Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စိတ္က်ေရာဂါကို လူတိုင္း ခံစားဖူးၾကမွာပါ။ စိတ္က်ေ၀ဒနာဆိုတာ သင့္ရဲ့ ဘ၀မွာ မၾကာခဏဆိုသလို ႀကံဳေတြ႔ရတဲ့ ျပႆနာတစ္ခုပါပဲ။ အိပ္ေရးမ၀လို႔ပဲျဖစ္ျဖစ္၊ အစာစားခ်ိန္မမွန္လို႔ပဲျဖစ္ျဖစ္၊ မလုပ္ေၾကာင့္၊ ခ်စ္သူေၾကာင့္ စသျဖင့္ စိတ္က်ေ၀ဒနာ ခံစားရတဲ့ အေၾကာင္းရင္ေတြအမ်ားႀကီးရွိပါတယ္။ တခါတေလ ေမွ်ာ္လင့္ခ်က္မဲ့သလို၊ ေလာကႀကီးက အဓိပၸာယ္မရွိေတာ့သလို ခံစားရတာမ်ိဳးလည္းျဖစ္တတ္ပါတယ္။

စိတ္က်ေရာဂါျဖစ္ရတဲ့ အေၾကာင္းရင္နဲ႔ ကုစားနည္းေတြကို မွ်ေ၀ေပးလိုက္ပါတယ္။

၁။ က်န္းမာေရးေၾကာင့္

က်န္းမာေရးမေကာင္းတာေၾကာင့္လည္း စိတ္က်ေ၀ဒနာ ခံစားရတတ္ပါတယ္။ ဖ်ားနာတဲ့အခါေလာကႀကီးကို အေကာင္းဖက္က ေတြးဖို႔ ခက္ၿပီး အားငယ္စိတ္ေတြ၀င္တတ္ပါတယ္။ ဒါ့ေၾကာင့္ က်န္းမာေရးကို နံပါတ္တစ္အေနနဲ႔ ဂရုစိုက္ေပးဖို႔လိုအပ္ပါတယ္။ ဖ်ားနာရင္လည္း အျမန္ဆံုးကုသလိုက္ပါ။ က်န္းမာေအာင္ေနပါ။

၂။ စိဖိစီးမႈမ်ားျခင္း

အခ်စ္ေရး၊ ေငြေရးေၾကးေရး ျပႆနာေတြေၾကာင့္ စိတ္ဖိစီးမႈမ်ားရသလို အိပ္ေရးမ၀ျခင္း၊ အလုပ္မ်ားတာေတြေၾကာင့္လည္း စိတ္ဖိစီးမႈ မ်ားရပါတယ္။ ဒါ့ေၾကာင့္ No လို႔ ျငင္းရမွာမေၾကာင့္ပါနဲ႔။ သင့္ရဲ့အခ်ိန္ဇယားေတြကို ေသခ်ာစီမံပါ။

၃။ ဘ၀အေျပာင္းအလဲေၾကာင့္

ဘ၀မွာ ႀကီးႀကီးမားမား ေျပာင္းလဲသြားတဲ့ အေျပာင္းအလဲတစ္ခု (ဥပမာ – မိသားစု၀င္တစ္ဦးဦး ဆံုးရံႈးရျခင္း၊ အလုပ္ထြက္လိုက္ရျခင္း) ေတြေၾကာင့္ စိတ္ဖိစီးမႈ မ်ားတတ္ပါတယ္။ အခ်ိန္ယူပါ။ မိတ္ေဆြ သူငယ္ခ်င္းေတြရ့ဲ အကူအညီယူပါ။

၄။ ေငြေရးေၾကးေရး ျပႆနာ

ေငြေရးေၾကးေရး ျပႆနာေၾကာင့္လည္း စိတ္က်ေရာဂါျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ေငြကို ႀကိဳၿပီး စုထားတဲ့အက်င့္ကို ပ်ိဳးေထာင္ထားပါ။

၅။ အိပ္ေရး၀၀မအိပ္ျခင္း

အိပ္ေရး၀၀ မအိပ္တာကလည္း စိတ္က်ေ၀ဒနာျဖစ္ေစပါတယ္။ ခဏခဏ ေမ့တတ္တာနဲ႔ တျခားက်န္းမာေရး ျပႆနာေတြျဖစ္ေစလို႔ အိပ္ေရး၀၀အိပ္ေပးပါ။

၆။ အလုပ္ထြက္ျခင္း (သို႔) အလုပ္ျပဳတ္ျခင္း

အလုပ္ကေနလည္းထြက္လာၿပီး အလုပ္သစ္မရေသးရင္ စိတ္ဖိစီးမႈမ်ားၿပီး စိတ္က်ေ၀ဒနာခံစားရတတ္ပါတယ္။ အဲဒီအခ်ိန္အတြင္းမွာ ကိုယ့္ဘ၀အတြက္ ပိုၿပီး တိုးတက္ေစမယ့္ သင္တန္းေတြတက္ပါ။ သင့္ရဲ့ စိတ္ေတြကို အေကာင္းဆံုးျပင္ဆင္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
စိတ်ကျရောဂါကို လူတိုင်း ခံစားဖူးကြမှာပါ။ စိတ်ကျဝေဒနာဆိုတာ သင့်ရဲ့ ဘဝမှာ မကြာခဏဆိုသလို ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါပဲ။ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ်၊ အစာစားချိန်မမှန်လို့ပဲဖြစ်ဖြစ်၊ မလုပ်ကြောင့်၊ ချစ်သူကြောင့် စသဖြင့် စိတ်ကျဝေဒနာ ခံစားရတဲ့ အကြောင်းရင်တွေအများကြီးရှိပါတယ်။ တခါတလေ မျှော်လင့်ချက်မဲ့သလို၊ လောကကြီးက အဓိပ္ပာယ်မရှိတော့သလို ခံစားရတာမျိုးလည်းဖြစ်တတ်ပါတယ်။

စိတ်ကျရောဂါဖြစ်ရတဲ့ အကြောင်းရင်နဲ့ ကုစားနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ကျန်းမာရေးကြောင့်

ကျန်းမာရေးမကောင်းတာကြောင့်လည်း စိတ်ကျဝေဒနာ ခံစားရတတ်ပါတယ်။ ဖျားနာတဲ့အခါလောကကြီးကို အကောင်းဖက်က တွေးဖို့ ခက်ပြီး အားငယ်စိတ်တွေဝင်တတ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးကို နံပါတ်တစ်အနေနဲ့ ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဖျားနာရင်လည်း အမြန်ဆုံးကုသလိုက်ပါ။ ကျန်းမာအောင်နေပါ။

၂။ စိဖိစီးမှုများခြင်း

အချစ်ရေး၊ ငွေရေးကြေးရေး ပြဿနာတွေကြောင့် စိတ်ဖိစီးမှုများရသလို အိပ်ရေးမဝခြင်း၊ အလုပ်များတာတွေကြောင့်လည်း စိတ်ဖိစီးမှု များရပါတယ်။ ဒါ့ကြောင့် No လို့ ငြင်းရမှာမကြောင့်ပါနဲ့။ သင့်ရဲ့အချိန်ဇယားတွေကို သေချာစီမံပါ။

၃။ ဘဝအပြောင်းအလဲကြောင့်

ဘဝမှာ ကြီးကြီးမားမား ပြောင်းလဲသွားတဲ့ အပြောင်းအလဲတစ်ခု (ဥပမာ – မိသားစုဝင်တစ်ဦးဦး ဆုံးရှုံးရခြင်း၊ အလုပ်ထွက်လိုက်ရခြင်း) တွေကြောင့် စိတ်ဖိစီးမှု များတတ်ပါတယ်။ အချိန်ယူပါ။ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အကူအညီယူပါ။

၄။ ငွေရေးကြေးရေး ပြဿနာ

ငွေရေးကြေးရေး ပြဿနာကြောင့်လည်း စိတ်ကျရောဂါဖြစ်စေပါတယ်။ ဒါ့ကြောင့် ငွေကို ကြိုပြီး စုထားတဲ့အကျင့်ကို ပျိုးထောင်ထားပါ။

၅။ အိပ်ရေး၀၀မအိပ်ခြင်း

အိပ်ရေး၀၀ မအိပ်တာကလည်း စိတ်ကျဝေဒနာဖြစ်စေပါတယ်။ ခဏခဏ မေ့တတ်တာနဲ့ တခြားကျန်းမာရေး ပြဿနာတွေဖြစ်စေလို့ အိပ်ရေး၀၀အိပ်ပေးပါ။

၆။ အလုပ်ထွက်ခြင်း (သို့) အလုပ်ပြုတ်ခြင်း

အလုပ်ကနေလည်းထွက်လာပြီး အလုပ်သစ်မရသေးရင် စိတ်ဖိစီးမှုများပြီး စိတ်ကျဝေဒနာခံစားရတတ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ ကိုယ့်ဘဝအတွက် ပိုပြီး တိုးတက်စေမယ့် သင်တန်းတွေတက်ပါ။ သင့်ရဲ့ စိတ်တွေကို အကောင်းဆုံးပြင်ဆင်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top