ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တခ်ိဳ႕ဝိုင္ယာႀကိဳးေတြက လြန္ခဲ့တဲ့ အႏွစ္၂၀ ေက်ာ္ကတည္းက အသံုးျပဳေနတာလို႔ သိရပါတယ္။

ကန္ေတာ္ႀကီး ပဲေလ့စ္ ဟိုတယ္က ေဟာင္းႏြမ္းေနတဲ့ လွ်ပ္စစ္ဝိုင္ယာႀကိဳးေတြေၾကာင့္ မီးစတင္ေလာင္ခဲ့တာျဖစ္တယ္လို႔ တုိင္းအစိုးရအဖြဲ႕ဆီကုိ တင္ျပထားေၾကာင္း ရန္ကုန္တုိင္း မီးသတ္ဦးစီးမွဴး ဦးၾကည္ဝင္းရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

‘‘အိတ္ေဇာေၾကာင့္ ထင္ၾက တာ။ အိတ္ေဇာပိုက္ေတြရဲ႕ ကာဗာသစ္သားေတြက စေလာင္တာ ဆုိေတာ့ အိတ္ေဇာေၾကာင့္လည္း သံုးသပ္လုိ႔ရတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္မွာ အိတ္ေဇာပိုက္က ပိတ္ ထားတာ။ မျဖစ္ႏုိင္ဘူး။ ႐ိႈ႕မီးဆိုလည္း ႐ိႈ႕မီးရဲ႕ သေဘာသဘာဝနဲ႔ မတူဘူး။ စေလာင္တာက မီးႀကိဳး တန္းစေလာင္တာကို ေတြ႕တဲ့အ ေနအထားေၾကာင့္ ေလာင္တဲ့အေနအထားက ႐ိႈ႕တဲ့အေနအထား မျဖစ္ႏိုင္ဘူး’’လို႔ ဦးၾကည္ဝင္းက သံုးသပ္ေျပာၾကားပါတယ္။

အခ်ိန္တိုအတြင္း မီးေလာင္ဆံုး႐ႈံးမႈ မ်ားခဲ့တာက အဆိုပါ အေဆာက္အအံုကို ေဆာက္လုပ္ထားတဲ့ သစ္သားေတြက ဆီဝေနတဲ့ သစ္သားေတြျဖစ္တာေၾကာင့္ မီးကူးစက္မႈ ျမန္ဆန္ခဲ့တာလို႔ ဆိုပါတယ္။

‘‘လွ်ပ္စစ္ကေတာ့ သီတင္းကြၽတ္မီးထြန္းဖို႔ ကန္ထ႐ိုက္ေပး ထားတယ္။ Wiring ေတြကိုလည္း လိုင္းႀကိဳးအေဟာင္းက ဆြဲယူတာလည္း ျဖစ္တယ္လုိ႔ စစ္ေဆးရတယ္’’လုိ႔ မီးေလာင္မႈနဲ႔ပတ္သက္ၿပီး စစ္ေဆးေရးအဖြဲ႕က ေတြ႕ရွိခ်က္တခ်ိဳ႕ကို ဦးၾကည္၀င္းက ေျပာပါတယ္။

အဆုိပါဟိုတယ္မွာ အသံုးျပဳေနတဲ့ တခ်ိဳ႕ဝိုင္ယာႀကိဳးေတြက လြန္ခဲ့တဲ့ အႏွစ္၂၀ ေက်ာ္ကတည္းက အသံုးျပဳေနတဲ့ ဝိုင္ ယာႀကိဳးေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဟိုတယ္မီးေလာင္မႈေၾကာင့္ ဟိုတယ္မွာတည္းခိုေနတဲ့ ႏုိင္ငံျခားသားတစ္ဦးအပါအဝင္ ႏွစ္ဦးေသဆံုးခဲ့ၿပီး မီးေလာင္မႈေၾကာင့္ ဒဏ္ရာရရွိသူႏွစ္ဦးထဲက မီးၿငိႇမ္းသတ္ရင္း ဒဏ္ရာရရွိခဲ့တဲ့ ေရႊျပည္သာၿမိဳ႕နယ္ မီးသတ္ဦးစီးမွဴးက ေအာက္တိုဘာ ၁၉ ရက္မွာ ဦးေႏွာက္ခြဲစိတ္ကုသမႈခံယူခဲ့ရၿပီး ႏိုဝင္ဘာ ၃ ရက္အထိ သတိမရေသးဘူးလုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
တချို့ဝိုင်ယာကြိုးတွေက လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်ကတည်းက အသုံးပြုနေတာလို့ သိရပါတယ်။

ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်က ဟောင်းနွမ်းနေတဲ့ လျှပ်စစ်ဝိုင်ယာကြိုးတွေကြောင့် မီးစတင်လောင်ခဲ့တာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ဆီကို တင်ပြထားကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူး ဦးကြည်ဝင်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

‘‘အိတ်ဇောကြောင့် ထင်ကြ တာ။ အိတ်ဇောပိုက်တွေရဲ့ ကာဗာသစ်သားတွေက စလောင်တာ ဆိုတော့ အိတ်ဇောကြောင့်လည်း သုံးသပ်လို့ရတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အိတ်ဇောပိုက်က ပိတ် ထားတာ။ မဖြစ်နိုင်ဘူး။ ရှို့မီးဆိုလည်း ရှို့မီးရဲ့ သဘောသဘာဝနဲ့ မတူဘူး။ စလောင်တာက မီးကြိုး တန်းစလောင်တာကို တွေ့တဲ့အ နေအထားကြောင့် လောင်တဲ့အနေအထားက ရှို့တဲ့အနေအထား မဖြစ်နိုင်ဘူး’’လို့ ဦးကြည်ဝင်းက သုံးသပ်ပြောကြားပါတယ်။

အချိန်တိုအတွင်း မီးလောင်ဆုံးရှုံးမှု များခဲ့တာက အဆိုပါ အဆောက်အအုံကို ဆောက်လုပ်ထားတဲ့ သစ်သားတွေက ဆီဝနေတဲ့ သစ်သားတွေဖြစ်တာကြောင့် မီးကူးစက်မှု မြန်ဆန်ခဲ့တာလို့ ဆိုပါတယ်။

‘‘လျှပ်စစ်ကတော့ သီတင်းကျွတ်မီးထွန်းဖို့ ကန်ထရိုက်ပေး ထားတယ်။ Wiring တွေကိုလည်း လိုင်းကြိုးအဟောင်းက ဆွဲယူတာလည်း ဖြစ်တယ်လို့ စစ်ဆေးရတယ်’’လို့ မီးလောင်မှုနဲ့ပတ်သက်ပြီး စစ်ဆေးရေးအဖွဲ့က တွေ့ရှိချက်တချို့ကို ဦးကြည်ဝင်းက ပြောပါတယ်။

အဆိုပါဟိုတယ်မှာ အသုံးပြုနေတဲ့ တချို့ဝိုင်ယာကြိုးတွေက လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်ကတည်းက အသုံးပြုနေတဲ့ ဝိုင် ယာကြိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဟိုတယ်မီးလောင်မှုကြောင့် ဟိုတယ်မှာတည်းခိုနေတဲ့ နိုင်ငံခြားသားတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူနှစ်ဦးထဲက မီးငြှိမ်းသတ်ရင်း ဒဏ်ရာရရှိခဲ့တဲ့ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူးက အောက်တိုဘာ ၁၉ ရက်မှာ ဦးနှောက်ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး နိုဝင်ဘာ ၃ ရက်အထိ သတိမရသေးဘူးလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top