လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

လူတိုင္း ေန႔စဥ္ မ်က္ႏွာပြင့္ေအာင္ လုပ္လို႔ ရပါတယ္ ➰

လူခ်စ္ လူခင္ေပါၿပီး သြားေလရာ ေရာက္ေလရာမွာ ရန္ အေႏွာင့္အယွက္ ကင္းကင္းနဲ႔ အားလံုး အဆင္ေျပေျပ ျဖစ္ေအာင္ ကူညီသူေပါ၊ က႐ုဏာ ထားသူမ်ား၊ ေမတၲာထားသူမ်ား ေပါမ်ားတဲ့ ဓာတ္ သဘာဝကို ပီယဓာတ္ ဟု ေခၚပါတယ္။ ပီယဓာတ္နဲ႔ ေန႔တိုင္း မ်က္ႏွာပြင့္ေစေအာင္ ေဆာင္ရြက္ႏိုင္တဲ့ ျမန္မာ့႐ိုးရာ နည္းပညာတစ္ခု တင္ျပပါမယ္။

အိမ္က အျပင္ထြက္ရင္ သြားေလရာ လမ္း တစ္ေလွ်ာက္ အေႏွာင့္အယွက္ ေပးတဲ့လူလည္း ကင္းေဝးခ်င္တယ္။ သူတစ္ပါး သေဘာက်ေလာက္ ေအာင္လည္း စတိုင္ ထုတ္ခ်င္တယ္။ ဒီလို အေနအထားမ်ိဳး မိန္းကေလးတိုင္း လိုလားတယ္။ ဒီေနရာ မွာ ပီယဓာတ္က သိပ္အေရးႀကီးတယ္။

လိုက္ေႏွာင့္ယွက္တာမ်ိဳး၊ ဣေျႏၵပ်က္ ေလာက္ေအာင္  ျပဳမူတာေတြ၊ အရွက္ကြဲေအာင္ ႐ိုင္း႐ိုင္း စိုင္းစိုင္း ေျပာ ဆို ဒုကၡေပး ေစာ္ကားေမာ္ကား ေျပာဆို ေနာက္ေျပာင္တာမ်ိဳး ဘယ္ မိန္းကေလးမွ မလိုလားတာ အမွန္ပဲ။

ေနာက္ေျပာင္သူ အေႏွာင့္အယွက္ ကင္းေစ၊ ခ်စ္ခင္ သနားစိတ္နဲ႔ ႐ိုင္း႐ိုင္းပင္းပင္း ကူညီၿပီး ၿပံဳးျပတာနဲ႔ တစ္ဖက္လူ ကိုယ့္ကို ကူညီလို စိတ္ညႊတ္က်ေစတဲ့ ဓာတ္ကို ပီယလို႔ ေခၚပါတယ္။

အမ်ိဳးသားမ်ား အဖို႔လည္း ရန္ကင္းၿပီး၊ အေႏွာင့္အယွက္ ကင္းၿပီး မိန္းကေလးေတြ စိတ္ဝင္စားခံရၿပီး အႀကီးအကဲ ဆရာသမားပင္ ႏွစ္သက္ ခံရတဲ့ မ်က္ႏွာပြင့္ျခင္းကို ပီယ ေခၚပါတယ္။

မ်က္ႏွာပြင့္ ပီယ ေကာင္းေအာင္ ဒီလိုလုပ္ပါ။

တနဂၤေႏြေန႔— အိမ္က ထြက္ရင္ ဦးေခါင္းထိပ္မွာ (အ) အကၡရာကို လက္ညႇိဳးနဲ႔ တို႔ထိေရးၿပီး ထြက္ပါ။ တစ္ေန႔တာ စိတ္ခ်မ္းသာေစရမယ္။

တနလၤာေန႔— ဆိုရင္ေတာ့ လက္ညႇိဳးျဖင့္ နဖူးမွာ (က) အကၡ ရာကို ေရးၿပီး အိမ္က ထြက္ပါ။ တစ္ေန႔လံုး ထူးျခားစြာ အဆင္ေျပ ပါလိမ့္မယ္။

အဂၤါေန႔မွာ— အိမ္ကအထြက္ မ်က္လံုး မ်က္ခံုးေပၚမွာ (ဆ) အကၡရာ ေရးၿပီး အိမ္က ထြက္ပါ။ အားလံုး အဆင္ေျပ၊ ခရီးလမ္းပန္း ေခ်ာေမြ႕၊ တစ္ေန႔တာ အဆင္ေျပမည္။

ဗုဒၶဟူးေန႔— အိမ္မွအထြက္ လက္ညႇိဳးေလးနဲ႔ လွ်ာေပၚမွာ (ရ) အကၡရာကို ေရးၿပီးထြက္၊ ထူးျခားစြာ အဆင္ ေျပသြားပါလိမ့္မည္။

ၾကာသပေတးေန႔မွာ— အိမ္က ထြက္ခါနီး လက္ညႇိဳးနဲ႔ ညႇပ္႐ိုးမွာ (ပ) အကၡရာ ေရးၿပီး ထြက္ပါ။ အဲ့ဒီေန႔ ကိစၥအားလံုး ေခ်ာေမြ႕ပါလိမ့္မယ္။

ေသာၾကာေန႔မွာ— အိမ္ကအထြက္ ရင္ညြန္႔မွာ (သ) အကၡရာ ေရးၿပီး ထြက္ေပါ့။ ဟန္က်သြားလိမ့္မယ္။

စေနေန႔တြင္— ခ်က္မွာ (တ) အကၡရာေရးၿပီး လိုရာခရီး ထြက္။ သြားေလရာ အကူအညီ ေပးသူေပၚ၊ ရန္ေဘး အႏၱရာယ္ ကင္းပါလိမ့္မယ္။

သတိထားရမွာက – အကၡရာေတြကို ေရးတဲ့အခါ ပီသမွန္ကန္ေအာင္ ေရးပါ။ လက္ညႇိဳးထိပ္ဖ်ားနဲ႔ ခပ္ဖြဖြ တို႔ထိၿပီး ေရးပါ။ ေယာက်ာ္းေလးဆို ညာလက္ညႇိဳး သံုးပါ။ မိန္းကေလးဆို ဘယ္လက္ညႇိဳး သံုးပါ။

လက္ေတြ႔ သံုးၾကေပေတာ့။အလွက်က္သေရ လည္းရွိ၊ သြားလာေလရာ ပီယ ရွိေနမွေတာ့ ဘာလိုေသးလဲ။

ဥာဏ္ရွိသလို ခ်ဲ႕သံုးပါ။ အင္တာဗ်ဴးေတြ၊ အလုပ္ကိစၥေတြ၊ စာေမးပြဲ ေျဖတဲ့အခါ ေတြကအစ ႏွစ္ဦးေတြ႕ၾကရင္ အဆံုး အဆင္ေျပေအာင္ လက္ ေတြ႕သံုးစြဲ ၾကည့္ၾကေပါ့။ အေရာင္းအဝယ္ သမားေတြလည္း ေဈးေခၚ ေဈးေျပာ ေကာင္းတယ္။ သံုးၾကည့္ပါ။

➰ မိမိမိတ္ေဆြေတြ အားလုံး ဖတ္လို႔ရေအာင္ share သြားေပးေနာ္ ➰

ဖိုးသူေတာ္ (www.phothutaw.com)
Credit: sayar sanzarmanibo

# Unicode Version ျဖင့္ ဖတ္ပါ #

လူတိုင်း နေ့စဉ် မျက်နှာပွင့်အောင် လုပ်လို့ ရပါတယ် ➰

လူချစ် လူခင်ပေါပြီး သွားလေရာ ရောက်လေရာမှာ ရန် အနှောင့်အယှက် ကင်းကင်းနဲ့ အားလုံး အဆင်ပြေပြေ ဖြစ်အောင် ကူညီသူပေါ၊ ကရုဏာ ထားသူများ၊ မေတ္တာထားသူများ ပေါများတဲ့ ဓာတ် သဘာဝကို ပီယဓာတ် ဟု ခေါ်ပါတယ်။ ပီယဓာတ်နဲ့ နေ့တိုင်း မျက်နှာပွင့်စေအောင် ဆောင်ရွက်နိုင်တဲ့ မြန်မာ့ရိုးရာ နည်းပညာတစ်ခု တင်ပြပါမယ်။

အိမ်က အပြင်ထွက်ရင် သွားလေရာ လမ်း တစ်လျှောက် အနှောင့်အယှက် ပေးတဲ့လူလည်း ကင်းဝေးချင်တယ်။ သူတစ်ပါး သဘောကျလောက် အောင်လည်း စတိုင် ထုတ်ချင်တယ်။ ဒီလို အနေအထားမျိုး မိန်းကလေးတိုင်း လိုလားတယ်။ ဒီနေရာ မှာ ပီယဓာတ်က သိပ်အရေးကြီးတယ်။

လိုက်နှောင့်ယှက်တာမျိုး၊ ဣနြေ္ဒပျက် လောက်အောင်  ပြုမူတာတွေ၊ အရှက်ကွဲအောင် ရိုင်းရိုင်း စိုင်းစိုင်း ပြော ဆို ဒုက္ခပေး စော်ကားမော်ကား ပြောဆို နောက်ပြောင်တာမျိုး ဘယ် မိန်းကလေးမှ မလိုလားတာ အမှန်ပဲ။

နောက်ပြောင်သူ အနှောင့်အယှက် ကင်းစေ၊ ချစ်ခင် သနားစိတ်နဲ့ ရိုင်းရိုင်းပင်းပင်း ကူညီပြီး ပြုံးပြတာနဲ့ တစ်ဖက်လူ ကိုယ့်ကို ကူညီလို စိတ်ညွှတ်ကျစေတဲ့ ဓာတ်ကို ပီယလို့ ခေါ်ပါတယ်။

အမျိုးသားများ အဖို့လည်း ရန်ကင်းပြီး၊ အနှောင့်အယှက် ကင်းပြီး မိန်းကလေးတွေ စိတ်ဝင်စားခံရပြီး အကြီးအကဲ ဆရာသမားပင် နှစ်သက် ခံရတဲ့ မျက်နှာပွင့်ခြင်းကို ပီယ ခေါ်ပါတယ်။

မျက်နှာပွင့် ပီယ ကောင်းအောင် ဒီလိုလုပ်ပါ။

တနင်္ဂနွေနေ့— အိမ်က ထွက်ရင် ဦးခေါင်းထိပ်မှာ (အ) အက္ခရာကို လက်ညှိုးနဲ့ တို့ထိရေးပြီး ထွက်ပါ။ တစ်နေ့တာ စိတ်ချမ်းသာစေရမယ်။

တနင်္လာနေ့— ဆိုရင်တော့ လက်ညှိုးဖြင့် နဖူးမှာ (က) အက္ခ ရာကို ရေးပြီး အိမ်က ထွက်ပါ။ တစ်နေ့လုံး ထူးခြားစွာ အဆင်ပြေ ပါလိမ့်မယ်။

အင်္ဂါနေ့မှာ— အိမ်ကအထွက် မျက်လုံး မျက်ခုံးပေါ်မှာ (ဆ) အက္ခရာ ရေးပြီး အိမ်က ထွက်ပါ။ အားလုံး အဆင်ပြေ၊ ခရီးလမ်းပန်း ချောမွေ့၊ တစ်နေ့တာ အဆင်ပြေမည်။

ဗုဒ္ဓဟူးနေ့— အိမ်မှအထွက် လက်ညှိုးလေးနဲ့ လျှာပေါ်မှာ (ရ) အက္ခရာကို ရေးပြီးထွက်၊ ထူးခြားစွာ အဆင် ပြေသွားပါလိမ့်မည်။

ကြာသပတေးနေ့မှာ— အိမ်က ထွက်ခါနီး လက်ညှိုးနဲ့ ညှပ်ရိုးမှာ (ပ) အက္ခရာ ရေးပြီး ထွက်ပါ။ အဲ့ဒီနေ့ ကိစ္စအားလုံး ချောမွေ့ပါလိမ့်မယ်။

သောကြာနေ့မှာ— အိမ်ကအထွက် ရင်ညွန့်မှာ (သ) အက္ခရာ ရေးပြီး ထွက်ပေါ့။ ဟန်ကျသွားလိမ့်မယ်။

စနေနေ့တွင်— ချက်မှာ (တ) အက္ခရာရေးပြီး လိုရာခရီး ထွက်။ သွားလေရာ အကူအညီ ပေးသူပေါ်၊ ရန်ဘေး အန္တရာယ် ကင်းပါလိမ့်မယ်။

သတိထားရမှာက – အက္ခရာတွေကို ရေးတဲ့အခါ ပီသမှန်ကန်အောင် ရေးပါ။ လက်ညှိုးထိပ်ဖျားနဲ့ ခပ်ဖွဖွ တို့ထိပြီး ရေးပါ။ ယောကျာ်းလေးဆို ညာလက်ညှိုး သုံးပါ။ မိန်းကလေးဆို ဘယ်လက်ညှိုး သုံးပါ။

လက်တွေ့ သုံးကြပေတော့။အလှကျက်သရေ လည်းရှိ၊ သွားလာလေရာ ပီယ ရှိနေမှတော့ ဘာလိုသေးလဲ။

ဉာဏ်ရှိသလို ချဲ့သုံးပါ။ အင်တာဗျူးတွေ၊ အလုပ်ကိစ္စတွေ၊ စာမေးပွဲ ဖြေတဲ့အခါ တွေကအစ နှစ်ဦးတွေ့ကြရင် အဆုံး အဆင်ပြေအောင် လက် တွေ့သုံးစွဲ ကြည့်ကြပေါ့။ အရောင်းအဝယ် သမားတွေလည်း ဈေးခေါ် ဈေးပြော ကောင်းတယ်။ သုံးကြည့်ပါ။

➰ မိမိမိတ်ဆွေတွေ အားလုံး ဖတ်လို့ရအောင် share သွားပေးနော် ➰

ဖိုးသူတော် (www.phothutaw.com)
Credit: sayar sanzarmanibo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top