ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကညြတ္ဟာ အာဟာရဓာတ္ေတြျပည့္ဝေနတဲ့ အရာျဖစ္လို႔ ေန႔စဥ္စားေသာက္တဲ့အထဲ ထည့္သြင္းသင့္တဲ့ ဟင္းသီးဟင္းရြက္တစ္မ်ိဳးျဖစ္ပါတယ္။ ဒါ့အျပင္ အဆီပါဝင္မႈက မရွိသေလာက္ရွိျပီး ကယ္လိုရီလည္း အရမ္းနည္းပါတယ္။ က်န္းမာေရးအက်ိဳးေက်းဇူးေတြက မ်ားလြန္းတဲ့အတြက္ စားသံုးသင့္တဲ့ အသီးအရြက္ေတြထဲမွာ ပါဝင္ပါတယ္။
ကညႊတ္ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

အရိုးသန္မာေစျခင္း – ဗီတာမင္ ေက ရဲ႕အဓိကလုပ္ေဆာင္ခ်က္က အရိုးသိပ္သည္းမႈပိုေကာင္းေစတာပဲျဖစ္ပါတယ္။ ကညြတ္တစ္ပန္းကန္စာမွာ တစ္ေန႔တာအတြက္လိုအပ္တဲ့ ဗီတာမင္ ေကပမာဏရဲ႕ ၇၀ ရာခိုင္ႏႈန္းပါဝင္ပါတယ္။ ကယ္လ္စီယမ္စုပ္ယူမႈကို ပုိအားေကာင္းေစျပီး အရိုးပြေရာဂါနဲ႔အရိုးက်ိဳးအက္မႈေတြကို ကာကြယ္ေပးနုိင္ပါတယ္။

ေရာင္ရမ္းမႈကိုေလ်ာ့က်ေစျခင္း –  ကညြတ္က အမ်ိုးအစား၂ ဆီးခ်ဳိဳေရာဂါ၊ ကင္ဆာေရာဂါနဲ႔ ႏွလံုးေရာဂါတို႔ကို ကာကြယ္နိုင္၊ ကုသနိုင္ျပီး ၎မွာပါဝင္တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္း glutathione က အိုမင္းရင့္ေရာ္မႈကို ေႏွးေကြးေစပါတယ္။ ခရမ္းလြန္ေရာင္ျခည္ သို႔မဟုတ္ ျပင္ပ ေလထုညစ္ညမ္းပစၥည္းေတြေၾကာင့္ အေရျပားေရာင္ရမ္းမႈေတြကိုလည္း ကာကြယ္ေပးပါတယ္။ အစိမ္းေရာင္နဲ႔ အေရာင္ရင့္ ႏွစ္မ်ိဳးရွိတဲ့အထဲမွာ အေရာင္ရင့္ရင့္ကညြတ္မွာ အန္သိုဆိုင္ယာနင္ဓာတ္ေတြအျပည့္အဝပါဝင္တာေၾကာင့္ အေရျပားထဲက အဆိပ္အေတာက္ဓာတ္ေတြကို ေလ်ာ့ပါးေစျပီး ေနေလာင္ဒဏ္ကို ကာကြယ္ေပးပါတယ္။

ဆီးရႊင္ေစျခင္း – သဘာဝဆီးရႊင္ေဆးျဖစ္ေနတဲ့ ကညႊတ္က ခႏၶာကိုယ္ထဲက ေရေတြကို ထုတ္ပယ္ေပးျပီး မလိုလားအပ္တဲ့ အငန္ဓာတ္နဲ႔ အရည္ဓာတ္ပါဝင္မႈကိုေလ်ာ့နည္းေစပါတယ္။ ေသြးတိုးေရာဂါ ဒါမွမဟုတ္ ခႏၶာကိုယ္တစ္ရွဴးေတြထဲမွာ ေရေတြစုေနတတ္တဲ့ edema ေရာဂါခံစားေနရတဲ့သူေတြအတြက္ အက်ိဳးျပဳေပးနိုင္တဲ့ ဓာတ္စာျဖစ္ပါတယ္။ ဒါ့အျပင္ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကို သက္သာေပ်ာက္ကင္းေစနိုင္တဲ့ အာနိသင္လည္းရွိတယ္လို႔ သိရပါတယ္။

အစာေခ်လမ္းေၾကာင္းအတြက္အက်ိဳးျပဳျခင္း – ကညြတ္မွာ အစာေခ်စနစ္အတြက္ အေရးပါတဲ့ အမွ်င္ဓာတ္ေတြအမ်ားအျပားပါရွိပါတယ္။ အစာအာဟာရကရရွိတဲ့အမွ်င္ဓာတ္ေတြဟာ အူထဲမွာရွိတဲ့ အက်ိအေျမွးကပ္ျငိမႈေတြနဲ႔ တျခားအဆိပ္အေတာက္ေတြကို ဖယ္ရွားေပးနိုင္ပါတယ္။ အူလမ္းေၾကာင္းကိုေကာင္းမြန္ေစလို႔ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးျပီး အူမၾကီးကင္ဆာကိုလည္း ကာကြယ္ေပးပါတယ္။

ကိုယ္ဝန္အတြက္ေကာင္းက်ိုးျပဳျခင္း – မိခင္ေလာင္းေတြအေနနဲ႔   ကိုယ္ဝန္ေဆာင္ကာလမွာ အေထာက္အကူျဖစ္ေစဖို႔ ကညြတ္ကိုစားေပးနိုင္ပါတယ္။ကိုယ္ဝန္ေဆာင္ခ်ိန္မွာ လိုအပ္တဲ့ဓာတ္ျဖစ္တဲ့  folate ပါဝင္မႈျမင့္မားတာေၾကာင့္လည္း မိခင္ေလာင္းေတြ စားသံုးသင့္ပါတယ္။ ေဖာလစ္အက္စစ္ဓာတ္ ေၾကာင့္ ကိုယ္ဝန္ပ်က္က်မႈနဲ႔ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ ျဖစ္နုိင္ေျခေလ်ာ့နည္းေစျပီး ေပါင္မျပည့္ျခင္း၊ လမေစ့ဘဲေမြးဖြားျခင္းတို႔လည္း မျဖစ္ေစနိုင္ပါဘူး။

ကင္ဆာဆဲလ္တိုက္ဖ်က္ျခင္း-  ကညြတ္မွာပါတဲ့ glutathione က ခႏၶာကိုယ္ထဲက ကင္ဆာျဖစ္ေစတဲ့ဆဲလ္ေတြကို တိုက္ဖ်က္ေပးျပီး ဓာတ္တိုး ဆန္႔က်င္ပစၥည္းေတြကို ျပန္လည္ျဖစ္ေပၚေစပါတယ္။ အရိုး၊ ရင္သား၊အဆုတ္၊ ပန္ကရိယ၊ သားအိမ္ေခါင္းနဲ႕ အူမၾကီးကင္ဆာေတြအတြက္ ကာကြယ္ရာမွာ ထိေရာက္မႈရွိပါတယ္။

ကိုယ္အေလးခ်ိန္ေလွ်ာ့့ခ်ရာမွာ အေထာက္အကူေပးျခင္း – ကယ္လိုရီနည္းတဲ့ ကညြတ္ကိုစားသံုးျခင္းျဖင့္ အစာစားခ်င္စိတ္မ်ားေနတာကို တားဆီးနိုင္ျပီး ဆိုးက်ိဳးေပးမယ့္သေရစာေတြကို မစားျဖစ္ေတာ့ေလာက္ပါဘူး။ ေပ်ာ္ဝင္လြယ္တဲ့အမွ်င္ဓာတ္အင္ဆူလင္ေတြ ေပါမ်ားတာေၾကာင့္ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္နိုင္ေစတာျဖစ္ပါတယ္။ ဗီတာမင္ B complex  ပါဝင္တာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိေပးပါတယ္။

ႏွလံုးက်န္းမာေရး –  ကညႊတ္မွာပါဝင္တဲ့ ဗီတာမင္ ဘီက ခႏၶာကိုယ္ထဲက homocysteine  ပမာဏကို ေလ်ာ့နည္းေစျပီး ကိုလက္စထေရာကို က်ဆင္းေစပါတယ္။

ေသြးတြင္းသၾကားဓာတ္ထိန္းညွိျခင္း –  အမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါကို ကာကြယ္ေပးနိုင္ျပီး  ကယ္လ္စီယမ္ေၾကာင့္ အင္ဆူလင္စြန္႔ထုတ္မႈကို ထိန္းညွိတဲ့ ပန္ကရိယဆဲလ္ေတြအေပၚ တိုက္ရိုက္အာနိသင္ရွိပါတယ္။

အေရျပားက်န္းမာေရး –  niacin လို႔ေခၚတဲ့ျဒပ္ေပါင္းက ဝက္ျခံေပ်ာက္ကင္းေစျပီး အေရျပားေရာင္ရမ္းမႈကို ေလ်ာ့ပါးေစပါတယ္။

ဓာတ္တိုးဆန္႔က်င္ပစၥည္း glutathione  က free radicals ေတြကို ခုခံတိုက္ခိုက္ျပီး အေရျပားေနေလာင္မႈကို ကာကြယ္ေပးတဲ့အျပင္ အနာက်က္ျမန္ေစပါတယ္။ ေကာ့ပါးနဲ႔ ဗီတာမင္ B12 ေၾကာင့္လည္း အရြယ္မတိုင္မီ ဆံပင္ျဖဴျခင္း၊ ဆံပင္ပါးျခင္းကို ကာကြယ္ေပးပါတယ္။

ရာသီေသြးမွန္ေစျခင္း –  အမ်ိဳးသမီးေတြ ရာသီလာခ်ိန္မွာျဖစ္တဲ့ ေဝဒနာေတြ၊ ကိုက္ခဲတာေတြ၊ ေသြးဆင္းမ်ားတာေတြကို သက္သာေစပါတယ္။

မ်ိဳးေအာင္ေစျခင္း –  ဗီတာမင္ အီးက အမ်ိဳးသမီးနဲ႔ အမ်ိဳးသား အားလံုးမွာ လိင္ေဟာ္မုန္းနဲ႔ဆဲလ္ေတြရဲ႕အရည္အေသြးကို တိုးတက္ေစပါတယ္။ သုက္ပိုးေတြကုိက်န္းမာေစျပီး သားအိမ္အေျမွးေတြကို ထူထဲေစပါတယ္။ ဗီတာမင္ စီက သုက္ပိုးဆဲလ္ေတြကို အားျဖည့္ေပးျပီး သုက္ပိုးအေရအတြက္ကိုတိုးေစပါတယ္။ folate ေၾကာင့္ ဆဲလ္ေတြကို သေႏၶေအာင္ဖို႔လိုအပ္တဲ့ မွန္ကန္တဲ့ ခရိုမိုဆုန္းတည္ေဆာက္ပံုရရွိေစ ပါတယ္။

အဆစ္အျမစ္နာ –  အဆစ္အျမစ္နာေရာဂါ၊ အထူးသျဖင့္ ေလးဖက္နာေရာဂါကို ကညြတ္က ကာကြယ္ေပးပါတယ္။ niacin က အရိုးအဆစ္ေရာင္ရမ္းမႈကိုေလ်ာ့က်ေစျပီး ေကာ့ပါးက တြယ္ဆက္တစ္ရွဴးေတြကို ျပန္လည္ေကာင္းမြန္ေစတာေၾကာင့္ နာက်င္မႈေတြ၊ ေတာင့္တင္းမႈေတြကို သက္သာေစနုိင္ပါတယ္။

ေသြးတိုးက်ေစျခင္း – ေသြးဖိအားနဲ႕ပတ္သက္တဲ့ အာနိသင္ေတြရွိတဲ့ မဂၢနီဆီယမ္ပါဝင္တာေၾကာင့္ ေသြးတိုးကိုထိန္းနိုင္ျပီး ကယ္လ္ဆီယမ္နဲ႔ Rutin ေၾကာင့္လည္း ပိုအက်ိဳးရွိေစတာျဖစ္ပါတယ္။

တီဘီေရာဂါကိုကုသနိင္ – ေလျပြန္ေရာင္ေရာဂါနဲ႔ တီဘီေရာဂါတို႔ကို ကုသရာမွာ ကညြတ္ရဲ႕အျမစ္က ထိေရာက္တဲ့အာနိသင္ရွိတယ္လို႔ သိၾကပါတယ္။ ကညြတ္အျမစ္က အဆုတ္ထဲက တစ္ရွဴးေတြရဲ႕ လုပ္ေဆာင္ခ်က္ကို ေကာင္းမြန္ေစျပီး လည္ေခ်ာင္းပိုးဝင္ျခင္းေတြကို သက္သာေစပါတယ္။

ေသြးေၾကာက်န္းမာေရးကို ေကာင္းမြန္ေစျခင္း – ဗီတာမင္ B6 ေၾကာင့္ homocysteine  ကိုထိန္းေပးနိုင္ပါတယ္။ homocysteine  ပမာဏျမင့္မားရင္ ေသြးေၾကာဆိုင္ရာေရာဂါေတြျဖစ္ေစနိုင္ျပီး ေသြးေၾကာထဲက အဆီေတြစုပံုကာ ေသြးလည္ပတ္မႈကို အဟန္႔အတားျဖစ္ေစနိုင္ပါတယ္။

ကိုယ္ခံအားကို ေကာင္းေစျခင္း –  ေရာဂါေတြကိုတိုက္ထုတ္နုိင္ျပီး ခႏၶာကိုယ္ကိုထိခိုက္ေစမယ့္ေဘးက ကာကြယ္ေပးနိုင္ဖို႔ ကိုယ္ခံအား ေကာင္းဖို႔ လိုပါတယ္။ ဗီတာမင္စီေၾကာင့္ ကိုယ္ခံအားကို ေကာင္းေစျပီး အေအးမိျခင္းနဲ႔ဗိုင္းရပ္စ္ေတြကူးစက္မခံရေအာင္ ကာကြယ္ေပးပါတယ္။Thiamine ဓာတ္က အစာေခ်လမ္းေၾကာင္းနံရံၾကြက္သားေတြကို အေထာက္အကူေပးျပီး အာဟာရဓာတ္စုပ္ယူမႈအတြက္ လိုအပ္တဲ့ဟိုက္ဒရိုကလိုရစ္အက္စစ္ကိုထုတ္ေပးနုိင္ပါတယ္။
သတိျပဳရန္ –

 က်န္းမာေရးအက်ိဳးေ်က်းဇူးမ်ားတယ္ဆိုေပမယ့္ ကညြတ္ကို စားတာမ်ားလြန္းရင္လည္း ေဘးျဖစ္နိုင္တ့ဲ့အတြက္ တန္ေဆးလြန္ေဘး ဆိုတာကို သတိခ်ပ္သင့္ပါတယ္။ တခ်ိဳ႕လူေတြမွာဆို ဓာတ္မတည့္မႈေၾကာင့္ နည္းနည္းေလာက္စားရံုနဲ႔ ဒုကၡေရာက္တတ္ပါတယ္။

ဓာတ္မတည့္မႈလကၡဏာေပ်ာ့ရင္ေတာ့ အေရျပားနဲ႔မ်က္စိမွာ ယားယံနီရဲေစနိုင္ျပၤီး ဗိုက္ေအာင့္ဗိုက္နာျဖစ္တတ္ပါတယ္။ ျပင္းထန္လာရင္ေတာ့ ႏွာပိတ္ျခင္း၊ ေဖာေရာင္ျခင္း၊ခြ်ဲၾကပ္ျခင္း၊ ပန္းနာ၊ ဝမ္းေလွ်ာျခင္း၊ ေခါင္းမူးျခင္းတို႔ ျဖစ္လာနိုင္ပါတယ္။

တခ်ဳိ႕မွာလည္း ဆီးအနံ႔ျပင္းလြန္းတာေတြရွိတတ္ပါတယ္။

ကညြတ္က ဆီးရႊင္ေစျပီးခႏၶာကိုယ္ထဲမွာ လီသီယမ္ဓာတ္ေတြမ်ားေစနိုင္တာေၾကာ္င့ အမ်ားၾကီးစားရင္ လီသီယမ္မ်ားျခင္းရဲ႕ဆိုးက်ိဳးေတြ ရွိလာေစနုိင္ပါတယ္။ စားသံုးမႈလြန္ကဲရင္ သေႏၶသားရဲ႕ဖြံ႔ျဖိဳးမႈကိုထိခိုက္ေစျပီး မိခင္ႏို႔ကိုပါ အဆိပ္အေတာက္ျဖစ္ေစနိုင္တာေၾကာင့္  ကိုယ္ဝန္ေဆာင္ေတြနဲ႔ နို႔တိုက္မိခင္ေတြအေနနဲ႔ အာဟာရအျဖစ္သာစားသင့္ျပီး ေဆးဝါးအျဖစ္အမ်ားၾကီးမစားသင့္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ကညွတ်ဟာ အာဟာရဓာတ်တွေပြည့်ဝနေတဲ့ အရာဖြစ်လို့ နေ့စဉ်စားသောက်တဲ့အထဲ ထည့်သွင်းသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အဆီပါဝင်မှုက မရှိသလောက်ရှိပြီး ကယ်လိုရီလည်း အရမ်းနည်းပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေက များလွန်းတဲ့အတွက် စားသုံးသင့်တဲ့ အသီးအရွက်တွေထဲမှာ ပါဝင်ပါတယ်။
ကညွှတ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

အရိုးသန်မာစေခြင်း – ဗီတာမင် ကေ ရဲ့အဓိကလုပ်ဆောင်ချက်က အရိုးသိပ်သည်းမှုပိုကောင်းစေတာပဲဖြစ်ပါတယ်။ ကညွတ်တစ်ပန်းကန်စာမှာ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင် ကေပမာဏရဲ့ ၇၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ ကယ်လ်စီယမ်စုပ်ယူမှုကို ပိုအားကောင်းစေပြီး အရိုးပွရောဂါနဲ့အရိုးကျိုးအက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကိုလျော့ကျစေခြင်း –  ကညွတ်က အမျိုးအစား၂ ဆီးချိုရောဂါ၊ ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့ကို ကာကွယ်နိုင်၊ ကုသနိုင်ပြီး ၎င်းမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း glutathione က အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ ခရမ်းလွန်ရောင်ခြည် သို့မဟုတ် ပြင်ပ လေထုညစ်ညမ်းပစ္စည်းတွေကြောင့် အရေပြားရောင်ရမ်းမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။ အစိမ်းရောင်နဲ့ အရောင်ရင့် နှစ်မျိုးရှိတဲ့အထဲမှာ အရောင်ရင့်ရင့်ကညွတ်မှာ အန်သိုဆိုင်ယာနင်ဓာတ်တွေအပြည့်အဝပါဝင်တာကြောင့် အရေပြားထဲက အဆိပ်အတောက်ဓာတ်တွေကို လျော့ပါးစေပြီး နေလောင်ဒဏ်ကို ကာကွယ်ပေးပါတယ်။

ဆီးရွှင်စေခြင်း – သဘာဝဆီးရွှင်ဆေးဖြစ်နေတဲ့ ကညွှတ်က ခန္ဓာကိုယ်ထဲက ရေတွေကို ထုတ်ပယ်ပေးပြီး မလိုလားအပ်တဲ့ အငန်ဓာတ်နဲ့ အရည်ဓာတ်ပါဝင်မှုကိုလျော့နည်းစေပါတယ်။ သွေးတိုးရောဂါ ဒါမှမဟုတ် ခန္ဓာကိုယ်တစ်ရှူးတွေထဲမှာ ရေတွေစုနေတတ်တဲ့ edema ရောဂါခံစားနေရတဲ့သူတွေအတွက် အကျိုးပြုပေးနိုင်တဲ့ ဓာတ်စာဖြစ်ပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ အာနိသင်လည်းရှိတယ်လို့ သိရပါတယ်။

အစာချေလမ်းကြောင်းအတွက်အကျိုးပြုခြင်း – ကညွတ်မှာ အစာချေစနစ်အတွက် အရေးပါတဲ့ အမျှင်ဓာတ်တွေအများအပြားပါရှိပါတယ်။ အစာအာဟာရကရရှိတဲ့အမျှင်ဓာတ်တွေဟာ အူထဲမှာရှိတဲ့ အကျိအမြှေးကပ်ငြိမှုတွေနဲ့ တခြားအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အူလမ်းကြောင်းကိုကောင်းမွန်စေလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်အတွက်ကောင်းကျိုးပြုခြင်း – မိခင်လောင်းတွေအနေနဲ့   ကိုယ်ဝန်ဆောင်ကာလမှာ အထောက်အကူဖြစ်စေဖို့ ကညွတ်ကိုစားပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ဓာတ်ဖြစ်တဲ့  folate ပါဝင်မှုမြင့်မားတာကြောင့်လည်း မိခင်လောင်းတွေ စားသုံးသင့်ပါတယ်။ ဖောလစ်အက်စစ်ဓာတ် ကြောင့် ကိုယ်ဝန်ပျက်ကျမှုနဲ့ မွေးရာပါချို့ယွင်းချက် ဖြစ်နိုင်ခြေလျော့နည်းစေပြီး ပေါင်မပြည့်ခြင်း၊ လမစေ့ဘဲမွေးဖွားခြင်းတို့လည်း မဖြစ်စေနိုင်ပါဘူး။

ကင်ဆာဆဲလ်တိုက်ဖျက်ခြင်း-  ကညွတ်မှာပါတဲ့ glutathione က ခန္ဓာကိုယ်ထဲက ကင်ဆာဖြစ်စေတဲ့ဆဲလ်တွေကို တိုက်ဖျက်ပေးပြီး ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေကို ပြန်လည်ဖြစ်ပေါ်စေပါတယ်။ အရိုး၊ ရင်သား၊အဆုတ်၊ ပန်ကရိယ၊ သားအိမ်ခေါင်းနဲ့ အူမကြီးကင်ဆာတွေအတွက် ကာကွယ်ရာမှာ ထိရောက်မှုရှိပါတယ်။

ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးခြင်း – ကယ်လိုရီနည်းတဲ့ ကညွတ်ကိုစားသုံးခြင်းဖြင့် အစာစားချင်စိတ်များနေတာကို တားဆီးနိုင်ပြီး ဆိုးကျိုးပေးမယ့်သရေစာတွေကို မစားဖြစ်တော့လောက်ပါဘူး။ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်အင်ဆူလင်တွေ ပေါများတာကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်စေတာဖြစ်ပါတယ်။ ဗီတာမင် B complex  ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

နှလုံးကျန်းမာရေး –  ကညွှတ်မှာပါဝင်တဲ့ ဗီတာမင် ဘီက ခန္ဓာကိုယ်ထဲက homocysteine  ပမာဏကို လျော့နည်းစေပြီး ကိုလက်စထရောကို ကျဆင်းစေပါတယ်။

သွေးတွင်းသကြားဓာတ်ထိန်းညှိခြင်း –  အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပြီး  ကယ်လ်စီယမ်ကြောင့် အင်ဆူလင်စွန့်ထုတ်မှုကို ထိန်းညှိတဲ့ ပန်ကရိယဆဲလ်တွေအပေါ် တိုက်ရိုက်အာနိသင်ရှိပါတယ်။

အရေပြားကျန်းမာရေး –  niacin လို့ခေါ်တဲ့ဒြပ်ပေါင်းက ဝက်ခြံပျောက်ကင်းစေပြီး အရေပြားရောင်ရမ်းမှုကို လျော့ပါးစေပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း glutathione  က free radicals တွေကို ခုခံတိုက်ခိုက်ပြီး အရေပြားနေလောင်မှုကို ကာကွယ်ပေးတဲ့အပြင် အနာကျက်မြန်စေပါတယ်။ ကော့ပါးနဲ့ ဗီတာမင် B12 ကြောင့်လည်း အရွယ်မတိုင်မီ ဆံပင်ဖြူခြင်း၊ ဆံပင်ပါးခြင်းကို ကာကွယ်ပေးပါတယ်။

ရာသီသွေးမှန်စေခြင်း –  အမျိုးသမီးတွေ ရာသီလာချိန်မှာဖြစ်တဲ့ ဝေဒနာတွေ၊ ကိုက်ခဲတာတွေ၊ သွေးဆင်းများတာတွေကို သက်သာစေပါတယ်။

မျိုးအောင်စေခြင်း –  ဗီတာမင် အီးက အမျိုးသမီးနဲ့ အမျိုးသား အားလုံးမှာ လိင်ဟော်မုန်းနဲ့ဆဲလ်တွေရဲ့အရည်အသွေးကို တိုးတက်စေပါတယ်။ သုက်ပိုးတွေကိုကျန်းမာစေပြီး သားအိမ်အမြှေးတွေကို ထူထဲစေပါတယ်။ ဗီတာမင် စီက သုက်ပိုးဆဲလ်တွေကို အားဖြည့်ပေးပြီး သုက်ပိုးအရေအတွက်ကိုတိုးစေပါတယ်။ folate ကြောင့် ဆဲလ်တွေကို သန္ဓေအောင်ဖို့လိုအပ်တဲ့ မှန်ကန်တဲ့ ခရိုမိုဆုန်းတည်ဆောက်ပုံရရှိစေ ပါတယ်။

အဆစ်အမြစ်နာ –  အဆစ်အမြစ်နာရောဂါ၊ အထူးသဖြင့် လေးဖက်နာရောဂါကို ကညွတ်က ကာကွယ်ပေးပါတယ်။ niacin က အရိုးအဆစ်ရောင်ရမ်းမှုကိုလျော့ကျစေပြီး ကော့ပါးက တွယ်ဆက်တစ်ရှူးတွေကို ပြန်လည်ကောင်းမွန်စေတာကြောင့် နာကျင်မှုတွေ၊ တောင့်တင်းမှုတွေကို သက်သာစေနိုင်ပါတယ်။

သွေးတိုးကျစေခြင်း – သွေးဖိအားနဲ့ပတ်သက်တဲ့ အာနိသင်တွေရှိတဲ့ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် သွေးတိုးကိုထိန်းနိုင်ပြီး ကယ်လ်ဆီယမ်နဲ့ Rutin ကြောင့်လည်း ပိုအကျိုးရှိစေတာဖြစ်ပါတယ်။

တီဘီရောဂါကိုကုသနိင် – လေပြွန်ရောင်ရောဂါနဲ့ တီဘီရောဂါတို့ကို ကုသရာမှာ ကညွတ်ရဲ့အမြစ်က ထိရောက်တဲ့အာနိသင်ရှိတယ်လို့ သိကြပါတယ်။ ကညွတ်အမြစ်က အဆုတ်ထဲက တစ်ရှူးတွေရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး လည်ချောင်းပိုးဝင်ခြင်းတွေကို သက်သာစေပါတယ်။

သွေးကြောကျန်းမာရေးကို ကောင်းမွန်စေခြင်း – ဗီတာမင် B6 ကြောင့် homocysteine  ကိုထိန်းပေးနိုင်ပါတယ်။ homocysteine  ပမာဏမြင့်မားရင် သွေးကြောဆိုင်ရာရောဂါတွေဖြစ်စေနိုင်ပြီး သွေးကြောထဲက အဆီတွေစုပုံကာ သွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ကိုယ်ခံအားကို ကောင်းစေခြင်း –  ရောဂါတွေကိုတိုက်ထုတ်နိုင်ပြီး ခန္ဓာကိုယ်ကိုထိခိုက်စေမယ့်ဘေးက ကာကွယ်ပေးနိုင်ဖို့ ကိုယ်ခံအား ကောင်းဖို့ လိုပါတယ်။ ဗီတာမင်စီကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး အအေးမိခြင်းနဲ့ဗိုင်းရပ်စ်တွေကူးစက်မခံရအောင် ကာကွယ်ပေးပါတယ်။Thiamine ဓာတ်က အစာချေလမ်းကြောင်းနံရံကြွက်သားတွေကို အထောက်အကူပေးပြီး အာဟာရဓာတ်စုပ်ယူမှုအတွက် လိုအပ်တဲ့ဟိုက်ဒရိုကလိုရစ်အက်စစ်ကိုထုတ်ပေးနိုင်ပါတယ်။
သတိပြုရန် –

 ကျန်းမာရေးအကျိုးေျကျးဇူးများတယ်ဆိုပေမယ့် ကညွတ်ကို စားတာများလွန်းရင်လည်း ဘေးဖြစ်နိုင်တဲ့အတွက် တန်ဆေးလွန်ဘေး ဆိုတာကို သတိချပ်သင့်ပါတယ်။ တချို့လူတွေမှာဆို ဓာတ်မတည့်မှုကြောင့် နည်းနည်းလောက်စားရုံနဲ့ ဒုက္ခရောက်တတ်ပါတယ်။

ဓာတ်မတည့်မှုလက္ခဏာပျော့ရင်တော့ အရေပြားနဲ့မျက်စိမှာ ယားယံနီရဲစေနိုင်င်္ပြီး ဗိုက်အောင့်ဗိုက်နာဖြစ်တတ်ပါတယ်။ ပြင်းထန်လာရင်တော့ နှာပိတ်ခြင်း၊ ဖောရောင်ခြင်း၊ချွဲကြပ်ခြင်း၊ ပန်းနာ၊ ဝမ်းလျှောခြင်း၊ ခေါင်းမူးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

တချို့မှာလည်း ဆီးအနံ့ပြင်းလွန်းတာတွေရှိတတ်ပါတယ်။

ကညွတ်က ဆီးရွှင်စေပြီးခန္ဓာကိုယ်ထဲမှာ လီသီယမ်ဓာတ်တွေများစေနိုင်တာကြော်င့ အများကြီးစားရင် လီသီယမ်များခြင်းရဲ့ဆိုးကျိုးတွေ ရှိလာစေနိုင်ပါတယ်။ စားသုံးမှုလွန်ကဲရင် သန္ဓေသားရဲ့ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး မိခင်နို့ကိုပါ အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့်  ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ အာဟာရအဖြစ်သာစားသင့်ပြီး ဆေးဝါးအဖြစ်အများကြီးမစားသင့်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top