AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

မေတာ္တဆ တစ္ခုခုေၾကာင္႔ အဝတ္အစားေတြ ေပစြန္းရတဲ႔အခါ ဆပ္ျပာနဲ႔ေလွ်ာ္လည္းမေျပာင္၊ အစြန္းခြ်တ္ေဆးနဲ႔ ဖ်က္လည္းမပ်က္နဲ႔ ေတာ္ေတာ္ အာရံုေနာက္ရပါတယ္။

အညစ္အေၾကးေတြ၊ ေပက်ံစရာေတြ မ်ားလြန္းလွတဲ႔ ကမၻာႀကီးမွာ ကြ်န္ေတာ္တို႔ရဲ႕ အဝတ္အစား ျဖဴျဖဴေလးေတြ အခ်ိန္မေရြး ေပက်ံသြားႏိုင္ပါတယ္။ အကယ္၍ မေတာ္တဆ တစ္ခုခုေၾကာင္႔ အဝတ္အစားေတြ ေပစြန္းရတဲ႔အခါ ဆပ္ျပာနဲ႔ေလွ်ာ္လည္းမေျပာင္၊ အစြန္းခြ်တ္ေဆးနဲ႔ ဖ်က္လည္းမပ်က္နဲ႔ ေတာ္ေတာ္ အာရံုေနာက္ရပါတယ္။ ဒီကိစၥကို ေျဖရွင္းဖို႔အတြက္ နည္းလမ္းေလးေတြ ရွိပါတယ္။ အဝတ္အစားေလးေတြ ေပစြန္းေနရင္ ျပန္ဖ်က္ႏိုင္တဲ႔ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ေကာ္ဖီေမွာက္က်မယ္ဆိုရင္...

ေကာ္ဖီတို႔၊ လက္ဖက္ရည္တို႔ေၾကာင္႔ျဖစ္တဲ႔ အစြန္းအထင္းေတြကို ဖယ္ရွားခ်င္ရင္ ေျပာင္းဖူးမႈန္႕နဲ႔ ရွာလကာရည္အၾကည္ကို ေရာလိုက္ပါ။ ၿပီးရင္ ရလာတဲ႔အႏွစ္ကို ေပေနတဲ႔ ေနရာေပၚမွာလိမ္းၿပီး ခဏေလာက္ အေျခာက္လွမ္းထားလိုက္ပါ။ ေျခာက္သြားၿပီဆိုမွ ဓားေလးနဲ႔ အသာေလးျပန္ေကာ္ထုတ္ၿပီး ပံုမွန္အတိုင္း ေရျပန္ေလွ်ာ္ေပးလိုက္ပါ။

၂။ စေတာ္ဘယ္ရီသီးစားရင္း အႏွစ္ေတြေပကုန္ရင္...

စေတာ္ဘယ္ရီသီးတို႔၊ ဘလူးဘယ္ရီသီးတို႔လို ဘယ္ရီသီးႏြယ္ဝင္ေတြကထြက္တဲ႔ အခ်ိဳရည္ေတြဟာ စြန္းထင္းလြယ္ၿပီး ဖ်က္ရခက္ပါတယ္။ ဒီအစြန္းအထင္းေတြကို ဖယ္ရွားဖို႔အတြက္ အရင္ဆံုး ေရေအးနဲ႔ ပြတ္တိုက္လိုက္ပါ။ ၿပီးမွ အေပၚက သံပုရာရည္နဲ႔ ပြတ္ၿပီး (၂) နာရီေလာက္ ဒီတိုင္းထားေပးလိုက္ပါ။ ၿပီးရင္ အထည္ကို အဝတ္ေလွ်ာ္စက္ထဲ ထည္႔ေလွ်ာ္လိုက္ပါ။ ၿပီးရင္ေတာ႔ သြားတိုက္တံေလး တစ္ေခ်ာင္းယူၿပီး ဆပ္ျပာရည္နည္းနည္းနဲ႔ ထပ္ပြတ္လိုက္ပါဦး။ ဒါဆိုရင္ အစြန္းေတြေျပာင္ေလာက္ပါၿပီ။

၃။ အက်ၤီေပၚ ဟင္းေမွာက္က်ရင္...

ဟင္းခ်က္ဆီတို႔၊ ေထာပတ္တို႔ေၾကာင္႔ျဖစ္တဲ႔ အစြန္းအထင္းေတြဟာလည္း ဖယ္ရွားရခက္ပါတယ္။ အက်ၤ ီေပၚမွာ ၾကက္သားဟင္းဖိတ္သြားလို႔ ဆီကြက္ထင္းေနတာကို ေတြးၾကည္႔ပါ။ ဒါကို ဖယ္ရွားဖို႔အတြက္ကေတာ႔ ဆီစြန္းထင္းေနတဲ႔ အဝတ္အစားကို ေရေႏြးပူပူထဲမွာ မိနစ္ (၃၀) ေလာက္ၾကာေအာင္ စိမ္ထားလိုက္ပါ။ ၿပီးရင္ေတာ႔ ဆပ္ျပာမႈန္႕ထည္႔ၿပီး သြားပြတ္တံေလးတစ္ေခ်ာင္းနဲ႔ ပြတ္ေပးလိုက္ပါ။ ၿပီးရင္ ေရေႏြးပူထဲမွာ ခဏျပန္စိမ္ထားၿပီး ပံုမွန္အတိုင္းပဲ ေလွ်ာ္ဖြတ္ေပးလိုက္ပါ။

၄။ ေဖ်ာ္ရည္ေမွာက္က်ရင္...

အေအးဆိုင္ထိုင္ရင္း ေဖ်ာ္ရည္ခြက္ ေမွာက္က်တဲ႔အခါ အက်ၤ ီမွာ အစြန္းအထင္းက်န္ခဲ႔မွာပါပဲ။ ဒီအစြန္းကို ခြ်တ္ဖို႔ဆိုရင္ ဇလံုတစ္လံုးထဲမွာ ပန္းကန္ေဆးဆပ္ျပာရည္ (၁/၂) ခြက္ကို ရွာလကာရည္အၾကည္ (၁/၄) ခြက္နဲ႔ ေရာစပ္ေပးလိုက္ပါ။ သမေအာင္ေမႊၿပီးရင္ ေဖ်ာ္ရည္ေၾကာင္႔ျဖစ္တဲ႔ အစြန္းကြက္ေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ မိနစ္ (၃၀) ေလာက္ ဒီတိုင္းထားၿပီးရင္ သြားတိုက္တံေလးတစ္ေခ်ာင္းနဲ႔ ပြတ္တိုက္ေပးလိုက္ပါဦး။ ၿပီးရင္ေတာ႔ ေရေအးေအးေလးတစ္ခြက္နဲ႔ ျပန္ေဆးခ်ေပးလိုက္ပါ။

၅။ အဝတ္အစားမွာ ပီေကလာကပ္ေနရင္...

အက်ၤ ီမွာ ပီေက (chewing gum) လာကပ္ေနရင္ ေတာ္ေတာ္အာရံုေနာက္ရပါတယ္။ ေျဖရွင္းနည္းကိုမသိခင္ကေတာ႔ အမွ်င္တန္းလန္းႀကီးကိုဆြဲခြာ၊ လက္ကို ျပန္လာကပ္နဲ႔... ေတာ္ေတာ္အာရံုေနာက္ရပါတယ္။ အမွန္ေတာ႔ နည္းသိရင္ လြယ္လြယ္ေလးပါ။ ပီေကကပ္ေနတဲ႔ အဝတ္အစားကို ေရခဲေသတၱာအေအးခန္းထဲ တစ္ညေလာက္ထည္႔ထားလိုက္ပါ။ မနက္မိုးလင္းရင္ ခဲေနတဲ႔ ပီေကေလးကို ဓားနဲ႔ ေကာ္ထုတ္ၿပီး ပံုမွန္အတိုင္း ျပန္လည္ေလွ်ာ္ဖြတ္ေပးႏိုင္ပါၿပီ။

၆။ ခရမ္းခ်ဥ္သီးေဆာ႔စ္ ေပသြားရင္...

ခရမ္းခ်ဥ္သီးေဆာ႔စ္ေၾကာင္႔ျဖစ္တဲ႔ အစြန္းအထင္းေတြကို ဖယ္ရွားဖို႔ အစြန္းအထင္းေပေနတဲ႔အဝတ္အစားကို ရွာလကာရည္ထဲ ထည္႔စိမ္လိုက္ပါ။ ဒါမွမဟုတ္ ေပေနတဲ႔ေနရာကို ရွာလကာရည္နဲ႔ ပြတ္ေပးလိုက္ပါ။ အဲဒီအတိုင္း တစ္နာရီေလာက္ထားၿပီး ပံုမွန္အတိုင္းျပန္ေလွ်ာ္ဖြတ္ေပးလိုက္ရင္ ရပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
မတော်တဆ တစ်ခုခုကြောင့် အဝတ်အစားတွေ ပေစွန်းရတဲ့အခါ ဆပ်ပြာနဲ့လျှော်လည်းမပြောင်၊ အစွန်းချွတ်ဆေးနဲ့ ဖျက်လည်းမပျက်နဲ့ တော်တော် အာရုံနောက်ရပါတယ်။

အညစ်အကြေးတွေ၊ ပေကျံစရာတွေ များလွန်းလှတဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ရဲ့ အဝတ်အစား ဖြူဖြူလေးတွေ အချိန်မရွေး ပေကျံသွားနိုင်ပါတယ်။ အကယ်၍ မတော်တဆ တစ်ခုခုကြောင့် အဝတ်အစားတွေ ပေစွန်းရတဲ့အခါ ဆပ်ပြာနဲ့လျှော်လည်းမပြောင်၊ အစွန်းချွတ်ဆေးနဲ့ ဖျက်လည်းမပျက်နဲ့ တော်တော် အာရုံနောက်ရပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် နည်းလမ်းလေးတွေ ရှိပါတယ်။ အဝတ်အစားလေးတွေ ပေစွန်းနေရင် ပြန်ဖျက်နိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကော်ဖီမှောက်ကျမယ်ဆိုရင်...

ကော်ဖီတို့၊ လက်ဖက်ရည်တို့ကြောင့်ဖြစ်တဲ့ အစွန်းအထင်းတွေကို ဖယ်ရှားချင်ရင် ပြောင်းဖူးမှုန့်နဲ့ ရှာလကာရည်အကြည်ကို ရောလိုက်ပါ။ ပြီးရင် ရလာတဲ့အနှစ်ကို ပေနေတဲ့ နေရာပေါ်မှာလိမ်းပြီး ခဏလောက် အခြောက်လှမ်းထားလိုက်ပါ။ ခြောက်သွားပြီဆိုမှ ဓားလေးနဲ့ အသာလေးပြန်ကော်ထုတ်ပြီး ပုံမှန်အတိုင်း ရေပြန်လျှော်ပေးလိုက်ပါ။

၂။ စတော်ဘယ်ရီသီးစားရင်း အနှစ်တွေပေကုန်ရင်...

စတော်ဘယ်ရီသီးတို့၊ ဘလူးဘယ်ရီသီးတို့လို ဘယ်ရီသီးနွယ်ဝင်တွေကထွက်တဲ့ အချိုရည်တွေဟာ စွန်းထင်းလွယ်ပြီး ဖျက်ရခက်ပါတယ်။ ဒီအစွန်းအထင်းတွေကို ဖယ်ရှားဖို့အတွက် အရင်ဆုံး ရေအေးနဲ့ ပွတ်တိုက်လိုက်ပါ။ ပြီးမှ အပေါ်က သံပုရာရည်နဲ့ ပွတ်ပြီး (၂) နာရီလောက် ဒီတိုင်းထားပေးလိုက်ပါ။ ပြီးရင် အထည်ကို အဝတ်လျှော်စက်ထဲ ထည့်လျှော်လိုက်ပါ။ ပြီးရင်တော့ သွားတိုက်တံလေး တစ်ချောင်းယူပြီး ဆပ်ပြာရည်နည်းနည်းနဲ့ ထပ်ပွတ်လိုက်ပါဦး။ ဒါဆိုရင် အစွန်းတွေပြောင်လောက်ပါပြီ။

၃။ အင်္ကျီပေါ် ဟင်းမှောက်ကျရင်...

ဟင်းချက်ဆီတို့၊ ထောပတ်တို့ကြောင့်ဖြစ်တဲ့ အစွန်းအထင်းတွေဟာလည်း ဖယ်ရှားရခက်ပါတယ်။ အင်္ကျ ီပေါ်မှာ ကြက်သားဟင်းဖိတ်သွားလို့ ဆီကွက်ထင်းနေတာကို တွေးကြည့်ပါ။ ဒါကို ဖယ်ရှားဖို့အတွက်ကတော့ ဆီစွန်းထင်းနေတဲ့ အဝတ်အစားကို ရေနွေးပူပူထဲမှာ မိနစ် (၃၀) လောက်ကြာအောင် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ဆပ်ပြာမှုန့်ထည့်ပြီး သွားပွတ်တံလေးတစ်ချောင်းနဲ့ ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေနွေးပူထဲမှာ ခဏပြန်စိမ်ထားပြီး ပုံမှန်အတိုင်းပဲ လျှော်ဖွတ်ပေးလိုက်ပါ။

၄။ ဖျော်ရည်မှောက်ကျရင်...

အအေးဆိုင်ထိုင်ရင်း ဖျော်ရည်ခွက် မှောက်ကျတဲ့အခါ အင်္ကျ ီမှာ အစွန်းအထင်းကျန်ခဲ့မှာပါပဲ။ ဒီအစွန်းကို ချွတ်ဖို့ဆိုရင် ဇလုံတစ်လုံးထဲမှာ ပန်းကန်ဆေးဆပ်ပြာရည် (၁/၂) ခွက်ကို ရှာလကာရည်အကြည် (၁/၄) ခွက်နဲ့ ရောစပ်ပေးလိုက်ပါ။ သမအောင်မွှေပြီးရင် ဖျော်ရည်ကြောင့်ဖြစ်တဲ့ အစွန်းကွက်ပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် (၃၀) လောက် ဒီတိုင်းထားပြီးရင် သွားတိုက်တံလေးတစ်ချောင်းနဲ့ ပွတ်တိုက်ပေးလိုက်ပါဦး။ ပြီးရင်တော့ ရေအေးအေးလေးတစ်ခွက်နဲ့ ပြန်ဆေးချပေးလိုက်ပါ။

၅။ အဝတ်အစားမှာ ပီကေလာကပ်နေရင်...

အင်္ကျ ီမှာ ပီကေ (chewing gum) လာကပ်နေရင် တော်တော်အာရုံနောက်ရပါတယ်။ ဖြေရှင်းနည်းကိုမသိခင်ကတော့ အမျှင်တန်းလန်းကြီးကိုဆွဲခွာ၊ လက်ကို ပြန်လာကပ်နဲ့... တော်တော်အာရုံနောက်ရပါတယ်။ အမှန်တော့ နည်းသိရင် လွယ်လွယ်လေးပါ။ ပီကေကပ်နေတဲ့ အဝတ်အစားကို ရေခဲသေတ္တာအအေးခန်းထဲ တစ်ညလောက်ထည့်ထားလိုက်ပါ။ မနက်မိုးလင်းရင် ခဲနေတဲ့ ပီကေလေးကို ဓားနဲ့ ကော်ထုတ်ပြီး ပုံမှန်အတိုင်း ပြန်လည်လျှော်ဖွတ်ပေးနိုင်ပါပြီ။

၆။ ခရမ်းချဉ်သီးဆော့စ် ပေသွားရင်...

ခရမ်းချဉ်သီးဆော့စ်ကြောင့်ဖြစ်တဲ့ အစွန်းအထင်းတွေကို ဖယ်ရှားဖို့ အစွန်းအထင်းပေနေတဲ့အဝတ်အစားကို ရှာလကာရည်ထဲ ထည့်စိမ်လိုက်ပါ။ ဒါမှမဟုတ် ပေနေတဲ့နေရာကို ရှာလကာရည်နဲ့ ပွတ်ပေးလိုက်ပါ။ အဲဒီအတိုင်း တစ်နာရီလောက်ထားပြီး ပုံမှန်အတိုင်းပြန်လျှော်ဖွတ်ပေးလိုက်ရင် ရပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top