လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

က်ပ္သိန္းရာေက်ာ္တန္ စိန္ဖူးေတာ္ေပ်ာက္ဆံုးသြားတာပါ။

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕အေရွ႕ဘက္ ၉ မိုင္အကြာရွိ သမိုင္းဝင္ ျမတ္ေစာညီေနာင္ဘုရား ေနာင္ေတာ္ႀကီးေစတီေတာ္ရဲ႕ စိန္ဖူးေတာ္ ေပ်ာက္ဆံုးမႈကို အမႈဖြင့္သြားမယ္လုိ႔ အဆိုပါ ဘုရားေဂါပက ဥကၠ႒ ဦးေမာင္ေမာင္က ေျပာပါတယ္။

“စိန္ဖူးေတာ္ ခ်တုန္းကလည္း ရဲတပ္ဖြဲ႔လည္းပါတယ္၊ ေက်း႐ြာတာဝန္ရွိသူေတြလည္းပါတယ္။ ခုျဖစ္ေနတာ ဘယ္အခ်ိန္ေပ်ာက္မွန္းလည္း မသိျဖစ္ေနတာ၊ အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြနဲ႔ အမႈဖြင့္ဖို႔ တိုင္ပင္ေနတယ္”လို႔ ဦးေမာင္ေမာင္က ေျပာပါတယ္။

ေနာင္ေတာ္ႀကီးေစတီ စိန္ဖူးေတာ္နဲ႔ ထီးေတာ္ကိုျပင္ဆင္ဖို႔ ေအာက္တိုဘာလ ေနာက္ဆံုးပတ္က ထီးေတာ္ခ်ခဲ့တာျဖစ္ၿပီး ေစတီေဂါပက အဖြဲ႔ဝင္ေတြ ကိုယ္တိုင္စိန္ဖူးေတာ္ မပါလာတာကို မသိခဲ့ရဘူးလို႔ ေရႊဆံေတာ္ေစတီ ေဂါပကအဖြဲ႔ ႐ံုးတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

အဆိုပါ ေစတီရဲ႕စိန္ဖူးေတာ္ကို တပ္မေတာ္အစိုးရလက္ထက္မွာ ဗိုလ္ခ်ဳပ္ႀကီးခင္ၫြန္႔က ဦးေဆာင္ၿပီး ေတာင္ငူၿမိဳ႕ခံ ေရႊႏွင္းဆီ ေဆးေပါ့လိပ္ ခံုပိုင္ရွင္ ေဒၚအုန္းခင္နဲ႔ အမ်ားျပည္သူ လွဴဒါန္းေငြေတြနဲ႔ အသစ္ျပန္တင္ခဲ့တာျဖစ္ကာ စိန္ဖူးေတာ္က မိုးကုတ္သလင္းေက်ာက္အစစ္ျဖစ္ၿပီး လံုးပတ္ ၅ လက္မ၊ အလ်ား ၉ လက္မခန္႔ ရွိကာ ငွက္ျမတ္နားမွာ အမ်ားလွဴဒါန္းထားတဲ့ လက္ဝတ္ရတနာမ်ားပါ၀င္ၿပီး တန္ဖိုးေငြ မွန္းဆဖုိ႔ ခက္ခဲေၾကာင္း စိန္ဖူးေတာ္ေရာင္ေတာ္ဖြင့္ အဖြဲ႔မွာ ပါဝင္ခဲ့တဲ့ ေက်ာက္မ်က္ရတနာ ကၽြမ္းက်င္ပညာရွင္ ဦးဖိုးတိုးက ေျပာပါတယ္။

ေရွးေဟာင္း သမိုင္းဝင္ ျမတ္ေစာညီေနာင္ ေစတီေတာ္ကို လြန္ခဲ့တဲ့ သာသနာႏွစ္ေပါင္း ၂၅၀ဝ ခန္႔က ဗုဒၶျမတ္စြာဘုရားထံ ေရာက္ရွိခဲ့တဲ့ ျမတ္ေစာျမတ္လွကုန္သည္ ညီေနာင္က တည္ထားခဲ့ကာ ဘုရားရွင္ ၾကက္မင္းညီေနာင္ဘဝက ဗ်ာဒိတ္ေပးခဲ့တဲ့ ဘုရားတစ္ဆူျဖစ္ၿပီး ညီေတာ္နဲ႔ ေနာင္ေတာ္ေစတီႏွစ္ဆူကို သီးျခား တည္ထားကိုးကြယ္ခဲ့တာျဖစ္တယ္လို႔ သမိိုင္းမွတ္တမ္းေတြအရ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကျပ်သိန်းရာကျော်တန် စိန်ဖူးတော်ပျောက်ဆုံးသွားတာပါ။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အရှေ့ဘက် ၉ မိုင်အကွာရှိ သမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်ကြီးစေတီတော်ရဲ့ စိန်ဖူးတော် ပျောက်ဆုံးမှုကို အမှုဖွင့်သွားမယ်လို့ အဆိုပါ ဘုရားဂေါပက ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပါတယ်။

“စိန်ဖူးတော် ချတုန်းကလည်း ရဲတပ်ဖွဲ့လည်းပါတယ်၊ ကျေးရွာတာဝန်ရှိသူတွေလည်းပါတယ်။ ခုဖြစ်နေတာ ဘယ်အချိန်ပျောက်မှန်းလည်း မသိဖြစ်နေတာ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အမှုဖွင့်ဖို့ တိုင်ပင်နေတယ်”လို့ ဦးမောင်မောင်က ပြောပါတယ်။

နောင်တော်ကြီးစေတီ စိန်ဖူးတော်နဲ့ ထီးတော်ကိုပြင်ဆင်ဖို့ အောက်တိုဘာလ နောက်ဆုံးပတ်က ထီးတော်ချခဲ့တာဖြစ်ပြီး စေတီဂေါပက အဖွဲ့ဝင်တွေ ကိုယ်တိုင်စိန်ဖူးတော် မပါလာတာကို မသိခဲ့ရဘူးလို့ ရွှေဆံတော်စေတီ ဂေါပကအဖွဲ့ ရုံးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ စေတီရဲ့စိန်ဖူးတော်ကို တပ်မတော်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဦးဆောင်ပြီး တောင်ငူမြို့ခံ ရွှေနှင်းဆီ ဆေးပေါ့လိပ် ခုံပိုင်ရှင် ဒေါ်အုန်းခင်နဲ့ အများပြည်သူ လှူဒါန်းငွေတွေနဲ့ အသစ်ပြန်တင်ခဲ့တာဖြစ်ကာ စိန်ဖူးတော်က မိုးကုတ်သလင်းကျောက်အစစ်ဖြစ်ပြီး လုံးပတ် ၅ လက်မ၊ အလျား ၉ လက်မခန့် ရှိကာ ငှက်မြတ်နားမှာ အများလှူဒါန်းထားတဲ့ လက်ဝတ်ရတနာများပါဝင်ပြီး တန်ဖိုးငွေ မှန်းဆဖို့ ခက်ခဲကြောင်း စိန်ဖူးတော်ရောင်တော်ဖွင့် အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ကျောက်မျက်ရတနာ ကျွမ်းကျင်ပညာရှင် ဦးဖိုးတိုးက ပြောပါတယ်။

ရှေးဟောင်း သမိုင်းဝင် မြတ်စောညီနောင် စေတီတော်ကို လွန်ခဲ့တဲ့ သာသနာနှစ်ပေါင်း ၂၅၀ဝ ခန့်က ဗုဒ္ဓမြတ်စွာဘုရားထံ ရောက်ရှိခဲ့တဲ့ မြတ်စောမြတ်လှကုန်သည် ညီနောင်က တည်ထားခဲ့ကာ ဘုရားရှင် ကြက်မင်းညီနောင်ဘဝက ဗျာဒိတ်ပေးခဲ့တဲ့ ဘုရားတစ်ဆူဖြစ်ပြီး ညီတော်နဲ့ နောင်တော်စေတီနှစ်ဆူကို သီးခြား တည်ထားကိုးကွယ်ခဲ့တာဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top