ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕တြင္ ႏိုဝင္ဘာ ၅ ညဥ္​့ ၁ နာရီ ၄၅ ခန္႔တြင္ ေက်ာက္ျဖဴၿမိဳ႕နယ္​၊ ျမစ္နားတမ္းတြင္ မီး ေလာင္ကြ်မ္းမႈ ျဖစ္​ပြားခဲ့ၿပီး အ​ေဆာက္​အဦး ၂၇လံုး မီး​ေလာင္​ကြၽမ္​းခဲ့​ေၾကာင္းသိရသည္။

`ဒီေန႔ညည့္ ၁ နာရီခြဲကေန မီးေလာင္ကြ်မ္းတာပါ ျမစ္နားဖက္က ပုဇြန္ဒိုင္တစ္ခုမွာ ထမင္းခ်က္စားရာကစေလာင္တာလို႔စစ္ေဆးလို႔သိရတယ္ မီးကေတာ့ၿငိမ္းသြားပါၿပီ´ဟု​ေက်ာက္​ျဖဴၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမွရခိုင္ေဂဇက္သို႔ေျပာသည္။


အဆိုပါမီးေလာင္ကြၽန္​းမႈမွာ ပုဇြန္ဒိုင္တစ္ခုမွ ထမင္းခ်က္စားရာမီးဖိုမွစေလာင္ကြ်မ္းျခင္းျဖစ္ကာ ေလာင္ကြ်မ္းမႈအတြင္း အိမ္ ၁၆ ေဆာင္ႏွင့္ ပုဇြန္/ငါး၊ ဂဏန္းဒိုင္ ၁၁ ဒိုင္ စုစုေပါင္း ၂၇ ေဆာင္တို႔ေလာင္ကြ်မ္းခဲ့ျခင္းျဖစ္ကာ ဆံုးရႈံးမႈ ကာလတန္ဖိုး သိန္း ၁၄၀ခန္႔ဆံုးရႈံးခဲ့ေၾကာင္း သိရသည္။

``မီးသတ္ကားသြားလာရတာေတြကအဆင္မေျပေတာ့ မီးၿငိမ္းဖို႔ခက္ခဲတယ္​၊အဲ့အတြက္ အခ်ိန္ၾကာာသြားတယ္ခုေတာအားလံုးၿငိမ္းပါၿပီ"ဟုၿမိဳ႕နယ္​အုပ္ခ်ဳပ္ေရးမႉးမွဆိုသည္။

မီးေလာင္ရာေနရာတြင္ မီးသတ္ကား (၆)စီးႏွင့္ ၿငိမ္းသတ္ခဲ့ရျပီး မီးသတ္ကား ဝင္ထြက္ရန္ အခက္အခဲ႐ွိ၍ နံနက္ ၃ နာရီေက်ာ္မွ မီးၿငိမ္းသတ္ႏိုင္ခဲ့ၿပီး လူအေသအေပ်ာက္ အနာတရရရွိခဲ့ျခင္းမရွိေသာ္လည္း ဆံုးရံုးမႈမ်ားစြာရွိေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် နိုဝင်ဘာ ၅ ညဉ့် ၁ နာရီ ၄၅ ခန့်တွင် ကျောက်ဖြူမြို့နယ်၊ မြစ်နားတမ်းတွင် မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အဆောက်အဦး ၂၇လုံး မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

`ဒီနေ့ညည့် ၁ နာရီခွဲကနေ မီးလောင်ကျွမ်းတာပါ မြစ်နားဖက်က ပုဇွန်ဒိုင်တစ်ခုမှာ ထမင်းချက်စားရာကစလောင်တာလို့စစ်ဆေးလို့သိရတယ် မီးကတော့ငြိမ်းသွားပါပြီ´ဟုကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးမှရခိုင်ဂေဇက်သို့ပြောသည်။

အဆိုပါမီးလောင်ကျွန်းမှုမှာ ပုဇွန်ဒိုင်တစ်ခုမှ ထမင်းချက်စားရာမီးဖိုမှစလောင်ကျွမ်းခြင်းဖြစ်ကာ လောင်ကျွမ်းမှုအတွင်း အိမ် ၁၆ ဆောင်နှင့် ပုဇွန်/ငါး၊ ဂဏန်းဒိုင် ၁၁ ဒိုင် စုစုပေါင်း ၂၇ ဆောင်တို့လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ဆုံးရှုံးမှု ကာလတန်ဖိုး သိန်း ၁၄၀ခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

``မီးသတ်ကားသွားလာရတာတွေကအဆင်မပြေတော့ မီးငြိမ်းဖို့ခက်ခဲတယ်၊အဲ့အတွက် အချိန်ကြာာသွားတယ်ခုတောအားလုံးငြိမ်းပါပြီ"ဟုမြို့နယ်အုပ်ချုပ်ရေးမှူးမှဆိုသည်။

မီးလောင်ရာနေရာတွင် မီးသတ်ကား (၆)စီးနှင့် ငြိမ်းသတ်ခဲ့ရပြီး မီးသတ်ကား ဝင်ထွက်ရန် အခက်အခဲရှိ၍ နံနက် ၃ နာရီကျော်မှ မီးငြိမ်းသတ်နိုင်ခဲ့ပြီး လူအသေအပျောက် အနာတရရရှိခဲ့ခြင်းမရှိသော်လည်း ဆုံးရုံးမှုများစွာရှိကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top