ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တစ္ေန႔ ကိစၥေလးေပၚလာလို႔
ၿမိဳ႕ထဲကို ကားေလနဲ႔ ထြက္လာခဲ့တယ္။(ကားဆိုၿပီး အထင္မႀကီးနဲ႔ ေနာ္ ဆိုကၠာ္းေျပာတာ)

စီးလာၿပီး ေမာ္လၿမိဳင္လမ္းဆံုေရာက္ေတာ့ ကားႏွစ္စီး ေခါင္းခ်င္းဆိုင္ၿပီး တိုက္တာဗ်။
ကားတစ္စီးလံုး ေၾကမႊေနၿပီး
ကားက တစ္စီးက မာစီတီး ၊ တစ္စီးက ဖင္ေကာက္၊
ႏွစ္စီးလံုး ရစရာကို မရိွဘူးဗ်ာ။
အထဲက ကားေမာင္းသမား ႏွစ္ေယာက္လံုး ပြဲခ်င္းၿပီးလားေတာ့ မသိဘူး။
အသက္မ႐ႈေတာ့ဘူးဗ်။
သိပ္မၾကာပါဘူး။ေဆး႐ံုကားေတြ ရဲေတြ ေျခ႐ႈပ္ကုန္တယ္။
ေသသူမ်က္ႏွာဗ်ာ ၾကည့္မေကာင္းဘူး ေသြေတြ ျပည့္ေနတာပဲ ၾကည့္လို႔ေတာင္မရဲဘူး။ညပိုင္း အိမ္ျပန္ေရာက္ ေတာ့ ေရမိုးခ်ဳိး အဝတ္လဲ ၊ ထမင္းစားၿပီး အိပ္ယာဝင္ေတာ့ အဲ့မ်က္ႏွာပဲ ျမင္ေနေတာ့တာပဲ ။အိပ္လို႔ကို မေပ်ာ္ဘူးဗ်ာ။ ႐ုတ္တရက္ အၾကည့္က ျပတင္းေပါက္ဆီေရာက္သြားတယ္။ ျပတင္းေပါက္က ပိတ္ရက္ကေန တျဖည္းျဖည္း ကြၽီ ကနဲ ပြင့္သြားတယ္။ကိုယ့္မ်က္လံုးကို ကိုယ္ပြတ္ၿပီးေသခ်ာၾကည့္ေတာ့ ျပတင္းေပါက္ ကပိတ္ရက္ေလး။ ဟင္း ကနဲ သက္ျပင္း ခ်ၿပီး ျပန္အိပ္မယ္အလုပ္ ကြၽီကနဲ ျပန္ပြင့္သြားတယ္။ ဒီတခါ ေတာ့ တစ္ကယ္ပဲဗ်။ လန္႔သြားၿပီး ငုတ္တုတ္ထထိုင္လိုက္တယ္။အိပ္မက္မ်ားလားလို႔ ကိုယ့္အသား ကိုယ္ ျပန္ဆိတ္ၾကည့္တာ နာတယ္ဗ်။
"ဟင္ တစ္ကယ္ ႀကီးလား"
ၾကည့္ေနရင္း လေရာင္မႈန္ျပျပ ေအာက္မွာ အရိပ္ႀကီး ႏွစ္ခု၊ ျပတင္းေပါက္နား ကပ္လာတယ္။ တစ္ေျဖးေျဖး နဲ႔ လူရိပ္က ျပတင္းေပါက္နဲ႔ နီးလာၿပီး လူပံုေပၚလာတယ္။
" ဟင္ " ကနဲ ကုတင္ေပၚကေန ေနာက္ျပန္ လန္က်သြားတယ္။
လူရိပ္ႏွစ္ခုက လက္ႀကီးတန္းၿပီး အနားကပ္လာတယ္။ပါးစပ္ကလဲ
"မင္းက ငါတို႔ ႏွစ္ေယာက္ကိုေတြ႕ထားတဲ့သူဆိုေတာ့ ငါတို႔နဲ႔ တစ္ခါတည္း လိုက္ခဲ့ " ဆိုၿပီး အနားကပ္လာၾကတယ္။
က်ေနာ္လည္း လက္ႀကီးကာၿပီး "မလာနဲ႔ မလာနဲ႔ မလာနဲ႔ "
" အား "
လို႔ လန္႔ၿပီးေအာ္ေနတာ။
" ဟဲ့ သား ဘာေတြ ျဖစ္လို႔ ဒီေလာက္ေတာင္ေအာ္ေနရတာလဲ "
"ဟင္ ေမေမ သားအိပ္မက္ဆိုးေတြမက္ေနတာ "
" အင္း....ျဖစ္ရမယ္၊ လာလာ ဘုရားေသာက္ေတာ္ေရ စြန္႔ၿပီးနည္းနည္း ေသာက္လိုက္၊
ၿပီးရင္ ဘုရားရိွခိုးၿပီး ျပန္အိပ္လိုက္ "
" ဟုတ္ကဲ့ ေမေမ "
ဆိုၿပီး ဘုရားခန္းထဲဝင္ ဘုရားရိွခိုးၿပီး အခန္းထဲကို ျပန္လာခဲ့တယ္။ၿပီးေတာ့ တန္းမအိပ္ပဲ အိပ္မက္အေၾကာင္းထိုင္ေရးၿပီး၊
ျပန္အိပ္လိုက္ပါေတာ့တယ္။

အားလံုး ေပ်ာ္စရာေန႔ေလး ျဖစ္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: #သရဲေလး...sky#
#Unicode Version#
 တစ်နေ့ ကိစ္စလေးပေါ်လာလို့
မြို့ထဲကို ကားလေနဲ့ ထွက်လာခဲ့တယ်။(ကားဆိုပြီး အထင်မကြီးနဲ့ နော် ဆိုက္ကာ်းပြောတာ)

စီးလာပြီး မော်လမြိုင်လမ်းဆုံရောက်တော့ ကားနှစ်စီး ခေါင်းချင်းဆိုင်ပြီး တိုက်တာဗျ။
ကားတစ်စီးလုံး ကြေမွှနေပြီး
ကားက တစ်စီးက မာစီတီး ၊ တစ်စီးက ဖင်ကောက်၊
နှစ်စီးလုံး ရစရာကို မရှိဘူးဗျာ။
အထဲက ကားမောင်းသမား နှစ်ယောက်လုံး ပွဲချင်းပြီးလားတော့ မသိဘူး။
အသက်မရှုတော့ဘူးဗျ။
သိပ်မကြာပါဘူး။ဆေးရုံကားတွေ ရဲတွေ ခြေရှုပ်ကုန်တယ်။
သေသူမျက်နှာဗျာ ကြည့်မကောင်းဘူး သွေတွေ ပြည့်နေတာပဲ ကြည့်လို့တောင်မရဲဘူး။ညပိုင်း အိမ်ပြန်ရောက် တော့ ရေမိုးချိုး အဝတ်လဲ ၊ ထမင်းစားပြီး အိပ်ယာဝင်တော့ အဲ့မျက်နှာပဲ မြင်နေတော့တာပဲ ။အိပ်လို့ကို မပျော်ဘူးဗျာ။ ရုတ်တရက် အကြည့်က ပြတင်းပေါက်ဆီရောက်သွားတယ်။ ပြတင်းပေါက်က ပိတ်ရက်ကနေ တဖြည်းဖြည်း ကျွီ ကနဲ ပွင့်သွားတယ်။ကိုယ့်မျက်လုံးကို ကိုယ်ပွတ်ပြီးသေချာကြည့်တော့ ပြတင်းပေါက် ကပိတ်ရက်လေး။ ဟင်း ကနဲ သက်ပြင်း ချပြီး ပြန်အိပ်မယ်အလုပ် ကျွီကနဲ ပြန်ပွင့်သွားတယ်။ ဒီတခါ တော့ တစ်ကယ်ပဲဗျ။ လန့်သွားပြီး ငုတ်တုတ်ထထိုင်လိုက်တယ်။အိပ်မက်များလားလို့ ကိုယ့်အသား ကိုယ် ပြန်ဆိတ်ကြည့်တာ နာတယ်ဗျ။
"ဟင် တစ်ကယ် ကြီးလား"
ကြည့်နေရင်း လရောင်မှုန်ပြပြ အောက်မှာ အရိပ်ကြီး နှစ်ခု၊ ပြတင်းပေါက်နား ကပ်လာတယ်။ တစ်ဖြေးဖြေး နဲ့ လူရိပ်က ပြတင်းပေါက်နဲ့ နီးလာပြီး လူပုံပေါ်လာတယ်။
" ဟင် " ကနဲ ကုတင်ပေါ်ကနေ နောက်ပြန် လန်ကျသွားတယ်။
လူရိပ်နှစ်ခုက လက်ကြီးတန်းပြီး အနားကပ်လာတယ်။ပါးစပ်ကလဲ
"မင်းက ငါတို့ နှစ်ယောက်ကိုတွေ့ထားတဲ့သူဆိုတော့ ငါတို့နဲ့ တစ်ခါတည်း လိုက်ခဲ့ " ဆိုပြီး အနားကပ်လာကြတယ်။
ကျနော်လည်း လက်ကြီးကာပြီး "မလာနဲ့ မလာနဲ့ မလာနဲ့ "
" အား "
လို့ လန့်ပြီးအော်နေတာ။
" ဟဲ့ သား ဘာတွေ ဖြစ်လို့ ဒီလောက်တောင်အော်နေရတာလဲ "
"ဟင် မေမေ သားအိပ်မက်ဆိုးတွေမက်နေတာ "
" အင်း....ဖြစ်ရမယ်၊ လာလာ ဘုရားသောက်တော်ရေ စွန့်ပြီးနည်းနည်း သောက်လိုက်၊
ပြီးရင် ဘုရားရှိခိုးပြီး ပြန်အိပ်လိုက် "
" ဟုတ်ကဲ့ မေမေ "
ဆိုပြီး ဘုရားခန်းထဲဝင် ဘုရားရှိခိုးပြီး အခန်းထဲကို ပြန်လာခဲ့တယ်။ပြီးတော့ တန်းမအိပ်ပဲ အိပ်မက်အကြောင်းထိုင်ရေးပြီး၊
ပြန်အိပ်လိုက်ပါတော့တယ်။

အားလုံး ပျော်စရာနေ့လေး ဖြစ်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: #သရဲလေး...sky#
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top