Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဒီေခါင္းစဥ္ကေလးက စာဖတ္သူကို အေတာ္ေလး စိတ္ကသိကေအာက္ျဖစ္ေစလိမ့္မယ္လို႔ ကြၽန္ေတာ္စဥ္းစားမိတယ္။ ကြၽန္ေတာ္ကိုယ္တိုင္အတြက္လည္း ေတာ္ေတာ္စိမ္းတဲ့ ေ၀ါဟာရတစ္ခု ျဖစ္ေနေလရဲ႕။ ကြၽန္ေတာ္တို႔က ပညာသည္သာ ဘ၀ရဲ႕ထြက္ေပါက္။ ပညာမရွိသူ၏ ၀န္ထမ္း။ မယားေကြၽးမႈ သားေကြၽးမႈ တစ္ခုပညာကုိယ္စီပါ စတဲ့စကားေတြနဲ႔ တစ္သက္လံုး လက္ပြန္းတတီး ယဥ္ပါးလာသူမို႕ ဒီေခါင္းစဥ္က ထူးတင္မက ဆန္းလုိ႔ေနေလရဲ႕။ ဒါေပမဲ့ ကိုယ္မရင္းႏွီးတဲ့ ၀န္းက်င္တစ္ခုမွာ ပညာဆိုတာထမင္းစားဖို႔၊ တစ္နည္းအားျဖင့္ သက္ေမြး၀မ္းေက်ာင္းလုပ္ဖို႔မဟုတ္ဘဲ ေလ့လာေနၾကတဲ့သူေတြလည္း ရွိေနၾကလို႔သာျဖစ္မယ္လို႔ ေတြးမိတယ္ေလ။

တစ္ခါက ရန္ကုန္တကၠသိုလ္ စစ္ကိုင္းေဆာင္မွာ ရင္းရင္းႏွီးႏွီး ခင္မင္မင္မင္ေနခဲ့ဖူးသူ ကိုလွေရႊက ေျပာလာတာဆိုေတာ့ စကားလံုးကစိမ္းေပမယ့္ အသိသစ္အျမင္သစ္တစ္ခုေတာ့ ရမွာပဲေလဆိုၿပီး အလင္းျပပါဦးလို႔ ကြၽန္ေတာ္က ေတာင္းဆိုလိုက္တဲ့အခါ သူက “ပညာဆိုတာ ထမင္းစားဖို႔ သင္တာမဟုတ္ဘူး၊ အသိပညာေတြတိုးဖို႔သင္တာ။ ကြၽန္ေတာ္ေလ့လာေနတာက တစ္ခုခုရရင္ ကြၽန္ေတာ့္အတြက္ မဟာတန္ဖိုးပဲ။ ကြၽန္ေတာ့္မိသားစု အသက္ေမြး၀မ္းေက်ာင္းအတြက္ လုပ္ငန္းအေသးစားတစ္ခု တည္ေထာင္ထားတယ္။ ပညာနဲ႔ မိသားစုစား၀တ္ေနေရးကို ခြဲထားတယ္။ အခုကြၽန္ေတာ္ English Literature ကိုေလ့လာေနတယ္။ ကြၽန္ေတာ့္အသက္က ၄၅ ႏွစ္။ ပါေမာကၡေတြက ကြၽန္ေတာ့္ထက္ အသက္ငယ္ၾကတာလည္းရွိတယ္။ ကြၽန္ေတာ့္အတြက္ အရာရာဟာအသစ္ပဲဗ်” လို႔ဆိုလိုက္ေတာ့မွ နည္းနည္းသေဘာေပါက္သြားေတာ့တယ္။ တကယ္ေတာ့ ကြၽန္ေတာ္တို႔၀န္းက်င္မွာက ‘၀ိဇၨာသိပၸ၊ လူ႔ကိစၥကို၊ ငယ္ကမသင္ ေပ်ာ္ပါးလြင္မူ’ ဆိုတဲ့ကိုးခန္းပ်ဳိ႕လာ ရွင္မဟာရ႒သာရ ဆံုးမစာကိုသာ အဓိကထား ေျပာဆိုသင္ျပေနၾကတာမုိ႔လား။ ဒါေၾကာင့္ ကြၽန္ေတာ္က သူသိခ်င္တာကို ေအာင့္အည္းမထားဘဲ-

“မင္းေျပာတာေတာ့ ဟုတ္တုတ္တုတ္။ ငါေတာ့သေဘာေပါက္ခ်င္သလုိလိုေတာ့ ရွိေပမယ့္ နည္းနည္းပိုရွင္းေအာင္ ေျပာျပပါဦးေလ။ မင္းရဲ႕အျမင္သစ္ကို ငါလည္းသူမ်ားေတြကို ျပန္ေျပာျပရတာေပါ့”

အခုအေမရိကားက ကြၽန္ေတာ္တက္ေနတဲ့ English Literature အတန္းကို ဓာတုအင္ဂ်င္နီယာေတြ၊ အႏုျမဴသိပၸံဘြဲ႕လြန္က ေက်ာင္းသားေတြ၊ ဆရာ၀န္ဘြဲ႕လြန္က လူေတြလာသင္ၾကတယ္။ လူ႔ဘ၀ဒႆနကို စာေပ႐ႈေထာင့္ကေန ေဆြးေႏြးၾကတယ္။ သူတို႔မသိခဲ့တဲ့ အသိတရားေတြကို စာေပကေန ေလ့လာၾက ေျပာၾကဆိုၾကတာဗ်။ တကယ္ကို တန္ဖိုးႀကီးပါတယ္။ ကြၽန္ေတာ္တို႔ေခတ္တုန္းက သမိုင္း၊ ျမန္မာစာယူတဲ့ ေက်ာင္းသားဆိုရင္ သုံးစားလို႔မရတဲ့သူ၊ လူရာမသြင္းခ်င္ၾကဘူးေပါ့။ အေမရိကားမွာေတာ့ English Literature ဆိုတာပညာတတ္ႀကီးေတြေရာ၊ ႏိုင္ငံေရးကို ေလ့လာသူေရာ၊ ဒႆနပညာကို ေလ့လာေနသူေရာ သင္ယူၾကတဲ့ ပညာရပ္ႀကီးပါဗ်ာ။ ကြၽန္ေတာ္တို႔ႏိုင္ငံနဲ႔ ေျပာင္းျပန္ေပါ့ဗ်ာ”

သူ႔စကားကိုနားေထာင္ရင္း ကြၽန္ေတာ္တုိ႔တက္ခဲ့ဖူးတဲ့ စစ္အာဏာရွင္စနစ္ေအာက္က တကၠသိုလ္ပညာေရးနဲ႔ေတာ့ မဆီရယ္တဲ့မွ အိုမဆိုင္ေလာက္ေအာင္ ျခားနားလွတဲ့ စာသင္ခန္းႀကီးကို စိတ္ထဲမွာ ကြင္းကနဲ သူျမင္ေယာင္လာမိေတာ့တယ္။ ကြၽန္ေတာ္ ဒီလိုအေတြးစအမွ်င္တန္းလာစဥ္မွာ ကိုလွေရႊက ခုလိုဆက္ေျပာျပန္တယ္။

ဒီလိုေျပာလိုက္လုိ႔ ျမန္မာျပည္ကပညာေရးကို မေကာင္းျမင္၀ါဒနဲ႔ ခ်ိဳးႏွိမ္ေျပာေနတယ္ မထင္ေစခ်င္ဘူး။ ျမန္မာျပည္က ပညာေရး ဘယ္ေလာက္ပဲနိမ့္က်ပါေစ၊ ကြၽန္ေတာ့္အတြက္ေတာ့ အင္မတန္ တန္ဖိုးႀကီးမားပါတယ္။ မဟာတန္းၿပီးတဲ့အခ်ိန္မွာ ကြၽန္ေတာ္ဟာ မိတ္ေကာင္းေဆြေကာင္းေတြကို တည္ေဆာက္ႏိုင္ခဲ့တယ္။ အဲဒီအခ်ိန္တုန္းကဆို ထိပ္တန္းေနရာကို၀င္ႏိုင္တဲ့အထိ ေျခဆန္႔ႏိုင္ခဲ့တယ္။ ဒါေပမဲ့ ကြၽန္ေတာ္အဲဒါေတြကို မုန္းတီးလာတယ္၊ စိတ္ပ်က္သြားတယ္၊ စက္ဆုပ္သြားတယ္။ အဲလိုစိတ္ေတြက ကြၽန္ေတာ္ေတာ္လွန္ေရးသမားျဖစ္ဖို႔ လမ္းခင္းေပးခဲ့တယ္လို႔ ယူဆမိတယ္ဗ်။ အစ္ကုိ႔ရဲ႕ အျမင့္ပ်ံငွက္မ်ား ကဗ်ာကေတာ့ က်ေနာ္ရင္၀ယ္သိမ္းထားတဲ့ ကဗ်ာတစ္ပုဒ္ပါပဲ။ ဘယ္ေနရာေရာက္ေရာက္ ရခိုင္ဆိုတဲ့အေတြး၊ အ၀ျပင္ဆိုတဲ့ရြာမွာ ေမြးခဲ့တယ္ဆိုတာရယ္၊ တစ္ေန႔ေန႔  ျပန္ကိုျပန္မယ္ဆိုတဲ့ အသိစိတ္ကို ႏိႈးဆြေပးေနသလို ခံစားမိတယ္”

သူဟာ အခုအခ်ိန္မွာ အေမရိကန္ႏိုင္ငံ ပင္ဆီေဗးနီးယားျပည္နယ္က Kutztown University of Pennsylvania တကၠသုိလ္မွာ အဂၤလိပ္စာေပကို ေလ့လာေနတဲ့ ေက်ာင္းသားႀကီးတစ္ေယာက္ ျဖစ္ေနခဲ့ၿပီေလ။ အရင္ကသူဟာ ရန္ကုန္တကၠသိုလ္က သမိုင္းအဓိကနဲ႔ မဟာ၀ိဇၨာဘြဲ႕ရခဲ့တယ္။ ေက်ာင္းသားလႈပ္ရွားမႈေတြမွာ ပါ၀င္ခဲ့တယ္။ နယ္စပ္ေတာ္လွန္ေရး နယ္ေျမကိုထြက္လာၿပီး စစ္အာဏာရွင္ျပဳတ္က်ေရးအတြက္ ဆက္လက္ပုန္ကန္ေတာ္လွန္ခဲ့တယ္။

ေနာက္ပိုင္းမွာေတာ့ မိသားစုအနာဂတ္အတြက္ပဲ ထင္ပါရဲ့။ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ံုးရဲ႕ ျပန္လည္ေနရာခ်ထားေရး အစီအစဥ္နဲ႕ အေမရိကန္ျပည္ေထာင္စုကို ေျပာင္းသြားၾကတယ္။ ဒီေနရာမွာ ဒုကၡသည္နဲ႔လာၾကတဲ့ ျမန္မာျပည္သားေတြ အေၾကာင္းကိုလည္း ဗဟုသုတရဖြယ္ ေျပာျပပါေသးတယ္။

“ဒုကၡသည္ဆိုလိုက္တာနဲ႔ အကုန္လုံးတန္းတူ ထားလိုက္တာနဲ႔စာရင္ ဒုကၡသည္ေတြကို ခြဲလိုက္ရင္ ပိုေကာင္းမယ္ထင္တယ္။ အခ်ဳိ႕ဒုကၡသည္ေတြက နယ္စပ္တိုင္းရင္းသားေဒသေတြမွာ စစ္အစိုးရေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာတဲ့ လူေတြရွိတယ္။ ဒီလူေတြက စာမတတ္ေပမတတ္။ ဒါေပမဲ့သူတို႔က အေမရိကားေရာက္ေတာ့ ငါးႏွစ္အတြင္း အိမ္၀ယ္ႏိုင္တယ္။ ေငြေတြစုၿပီး နယ္စပ္ကမိသားစုဆီကို ေငြပို႔ႏိုင္တယ္။ သူတို႔လုပ္အားေၾကာင့္ ကုမၸဏီေတြက ကားအသစ္ဆိုလည္း ၀ယ္ဖို႔ေငြေခ်းေပးတယ္။ တစ္နည္းအားျဖင့္ ကာယလုပ္သားေကာင္းေတြ ျဖစ္လာတယ္။ အေမရိကားရဲ႕ လူလတ္တန္းအဆင့္ကို ေရာက္လာတယ္။ ေနာက္တစ္မ်ိဳးက လူလည္ဒုကၡသည္ေတြ၊ ျမန္မာျပည္မွာေနကတည္းက ေငြတတ္ႏိုင္တယ္။ ဒုကၡသည္လည္း ေငြေပးၿပီး ျဖစ္လာတယ္။ ျမန္မာျပည္က လူလည္စိတ္ကလည္းမေပ်ာက္၊ အေမရိကားေရာက္ေတာ့ ျမန္မာျပည္မွာ လည္ခဲ့ပတ္ခဲ့တဲ့ လူလည္ပညာကလည္း သုံးလို႔မရ။ သူတို႔ကက်ေတာ့ ပညာလည္းမသင္ခ်င္၊ အလုပ္လည္း မလုပ္ခ်င္ၾကဘူး။ ဒီလိုနဲ႔အစိုးရေပးတဲ့ တိုက္ခန္းမွာေနတယ္။ အစိုးရေပးတဲ့အစာကိုစားတယ္။ အဲလိုေနရာမွာေနရင္း သားသမီးလည္း လူေကာင္းျဖစ္ဖို႔ လမ္းကေပ်ာက္ၿပီး ေယာင္ခ်ာခ်ာျဖစ္ေနတဲ့ အေမရိကန္ႏိုင္ငံသား ျမန္မာျပည္ဖြားေတြလည္းရွိတယ္။ အဲလိုလူမ်ိဳးေတြေနတဲ့ ေနရာမ်ိဳးမွာ ေက်ာင္းအဆင့္က ေတာ္ေတာ္နိမ့္တယ္။ ေနာက္တစ္မ်ိဳးက ဒုကၡသည္ေတာ့ ျဖစ္လာတယ္။ ဒါေပမဲ့ ဒုကၡသည္ခံခ်င္တဲ့လူေတြ မဟုတ္ဘူး။ ျမန္မာျပည္မွာေနကတည္းက စစ္အစိုးရကို မေၾကာက္၊ ေတာ္လွန္တယ္၊ ပုန္ကန္တယ္၊ ေထာင္က်တယ္။ ေတာခိုတယ္။ ပညာလည္းအထိုက္အေလ်ာက္ပါၿပီး ႀကိဳးစားလိုစိတ္ရွိတဲ့လူေတြအတြက္ေတာ့ အေမရိကားဆုိတာ နတ္ျပည္ပဲ။ ႀကိဳးစားတယ္။ ပညာသင္တယ္၊ အလုပ္လုပ္တယ္။ ထိုးထြင္းဥာဏ္ရွိတယ္၊ ငါးႏွစ္ေလာက္အတြင္းမွာ အေမရိကားရဲ႕ လူလတ္တန္းအဆင့္ကို ၀င္ႏိုင္တယ္။ ပညာတတ္လာတယ္၊ တစ္ႏွစ္၀င္ေငြ သိန္းကဏန္းရွိလာတယ္။ ဒါကလူတန္းစားတမ်ဳိးေပါ့” လုိ႔ သူနဲ႔ေခတ္ၿပိဳင္ အေမရိကန္ႏိုင္ငံေရာက္ ျမန္မာျပည္ဖြားေတြရဲ႕သ႐ုပ္ကို သံုးမ်ိဳးသံုးစားခြဲျပခဲ့တယ္။ သူကေတာ့ ေနာက္ဆံုးအုပ္စု၀င္ေပါ့။ တစ္စစီစုတ္ျပတ္ၿပီး အမိႏိုင္ငံအေပၚ ျဖစ္ေစခ်င္တဲ့ ေစတနာနဲ႔ သူကိုယ္တုိင္ရဲ႕ အနာဂတ္အိပ္မက္ကို ခုလိုေျပာျပခဲ့တယ္။

“ပ်က္သြားတာကိုလည္း ျပင္ရတာခက္ပါတယ္။ ဖ်က္ဆီးတာက အင္မတန္လြယ္ပါတယ္။ လူ႔အဖြဲ႕အစည္းတစ္ခုလုံးကို ျပန္ျပင္ဖို႔ဆိုတာ ရာစုႏွစ္နဲ႔ခ်ီၾကာမယ္လုိ႔ နားလည္တယ္။ စိတ္နဲ႔႐ုပ္ပိုင္းဆိုင္ရာေတြ အဆင့္ျမင့္ဖို႔လိုပါတယ္။ တာ၀န္ယူတတ္ဖို႔၊ တာ၀န္သိတတ္တဲ့ လူ႔အဖြဲ႕အစည္းမ်ိဳး ျဖစ္လာေစခ်င္တယ္။ ကြၽန္ေတာ္ငယ္ငယ္တုန္းကေတာ့ စစ္ဗိုလ္ျဖစ္ခ်င္ခဲ့တယ္။ တကၠသိုလ္ေရာက္ေတာ့ ပါေမာကၡျဖစ္ခ်င္ခဲ့တယ္။ ဒါေပမဲ့ခုေတာ့ အဲဒါေတြ ဘာမွမရွိေတာ့ပါဘူး။ အသက္ေျခာက္ဆယ္မျပည့္ခင္ အေမရိကားက စာေပဘဲြ႕ရယ္၊ ပညာေရးမဟာဘြဲ႕ရယ္၊ ႏိုင္ငံေရးသိပၸံဘြဲ႕ရယ္ လိုခ်င္တယ္။ လုပ္လည္းလုပ္ေနတယ္။ မေသခင္မွာ လူ႔ဘ၀ကို တန္ဖိုးရွိရွိေနခ်င္လို႔ပါ”

သူနဲ႔ကြၽန္ေတာ္က ျမကြၽန္းညိဳမွာ ကြန္းခိုတုန္းကလည္း ဆံုခဲ့သလုိ နယ္စပ္ေဒသေတာ္လွန္ေရး နယ္ေျမမွာလည္း ဆံုခဲ့ၾကဖူးတယ္။ ခုအခ်ိန္မွာ သူဟာရင့္က်က္လာတဲ့ လူလတ္ပိုင္းျဖစ္ေနပါၿပီ။ သူ႔သားရဲ႕အနာဂတ္အတြက္ ပညာေရးေကာင္းဖို႔ သူ႕မွ ရည္မွန္းခ်က္ ႀကီးမားလြန္းလွတာကို သူ႔ပို႔စ္ေတြကိုဖတ္ရင္း သိေနရတယ္။

သူကိုယ္တုိင္လည္း သိမ္ေမြ႕နက္နဲၿပီး အႏွစ္သာရျပည့္၀လွတဲ့ ပညာေတြကိုရဖို႕ ပင္ပန္းခက္ခဲစြာ ဆည္းပူးေလ့လာေနရတယ္ဆိုတာကိုလည္း သူမၾကာခဏေျပာျပလို႔ သိေနရပါတယ္။ ဒါေပမဲ့ ဒီတစ္ခါသူေျပာျပတဲ့ ပညာေရးအျမင္ကေတာ့ ကြၽန္ေတာ့္အတြက္ ဆန္းသစ္ေသာ အေတြးတသီတတန္းႀကီးကို ေပးေနေလရဲ႕။ ေၾသာ္ဒါေၾကာင့္ အေနာက္တုိင္းက ပညာရွင္ေတြက မကုန္ခန္းႏိုင္တဲ့ ပညာပင္လယ္ ပညာသမုဒၵရာထဲမွာ က်င္လည္က်က္စားရင္း ေလာကအတြက္ အက်ိဳးျပဳမယ့္ အသိပညာ အတတ္ပညာ အသစ္သစ္ေတြကို ေဖာ္ထုတ္ေပးေနၾကတာပါလားဆိုတာကို သေဘာေပါက္လာတယ္။

ကြၽန္ေတာ္တုိ႔မွာက ပညာကိုစား၀တ္ေနေရး ေျဖရွင္းရာ ယႏၲရားတစ္ခုအျဖစ္ ဒီေန႔ထက္တုိင္ ဦးတည္သင္ၾကားေနၾကဆဲပဲ မဟုတ္ပါလား။ လူငယ္လူရြယ္ေတြအေနနဲ႔ ဘ၀တက္လမ္းအတြက္ အဓိကထားၿပီး ပညာကို သင္ယူၾကရမယ္ဆိုတာကိုေတာ့ ပစ္ပယ္လို႔ မရစေကာင္းပါဘူး။

ဒါေပမဲ့ ႏိုင္ငံတစ္ခု လူမ်ိဳးတစ္မ်ိဳး ထိပ္တန္းကုိ ေရာက္ေရးမွာ ထမင္းစားဖို႔ေလာက္ ဦးတည္ရည္ရြယ္ၿပီး သင္တဲ့ပညာေရးက အသံုးမ၀င္မွန္း ေကာင္းေကာင္းႀကီး ကြၽန္ေတာ္သေဘာေပါက္မိပါေတာ့တယ္။ ဒါ့အျပင္ ကြၽန္ေတာ္တို႔ ကမၻာ့အလယ္မွာ အရာရာေနာက္က် က်န္ရစ္ရျခင္းရဲ႕ တရားခံအစစ္အမွန္ကို အရွင္လတ္လတ္ ေတြ႕လုိက္ရလုိ႕ ၾကက္သီးေမြးညႇင္းလည္း တဖ်န္းဖ်န္းထမိပါရဲ႕။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဌး၀င္း
#Unicode Version#
ဒီခေါင်းစဉ်ကလေးက စာဖတ်သူကို အတော်လေး စိတ်ကသိကအောက်ဖြစ်စေလိမ့်မယ်လို့ ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော်ကိုယ်တိုင်အတွက်လည်း တော်တော်စိမ်းတဲ့ ဝေါဟာရတစ်ခု ဖြစ်နေလေရဲ့။ ကျွန်တော်တို့က ပညာသည်သာ ဘဝရဲ့ထွက်ပေါက်။ ပညာမရှိသူ၏ ဝန်ထမ်း။ မယားကျွေးမှု သားကျွေးမှု တစ်ခုပညာကိုယ်စီပါ စတဲ့စကားတွေနဲ့ တစ်သက်လုံး လက်ပွန်းတတီး ယဉ်ပါးလာသူမို့ ဒီခေါင်းစဉ်က ထူးတင်မက ဆန်းလို့နေလေရဲ့။ ဒါပေမဲ့ ကိုယ်မရင်းနှီးတဲ့ ဝန်းကျင်တစ်ခုမှာ ပညာဆိုတာထမင်းစားဖို့၊ တစ်နည်းအားဖြင့် သက်မွေးဝမ်းကျောင်းလုပ်ဖို့မဟုတ်ဘဲ လေ့လာနေကြတဲ့သူတွေလည်း ရှိနေကြလို့သာဖြစ်မယ်လို့ တွေးမိတယ်လေ။

တစ်ခါက ရန်ကုန်တက္ကသိုလ် စစ်ကိုင်းဆောင်မှာ ရင်းရင်းနှီးနှီး ခင်မင်မင်မင်နေခဲ့ဖူးသူ ကိုလှရွှေက ပြောလာတာဆိုတော့ စကားလုံးကစိမ်းပေမယ့် အသိသစ်အမြင်သစ်တစ်ခုတော့ ရမှာပဲလေဆိုပြီး အလင်းပြပါဦးလို့ ကျွန်တော်က တောင်းဆိုလိုက်တဲ့အခါ သူက “ပညာဆိုတာ ထမင်းစားဖို့ သင်တာမဟုတ်ဘူး၊ အသိပညာတွေတိုးဖို့သင်တာ။ ကျွန်တော်လေ့လာနေတာက တစ်ခုခုရရင် ကျွန်တော့်အတွက် မဟာတန်ဖိုးပဲ။ ကျွန်တော့်မိသားစု အသက်မွေးဝမ်းကျောင်းအတွက် လုပ်ငန်းအသေးစားတစ်ခု တည်ထောင်ထားတယ်။ ပညာနဲ့ မိသားစုစားဝတ်နေရေးကို ခွဲထားတယ်။ အခုကျွန်တော် English Literature ကိုလေ့လာနေတယ်။ ကျွန်တော့်အသက်က ၄၅ နှစ်။ ပါမောက္ခတွေက ကျွန်တော့်ထက် အသက်ငယ်ကြတာလည်းရှိတယ်။ ကျွန်တော့်အတွက် အရာရာဟာအသစ်ပဲဗျ” လို့ဆိုလိုက်တော့မှ နည်းနည်းသဘောပေါက်သွားတော့တယ်။ တကယ်တော့ ကျွန်တော်တို့ဝန်းကျင်မှာက ‘ဝိဇ္ဇာသိပ္ပ၊ လူ့ကိစ္စကို၊ ငယ်ကမသင် ပျော်ပါးလွင်မူ’ ဆိုတဲ့ကိုးခန်းပျို့လာ ရှင်မဟာရဋ္ဌသာရ ဆုံးမစာကိုသာ အဓိကထား ပြောဆိုသင်ပြနေကြတာမို့လား။ ဒါကြောင့် ကျွန်တော်က သူသိချင်တာကို အောင့်အည်းမထားဘဲ-

“မင်းပြောတာတော့ ဟုတ်တုတ်တုတ်။ ငါတော့သဘောပေါက်ချင်သလိုလိုတော့ ရှိပေမယ့် နည်းနည်းပိုရှင်းအောင် ပြောပြပါဦးလေ။ မင်းရဲ့အမြင်သစ်ကို ငါလည်းသူများတွေကို ပြန်ပြောပြရတာပေါ့”

အခုအမေရိကားက ကျွန်တော်တက်နေတဲ့ English Literature အတန်းကို ဓာတုအင်ဂျင်နီယာတွေ၊ အနုမြူသိပ္ပံဘွဲ့လွန်က ကျောင်းသားတွေ၊ ဆရာဝန်ဘွဲ့လွန်က လူတွေလာသင်ကြတယ်။ လူ့ဘဝဒဿနကို စာပေရှုထောင့်ကနေ ဆွေးနွေးကြတယ်။ သူတို့မသိခဲ့တဲ့ အသိတရားတွေကို စာပေကနေ လေ့လာကြ ပြောကြဆိုကြတာဗျ။ တကယ်ကို တန်ဖိုးကြီးပါတယ်။ ကျွန်တော်တို့ခေတ်တုန်းက သမိုင်း၊ မြန်မာစာယူတဲ့ ကျောင်းသားဆိုရင် သုံးစားလို့မရတဲ့သူ၊ လူရာမသွင်းချင်ကြဘူးပေါ့။ အမေရိကားမှာတော့ English Literature ဆိုတာပညာတတ်ကြီးတွေရော၊ နိုင်ငံရေးကို လေ့လာသူရော၊ ဒဿနပညာကို လေ့လာနေသူရော သင်ယူကြတဲ့ ပညာရပ်ကြီးပါဗျာ။ ကျွန်တော်တို့နိုင်ငံနဲ့ ပြောင်းပြန်ပေါ့ဗျာ”

သူ့စကားကိုနားထောင်ရင်း ကျွန်တော်တို့တက်ခဲ့ဖူးတဲ့ စစ်အာဏာရှင်စနစ်အောက်က တက္ကသိုလ်ပညာရေးနဲ့တော့ မဆီရယ်တဲ့မှ အိုမဆိုင်လောက်အောင် ခြားနားလှတဲ့ စာသင်ခန်းကြီးကို စိတ်ထဲမှာ ကွင်းကနဲ သူမြင်ယောင်လာမိတော့တယ်။ ကျွန်တော် ဒီလိုအတွေးစအမျှင်တန်းလာစဉ်မှာ ကိုလှရွှေက ခုလိုဆက်ပြောပြန်တယ်။

ဒီလိုပြောလိုက်လို့ မြန်မာပြည်ကပညာရေးကို မကောင်းမြင်ဝါဒနဲ့ ချိုးနှိမ်ပြောနေတယ် မထင်စေချင်ဘူး။ မြန်မာပြည်က ပညာရေး ဘယ်လောက်ပဲနိမ့်ကျပါစေ၊ ကျွန်တော့်အတွက်တော့ အင်မတန် တန်ဖိုးကြီးမားပါတယ်။ မဟာတန်းပြီးတဲ့အချိန်မှာ ကျွန်တော်ဟာ မိတ်ကောင်းဆွေကောင်းတွေကို တည်ဆောက်နိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းကဆို ထိပ်တန်းနေရာကိုဝင်နိုင်တဲ့အထိ ခြေဆန့်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်အဲဒါတွေကို မုန်းတီးလာတယ်၊ စိတ်ပျက်သွားတယ်၊ စက်ဆုပ်သွားတယ်။ အဲလိုစိတ်တွေက ကျွန်တော်တော်လှန်ရေးသမားဖြစ်ဖို့ လမ်းခင်းပေးခဲ့တယ်လို့ ယူဆမိတယ်ဗျ။ အစ်ကို့ရဲ့ အမြင့်ပျံငှက်များ ကဗျာကတော့ ကျနော်ရင်ဝယ်သိမ်းထားတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ ဘယ်နေရာရောက်ရောက် ရခိုင်ဆိုတဲ့အတွေး၊ အဝပြင်ဆိုတဲ့ရွာမှာ မွေးခဲ့တယ်ဆိုတာရယ်၊ တစ်နေ့နေ့  ပြန်ကိုပြန်မယ်ဆိုတဲ့ အသိစိတ်ကို နှိုးဆွပေးနေသလို ခံစားမိတယ်”

သူဟာ အခုအချိန်မှာ အမေရိကန်နိုင်ငံ ပင်ဆီဗေးနီးယားပြည်နယ်က Kutztown University of Pennsylvania တက္ကသိုလ်မှာ အင်္ဂလိပ်စာပေကို လေ့လာနေတဲ့ ကျောင်းသားကြီးတစ်ယောက် ဖြစ်နေခဲ့ပြီလေ။ အရင်ကသူဟာ ရန်ကုန်တက္ကသိုလ်က သမိုင်းအဓိကနဲ့ မဟာဝိဇ္ဇာဘွဲ့ရခဲ့တယ်။ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ နယ်စပ်တော်လှန်ရေး နယ်မြေကိုထွက်လာပြီး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆက်လက်ပုန်ကန်တော်လှန်ခဲ့တယ်။

နောက်ပိုင်းမှာတော့ မိသားစုအနာဂတ်အတွက်ပဲ ထင်ပါရဲ့။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို ပြောင်းသွားကြတယ်။ ဒီနေရာမှာ ဒုက္ခသည်နဲ့လာကြတဲ့ မြန်မာပြည်သားတွေ အကြောင်းကိုလည်း ဗဟုသုတရဖွယ် ပြောပြပါသေးတယ်။

“ဒုက္ခသည်ဆိုလိုက်တာနဲ့ အကုန်လုံးတန်းတူ ထားလိုက်တာနဲ့စာရင် ဒုက္ခသည်တွေကို ခွဲလိုက်ရင် ပိုကောင်းမယ်ထင်တယ်။ အချို့ဒုက္ခသည်တွေက နယ်စပ်တိုင်းရင်းသားဒေသတွေမှာ စစ်အစိုးရကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ လူတွေရှိတယ်။ ဒီလူတွေက စာမတတ်ပေမတတ်။ ဒါပေမဲ့သူတို့က အမေရိကားရောက်တော့ ငါးနှစ်အတွင်း အိမ်ဝယ်နိုင်တယ်။ ငွေတွေစုပြီး နယ်စပ်ကမိသားစုဆီကို ငွေပို့နိုင်တယ်။ သူတို့လုပ်အားကြောင့် ကုမ္ပဏီတွေက ကားအသစ်ဆိုလည်း ဝယ်ဖို့ငွေချေးပေးတယ်။ တစ်နည်းအားဖြင့် ကာယလုပ်သားကောင်းတွေ ဖြစ်လာတယ်။ အမေရိကားရဲ့ လူလတ်တန်းအဆင့်ကို ရောက်လာတယ်။ နောက်တစ်မျိုးက လူလည်ဒုက္ခသည်တွေ၊ မြန်မာပြည်မှာနေကတည်းက ငွေတတ်နိုင်တယ်။ ဒုက္ခသည်လည်း ငွေပေးပြီး ဖြစ်လာတယ်။ မြန်မာပြည်က လူလည်စိတ်ကလည်းမပျောက်၊ အမေရိကားရောက်တော့ မြန်မာပြည်မှာ လည်ခဲ့ပတ်ခဲ့တဲ့ လူလည်ပညာကလည်း သုံးလို့မရ။ သူတို့ကကျတော့ ပညာလည်းမသင်ချင်၊ အလုပ်လည်း မလုပ်ချင်ကြဘူး။ ဒီလိုနဲ့အစိုးရပေးတဲ့ တိုက်ခန်းမှာနေတယ်။ အစိုးရပေးတဲ့အစာကိုစားတယ်။ အဲလိုနေရာမှာနေရင်း သားသမီးလည်း လူကောင်းဖြစ်ဖို့ လမ်းကပျောက်ပြီး ယောင်ချာချာဖြစ်နေတဲ့ အမေရိကန်နိုင်ငံသား မြန်မာပြည်ဖွားတွေလည်းရှိတယ်။ အဲလိုလူမျိုးတွေနေတဲ့ နေရာမျိုးမှာ ကျောင်းအဆင့်က တော်တော်နိမ့်တယ်။ နောက်တစ်မျိုးက ဒုက္ခသည်တော့ ဖြစ်လာတယ်။ ဒါပေမဲ့ ဒုက္ခသည်ခံချင်တဲ့လူတွေ မဟုတ်ဘူး။ မြန်မာပြည်မှာနေကတည်းက စစ်အစိုးရကို မကြောက်၊ တော်လှန်တယ်၊ ပုန်ကန်တယ်၊ ထောင်ကျတယ်။ တောခိုတယ်။ ပညာလည်းအထိုက်အလျောက်ပါပြီး ကြိုးစားလိုစိတ်ရှိတဲ့လူတွေအတွက်တော့ အမေရိကားဆိုတာ နတ်ပြည်ပဲ။ ကြိုးစားတယ်။ ပညာသင်တယ်၊ အလုပ်လုပ်တယ်။ ထိုးထွင်းဉာဏ်ရှိတယ်၊ ငါးနှစ်လောက်အတွင်းမှာ အမေရိကားရဲ့ လူလတ်တန်းအဆင့်ကို ဝင်နိုင်တယ်။ ပညာတတ်လာတယ်၊ တစ်နှစ်ဝင်ငွေ သိန်းကဏန်းရှိလာတယ်။ ဒါကလူတန်းစားတမျိုးပေါ့” လို့ သူနဲ့ခေတ်ပြိုင် အမေရိကန်နိုင်ငံရောက် မြန်မာပြည်ဖွားတွေရဲ့သရုပ်ကို သုံးမျိုးသုံးစားခွဲပြခဲ့တယ်။ သူကတော့ နောက်ဆုံးအုပ်စုဝင်ပေါ့။ တစ်စစီစုတ်ပြတ်ပြီး အမိနိုင်ငံအပေါ် ဖြစ်စေချင်တဲ့ စေတနာနဲ့ သူကိုယ်တိုင်ရဲ့ အနာဂတ်အိပ်မက်ကို ခုလိုပြောပြခဲ့တယ်။

“ပျက်သွားတာကိုလည်း ပြင်ရတာခက်ပါတယ်။ ဖျက်ဆီးတာက အင်မတန်လွယ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပြန်ပြင်ဖို့ဆိုတာ ရာစုနှစ်နဲ့ချီကြာမယ်လို့ နားလည်တယ်။ စိတ်နဲ့ရုပ်ပိုင်းဆိုင်ရာတွေ အဆင့်မြင့်ဖို့လိုပါတယ်။ တာဝန်ယူတတ်ဖို့၊ တာဝန်သိတတ်တဲ့ လူ့အဖွဲ့အစည်းမျိုး ဖြစ်လာစေချင်တယ်။ ကျွန်တော်ငယ်ငယ်တုန်းကတော့ စစ်ဗိုလ်ဖြစ်ချင်ခဲ့တယ်။ တက္ကသိုလ်ရောက်တော့ ပါမောက္ခဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ခုတော့ အဲဒါတွေ ဘာမှမရှိတော့ပါဘူး။ အသက်ခြောက်ဆယ်မပြည့်ခင် အမေရိကားက စာပေဘွဲ့ရယ်၊ ပညာရေးမဟာဘွဲ့ရယ်၊ နိုင်ငံရေးသိပ္ပံဘွဲ့ရယ် လိုချင်တယ်။ လုပ်လည်းလုပ်နေတယ်။ မသေခင်မှာ လူ့ဘဝကို တန်ဖိုးရှိရှိနေချင်လို့ပါ”

သူနဲ့ကျွန်တော်က မြကျွန်းညိုမှာ ကွန်းခိုတုန်းကလည်း ဆုံခဲ့သလို နယ်စပ်ဒေသတော်လှန်ရေး နယ်မြေမှာလည်း ဆုံခဲ့ကြဖူးတယ်။ ခုအချိန်မှာ သူဟာရင့်ကျက်လာတဲ့ လူလတ်ပိုင်းဖြစ်နေပါပြီ။ သူ့သားရဲ့အနာဂတ်အတွက် ပညာရေးကောင်းဖို့ သူ့မှ ရည်မှန်းချက် ကြီးမားလွန်းလှတာကို သူ့ပို့စ်တွေကိုဖတ်ရင်း သိနေရတယ်။

သူကိုယ်တိုင်လည်း သိမ်မွေ့နက်နဲပြီး အနှစ်သာရပြည့်ဝလှတဲ့ ပညာတွေကိုရဖို့ ပင်ပန်းခက်ခဲစွာ ဆည်းပူးလေ့လာနေရတယ်ဆိုတာကိုလည်း သူမကြာခဏပြောပြလို့ သိနေရပါတယ်။ ဒါပေမဲ့ ဒီတစ်ခါသူပြောပြတဲ့ ပညာရေးအမြင်ကတော့ ကျွန်တော့်အတွက် ဆန်းသစ်သော အတွေးတသီတတန်းကြီးကို ပေးနေလေရဲ့။ သြော်ဒါကြောင့် အနောက်တိုင်းက ပညာရှင်တွေက မကုန်ခန်းနိုင်တဲ့ ပညာပင်လယ် ပညာသမုဒ္ဒရာထဲမှာ ကျင်လည်ကျက်စားရင်း လောကအတွက် အကျိုးပြုမယ့် အသိပညာ အတတ်ပညာ အသစ်သစ်တွေကို ဖော်ထုတ်ပေးနေကြတာပါလားဆိုတာကို သဘောပေါက်လာတယ်။

ကျွန်တော်တို့မှာက ပညာကိုစားဝတ်နေရေး ဖြေရှင်းရာ ယန္တရားတစ်ခုအဖြစ် ဒီနေ့ထက်တိုင် ဦးတည်သင်ကြားနေကြဆဲပဲ မဟုတ်ပါလား။ လူငယ်လူရွယ်တွေအနေနဲ့ ဘဝတက်လမ်းအတွက် အဓိကထားပြီး ပညာကို သင်ယူကြရမယ်ဆိုတာကိုတော့ ပစ်ပယ်လို့ မရစကောင်းပါဘူး။

ဒါပေမဲ့ နိုင်ငံတစ်ခု လူမျိုးတစ်မျိုး ထိပ်တန်းကို ရောက်ရေးမှာ ထမင်းစားဖို့လောက် ဦးတည်ရည်ရွယ်ပြီး သင်တဲ့ပညာရေးက အသုံးမဝင်မှန်း ကောင်းကောင်းကြီး ကျွန်တော်သဘောပေါက်မိပါတော့တယ်။ ဒါ့အပြင် ကျွန်တော်တို့ ကမ္ဘာ့အလယ်မှာ အရာရာနောက်ကျ ကျန်ရစ်ရခြင်းရဲ့ တရားခံအစစ်အမှန်ကို အရှင်လတ်လတ် တွေ့လိုက်ရလို့ ကြက်သီးမွေးညှင်းလည်း တဖျန်းဖျန်းထမိပါရဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: ဌေးဝင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top