Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ပုဇြန္ခ်ဥ္လုပ္ဖို႔အတြက္ အခြံပါးၿပီး ခ်ိဳတဲ့ white prawn ကို ၀ယ္ပါတယ္။ က်မကေတာ့ ပုဇြန္ေခါင္းကို အကုန္မျဖဳတ္ပစ္ပဲ ေခါင္းထိပ္က အခၽြန္ေတြ အမွ်င္ေတြကို ကတ္ေက်းနဲ႔ ညႇပ္ပစ္လိုက္ပါတယ္။ ပုဇြန္ေတြ အားလံုး ေခါင္းထိပ္ ညႇပ္ပီးသြားရင္ ခဏေလာက္ ေရစစ္ထားလိုက္ပါတယ္။

ပုဇြန္ တစ္ကီလို (၆၀ သားေလာက္) ကို ဆန္တစ္ဗူးစာ ခ်က္ထားတဲ့ ထမင္းနဲ႔ ဆား စတီးဇြန္း ၂ ဇြန္းခြဲေလာက္နဲ႔ ေရာနယ္တာပါပဲ။ နယ္ရင္းနဲ႔ ပုဇြန္ေခါင္းထဲက ပုဇြန္ဆီေတြနဲ႔ ထမင္းနဲ႔ ထိေတြ႔သြားတဲ့အနံ႔ေလးက ေတာ္ေတာ္ ေမႊးတာပါ။ ပုဇြန္လဲ မေက်ရေအာင္ ဆုပ္ ဆုပ္ၿပီး နယ္ပါတယ္။ နယ္ၿပီးသြားရင္ သိပ္မယ့္အိုးထဲ ခပ္သိပ္သိပ္ေလး ထည့္။ က်မကေတာ့ ရွိတဲ့ ပလတ္စတစ္ပုလင္းထဲ ထည့္ပါတယ္။ ထည့္ၿပီးၿပီဆိုရင္ ကၽြတ္ကၽြတ္အိတ္အသန္႔ေတြကို အေပၚကေန ထိုးသိပ္ထည့္လိုက္တာပါပဲ။

ေနာက္ ကၽြတ္ကၽြတ္အိတ္ေတြအေပၚကေန ပုလင္းအ၀နားမွာ တခါသံုး ၀ါးတူကို ခ်ိဳးထည့္ၿပီး ဂုပ္ႏွိပ္လိုက္တာပါ။ ေနာက္ေန႔ေလာက္ဆိုရင္ နယ္ထားတဲ့ ထမင္းနဲ႔ ပုဇြန္ေတြကေန အရည္ေလးေတြ စထြက္လာပါမယ္။ အဲဒီအခ်ိန္ေလာက္က်ရင္ ပုလင္းကို ေအာက္ကေန စကာေလး ဇလံုေလးခံၿပီး ေမွာက္ထားလိုက္တာပါပဲ။

အရည္ေတြက တစိမ့္စိမ့္ က်ေနေပမယ့္ ကၽြတ္ကၽြတ္အိတ္ေတြ ခံထားၿပီး ၀ါးတူနဲ႔လဲ ပိတ္ထားတာမို႔ နယ္ထားတာေတြ မထြက္က်ပါဘူး။ ၂ ရက္ေလာက္ဆို စ ခ်ဥ္ပါၿပီ။ အျပင္မွာ ၃ ရက္နဲ႔အထက္ ရက္ၾကာၾကာ ထားမိရင္ အခ်ဥ္စူးၿပီး အနံ႔ကလဲ ကေစာ္နံ႔ ေပါက္တတ္ပါတယ္။ က်မကေတာ့ ၂ ရက္ေလာက္ စခ်ဥ္ၿပီဆိုတာနဲ႔ ေရခဲေသတၱာထဲ (ေရခဲခန္း မဟုတ္) ထည့္ထားလိုက္ပါတယ္။ အေအးဓာတ္နဲ႔ အခ်ဥ္ကို ထိန္းထားေတာ့ ရက္ၾကာလဲ ကြာလတီ မေျပာင္းပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ပုဇွန်ချဉ်လုပ်ဖို့အတွက် အခွံပါးပြီး ချိုတဲ့ white prawn ကို ဝယ်ပါတယ်။ ကျမကတော့ ပုဇွန်ခေါင်းကို အကုန်မဖြုတ်ပစ်ပဲ ခေါင်းထိပ်က အချွန်တွေ အမျှင်တွေကို ကတ်ကျေးနဲ့ ညှပ်ပစ်လိုက်ပါတယ်။ ပုဇွန်တွေ အားလုံး ခေါင်းထိပ် ညှပ်ပီးသွားရင် ခဏလောက် ရေစစ်ထားလိုက်ပါတယ်။

ပုဇွန် တစ်ကီလို (၆၀ သားလောက်) ကို ဆန်တစ်ဗူးစာ ချက်ထားတဲ့ ထမင်းနဲ့ ဆား စတီးဇွန်း ၂ ဇွန်းခွဲလောက်နဲ့ ရောနယ်တာပါပဲ။ နယ်ရင်းနဲ့ ပုဇွန်ခေါင်းထဲက ပုဇွန်ဆီတွေနဲ့ ထမင်းနဲ့ ထိတွေ့သွားတဲ့အနံ့လေးက တော်တော် မွှေးတာပါ။ ပုဇွန်လဲ မကျေရအောင် ဆုပ် ဆုပ်ပြီး နယ်ပါတယ်။ နယ်ပြီးသွားရင် သိပ်မယ့်အိုးထဲ ခပ်သိပ်သိပ်လေး ထည့်။ ကျမကတော့ ရှိတဲ့ ပလတ်စတစ်ပုလင်းထဲ ထည့်ပါတယ်။ ထည့်ပြီးပြီဆိုရင် ကျွတ်ကျွတ်အိတ်အသန့်တွေကို အပေါ်ကနေ ထိုးသိပ်ထည့်လိုက်တာပါပဲ။

နောက် ကျွတ်ကျွတ်အိတ်တွေအပေါ်ကနေ ပုလင်းအဝနားမှာ တခါသုံး ဝါးတူကို ချိုးထည့်ပြီး ဂုပ်နှိပ်လိုက်တာပါ။ နောက်နေ့လောက်ဆိုရင် နယ်ထားတဲ့ ထမင်းနဲ့ ပုဇွန်တွေကနေ အရည်လေးတွေ စထွက်လာပါမယ်။ အဲဒီအချိန်လောက်ကျရင် ပုလင်းကို အောက်ကနေ စကာလေး ဇလုံလေးခံပြီး မှောက်ထားလိုက်တာပါပဲ။

အရည်တွေက တစိမ့်စိမ့် ကျနေပေမယ့် ကျွတ်ကျွတ်အိတ်တွေ ခံထားပြီး ဝါးတူနဲ့လဲ ပိတ်ထားတာမို့ နယ်ထားတာတွေ မထွက်ကျပါဘူး။ ၂ ရက်လောက်ဆို စ ချဉ်ပါပြီ။ အပြင်မှာ ၃ ရက်နဲ့အထက် ရက်ကြာကြာ ထားမိရင် အချဉ်စူးပြီး အနံ့ကလဲ ကစော်နံ့ ပေါက်တတ်ပါတယ်။ ကျမကတော့ ၂ ရက်လောက် စချဉ်ပြီဆိုတာနဲ့ ရေခဲသေတ္တာထဲ (ရေခဲခန်း မဟုတ်) ထည့်ထားလိုက်ပါတယ်။ အအေးဓာတ်နဲ့ အချဉ်ကို ထိန်းထားတော့ ရက်ကြာလဲ ကွာလတီ မပြောင်းပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top