Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အလုပ္ေတြပင္ပန္းျပီး စိတ္ဓာတ္မၾကာခဏက်ဖူးၾကမွာပါ။ စိတ္ဓာတ္က်တဲ့အခါ စိတ္ေရာကိုယ္ပါမလန္းေတာ့တာေၾကာင့္ လူမႈေရးမွာေရာ၊ လုပ္ငန္းခြင္မွာပါ အခက္အခဲေတြရွိလာႏုိင္ပါတယ္။ တစ္ခါတစ္ေလစိတ္ဓာတ္က်တာေၾကာင့္ က်န္းမာေရးပါထိခုိက္လာႏုိင္ပါတယ္။ ေလ့က်င့္ခန္းေတြ၊ ေယာဂေတြက်င့္ရင္ စိတ္ဓာတ္က်ျခင္းက သက္သာေစတာလူတုိင္းလုိလုိသိၾကေပမယ့္ အဲ့ဒီ့ထက္ေကာင္းတဲ့နည္းေရာသိခ်င္ၾကမွာပါ။ ဟုတ္ပါတယ္။ ဒီအစားအစာ (၆)မ်ိဳးက စိတ္ဓာတ္က်ျခင္းကို တိုက္ဖ်က္ေပးတယ္လုိ႔ မွတ္တမ္းေတြကေဖာ္ျပထားပါတယ္။

၁။ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ Tryptophan ၾကြယ္ဝျပီး မၾကာမီဦးေႏွာ္က္က 5-HTP အသြင္ေျပာင္းပစ္လုိက္ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ 5-HTP က စိတ္ဖိစီးမႈကိုေလ်ာ႔နည္းေစတဲ့ Serotonin နဲ႔ Melatonin နွစ္မ်ိဳးအျဖစ္ေျပာင္းလဲသြားပါတယ္။ ဒီ့အျပင္ ငွက္ေပ်ာသီးေတြမွာ ပိုတက္စီယမ္နဲ႔ မဂၢနီစီယမ္ ဓာတ္ေတြၾကြယ္ဝတဲ့အတြက္ တစ္ေန႔ (၂)လံုးစားေပးသင့္ပါတယ္။

၂။ဗာဒံေစ့

မဂၢနီစီယမ္က မူးေဝေအာ့အန္ျခင္းႏွ္င့္ စိတ္ဖိစီးမႈအတြက္ အေကာင္းဆံုးေဆးတစ္ခြက္ျဖစ္ပါတယ္။ ဗာဒံေစ့ (၁၀၀)ဂရမ္မွာ မဂၢနီစီမယ္ (၂၆၈) မီလီဂရမ္ေလာက္ပါဝင္ပါတယ္။ တစ္ေန႔ကို ဗာဒံေစ့လက္တစ္ဆုပ္စာေလာက္စားေပးသင့္ပါတယ္။

၃။ေထာပတ္သီး

ေထာပတ္သီးဟာ ပိုတက္စီယမ္ဓာတ္ၾကြယ္ဝျပီး စိတ္ဖိစီးမႈနဲ႔ စိတ္ဓာတ္က်ျခင္းကို သက္သာေစပါတယ္။ ဒါေၾကာင့္မို႔လို႔ ေထာပတ္သီးကို သြားရည္စာအေနနဲ႔လည္းမၾကာခဏစားေပးသင့္ပါတယ္။

၄။ကညြတ္

ကညြတ္မွာ ေဖာလစ္အက္စစ္နဲ႔ ဗီတာမင္ B ၾကြယ္ဝျပီး ခႏၶာကိုယ္ရဲ႕ Tryptophanမွ စိတ္ဖိစီးမႈကို သက္သာေစတဲ့ serotonin အျဖစ္ ေျပာင္းလဲမႈကို ေထာက္ပံ့ေပးပါတယ္။

၅။ဟင္းႏုနယ္ရြက္

အျခားေသာ အစိမ္းရင့္ေရာင္အရြက္ေတြထက္ ဟင္းႏုနယ္ရြက္မွာ စိတ္က်လြယ္သူေတြအတြက္ လိုအပ္တဲ့ ေဖာလစ္အက္စစ္ဓာတ္ပိုၾကြယ္ဝပါတယ္။ဒီ့အျပင္ ဟင္းႏုနယ္ရြက္မွာ မဂၢနီစီယမ္ဓာတ္ၾကြယ္ဝေသးတာေၾကာင့္ စိတ္ဓာတ္က်ျခင္းကို တုိက္ဖ်က္ေပးတဲ့ အာနိသင္ပါဝင္ပါတယ္။

စိတ္ဓာတ္က်တဲ့အခါ ဒီအစားအစာေတြကို ထပ္တုိးစားေပးျခင္းျဖင့္ တက္ၾကြလန္းဆန္းျပီး ေပ်ာ္ရႊင္တဲ့သူတစ္ေယာက္ျဖစ္ႏုိင္္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyFood
#Unicode Version#
အလုပ်တွေပင်ပန်းပြီး စိတ်ဓာတ်မကြာခဏကျဖူးကြမှာပါ။ စိတ်ဓာတ်ကျတဲ့အခါ စိတ်ရောကိုယ်ပါမလန်းတော့တာကြောင့် လူမှုရေးမှာရော၊ လုပ်ငန်းခွင်မှာပါ အခက်အခဲတွေရှိလာနိုင်ပါတယ်။ တစ်ခါတစ်လေစိတ်ဓာတ်ကျတာကြောင့် ကျန်းမာရေးပါထိခိုက်လာနိုင်ပါတယ်။ လေ့ကျင့်ခန်းတွေ၊ ယောဂတွေကျင့်ရင် စိတ်ဓာတ်ကျခြင်းက သက်သာစေတာလူတိုင်းလိုလိုသိကြပေမယ့် အဲ့ဒီ့ထက်ကောင်းတဲ့နည်းရောသိချင်ကြမှာပါ။ ဟုတ်ပါတယ်။ ဒီအစားအစာ (၆)မျိုးက စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်ပေးတယ်လို့ မှတ်တမ်းတွေကဖော်ပြထားပါတယ်။

၁။ငှက်ပျောသီး

ငှက်ပျောသီးမှာ Tryptophan ကြွယ်ဝပြီး မကြာမီဦးနှော်က်က 5-HTP အသွင်ပြောင်းပစ်လိုက်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ 5-HTP က စိတ်ဖိစီးမှုကိုလျော့နည်းစေတဲ့ Serotonin နဲ့ Melatonin နှစ်မျိုးအဖြစ်ပြောင်းလဲသွားပါတယ်။ ဒီ့အပြင် ငှက်ပျောသီးတွေမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ် ဓာတ်တွေကြွယ်ဝတဲ့အတွက် တစ်နေ့ (၂)လုံးစားပေးသင့်ပါတယ်။

၂။ဗာဒံစေ့

မဂ္ဂနီစီယမ်က မူးဝေအော့အန်ခြင်းနှ်င့် စိတ်ဖိစီးမှုအတွက် အကောင်းဆုံးဆေးတစ်ခွက်ဖြစ်ပါတယ်။ ဗာဒံစေ့ (၁၀၀)ဂရမ်မှာ မဂ္ဂနီစီမယ် (၂၆၈) မီလီဂရမ်လောက်ပါဝင်ပါတယ်။ တစ်နေ့ကို ဗာဒံစေ့လက်တစ်ဆုပ်စာလောက်စားပေးသင့်ပါတယ်။

၃။ထောပတ်သီး

ထောပတ်သီးဟာ ပိုတက်စီယမ်ဓာတ်ကြွယ်ဝပြီး စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို သက်သာစေပါတယ်။ ဒါကြောင့်မို့လို့ ထောပတ်သီးကို သွားရည်စာအနေနဲ့လည်းမကြာခဏစားပေးသင့်ပါတယ်။

၄။ကညွတ်

ကညွတ်မှာ ဖောလစ်အက်စစ်နဲ့ ဗီတာမင် B ကြွယ်ဝပြီး ခန္ဓာကိုယ်ရဲ့ Tryptophanမှ စိတ်ဖိစီးမှုကို သက်သာစေတဲ့ serotonin အဖြစ် ပြောင်းလဲမှုကို ထောက်ပံ့ပေးပါတယ်။

၅။ဟင်းနုနယ်ရွက်

အခြားသော အစိမ်းရင့်ရောင်အရွက်တွေထက် ဟင်းနုနယ်ရွက်မှာ စိတ်ကျလွယ်သူတွေအတွက် လိုအပ်တဲ့ ဖောလစ်အက်စစ်ဓာတ်ပိုကြွယ်ဝပါတယ်။ဒီ့အပြင် ဟင်းနုနယ်ရွက်မှာ မဂ္ဂနီစီယမ်ဓာတ်ကြွယ်ဝသေးတာကြောင့် စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်ပေးတဲ့ အာနိသင်ပါဝင်ပါတယ်။

စိတ်ဓာတ်ကျတဲ့အခါ ဒီအစားအစာတွေကို ထပ်တိုးစားပေးခြင်းဖြင့် တက်ကြွလန်းဆန်းပြီး ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyFood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top