ့တော့ သတ်ချင်ရင်လည်း သတ်လိုက်ကြပါတော့ဟာ''

   မျက်ရည်များဖြင့် ထိုသို့ပြောဆိုခါ ချုုန်းပွဲချ ငိုကြွေးနေခဲ့သည်။ ဦးလှငွေသည်လည်း မိန်းမဖြစ်သူအား ထိုကဲ့သို့စိတ်လိုက်မာန်ပါ မပြောဆိုရန် တားမြစ်လျက် ဇနီးဖြစ်သူအား နှစ်သိမ့်နေခဲ့ရသည်။ အထက်လမ်းဆရာတော်ကြီးတစ်ပါးနှင့် မနက်ခင်းအချိန်မှ ပယောဂါသွားရောက်ကုသခဲ့ပြီး တစ်နေ့ကုန်တိုင်အောင် သူမ၏နားအတွင်း၌ စကားသံမျာမကြားခဲ့ရချေ။ သို့သော် ယခုညနက်အချိန်ခါ၌ ပြန်လည်ကြားယောင်လာမိသည့်အတွက် ထိုဆရာတော်ကြီးသည်လည်း သူမ၏အနှောက်ယှက်အား ကုသပေးနိုင်ခြင်းမရှိဟု သတ်မှတ်လေခါ မနက်လင်းသည်နှင့် အထက်လမ်းဆရာတစ်ဦးဦးနှင့် ထပ်မံပြသရမည်ဟု တွေးထားခဲ့လေသည်။
                           ××××××
ယနေ့။ ယနေ့ဟာ ကျွန်ုပ်၏အားလပ်ရက်လေးဟုပင် သတ်မှတ်စေနိုင်သည်။ ကျွန်ုပ်သည် ယခုနှစ်အတွက် မတတ်ဖြစ်ပဲ နားထားခဲ့သော ဓာတုဗေဒ ဒုတိနှစ်အဝေးသင်အား ပြန်လည်တတ်ရောက်နေရသည်။ ထို့ကြောင့် ယနေ့ဟာ တနင်္ဂနွေနေ့ရက်ပင်ဖြစ်ပြီး ကျောင်းမှပြန်ရောက်လာခါ အိမ်ရှေ့ခန်းလေးအတွင်းတွင် ခေတ္တထိုင်နေမိခဲ့သည်။

  ''ဆရာရှိလား…''
''သြော်!… ဟုတ်ကဲ့ခင်ဗျ ရှိပါတယ်''
  ''ခဏထိုင်ဦးနော်''

ဆရာဟူသည် ကျွန်ုပ်၏ဖခင်ဖြစ်သူအား ထိုသူများမှ ခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။ ကျွန်ုပ်၏ဖခင်ဖြစ်သူသည် တိုင်းရင်းမြန်မာအရိုးကြောကု ဆေးဆရာတစ်ဦးဖြစ်သည့်အလား၊ အထက်ဂိုဏ်းဆရာကြီးတစ်ဦးလည်း ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်၏ဖခင်ဖြစ်သူနှင့် ရင်းနှီးကျွမ်းဝင်သော လူများမှာ ဆရာဟုခေါ်ဝေါ်ခြင်းပင်ဖြစ်လေသည်။ အသံလာရာနှင့်အတူ ခြံအတွင်းသို့ အသက်(၆၀)ခန့်လူကြီးတစ်ဦးနှင့်၊ အသက်(၅၀)ကျော်ခန့်ရှိနေခဲ့သော လူကြီးတစ်ဦးအပါအဝင်၊ မိန်းမကြီးတစ်ဦး၊ အားလုံးပေါင်း သုံးဦးသားသည်လည်း ခြံအတွင်းသို့ တပြိုင်နက်ဝင်ရောက်ခဲ့လေသည်။

     ခြံအတွင်းရှိ ခုံလေးများတွင် ထိုသူများအား ခေတ္တထိုင်စေရန် ကျွန်ုပ်တစ်ယောက် နေရာချထားပေးခဲ့ရင်း အိမ်ပေါ်တွင် တရားထိုင်လျက်ရှိနေသည့် ဖခင်ဖြစ်သူထံသို့ အကြောင်းကြားစေခဲ့သည်။ ကျွန်ုပ်၏အကြောင်းကြားချက်ဖြင့် ဖခင်ဖြစ်သူသည်လည်း ထိုသူများရှိနေခဲ့သော ခြံအတွင်းသို့ ရောက်ရှိလာခါ လာရင်းကိစ္စများ မေးမြန်းလေတော့သည်။

   ''သြော်!… ဆရာ… ကျွန်တော့ကိုမှတ်မိလားမသိဘူး''
  ''ဟင်!… သြော်… စိတ်မရှိပါနဲ့ဗျ အမှတ်တမှတ်ပဲ''
''ဟုတ်ကဲ့ဆရာ… ဟိုတလောတုန်းက သမီးလေးကိုဆရာကုပေးခဲ့တာလေ… ဟိုလေဆရာ… သိုက်ကလာတဲ့ ကောင်မလေးကို သိုက်ကြိုးဖြတ်လာကုသွားတာလေ''
  ''သြော်!… မှတ်မိပြီ မှတ်မိပြီ… ဘယ်လိုတုန်းဗျ ကလေးမလေးရော နေကောင်းရဲ့လား''
   ''ကောင်းပါတယ်ဆရာ''
  ''အခုရော ဘာဖြစ်လို့တုန်း''
  ''ဒီလိုပါဆရာ ဒါက ကျွန်တော့်မိတ်ဆွေတွေပါ… ဒေါ်မြင့်မြင့်စန်းနဲ့ ဦးလှငွေလို့ခေါ်ပါတယ်ဆရာ… ဆရာ့ဆီမှာ ပယောဂါစစ်ချင်လို့ပါ''
  ''ဟုတ်ကဲ့… ဘယ်လိုဖြစ်လို့တုန်းဗျ… ဘယ်သူလဲ''
  ''ကျွန်မပါဆရာ… ဖြစ်ပုံက ဒီလိုပါ''

  စာဖတ်သူများမှတ်မိလေမလား။ ''သိုက်ကြိုးဖြတ်ခြင်း''ဟူသော ဇာတ်လမ်းတိုအား စာရေးသူကျွနု်ပ်တစ်ယောက် ရေးသားဖော်ပြခဲ့ဘူးသည်။ ယခုကျွန်ုပ်၏ဖခင်ဖြစ်သူထံသို့ ရောက်ရှိလာခဲ့သော ထိုလူကြီးမှာမူ သိုက်ကြိုးလာရောက်ဖြတ်သော မိန်းကလေး၏ဖခင်ပင်ဖြစ်သည်။ ထို့နောက် ဒေါ်မြင့်မြင့်စန်းမှာမူ သူမတစ်ယောက် နေ့စဉ်နှင့်အမျှ ခံစားနေခဲ့ရသော အနှောက်ယှက်စကားသံများအား ကျွန်ုပ်၏ဖခင်ထံသို့ အားကိုးတကြီးပြောဆ်ုလေခဲ့သည်။

  ''အင်း!… ဒေါ်မြင့်မြင့်စန်း အခုဖြစ်နေတဲ့ အကြောင်းကို ဘယ်လိုထင်လဲဗျ''
  ''ကျွန်မကတော့ သူများလုပ်ထားတယ်ပဲ ထင်တယ်ဆရာ… ဘာဖြစ်လို့လဲဆိုရင် ကျောင်းဆရာမဘဝတုန်းက ကျောင်းသားမိဘတွေနဲ့ နှစ်တ်ုင်းလိုလိုစကားများရတယ်… သူတို့ထဲက တစ်ယောက်ယောက်များ အတိုက်ခိုက်နဲ့လုပ်ထားတယ်လို့ ထင်တယ်''

''အခု… ဒီမှာထိုင်နေတဲ့အချိန်မှာရော ဒေါ်မြင့်မြင့်စန်း အဲ့ဒီစကားသံတွေ ကြားရသေးလား''
  ''မကြားရဘူးဆရာ… တစ်လမ်းလုံး ကျွန်မနဲ့အတူတူလိုက်လာတယ်လို့ ခံစားရတယ်!… ဆရာ့ခြံထဲရောက်တော့မှ စိတ်ထဲရှင်းသွားတယ်… သူတိုု့လိုက်မလာတော့ဘူးလို့ထင်တယ်''
   ''ဟုတ်တယ်ဆရာ… ကျွန်တော့်မိန်းမအခုလိုဖြစ်နေလို့ လိုက်ကုတာ ဆရာတွေလဲစုံ ငွေတွေလဲကုန်နေပြီဆရာ… ဘယ်ဆရာနဲ့မှ မပျောက်ဘူးဖြစ်နေတယ်… အခုမှ ကိုဇော်မျိုးနဲ့ဆုံပြီး ဆရာ့ဆီရောက်လာရတာပါ… အဲ့ဒီအနှောက်ယှက်တွေ လုပ်ပေးပါဦးဆရာရယ်''
''အင်း!… ဖြစ်နေတာရော ကြာပြီလား''
  ''ကြာပြီဆရာ သုံးလေးလလောက်ရှိနေပြီ ကျွန်မရူးနေတာလဲမဟုတ်ဘူးဆရာ… စိတ်ဖောက်ပြန်နေတာလဲမဟုတ်ဘူး… ကိုယ့်ကိုလည်း သိတယ်…''
  ''အင်း…ကောင်းပါပြီ… ကဲလာ… အိမ်ပေါ်တတ်… ကျွန်တော်စစ်ကြည့်ပေးပါ့မယ်''

ဖခင်ဖြစ်သူထံ၌ အားကိုးတကြီး ထိုသို့ပြောဆိုလေခါ၊ ဖခင်ဖြစ်သူသည်လည်း ထိုလူများအား ခြံအတွင်းမှ နေအိမ်အပေါ်ရှိ ဘုရားခန်းဆီသို့ ခေါ်ဆောင်လာခဲ့လေသည်။ ထို့နောက် ဘုရားဆင်တွင် ဖယောင်းတိုင်လေးများ အစီစဉ်တကျထွန်းညှိခါ၊ ကာယကံရှင်ဒေါ်မြင့်မြင့်စန်းအား ဘုရားဦးတိုက်ခိုင်းလျက်၊ ဘုရားဆင်အား ကျောပေးလေခါ အပြင်ဘက်သို့ ခြေဆင်းခိုင်းလေသည်။ ထို့နောက်…

    ''ဘာနေ့သမီးလဲ''
  ''ကြာသပတေးသမီးပါဆရာ''
  ''ဟုတ်ပြီ… ကြာသပတေးသမီးရဲ့ အသက်နဲ့ခန္ဓာကိုယ်၊ အိမ်ခြံမြေ ပရိဘောက ဆရာ့ဆီအပ်နော်''
  ''ဟုတ်ကဲ့ဆရာ အပ်ပါတယ်''

သို့နှင့် ဖခင်ဖြစ်သူသည်လည်း သူ၏အစီစဉ်တကျ မတ်တပ်ရပ်အနေအထားနှင့် ခြေစင်းထားပြီး၊ ဆံပင်ဖျီချထားသော ဒေါ်မြင့်မြင့်စန်း၏ဦးခေါင်းအပေါ်သို့ လက်ညိုးကလေး ခပ်ဖွဖွထိုးစိုက်ထားခါ…

   ''ဘုန်းတော်အလွန်တရာ ကြီးမြတ်တော်မူသော ကောက္ကသံ၊ ဂေါဏဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တယျ ဘုရားငါးဆူနှင့်တကွ ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီးအား အဖက်ဖက်မှ ကူညီစောင့်ရှောက်တော်မူကြကုန်သော… အဖဘိုးတော်အေး၊ အဖဘိုးတော်ပြူး၊ အဖဘိုးတော်ပွင့်၊ ဥပဇ္ဇျာယ်ဆရာများအားလည်းကောင်း အမှု့ထား၍ သား၏ကျွနု်ပ်သည် ဤကြာသပတေးသမီးအား ကုပွဲနှင့်အတူ အပ်နှင်းပါသည်။ အစဉ်အမြဲကြွရောက်၍ စောင့်ရှောက်တော်မူပြီလျင် ဖြေရှင်းပေးတော်မူပါ… ××××× ×××× ××××  ××××× ××××  ???? ××××  ××… … … ÷×±×   ××× ×× × × ×''

ထို့သို့တိုင်တည်ပြောဆိုခဲ့ဲပြီး ကာယကံရှင်ဒေါ်မြင့်မြင့်စန်းအား စတင်စစ်ဆေးလေခဲ့သည်။ ဒေါ်မြင့်မြင့်စန်းအား စုန်းတိုက်၊ အစိမ်းတိုက်၊ နတ်တိုက်၊ ဆရာတိုက်၊ ရိုးရာတိုက်၊ ဥစ္စာစောင့်၊ သူယောင်စွဲ၊ လမိုင်းစွဲ၊ အပင်း၊ မင်းမဟာဂီရိ၊ ဘုရားတိုက်၊ အင်းတိုက်၊ မြေဖုတ်ဘီလူး၊ စသည့်အစွဲများဖြင့် ပြုစားထားခဲ့လျင် ဒေါ်မြင့်မြင့်စန်း၏ ဆင်းထားသောခြေထောက်တွင် ကျောက်သားကပ်သို့ လေးလံနေစေသားဟု တိုင်တည်စစ်ဆေးအမိန့်ပေးခဲ့သော်လည်း ဒေါ်မြင့်မြင့်စန်းမှာမူ ပုံမှန်အတိုင်းပင် စင်းထားသည့်ခြေထောက်မှာ ကောင်းစွာ ကြွနိုင်လေခဲ့သည်။

  အတိုက်ခိုက်များနှင့်ပတ်သတ်ပြီး တစ်ခုချင်း အကြိမ်ကြိမ်အခါခါစစ်ဆေးခဲ့သော်လည်း မည်သည့်အစွဲ၊ အတိုက်တစ်ခိုက်မျှ ရှာမတွေ့ခဲ့ချေ။ အချိန်များသာ ကုန်လင့်သွားခဲ့သည်သာ အဖတ်တင်ခဲ့သည်။ ဖခင်ဖြစ်သူသည်လည်း မိုးဖွဲများစွာကျနေသည့် မိုးတွင်းအချိန်ခါ၌ ခန္ဓာကိုယ်ရှိ ချွေးပေါက်များအတွင်းမှ ချွေးလေးများစွာပင်လျင် ဆို့လျက်ရှိလာခဲ့သည်။

''ကဲ!… ဒေါ်မြင့်မြင့်စန်း… ခင်ဗျားမြင်တဲ့အတိုင်းပဲ ကျွန်တော်စစ်ကြည့်တာတော့… ခင်ဗျားမှာ ဘာအတိုက်အခိုက်မှ မရှိဘူး… ခင်ဗျားစိတ်ထဲမှာရော အခု ရှင်းရှင်းလင်းလင်းဖြစ်နေရဲ့လား''
  ''ဟုတ်ကဲ့ဆရာ… တစ်လမ်းလုံး သူတို့လိုက်လာတယ်… အခုနပြောသလို… ဆရာ့ခြံထဲရောက်တော့မှ သူတို့လိုက်မလာတော့တာ''
  ''အခုရော''
  ''အခုလဲ စိတ်ထဲပေါ့နေတာပဲ''
  ''ဟုတ်ပြီ!… ကျွန်တော် ဆေးတော်ရေစင်တိုက်လိုက်မယ်… ဒီတစ်ညတော့ စောင့်ကြည့်ပေးနော်… တကယ်လို့ မသက်သာသေးရင် ကျွန်တော်မနိုင်လို့ပဲဖြစ်ပါလိမ့်မယ်''
  ''ရှင်…''
   ''ဗျာ!… ''

ဖခင်ဖြစ်သူ၏ပြောစကားများကြောင့် နံဘေးနားတွင် ဂရုတစိုက်စောင့်ကြည့်နေခဲ့ကြသော ဦးလှငွေ၏နှုတ်မှ အာမေဋိတ်စကားသံထွက်ပေါ်လာခဲ့သည်။ တပြိုင်နက် ဖခင်ဖြစ်သူထံသို့ ခေါ်ဆောင်လာပေးသော ဦးဇော်မျိုး၏ မျက်နှာပြင်ဆီသို့လည်း ကြည့်မိစေခဲ့သည်။ ဖခင်ဖြစ်သူ၏ ကုသပုံများအား ဦးဇော်မျိုးတစ်ယောက် သမီးဖြစ်သူအတွက်နှင့် ကိုယ်တွေ့ကြုံဘူးထားခဲ့သည်။ ထို့ကြောင့် ဦးလှငွေနှင့်ဒေါ်မြင့်မြင့်စန်းတို့အားလည်း ဖခင်ဖြစ်သူ၏အကြောင်းများ ဦးဇော်မျိုးတစ်ယောက် မည်မျှပင်ညွှန်းဆို၍ ခေါ်ဆောင်လာသနည်းမသိ။ ဖခင်ဖြစ်သူ၏ လက်လျော့လိုက်သော စကားသံကြောင့် မျက်မှောင်ကြုတ်လျက် ဦးဇော်မျိုုးထံသို့ ဦးလှငွေ ကြည့်မိလိုက်ခြင်းဖြစ်လေသည်။

    ကျွန်ုပ်သည်လည်း လွန်စွာအံ့သြလေမိသည်။ ဖခင်ဖြစ်သူ၏ အနှောက်ယှက်၊ အတိုက်အခိုက်များအား ထိထိမိမိ၊ နိုင်နိုင်နင်းနင်း ကုသလာခဲ့သည်များအား ကျွန်ုပ်တစ်ယောက် မျက်မြင်ကိုယ်တွေ့ အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဘူးသည်။ အနှောက်ယှက်၊ အတိုက်ခိုက်တိုင်းအားလည်း ဖခင်ဖြစ်သူတစ်ယောက် အကောင်းဆုံးဖြေရှင်းပေးနိုင်ခဲ့သည်။ ယခုအခါ အဘဟ့်ကြောင့် ဒေါ်မြင့်မြင့်စန်းခံစားနေရသော အနှောက်ယှက်အား မနိုင်တော့ပါဟု ပြောဆိုလိုက်ရသနည်း။

   ဖခင်ဖြစ်သူသည်လည်း ဘေးပတ်ဝန်းကျင်ရှိသူများအားလုံး၏ စိတ်နေစိတ်ထားအား ကောင်းစွာအကဲခတ်မိဟန်တူသည်။ သို့နှင့်…

''ကျွန်တော်မနိုင်ဘူးပြောလို့ ခင်ဗျားတို့အားလုံး စိတ်မပျက်သွားပါနဲ့ ဒေါ်မြင့်မြင့်စန်းက ဆရာတွေစုံနေပြီလေ… ဆရာတစ်ယောက်နဲ့မှ မပျောက်သွားခဲ့ဘူး… အခု ကျွန်တော့်ဆီရောက်လာတော့လည်း ကျွန်တော်မနိုင်ဘူးဆိုလို့ ခင်ဗျားတို့စိတ်ပျက်သွားမှာဆိုးတယ်… ဒါပေမယ့် ဘာမှမစိုးရိမ်ကြပါနဲ့ ကျွန်တော်မကုနိုင်ပေမယ့် ဒေါ်မြင့်မြင့်စန်းကို ကုပေးနိုင်တဲ့ ဆရာတစ်ယောက်ဆီ ကျွန်တော်ပို့ပေးမှာပါ''
''အခုတော့ ခင်ဗျားတို့အားလုံးပြန်လို့ရပါပြီ…''
  ''ဒီတစ်ညတော့ ဒေါ်မြင့်မြင့်စန်း သက်သာသလား၊ မသက်သာသလားဆိုတာ စောင့်ကြည့်ပြီး မနက်ဖြန်မနက် ကျွန်တော့်ဆီထပ်လာပေးလို့ရမလား'
  'တကယ်လို့မသက်သာခဲ့ရင်. ဆရာတစ်ယောက်ဆီ ကျွန်တော်လိုက်ပ်ု့ပေးပါ့မယ်''

''ကူညီပါဆရာရယ် ကျွန်မကို သူတို့ပြုစားလို့ သေသွားရင်လည်း ကောင်းသား… အခုတော့ မသေမရှင်နဲ့ စိတ်ဆင်းရဲနေရတာကိုး ကျွန်မမခံစားနိုင်တော့လို့ပါ''
  'စိတ်ချပါ… ဒီတစ်ည မသက်သာရင် ကျွန်တော်အခုနပြောသလိုပဲ မမြင့်မြင့်စန်းကိုပြုစားထားတဲ့ အတိုက်ခိုက်ကို ကျွန်တော်မနိုင်ဘူး… ဒါပေမယ့် နိုင်တဲ့ဆရာဆီကိုတော့ ကျွန်တော်ပို့ပေးမှာပါ''
''ကျေးဇုးတင်ပါတယ်ဆရာရယ်… ကျေးဇူးတင်ပါတယ် ကျွန်မတို့ကိုပြန်ခွင့်ပြုပါဦး''
  ''ကောင်းပါပြီဗျာ… ကောင်းပါပြီ''

အားကိုးတကြီးပြောဆိုလေရင်း ဘုရားဦးတိုက်ပြီးနောက် ဖခင်ဖြစ်သူအားလည်း ဦးတိုက်လေခါ ဒေါ်မြင့်စန်းနှင့်အတူ ဦးလှငွေနှင့်ဦးဇော်မျိုးတို့သည်လည်း ပြန်လည်ထွက်ခွာသွားခဲ့ကြလေသည်။

ကျွန်ုပ်သည်လည်း ဖခင်ဖြစ်သူ၏ ပြောစကားများကြောင့် ဒေါ်မြင့်မြင့်စန်းတစ်ယောက် ယနေ့ည၌ ယခင်ကဲ့သို့ အနှောက်ယှက်များ ကြုံတွေ့ရလေသလား၊ သို့မဟုတ် အနှောက်ယှက်များ ပပျောက်သွာခဲ့ပြီလားဟူ၍ သိချင်နေခဲ့သည်မှာ အမှန်ကန်ပင်ဖြစ်သည်။ အကယ်၍များ ဒေါ်မြင့်မြင့်စန်း၏ အနှောက်ယှက် ပယောဂါများ မပျောက်သေးလျင် ဖခင်ဖြစ်သူ၏ ပညာဖြင့်မနိုင်နင်းတော့ပဲ မည်သည့်ဆရာထံသို့ ပို့ဆောင်ပေးမည်နည်း။ သိချင်စိတ်များနှင့်အတူ တွေဝေစိတ်များအပါအဝင် ယနေ့လျင်မြန်စွာ ကုန်ဆုံးသွားစေရန် ထိုညစောစောသာလျင် အိပ်ပစ်လိုက်စေတော့သည်။

  မနက်လင်းသည်နှင့် ကျွန်ုပ်တစ်ယောက် လုပ်စရာရှိနေသော အလုပ်များအား မပြုလုပ်နိုင်သေး၊ ဒေါ်မြင့်မြင့်စန်း၏ အခြေနေများကိုသာ သိချင်နေခဲ့သည်။ အိပ်ယာနိုးကတည်းမှ နေအိမ်ဆီသို့ ရောက်ရှိလာဦးမည့် ဒေါ်မြင့်မြင့်စန်နှင့်ဦးလှငွေတို့အား ဖခင်ထက်စိတ်စောစွာ မျှော်လင့်နေခဲ့မိသည်။ ထို့နောက် မနက်(၉)နာရီခွဲခန့်အချိန်တွင် နေအိမ်အရှေ့၌ အဖြူရောင်Taxiကားလေးတစ်စီး ရပ်တည့်လာခဲ့လေသည်။

   ကာတံခါးဖွင့်လျက် ကားအတွင်းမှ ဆင်းသတ်လာကြသူများမှာ ဒေါ်မြင့်မြင့်စန်းနှင့်ဦးလှငွေအပါအဝင် ဦးဇော်မျိုးတို့ပင်ဖြစ်လေသည်။ ထိုသူများနေအိမ်အပေါ်သို့ ရောက်ရှိလာခဲ့သည်နှင့် ဒေါ်မြင့်မြင့်စန်း၏ မျက်နှာပြင်သို့ ကျွန်ုပ်တစ်ယောက် အကဲခတ်လိုက်မိ၏။ မျက်နှာမကောင်း၊ ယမန်ညမှလည်း အိပ်ရေးပျက်ထားဟန်တူသည်။ ထို့နောက် ဖခင်ဖြစ်သူနှင့် ဆုံတွေ့လေခါ ထိုသို့ပြောဆိုလေတော့သည်။

''ဘယ်လိုတုန်းဗျ… ဒေါ်မြင့်မြင့်စန်း… အခြေနေကောင်းရဲ့လား''
  ''ဟင်း…''

ဖခင်ဖြစ်သူ၏ အမေးစကားများအား သူမတစ်ယောက်ပြန်လည်မဖြေသေး၊ သက်ပြင်းတစ်ချက်သာလျင် ခပ်ပြင်းပြင်းချလေသည်။ ထို့နောက်…

''မကောင်းဘူးဆရာ အရင်လိုပဲ အဲ့ဒီစကားသံတွေထပ်ကြားနေရတုန်းပဲ… ဆရာ့ဆီကပြန်သွားပြီး ညရောက်တော့ အိပ်နေရင်းနဲ့ ထပ်ကြားလာလို့ ညကကောင်းကောင်းမအိပ်ရဘူး''
  ''ဟူး!… သေချာသွားပြီး ဒါဆို ခင်ဗျားဆီမှာရှိတဲ့ အတိုက်ခိုက်ကို ကျွန်တော်မနိုင်တော့ဘူးဒေါ်မြင့်မြင့်စန်း''
  ''ကူညီပါဦးဆရာရယ်… ဆရာပြောတဲ့ ဆရာ့ဆီလိုက်ပ်ု့ိပေးပါဆရာ… လိုက်ပို့ပေးပါ''
  ''ကောင်းပါပြီ ဒေါ်မြင့်မြင့်စန်း မသက်သာမှန်းသိလို့ ကျွန်တော်အားလုံးပြင်ဆင်ထားပြီသား… ကဲ… ကျွန်တော်နဲ့ကျွန်တော့်သားလိုက်ပို့ပေးပါ့မယ်… ခင်ဗျားတို့ဆီမှာ ကားပါလာတယ်မဟုတ်လား''
  ''ပါပါတယ်ဆရာ… အိမ်က Taxiကားပါပါတယ်''
  ''ကောင်းပြီ သားရေ… အဖေနဲ့လိုက်ခဲ့''

  ဒေါ်မြင့်မြင့်စန်းဆီမှ အနှောက်ယှက်များဟာ ပပျောက်မသွားသေးပဲ နဂိုတိုင်းပါပင်လျင်ဟု စိတ်ပျက်စွာဖြင့် ဖခင်ဖြစ်သူအား ပြောဆိုလေခဲ့သည်။ ဖခင်ဖြစ်သူသည်လည်း ဒေါ်မြင့်မြင့်စန်းတစ်ယောက် ထိုကဲ့သို့ ပြောဆိုလာတော့မည်အား ကြိုုတင်သိရှိထားဟန်တူသည်။ နံနက်အချိန်ကတည်းမှ အပြင်သို့သွားရန် ပြင်ဆင်ထားခဲ့သည်က ကျွန်ုပ်မျက်မြင်ပင် ဖြစ်လေသည်။

  ဖခင်ဖြစ်သူသည်လည်း ဒေါ်မြင့်မြင့်စန်း၏ အနှောက်ယှက်များအား သူတစ်ယောက် မနိုင်တော့ပြီဖြစ်သည်ကြောင့် ဆရာတစ်ဦးထံသို့ လိုက်လံပို့ဆောင်ပေးမည်ဟု ပြောဆိုလေခါ ကျွနိုပ်အားလည်း အဖော်အဖြင့်လိုက်ပါလာရန် ခေါ်ဆောင်လေခဲ့သည်။

   ဘာပြောကောင်းလိမ့်မည်နည်း။ ကျွန်ုပ်သည်လည်း ယခုစာမူရေးသားရန်အတွက် အတွင်းကျကျ စာမူကြမ်းရမည်ဖြစ်သောကြောင့် ဖခင်ဖြစ်သူ၏အဖော်ခေါ်ဆောင်လေသော စကားအဆုံးများတွင် ကျွန်ုပ်သည်လည်း အိမ်အပေါက်ဝသို့ ထွက်ခွာပြီးနေပြီဖြစ်လေသည်။

ကားမောင်းသူဦးလှငွေ၏နံဘေးနားတွင် ဖခင်ဖြစ်သူထိုင်လျက် လိုက်ပါလာခဲ့ရင်း ကားအနောက်ခန်းတွင်မူ ကျွန်ုပ်နှင့်အတူ ဦးဇော်မျိုးနှင့် ဒေါ်မြင့်မြင့်စန်း လိုက်ပါစီးနင်းလာခဲ့လေသည်။

   ''ဘယ်ကိုမောင်းရမလဲဆရာ…''
  ''ဘယ်ကိုမောင်းရမလဲဆိုတာကို ကျွန်တော်လမ်းပြပေးမယ် ဦးသွားမယ့်နေရာကိုတော့ ရောက်မှပဲကျွန်တော်ပြောမယ်နော်''
  ''ဟုတ်ကဲ့ဆရာ… ဆရာ့သဘောပါ''

ထိုသို့ပြောဆိုလေခဲ့ရင်း နေအိမ်ဆီမှ ထွက်ခွာလာခါ မြောက်ဥက္ကလာပအဝိုင်းကြီးမှတ်တိုင်ဆီသို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက် မြောက်ဒဂုံမြို့သစ်ဘက်သို့ ဦးတည်မောင်းနှင်သွားခါ၊ ကားမောင်းသူ ဦးလှငွေအား ဖခင်ဖြစ်သူမှာ ဘယ်ကွေ့၊ ညာချိုး၊ ဘယ်ချိုး၊ ညာကွေ့စသဖြင့် လမ်းပြစေခဲ့ရင်း၊ လေးဆယ့်ငါးမိနစ်ခန့်မောင်းနှင်ခဲ့ပြီးနောက် ဒဂုံမြို့သစ် မြို့အစွန်ဘက်သို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက်…

''ရောက်ပြီဦးလှငွေ… ဆင်းလို့ရပါပြီ''

ဖခင်ဖြစ်သူ၏ ပြောစကားများကြောင့် ကားပေါ်တွင် လိုက်ပါလာခဲ့ကြသော ကျွန်ုပ်တို့အားလုံးသည်လည်း ကားပေါ်မှ ကိုယ်ဆီဆင်းသတ်လေကြသည်။ ကားပေါ်မှဆင်းလိုက်သည်နှင့် အဆောက်အဦးတစ်ခုအား ဦးစွာမြင်တွေ့လိုက်ရသည်။ မြင်တွေ့လိုက်ရသော အဆောက်ဦးတွင်လည်း အစိမ်းရောင်ပေါ်တွင် အဖြူစာလုံးထင်းထင်းကြီးဖြင့် ရေသားထားသော ဆိုင်းပုဒ်တစ်ခုအား မြင်တွေ့ရလေသည်။ ထိုဆိုင်းပုဒ်၏အမည်မှာ

          ''စိတ်ကျန်းမာရေး အထူးကုဆေးရုံကြီး''
''ဟင်!… ဆရာ… ဒါက''
  ''ဟုတ်ပါတယ် ဒေါ်မြင့်မြင့်စန်းရဲ့အနှောက်ယှက်တွေ ပျောက်သွားဖို့ လိုက်ကုနေခဲ့တာ ဆရာတွေစုံနေပြီမဟုတ်လား… ဒါပေမယ့် စိတ်ကျန်းမာရေးဆရာဝန်ကြီးနဲ့တော့ မတွေ့ရသေးဘူးလို့ ကျွန်တော်ထင်တယ် ဒါကြောင့် ကျွန်တော်ဒီကိုခေါ်လာတာပါ''
  ''ကျွန်မဆရာ့ကိုပြောပြီးသားပဲလေ ကျွန်မရူးနေတာလည်းမဟုတ်ဘူး… စိတ်ဖောက်ပြန်နေတာလည်းမဟုတ်ဘူး… ဒါကိုဘာဖြစ်လို့ စိတ်ကျန်းမာရေးဆေးရုံဆီခေါ်လာရတာလဲ'
  ''ကျွန်မတို့ပြန်မယ်''
  ''မိန်းမ ဆရာ့ကိုဘယ်လိုပြောလိုက်တာလဲ… အားနာစရာကြီး''
  ''ရပါတယ်ဗျာ… အစကတည်းက ဒီကိုသွားမယ်လို့ပြောလိုက်ရင် ခင်ဗျားမိန်းမ လိုက်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်ကြိုသိပြီသားပါ… ဒါကြောင့်အခုလို လမ်းပဲပြပြီး ဦးတည်ရာကို မပြောပဲခေါ်လာခဲ့တာ''
  ''အိုး!… ဘာပဲဖြစ်ဖြစ် ကျွန်မရူးနေတာမဟုတ်ဘူး ဒါကြောင့် ဒီကိုလဲလာစရာမလိုဘူး… ယောကျာ်း ကျွန်မတို့ပြန်ကြမယ်''
  ''ဒေါ်မြင့်မြင့်စန်း!… ကျွန်တော်ပြောတာကို နားထောင်ပါ ကျွန်တော်အနှောက်ယှက် ပယောဂါပေါင်းစုံကို ကုသနေတဲ့ဆရာတစ်ယောက်ပါ… ပယောဂါရှိ မရှိုဆိုတာ ကျွန်တော်ဆရာသက်တမ်းအရ မှန်းကြည့်နေနိုင်ပါပြီ… အခု ခင်ဗျားမှာ ဘာအနှောက်ယှက် ပယောဂါမှ မရှိဘူး… ခင်ဗျားဖြစ်နေတာက အသက်(၅၀)ကျော်လို့ မီးယက်သွေးဆုံးကိုင်နေတာ… စိတ်ကိုဖောက်ပြန်သလို ခံစားနေရလိမ့်မယ်… အဲ့ဒီတော့ ခင်ဗျားစိတ်ကျန်းမာရေး ဆရာဝန်ကြီးနဲ့ ခဏလေးပဲဆွေးနွေးကြည့်ပါ… ခင်ဗျားမှာရှိနေတဲ့ အတိုက်ခိုက်တွေကို စိတ်ကျန်းမာရေးဆရာဝန်ကြီးပဲ ရှင်းပေးနိုင်ပါလိမ့်မယ်''
  ''အိုး!… ရှင်ကလူလိမ်ပဲ ကျွန်မတို့ကတော့ ရှင်မနိုင်လို့ တခြားပယောဂါဆရာဆီ ခေါ်သွားမယ်ထင်နေတာ ရှင်ကအခုတော့ ကျွန်မကိုအရူးစာရင်းသွင်းပြီး အရူးထောင်ကိုပို့တယ်… တော်ပြီတော်ပြီ ဦးလှငွေ ကျွန်မတို့အိမ်ပြန်ကြမယ်''
   ''မြင့်စန်း!… ငါဆရာအကြေုာင်း ကောင်းကောင်းသိတယ် ဒါကြောင့်လဲ နင်တို့လင်မယားနှစ်ယောက်ကို ဆရာ့ဆီငါခေါ်လာတာ ဆရာပြောသလို နင်လုပ်ကြည့်ဦး''
  ''ဟုတ်ပါတယ်မိန်းမရယ်… မင်းမရူးဘူးဆိုတာ အစ်ကိုသိပါတယ်… ဆရာ့ကိုအားနာစရာကြီး ဘာပဲဖြစ်ဖြစ် ဆရာပြောသလို ဆရာဝန်ကြီးနဲ့ခဏလေး ဝင်ဆွေးနွေးကြည့်လိုက်တာ မမှားပါဘူး ခဏလေးပါမိန်းမရယ် ခဏလေးပါနော်''
   ''ကောင်းပြီလေ… ဆရာဝန်ကြီးနဲ့ ဝင်တွေ့ပြီးလို့ ကျွန်မမှာစိတ်ရောဂါမရှိဘူးဆိုတာနဲ့ ရှင်နဲ့ကျွန်မအတွေ့ပဲ''
  ''ကောင်းပါပြီ ဒေါ်မြင့်မြင့်စန်း… ခင်ဗျားမှာ မီးယက်သွေးဆုံးရောဂါကြောင့် အခုလိုဖြစ်နေတာမဟုတ်ဘူးဆိုရင် ခင်ဗျားကျုပ်ကို ကြိုက်သလိုတရားစွဲပါ''
  ''ပြီးရော!…''

စိတ်ကျန်းမာရေးဆေးရုံဆီသို့ ဖခင်ဖြစ်သူတစ်ယောက် ဒေါ်မြင့်မြင့်စန်းနှင့် ကျွနိုပ်တို့အား တိတ်တဆိတ်ခေါ်ဆောင်ခဲ့ခြင်းကြောင့် ဒေါ်မြင့်မြင့်စန်းမှာမူ ဖခင်ဖြစ်သူအား လွန်စွာစိတ်ဆိုးလျက် အပြောဆိုများစွာ ရိုင်းပြလာခဲ့လေသည်။ သို့သော်လည်း ဖခင်ဖြစ်သူမှာ မျက်နှာမပျက် ဒေါ်မြင့်မြင့်စန်းတစ်ယောက် စိတ်ကျန်းမာရေးဆရာဝန်ကြီးနှင့် ဝင်ရောက်ဆွေးနွေးရန်သာ တ်ုက်တွန်းလေခဲ့သည်။

  ဖခင်ဖြစ်သူထံသို့ ခေါ်ဆောင်လာခဲ့ပေးသော ဦးဇော်မျိုးနှင့် သူ၏ခင်ပွန်းသည်ဦးလှငွေတို့မှာ ဖခင်ဖြစ်သူအား လွန်စွာအားနာမိရင်း အကြိမ်ကြိမ်တောင်ပန်းစကား ပြောဆိုလေခဲ့သည်။ ထို့နောက် ဒေါ်မြင့်မြင့်စန်းအားလည်း ဆေးရုံအတွင်းသို့ ဝင်ရောက်စေရန် တွန်းအားပေးလျက် ဒေါ်မြင့်မြင့်စန်းသည်လည်း စိတ်ကျန်းမာရေး ဆရာဝန်ကြီးအရှေ့မှောက်သို့ ရောက်ရှိလာခဲ့လေတော့သည်။

    ထို့နောက် ဒေါ်မြင့်မြင့်စန်းသည်လည်း သူမခံစားနေခဲ့ရသော အဖြစ်ပျက်များအား အကြောင်းစုံပြောဆိုလေခါ ဆရာဝန်ကြီးမှာလည်း ခေါင်းတငြိမ့်ငြိမ့်နားထောင်နေခဲ့လေသည်။ အတန်ကြာပြီးနောက် ဒေါ်မြင့်မြင့်စန်းအား နီညိုရောင်ရှိသော ဆေးအမှုန့်လေးများအား လက်ဝါးအတွင်းသို့ အနည်းငယ်ထည့်ပေးလေခါ ရေဖြင့်တိုက်စေခဲ့သည်။ ထို့နောက် ဆရာဝန်ကြီးမှာလည်း နှစ်ရက်တိတိ ဆေးရုံဆီသို့ ထပ်မံလာရောက်ကြရန် ပြောဆိုခဲ့ရင်း ကျွန်ုပ်နှင့်ဖခင်ဖြစ်သူအားလည်း ဦးလှငွေမှာ နေအိမ်ဆီသို့ပြန်လည်ပို့ဆောင်ပေးခဲ့လေသည်။

             တစ်ပတ်ခန့်ကြာပြီးသည့်နောက်…

ဒေါ်မြင့်မြင့်စန်း၊ ဦးလှငွေ၊ ဦးဇော်မျိုးတို့မှာ ဖခင်ဖြစ်သူထံသို့ ရွှင်လန်းနေကြသော မျက်နှာထားဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ ဒေါ်မြင့်မြင့်စန်းမှာမူ ဖခင်ဖြစ်သူအပေါ်သို့ ရိုင်းပြစွာဆက်ဆံမိခဲ့သည်များအား အကြိမ်ကြိမ်အခါခါ ဝန်ချတောင်းပန်လေခဲ့သည်။ သူမ၏နားအတွင်း၌ အမြဲကြားနေခဲ့ရသော စကားသံများသည်လည်း ပျောက်ကွယ်သွားခဲ့ပြီဟု သိရှိရလေသည်။ စိတ်ကျန်းမာရေးဆရာဝန်ကြီးမှ ဒေါ်မြင့်မြင့်စန်းအား မိန်းမသားတို့၏ သဘာဝ မီးယက်သွေးဆုံးကိုင် ဝေဒနာခံစားနေရသောကြောင် ထိုကဲ့သို့ ဂယောင်ခြောက်ခြား ခံစားမှု့များဖြစ်နေခဲ့ရသည်ဟု ပြောဆိုလေခဲ့သည်။

   သူမအား သွေးဆေးတစ်ချို့ တိုက်ဆေးခဲ့ရင်း သုံးရက်မြောက်နေ့တွင် သူမ၏အတိုက်ခိုက်ဟု ထင်မှတ်နေခဲ့သည့် စကားသံများသည်လည်း အလိုလိုသာလျင် ပျောက်ကွယ်သွားခဲ့လေတော့သည်။ ထို့ကြောင့် ဖခင်ဖြစ်သူအား ဒေါ်မြင့်မြင့်စန်းမှာ ပြောမှားဆိုမှားရှိခဲ့သည်များအား အကြိမ်ကြိမ်အခါခါ လာရောက်ဝန်ချတောင်းပန်ခဲ့ရင်း သူမ၏အဖြစ်ကိုပင် ငိုအားထက်ရယ်အားသန်စွာ ဖြစ်နေလေတော့သည်။

(မှတ်ချက်။   ။ ဖြစ်ရပ်မှန်ဖြစ်ပြီး အမည်များအမှန်ကန် ထည့်သွင်းရေးထားသားပါသည်။ ထိုကဲ့သု့ိအဖြစ်ပျက်များ မိမိတို့၏ပတ်ဝန်းကျင်တွင် ရှိနေမည်ဖြစ်သောကြောင့် ထင်ယောင်ထင်မှား မဖြစ်မိစေရန် ရည်ရွယ်ချက်ဖြင့် စာစီချယ်သရေးသလိုက်ပါသည်။)

ဖိုးသူတော် (www.phothutaw.com)
Credit: ထီးကလေး။(ရင်နှင့်ရင်း၍ရေးသားသည်။)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top