Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကၽြန္မတို႔အားလံုး တစ္ေန႔ကို သြားအနည္းဆံုး ၂ ႀကိမ္ေလာက္ေတာ့ တိုက္မယ္ထင္ပါတယ္။ သြားက်န္းမာေရးဟာလည္း သိပ္ကိုအေရးပါတာမို႔ သြားက်န္းမာေရးနဲ႔ပတ္သက္လို႔ သင္လုပ္မိတတ္တဲ့အမွားတခ်ိဳ႕ကို မွ်ေဝေပးခ်င္ပါတယ္။

သြားတုိက္တဲ့အခါ ခပ္ၾကမ္းၾကမ္းတုိက္ျခင္း

သြားတိုက္တဲ့အခါ သြားပြတ္တံကို ခပ္ၾကမ္းၾကမ္းတုိက္ေပးရင္ သြားတိုက္တံမွာရွိတဲ့ အေမႊးေတြဟာ သြားၾကားေလးေတြထဲထိမေရာက္သလို သြားဖံုးကိုလည္း ထိခိုက္ေစပါတယ္။

သင္စားမယ့္အစားအစာကို ဂရုမစိုက္ျခင္း

အခ်ိဳေတြအရမ္းစားတာဟာ သင့္ရဲ႕သြားကိုထိခိုက္ပ်က္စီးေစၿပီး သြားပိုးစားေစပါတယ္။ ဒါ့ေၾကာင့္ သြားက်န္းမာခ်င္တယ္ဆိုရင္ေတာ့ အခိ်ဳေတြ မ်ားမ်ားစားတာကိုေရွာင္ဖို႔လိုပါတယ္။ တကယ္လို႔ စားၿပီး၇င္လည္း ပလုတ္က်င္းေပးတာမ်ိဳးလုပ္ေပးသင့္ပါတယ္။

သြားေတြကို သန္႕ရွင္းေရးလုပ္ေပးတဲ့ တျခားကိရိယာေတြအသံုးမျပဳျခင္း

သြားေတြကို သန္႔ရွင္းေရးလုပ္ေပးတဲ့ တျခားကိရိယာေတြကို အသံုးျပဳလြန္းတာကလည္း မေကာင္းသလို၊ လံုးဝအသံုးမျပဳတာလည္းမေကာင္းပါဘူး။ သြားၾကားေလးေတြထဲထိ သန္႔ရွင္းေရးလုပ္ေပးတဲ့ ကိရိယာေတြ၊ လွ်ာကို သန္႔ရွင္းေရးုလုပ္ေပးတဲ့ ကိ၇ိယာေတြ သံုးေပးသင့္ပါတယ္။

သြားဖံုးကို ဂရုမစိုက္ျခင္း

သြားက်န္းမာေရးကိုသာမ သြားဖံုးက်န္းမာေရးကိုပါ ဂရုစိုက္ဖို႔လိုအပ္ပါတယ္။ သြားတိုက္တံ (သို႔) လက္နဲ႔ သြားဖံုးေတြကို အနည္းငယ္ႏွိပ္ေပးဖို႔လိုအပ္ပါတယ္။ ပီေက၀ါးတာမ်ိဳး၊ ပလုတ္က်င္းေပးတာမ်ိဳးလုပ္ႏိုင္ပါတယ္။

သြားက်ိဳး (ဂ်ိဳး) ေတြကို မဖယ္ရွားျခင္း

သြားဂ်ိဳးေတြကို ဖယ္ရွားေပးသင့္ပါတယ္။ မဟုတ္ရင္ သြားဂ်ိဳးကေန သြားေက်ာက္တည္တာထိ ျဖစ္လာေစလို႔ သြားအတြက္မေကာငး္ပါဘူး။

သြားတစ္ဖက္တည္းနဲ႔ ဝါးျခင္း

အစာစားတဲ့အခါ အၿမဲတမ္းတစ္ဖက္တည္း၀ါးတာမ်ိဳးတာ အဲဒီတစ္ဖက္တည္းကိုပဲ ၾကြက္သားေတြျဖစ္ေစၿပီး သြားကိုက္တာအပါအ၀င္ အၾကာအာရံုဆိုင္ရာ ျပႆနာျဖစ္ႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ကျွန်မတို့အားလုံး တစ်နေ့ကို သွားအနည်းဆုံး ၂ ကြိမ်လောက်တော့ တိုက်မယ်ထင်ပါတယ်။ သွားကျန်းမာရေးဟာလည်း သိပ်ကိုအရေးပါတာမို့ သွားကျန်းမာရေးနဲ့ပတ်သက်လို့ သင်လုပ်မိတတ်တဲ့အမှားတချို့ကို မျှဝေပေးချင်ပါတယ်။

သွားတိုက်တဲ့အခါ ခပ်ကြမ်းကြမ်းတိုက်ခြင်း

သွားတိုက်တဲ့အခါ သွားပွတ်တံကို ခပ်ကြမ်းကြမ်းတိုက်ပေးရင် သွားတိုက်တံမှာရှိတဲ့ အမွှေးတွေဟာ သွားကြားလေးတွေထဲထိမရောက်သလို သွားဖုံးကိုလည်း ထိခိုက်စေပါတယ်။

သင်စားမယ့်အစားအစာကို ဂရုမစိုက်ခြင်း

အချိုတွေအရမ်းစားတာဟာ သင့်ရဲ့သွားကိုထိခိုက်ပျက်စီးစေပြီး သွားပိုးစားစေပါတယ်။ ဒါ့ကြောင့် သွားကျန်းမာချင်တယ်ဆိုရင်တော့ အချိုတွေ များများစားတာကိုရှောင်ဖို့လိုပါတယ်။ တကယ်လို့ စားပြီး၇င်လည်း ပလုတ်ကျင်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

သွားတွေကို သန့်ရှင်းရေးလုပ်ပေးတဲ့ တခြားကိရိယာတွေအသုံးမပြုခြင်း

သွားတွေကို သန့်ရှင်းရေးလုပ်ပေးတဲ့ တခြားကိရိယာတွေကို အသုံးပြုလွန်းတာကလည်း မကောင်းသလို၊ လုံးဝအသုံးမပြုတာလည်းမကောင်းပါဘူး။ သွားကြားလေးတွေထဲထိ သန့်ရှင်းရေးလုပ်ပေးတဲ့ ကိရိယာတွေ၊ လျှာကို သန့်ရှင်းရေးုလုပ်ပေးတဲ့ ကိရိယာတွေ သုံးပေးသင့်ပါတယ်။

သွားဖုံးကို ဂရုမစိုက်ခြင်း

သွားကျန်းမာရေးကိုသာမ သွားဖုံးကျန်းမာရေးကိုပါ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ သွားတိုက်တံ (သို့) လက်နဲ့ သွားဖုံးတွေကို အနည်းငယ်နှိပ်ပေးဖို့လိုအပ်ပါတယ်။ ပီကေဝါးတာမျိုး၊ ပလုတ်ကျင်းပေးတာမျိုးလုပ်နိုင်ပါတယ်။

သွားကျိုး (ဂျိုး) တွေကို မဖယ်ရှားခြင်း

သွားဂျိုးတွေကို ဖယ်ရှားပေးသင့်ပါတယ်။ မဟုတ်ရင် သွားဂျိုးကနေ သွားကျောက်တည်တာထိ ဖြစ်လာစေလို့ သွားအတွက်မကောင်းပါဘူး။

သွားတစ်ဖက်တည်းနဲ့ ဝါးခြင်း

အစာစားတဲ့အခါ အမြဲတမ်းတစ်ဖက်တည်းဝါးတာမျိုးတာ အဲဒီတစ်ဖက်တည်းကိုပဲ ကြွက်သားတွေဖြစ်စေပြီး သွားကိုက်တာအပါအဝင် အကြာအာရုံဆိုင်ရာ ပြဿနာဖြစ်နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top