ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဖတ္ၿဖစ္ခဲ႔တဲ႔ေဆာငး္ပါးေလးေတြ ထဲကေနၿပီး မိန္းကေလးေတြ အတြက္ သင္႕ေတာ္မယ္ထင္တဲ႔ က်န္းမာေရးဆိုင္ရာ ဗဟုသုတအေၾကာင္းေလးကို ေဖာ္ၿပေပးခ်င္ပါတယ္။
အမ်ိဴးသမီးေလးေတြဟာ ေနာင္တစ္ခ်ိန္ဆို အိမ္ေထာင္သားေမြးမႈနဲ႔ အသက္အရြယ္ အရ က်န္မားေရးခ်ိဳ႕ယြင္းမႈ ့ၿပသနာေတြ ကို ရင္ဆိုင္ ရမွာပါ။ဒါေၾကာင္႕ က်န္းမာေရးႏွင္႔ ညီညႊတ္ေစမဲ႔ ကၽြန္မ တို႔ ရဲ႔ ပတ္၀န္းက်င္မွာ အလြယ္တကူရရွိႏိုင္တဲ႔ အစားအစာ (၁၀)မ်ိဴးကိုေ၀မွ်ေပးလိုက္ပါတယ္ေနာ္................


(၁) ေခ်ာကလက္အညိဳ

စိတ္ဖိစီးမႈမ်ားတာနဲ႔ တၿခားေရာဂါေတြကို တားဆီေပးပါတယ္။ဥေရာပ သုေတသီေတြက ေခ်ာကလက္အညိဳကိုတစ္ေန႕တစ္ေအာင္စခဲြနဲ႔ႏွစ္ပတ္စားေပးတာကစိတ္ဖိစီးမႈေဟာ္မုန္းၿဖစ္ေစတဲ႔
 ေကာ္တီေစာထြက္တာကို ေလ်ာ႔နည္းေစတယ္လို႔ဆိုပါတယ္။ေကာ္တီေစာက ေသြးပါင္တိုးေစၿပီး စိတ္ဓါတ္က်တာ၊အ၀လြန္တာ၊ႏွလံုးေရာဂါေတြကိုၿဖစ္ေစပါတယ္

(၂)မႈိ

ကင္ဆာကိုတိုက္ထုတ္ႏိုင္တဲ႔ အင္တီေအာက္ဆီးဒင္႔ေတြရရွိႏိုင္ပါတယ္။တစ္ေန႔ကို မႈိတစ္ေအာင္စရဲ ႔ သံုးပံုတစ္ပံုစားေပးပါက ရင္သားကင္ဆာေရာဂါၿဖစ္ပြားတာကို 64% ေလ်ာ႔နည္းေစတယ္လို႔ ဆိုပါတယ္။

(၃)ဆာဒင္းငါး

ႏွလံုးေရာဂါ ကို ကာကြယ္ေပးပါတယ္။အိုမီဂါ ဓါတ္ၾကြယ္၀တာေၾကာင္႔ ေရာင္ရမ္းမႈေတြကိုေလ်ာ႔နည္းေစၿပီး ႏွလံုးေရာဂါ မၿဖစ္ေအာင္ကာကြယ္ေပးပါတယ္။ဒါ႔အၿပင္ ေသြးခဲတာ၊ေလၿဖတ္တာ ကို ကာကြယ္ေပးၿပီး ေသြးေၾကာေတြကို ေပ်ာ႔ ေပ်ာင္းေစပါတယ္။ဆာဒင္းငါး သံုးေအာင္စစားပါက 1.3g ရွိတဲ႔ အိုမီဂါ ကို ရရွ္ိေစပါတယ္။

(၄)ေထာပတ္သီး

၀မ္းဗိုက္ကအဆီေတြကိုေလွ်ာ႔ခ်ေပးပါတယ္။က်န္းမာေရးနဲ႔ ညီညႊတ္တဲ႔ မၿပည္႔၀ဆီေတြ က ကိုယ္အေလးခ်ိန္က်ေအာင္စြမ္းေဆာင္ေပးပါတယ္။တစ္ေန႔ စားသံုးတဲ႔ အစားအစာေတြ ရဲ႔ 23% ကိုမၿပည္႔၀ဆီေတြပါ၀င္တဲ႔ အစားအသာ စားေပးပါက ၀မ္းဗိုက္က အဆီေတြ ေလ်ာ႔ ခ်ႏိုင္ၿပီး ကိုယ္အေလးခ်ိန္ 5ေပါင္ထိ ေလ်ာ႕နည္းေစတယ္လို႔ ဆိုပါတယ္။

(၅)ငရုပ္ပြသီး

မ်က္ၾကည္လႊာေရာဂါမၿဖစ္ေအာင္ ကာကြယ္ေပးပါတယ္တဲ႔။အသက္အရြယ္ရ လာတဲ႔အခါ မ်က္ၾကည္လႊာပ်က္စီးတာ၊ မ်က္စိတြင္းတိမ္ၿဖစ္တာ အၿမင္အာရံု ထိခိုက္တာကို ကာကြယ္ေပးပါတယ္။လူတင္း၊ဇီဇန္သင္း၊ဗီတာမင္စီ ၾကြယ္၀တဲ႔ ငရုတ္ပြသီးက အၿမင္အာရံုစူးရွေစဖို႔ ထိန္းသိမ္းေပးပါတယ္။

(၆)အစိမ္းရာင္ပန္းေဂၚဖီ

မ်က္ႏွာေပၚမွာရွိတဲ႔ အေရးအေၾကာင္းေတြကိုဖယ္ရွားေပးပါတယ္တဲ႔။ဒါေလးကေတာ႔ အလွအပေတြကို ဂရုစိုက္တတ္တဲ႔ အမ်ိဴးသမီးေလးေတြ ႏွစ္သက္မယ္လို႔ ထင္းပါတယ္ေနာ္။သူကေတာ႔ ဗီတာမင္စီ နဲ႔ ဗီတာမင္ေအ ကိုရရိေစပါတယ္။ဗီတာမင္စီက အေရၿပားရဲ႔ က်ဳံ႕ႏိုင္ ဆန္႕ႏိုင္ တဲ႔အာနိသင္ရွိၿပီး ဗီတာမင္ကေတာ႔ ဆဲလ္အေသေတြ ေနရာမွာ ဆဲလ္အသစ္ေတြၿဖစ္ဖို႔ အားေပးတယ္ေလ။အရသာေလးကလဲ ေကာင္း ေဆးဖက္လဲ၀င္တယ္ေနာ္.............

(ရ)အာလူး

ေသြးတိုးက်ေစပါတယ္တဲ႔အာလူးအရြယ္ေတာ္ တစ္လံုးကေနၿပီး ကယ္လိုရီ အၿပည္႔အ၀ရရွိႏုိုင္ၿပီး ငွက္ေပ်ာသီးတစ္လံုးကေနရရွိတဲ႔ ပိုတက္ဆီယမ္ ပမာဏကို ရရွိႏိုင္ ပါတယ္။

(ဂ)ပန္းသီး

ကိုယ္ခံစြမ္းအားကိုၿမွင္႔တင္ေပးပါတယ္။နလန္ထစ လူေတြဆုိရင္ ပ်ားရည္ေလးနဲ႔ စိမ္ၿပီး ေကၽြးလိုက္ ရင္ လူေကာင္းတစ္ေယာက္လို လန္းဆန္းလာပါလိမ္႕မယ္။

(၉)ဟင္းႏုႏြယ္ရြက္

အရိုးေတြသန္မာေစၿပီး ေမြးရာပါခိ်ဳ႕ယြင္းခ်က္မရွိတဲ႔ ကေလးကိုေမြးဖြားေစပါတယ္တဲ႔။ ေနာင္တစ္ခ်ိန္မွာ မိခင္ေလာင္းၿဖစ္လာၿပီး အမ်ိဴးေကာင္း သားသမီးေလးေတြ ေမြးဖြားေပးဖို႔ အတြက္ေပါ႔ေနာ္.....

(၁၀)ႏြားႏို႔

အရိုးပါးေရာဂါကို ကာကြယ္ပါတယ္။ကယ္စီယမ္ အၿပည္႔ အ၀ရတာေၾကာင္႔ အရိဳးပါးေရာဂါကို ကာကြယ္ေပးပါတယ္။

  ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရင္ႏွင္းငယ္

# Unicode Version ျဖင့္ ဖတ္ပါ #

ဖတ်ဖြစ်ခဲ့တဲ့ဆောင်းပါးလေးတွေ ထဲကနေပြီး မိန်းကလေးတွေ အတွက် သင့်တော်မယ်ထင်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတအကြောင်းလေးကို ဖော်ပြပေးချင်ပါတယ်။
အမျိူးသမီးလေးတွေဟာ နောင်တစ်ချိန်ဆို အိမ်ထောင်သားမွေးမှုနဲ့ အသက်အရွယ် အရ ကျန်မားရေးချို့ယွင်းမှု့ပြသနာတွေ ကို ရင်ဆိုင် ရမှာပါ။ဒါကြောင့် ကျန်းမာရေးနှင့် ညီညွှတ်စေမဲ့ ကျွန်မ တို့ ရဲ့ ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်တဲ့ အစားအစာ (၁၀)မျိူးကိုဝေမျှပေးလိုက်ပါတယ်နော်................


(၁) ချောကလက်အညို

စိတ်ဖိစီးမှုများတာနဲ့ တခြားရောဂါတွေကို တားဆီပေးပါတယ်။ဥရောပ သုတေသီတွေက ချောကလက်အညိုကိုတစ်နေ့တစ်အောင်စခွဲနဲ့နှစ်ပတ်စားပေးတာကစိတ်ဖိစီးမှုဟော်မုန်းဖြစ်စေတဲ့
 ကော်တီစောထွက်တာကို လျော့နည်းစေတယ်လို့ဆိုပါတယ်။ကော်တီစောက သွေးပါင်တိုးစေပြီး စိတ်ဓါတ်ကျတာ၊အဝလွန်တာ၊နှလုံးရောဂါတွေကိုဖြစ်စေပါတယ်

(၂)မှို

ကင်ဆာကိုတိုက်ထုတ်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေရရှိနိုင်ပါတယ်။တစ်နေ့ကို မှိုတစ်အောင်စရဲ့ သုံးပုံတစ်ပုံစားပေးပါက ရင်သားကင်ဆာရောဂါဖြစ်ပွားတာကို 64% လျော့နည်းစေတယ်လို့ ဆိုပါတယ်။

(၃)ဆာဒင်းငါး

နှလုံးရောဂါ ကို ကာကွယ်ပေးပါတယ်။အိုမီဂါ ဓါတ်ကြွယ်ဝတာကြောင့် ရောင်ရမ်းမှုတွေကိုလျော့နည်းစေပြီး နှလုံးရောဂါ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ဒါ့အပြင် သွေးခဲတာ၊လေဖြတ်တာ ကို ကာကွယ်ပေးပြီး သွေးကြောတွေကို ပျော့ ပျောင်းစေပါတယ်။ဆာဒင်းငါး သုံးအောင်စစားပါက 1.3g ရှိတဲ့ အိုမီဂါ ကို ရရှိစေပါတယ်။

(၄)ထောပတ်သီး

ဝမ်းဗိုက်ကအဆီတွေကိုလျှော့ချပေးပါတယ်။ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မပြည့်ဝဆီတွေ က ကိုယ်အလေးချိန်ကျအောင်စွမ်းဆောင်ပေးပါတယ်။တစ်နေ့ စားသုံးတဲ့ အစားအစာတွေ ရဲ့ 23% ကိုမပြည့်ဝဆီတွေပါဝင်တဲ့ အစားအသာ စားပေးပါက ဝမ်းဗိုက်က အဆီတွေ လျော့ ချနိုင်ပြီး ကိုယ်အလေးချိန် 5ပေါင်ထိ လျော့နည်းစေတယ်လို့ ဆိုပါတယ်။

(၅)ငရုပ်ပွသီး

မျက်ကြည်လွှာရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်တဲ့။အသက်အရွယ်ရ လာတဲ့အခါ မျက်ကြည်လွှာပျက်စီးတာ၊ မျက်စိတွင်းတိမ်ဖြစ်တာ အမြင်အာရုံ ထိခိုက်တာကို ကာကွယ်ပေးပါတယ်။လူတင်း၊ဇီဇန်သင်း၊ဗီတာမင်စီ ကြွယ်ဝတဲ့ ငရုတ်ပွသီးက အမြင်အာရုံစူးရှစေဖို့ ထိန်းသိမ်းပေးပါတယ်။

(၆)အစိမ်းရာင်ပန်းဂေါ်ဖီ

မျက်နှာပေါ်မှာရှိတဲ့ အရေးအကြောင်းတွေကိုဖယ်ရှားပေးပါတယ်တဲ့။ဒါလေးကတော့ အလှအပတွေကို ဂရုစိုက်တတ်တဲ့ အမျိူးသမီးလေးတွေ နှစ်သက်မယ်လို့ ထင်းပါတယ်နော်။သူကတော့ ဗီတာမင်စီ နဲ့ ဗီတာမင်အေ ကိုရရိစေပါတယ်။ဗီတာမင်စီက အရေပြားရဲ့ ကျုံ့နိုင် ဆန့်နိုင် တဲ့အာနိသင်ရှိပြီး ဗီတာမင်ကတော့ ဆဲလ်အသေတွေ နေရာမှာ ဆဲလ်အသစ်တွေဖြစ်ဖို့ အားပေးတယ်လေ။အရသာလေးကလဲ ကောင်း ဆေးဖက်လဲဝင်တယ်နော်.............

(ရ)အာလူး

သွေးတိုးကျစေပါတယ်တဲ့အာလူးအရွယ်တော် တစ်လုံးကနေပြီး ကယ်လိုရီ အပြည့်အဝရရှိနိုင်ပြီး ငှက်ပျောသီးတစ်လုံးကနေရရှိတဲ့ ပိုတက်ဆီယမ် ပမာဏကို ရရှိနိုင် ပါတယ်။

(ဂ)ပန်းသီး

ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပါတယ်။နလန်ထစ လူတွေဆိုရင် ပျားရည်လေးနဲ့ စိမ်ပြီး ကျွေးလိုက် ရင် လူကောင်းတစ်ယောက်လို လန်းဆန်းလာပါလိမ့်မယ်။

(၉)ဟင်းနုနွယ်ရွက်

အရိုးတွေသန်မာစေပြီး မွေးရာပါချို့ယွင်းချက်မရှိတဲ့ ကလေးကိုမွေးဖွားစေပါတယ်တဲ့။ နောင်တစ်ချိန်မှာ မိခင်လောင်းဖြစ်လာပြီး အမျိူးကောင်း သားသမီးလေးတွေ မွေးဖွားပေးဖို့ အတွက်ပေါ့နော်.....

(၁၀)နွားနို့

အရိုးပါးရောဂါကို ကာကွယ်ပါတယ်။ကယ်စီယမ် အပြည့် အဝရတာကြောင့် အရိုးပါးရောဂါကို ကာကွယ်ပေးပါတယ်။

  ဖိုးသူတော် (www.phothutaw.com)
Credit: ရင်နှင်းငယ်








 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top