Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
ကွန်ဒုံး
Credit: Duwun
#Unicode Version#
condom လည်း ဆောင်သွား.... အသုံးတည့်တယ်
ခရီးသွားခြင်းက စိတ်ကိုရော လူကိုပါ လန်းဆန်းစေတယ်လေ။ ကောင်းကျိုးတွေလည်း အများကြီးဖြစ်စေတယ်။ လူရှုပ်တဲ့နေရာတွေကို ခရီးသွားရတာမကြိုက်လို့ တောင်တက်ရတာ၊ တောတွင်းခရီးသွားရတာ ကြိုက်တယ်ဆိုရင်တော့ အရေးကြုံလာရင် အသုံးတည့်မယ့် နည်းတွေကို မျှဝေလိုက်ပါတယ်။
မြောက်အရပ်ကိုရှာဖွေနည်း
သစ်ချောင်းတစ်ခုကို မြေကြီးပေါ် ချထားပြီး အရိပ်ရဲ့အလျားကို အမှတ်အသားလုပ်ထားပါ။ ၁၅ မိနစ်ကြာတဲ့အခါ အရိပ်ရဲ့အလျားကို ထပ်တိုင်းပြီးမှတ်ပါ။ အမှတ်နှစ်ခုရဲ့ကြားမှာ မျဉ်းတစ်ကြောင်းဆွဲ။ ဒီမျဉ်းကြောင်းဟာ အကြမ်းအားဖြင့် အရှေ့-အနောက်မျဉ်းဖြစ်ပါတယ်။ ဒုတိယအမှတ်က အရှေ့ဘက်ဆုံးပိုင်းဖြစ်ပါလိမ့်မယ်။ အနောက်ဘက်ကိုပြတဲ့ အမှတ် (ပထမအမှတ်)ကို လက်ဝဲဘက်မှာထားရင် လက်ယာဘက်က မြောက်ဘက်ပေါ့။
အစားအစာတွေကို တောကောင်တွေ လာမလုအောင်
စားစရာတွေကို လေလုံအောင် ဘူးထဲထည့်ပြီး သစ်ပင်မှာ တွဲလောင်းချထားပါ။ သစ်ပင်အမြင့်က အနည်းဆုံး ပေ ၁၀၀ လောက်တော့ ရှိပါစေ။ ကြိုးတစ်ဖက်မှာ အစားအစာဘူးကိုထည်း နောက်ကြိုးစားမှာ ကျောက်တုံးကိုချည်ထားပေါ့။ စားပြီးသွားရင် ဘူးကို အမြင့်မှာပြန်ထား၊ စားချင်ရင် ကျောက်တုံးကနေ ကြိုးစကို ဆွဲချရုံပဲ။ တောထဲ တောင်ထဲမှာ အနံ့ထွက်တဲ့ စားစရာတွေကို လက်လွှတ်စပယ် မထားရဘူး။
မှန်ဘီလူးနဲ့ မီးမွှေးနိုင်တယ်
မှန်ဘီလူးဟာ အလင်းရောင်တွေကို ဆုံချက်တစ်ခုတည်းမှာ စုစည်းစေနိုင်တယ်။ သစ်ကိုင်းခြောက်/စက္ကူစ အပေါ်ကနေ မှန်ဘီလူးကို မိုးထားပြီး နေရောင်က မှန်ဘီလူးပေါ် ကျလာတဲ့အခါ အောက်က သစ်ရွက်တွေ မီးတောက်လာပါလိမ့်မယ်။
ကွန်ဒုံး
လိုရမယ်ရ ကွန်ဒုံးလေး နည်းနည်းလောက်လည်း ဆောင်သွားဦး။ သူက လေလုံ ၊ ရေလုံတယ်လေ။ ဖုန်းနဲ့ မီးခြစ်တို့လို ရေထိမခံတဲ့အရာတွေကို ပလတ်စတစ်အိတ်နဲ့လုံအောင်ပတ်ပြီးရင် ကွန်ဒုံးထဲထည့်သိမ်းလို့ရတယ်။ ကွန်ဒုံးမှာပါတဲ့ ချောဆီတွေကိုတော့ သုတ်ပစ်လိုက်ပေါ့။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top