Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 မံုရြာတကၠသိုလ္၌ က်င္း ပမည့္ ပထမအႀကိမ္ ျမန္မာႏုိင္ငံ ကမၻာေျမသိပၸံဆိုင္ရာ ကြန္ဖရင့္ တြင္ သိပၸံဘာသာရပ္ဆိုင္ရာ စာ တမ္းေပါင္း တစ္ရာေက်ာ္ဖတ္ ၾကားမည္ျဖစ္ေၾကာင္း မံုရြာတကၠ သိုလ္ဘူမိေဗဒဌာန ပါေမာကၡ ေဒါက္တာမ်ိဳးသန္႔က ေျပာသည္။

မံုရြာတကၠသိုလ္ ဘူမိေဗဒ ဌာနႏွင့္ျမန္မာ့ဝန္းက်င္သိပၸံတို႔ ဦး စီး၍ ပထမအႀကိမ္ ျမန္မာႏိုင္ငံ ကမၻာေျမသိပၸံဆိုင္ရာ ကြန္ဖရင့္ ကို ႏုိဝင္ဘာ ၂၇ ရက္ႏွင့္ ၂၈ ရက္တို႔တြင္ မံုရြာတကၠသိုလ္၌ ျပဳလုပ္မည္ျဖစ္သည္။

အဆုိပါကြန္ဖရင့္တြင္ ဘာ သာရပ္အလိုက္ဖတ္ၾကားမည့္စာ တမ္းေပါင္း ၈၆ ေစာင္ရွိၿပီး က်န္စာတမ္းမ်ားသည္ ပိုစတာစာတမ္း မ်ားျဖစ္ေၾကာင္း ေဒါက္တာမ်ိဳး သန္႔က ေျပာသည္။

ယခင္က ဝိဇၨာသိပၸံတကၠ သိုလ္မ်ားတြင္ သိပၸံဘာသာရပ္ ဆိုင္ရာ စာတမ္းဖတ္ပြဲမ်ားသာ က်င္းပခဲ့ရာမွ ယခုႏွစ္တြင္ ကမၻာ ေျမသိပၸံဆိုင္ရာ ပညာရပ္စာတမ္း မ်ား တစ္ေနရာတည္း၌ စုေဝး ဖတ္ၾကားျခင္းသည္ ပထမအႀကိမ္ ျဖစ္ေၾကာင္း ၎က ေျပာသည္။

မံုရြာတကၠသိုလ္ ဘူမိေဗဒ ဌာန ပါေမာကၡဌာနမွဴး ေဒါက္တာ ေဇာ္ျမင့္နီက ‘‘ဘာသာရပ္အလုိက္  သုေတသနျပဳလုပ္လို႔ရလာတဲ့ စာ တမ္းေတြက ေက်ာင္းသားေတြဆီ၊ ျပည္သူေတြဆီ လက္ေတြ႕အသံုး ခ်ႏိုင္ေလာက္ေအာင္ ေဆာင္ရြက္ ႏိုင္တယ္။ ဒီစာတမ္းေတြကို ပညာ ေရးနယ္ပယ္သာမက ျပည္သူေတြ သိရွိႏိုင္ဖို႔ စာတမ္းဖတ္ပြဲေတြ က်င္းပတာပါ။ တကၠသိုလ္အသီးသီးက ပညာရွင္ေတြသာမက ျပင္ပပညာ ရွင္ေတြလည္း လာေရာက္ေဆြး ေႏြးၾကမွာပါ’’ဟု ေျပာသည္။

အဆိုပါကြန္ဖရင့္တြင္ မံုရြာ တကၠသိုလ္သာမက ေတာင္ငူ၊ ဟသၤာတ၊ စစ္ကိုင္း၊ ကေလး၊ ေရႊဘိုတကၠသိုလ္တို႔ႏွင့္အတူ ျမန္ မာႏိုင္ငံ ဘူမိသိပၸံအသင္း၊ ျမန္မာ ႏိုင္ငံ ငလ်င္အသင္း စသည့္ သိပၸံ ဘာသာရပ္ဆိုင္ရာ အဖြဲ႕အစည္း မ်ားက ပူးေပါင္းေဆာင္ရြက္မည္ ျဖစ္သည္။

အဆိုပါကြန္ဖရင့္တြင္ မီး သင့္ေက်ာက္ႏွင့္ အသြင္ေျပာင္း ေက်ာက္ပညာ၊ အနည္က် ေက်ာက္၊ ထရေဗဒႏွင့္ ေက်ာက္ ျဖစ္႐ုပ္ႂကြင္းပညာ၊ စီးပြားျဖစ္ ဘူမိေဗဒႏွင့္ တြင္းထြက္ပညာ၊ အင္ဂ်င္နီယာဘူမိေဗဒ၊ သဘာဝ ေဘးအႏၲရာယ္၊ သဘာဝပတ္ဝန္း က်င္သိပၸံဘာသာရပ္ စသည့္ဘာ သာရပ္အလိုက္ စာတမ္းမ်ား ဖတ္ ၾကားမည္ျဖစ္ေၾကာင္း ကြန္ဖရင့္ က်င္းပေရးေကာ္မတီတာဝန္ရွိသူ တစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မုံရွာတက္ကသိုလ်၌ ကျင်း ပမည့် ပထမအကြိမ် မြန်မာနိုင်ငံ ကမ္ဘာမြေသိပ္ပံဆိုင်ရာ ကွန်ဖရင့် တွင် သိပ္ပံဘာသာရပ်ဆိုင်ရာ စာ တမ်းပေါင်း တစ်ရာကျော်ဖတ် ကြားမည်ဖြစ်ကြောင်း မုံရွာတက္က သိုလ်ဘူမိဗေဒဌာန ပါမောက္ခ ဒေါက်တာမျိုးသန့်က ပြောသည်။

မုံရွာတက္ကသိုလ် ဘူမိဗေဒ ဌာနနှင့်မြန်မာ့ဝန်းကျင်သိပ္ပံတို့ ဦး စီး၍ ပထမအကြိမ် မြန်မာနိုင်ငံ ကမ္ဘာမြေသိပ္ပံဆိုင်ရာ ကွန်ဖရင့် ကို နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မုံရွာတက္ကသိုလ်၌ ပြုလုပ်မည်ဖြစ်သည်။


အဆိုပါကွန်ဖရင့်တွင် ဘာ သာရပ်အလိုက်ဖတ်ကြားမည့်စာ တမ်းပေါင်း ၈၆ စောင်ရှိပြီး ကျန်စာတမ်းများသည် ပိုစတာစာတမ်း များဖြစ်ကြောင်း ဒေါက်တာမျိုး သန့်က ပြောသည်။

ယခင်က ဝိဇ္ဇာသိပ္ပံတက္က သိုလ်များတွင် သိပ္ပံဘာသာရပ် ဆိုင်ရာ စာတမ်းဖတ်ပွဲများသာ ကျင်းပခဲ့ရာမှ ယခုနှစ်တွင် ကမ္ဘာ မြေသိပ္ပံဆိုင်ရာ ပညာရပ်စာတမ်း များ တစ်နေရာတည်း၌ စုဝေး ဖတ်ကြားခြင်းသည် ပထမအကြိမ် ဖြစ်ကြောင်း ၎င်းက ပြောသည်။

မုံရွာတက္ကသိုလ် ဘူမိဗေဒ ဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ဇော်မြင့်နီက ‘‘ဘာသာရပ်အလိုက်  သုတေသနပြုလုပ်လို့ရလာတဲ့ စာ တမ်းတွေက ကျောင်းသားတွေဆီ၊ ပြည်သူတွေဆီ လက်တွေ့အသုံး ချနိုင်လောက်အောင် ဆောင်ရွက် နိုင်တယ်။ ဒီစာတမ်းတွေကို ပညာ ရေးနယ်ပယ်သာမက ပြည်သူတွေ သိရှိနိုင်ဖို့ စာတမ်းဖတ်ပွဲတွေ ကျင်းပတာပါ။ တက္ကသိုလ်အသီးသီးက ပညာရှင်တွေသာမက ပြင်ပပညာ ရှင်တွေလည်း လာရောက်ဆွေး နွေးကြမှာပါ’’ဟု ပြောသည်။

အဆိုပါကွန်ဖရင့်တွင် မုံရွာ တက္ကသိုလ်သာမက တောင်ငူ၊ ဟင်္သာတ၊ စစ်ကိုင်း၊ ကလေး၊ ရွှေဘိုတက္ကသိုလ်တို့နှင့်အတူ မြန် မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ မြန်မာ နိုင်ငံ ငလျင်အသင်း စသည့် သိပ္ပံ ဘာသာရပ်ဆိုင်ရာ အဖွဲ့အစည်း များက ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။

အဆိုပါကွန်ဖရင့်တွင် မီး သင့်ကျောက်နှင့် အသွင်ပြောင်း ကျောက်ပညာ၊ အနည်ကျ ကျောက်၊ ထရဗေဒနှင့် ကျောက် ဖြစ်ရုပ်ကြွင်းပညာ၊ စီးပွားဖြစ် ဘူမိဗေဒနှင့် တွင်းထွက်ပညာ၊ အင်ဂျင်နီယာဘူမိဗေဒ၊ သဘာဝ ဘေးအန္တရာယ်၊ သဘာဝပတ်ဝန်း ကျင်သိပ္ပံဘာသာရပ် စသည့်ဘာ သာရပ်အလိုက် စာတမ်းများ ဖတ် ကြားမည်ဖြစ်ကြောင်း ကွန်ဖရင့် ကျင်းပရေးကော်မတီတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top