Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူပ်ိဳ႕အေမ (ေရေအး)
(၁) ေဒၚတင္မမႀကီးအဖို႔ ထုရသည့္ ရင္ဘတ္သည္ သူမ၏ ရင္ဘတ္ျဖစ္ေနေသာေၾကာင့္ အသံထြက္႐ုံ ခပ္သာသာေလး ထုလိုက္ရသည္။ သို႔ေၾကာင့္ပင္ စိတ္ထဲတြင္ ရွိေနသည့္ ကလိတိတိမ်ားသည္ မေက်မခ်မ္းႏုိင္ဘဲ “ဘယ္ႏွယ့္ေတာ္ … ေျပာစရာလား။ တန္မွန္းမသိ၊ မတန္မွန္း မသိ’ ဟု ဆက္ၿပီး ေရရြတ္မိ၏။

ထိုသို႔ စဥ္းစားရင္းပင္ ၿငိမ္းလုလု မာနမီးေတာက္သည္ “ငါ့သား” ဆိုသည့္ ဘဝင္ေလဟပ္ကာ ခ်က္ခ်င္းပင္ အသစ္တစ္ဖန္ ျပန္လည္ႀကီးထြား ျပန္ေလရာ ပါးစပ္ကို ေစ့ေစ့ ပိတ္မထားႏုိင္ေတာ့ဘဲ “အံ့ႀကီးကို ၾသပါရဲ႕ ေတာ္” ဟု အာလုတ္သံႀကီးႏွင့္ ဟစ္မိ၏။ “သူ႔သမီး အသားမည္းမ ကိုမ်ား ငါ့သား အေကာင္းစားနဲ႔ ေပးစားခ်င္ရေသး သတဲ့” ဟု မေက်လည္စြာ ပြစိပြစိရြတ္ရင္း သက္ျပင္းေမာကို ရွဴးခနဲျမည္ေအာင္ မႈတ္လိုက္သည္။

‘သမီးက ႐ူပေဗဒနဲ႔ ေက်ာင္းၿပီးတာေလ၊ သူက ဘြဲ႕ရေတာ့ ေက်ာင္း ဆရာမ လုပ္ခ်င္တာ။ အဲဒါကို ကိုယ္ေတြက “ေတာ္ပါ သမီးရယ္၊ ကိုယ္က ပညာတတ္ၿပီပဲ။ လစာေလး တစ္ပဲေျခာက္ျပားနဲ႔ အစိုးရလခစားလည္း လုပ္ခ်င္မေနပါနဲ႔။ ကိုယ့္အေဖရဲ႕ ကုမၸဏီမွာပဲ အလုပ္သင္အျဖစ္ ဝင္လုပ္ပါ’ တားရတယ္။ အခုေတာ့ သူက အေဖအားကိုးရတဲ့ မန္ေနဂ်ာႀကီး ျဖစ္ေနၿပီေလ။

ဒါေတာင္မွ ဒီၾကားထဲ စီမံခန႔္ခြဲမႈ သင္တန္းဆိုလား ႏုိင္ငံျခားကေန ဘြဲ႕တစ္ခု ထပ္ယူလိုက္ေသးတယ္” သမီးအေၾကာင္း ရႊန္းရႊန္းေဝေအာင္ ေၾကာ္ျငာထိုး သြားသည့္ ေဒၚစိန္ေရႊျမ၏ စကားသံကို ျပန္ၾကားမိလွ်င္ ေဒၚတင္မမႀကီးသည္ “ဟင့္”ခနဲ မဲ့၏။ ၿပီးလွ်င္ “လစာေလး တစ္ပဲေျခာက္ျပား အစိုးရလခစားလည္း လုပ္ခ်င္ မေနပါနဲ႔တဲ့။

အဲဒီတုန္းကမ်ား သူ႔သမီး အဲဒီ ေက်ာင္းဆရာမအလုပ္ ရခ်င္လို႔ ဖ်ပ္ဖ်ပ္လူးေနတာ မွတ္မိေသးတယ္။ သူ႔သမီးကေရာ နာမည္ကသာ စိန္နီလာ၊ လူက ညံ့လိုက္တာမွ ခ်ာတူးကို လန္လို႔။ ေျဖတဲ့ စာေမးပြဲတိုင္း က်။ ေနာက္ဆုံး ေစလိုရာေစ ေလွ်ာက္တာေတာင္ ဘယ္မွာ ေအာင္လို႔လဲ။ ဒါနဲ႔ပဲ စာေမးပြဲေျဖစရာ မလိုတဲ့ သူ႔အေဖရဲ႕ အလုပ္ထဲကိုပဲ ဝင္လိုက္ရတာကိုမ်ား အခ်င္းခ်င္း ႂကြားခ်င္ေသးတယ္ ဒင္း (သင္း) က။

ၿပီးေတာ့ ေျပာေသးရဲ႕ ကုမၸဏီတဲ့။ အေဖက ဥကၠ႒၊ သမီးက မန္ေနဂ်ာ၊ အေမက စာရင္းကိုင္၊ သားက ျပာတာ။ လက္ခ်ိဳးေရလို႔မွ လူက လက္တစ္ဖက္ မျပည့္တဲ့ဟာမ်ား ကုမၸဏီတဲ့။ ဘာတဲ့ ဆိုင္းဘုတ္က စိန္ ေရခ်ိဳေရငန္ထြက္ ပစၥည္းေရာင္းဝယ္ေရး ကုမၸဏီလီမိတက္တဲ့။ ငါးပိ၊ ငါးေျခာက္သည္က ငါးပိငါးေျခာက္သည္ေပါ့ေအ။ အလကား ႂကြားလုံးေတြ” ဟု စိတ္ထဲမွ ခ်ိဳးခ်ိဳးဖဲ့ဖဲ့ ဆက္ေတြးသည္။
ထိုသို႔ေတြးရင္း မ်က္စိေရွ႕မွ ေဒၚစိန္ေရႊၿမ ေပးသြားသည့္ ငါးပိႏွင့္ ငါးေျခာက္ လက္ေဆာင္ထုပ္ကို မ်က္စိေရာက္ လွ်င္မူ “ဟင္း” ခနဲ သက္ျပင္းရွည္ႀကီးတစ္ခု ခ်၏။ ၿပီးလွ်င္ “အမယ္ေလး … သားကိုေတာ့ ငါးပိ ေလးငါးဆယ္သား ေလာက္နဲ႔ေတာ့ မလဲႏုိင္ပါဘူး” ဟု မဲ့မဲ့ရြဲ႕ရြဲ႕ သာသာထိုးထိုး ဆက္ေတြး၏။ ယင္းမွ သားျဖစ္သူအေၾကာင္း ကို အမွ်င္တတန္းတန္း ဆက္ေတြးျပန္သည္။

ေဒၚတင္မမႀကီး၏ သားသည္ အရပ္မနိမ့္မျမင့္ ပိန္ပိန္ပါးပါး ျဖစ္သည္။ အသားညိဳစိမ့္စိမ့္တြင္ အ႐ုိးအဆစ္ ေျပျပစ္ေလရာ ၾကည့္ေပ်ာ္သူ ျဖစ္၏။ အျပစ္ ေျပာစရာဆို၍ ႏွာေခါင္းေလးနည္းနည္းႀကီးသည့္ အခ်က္တစ္ခ်က္သာ ရွိ၏။ သို႔ေသာ္ ေဒၚတင္မမႀကီး၏ စိတ္ထဲတြင္ကား ထိုႏွာေခါင္းကို အျပစ္ဆိုစရာဟု မထင္။

အေမပီပီ ယင္းေၾကာင့္ပင္ သူ႔သားသည္ ပို၍ ခံ့ထည္ေနသည္ဟု စိတ္တြင္ ေတြး၏။ ထို႔ျပင္ သူမ၏ သားသည္ မဂၢဇင္းစာမ်က္ႏွာမ်ားတြင္ ဓာတ္ပုံ ေမာ္ဒယ္လ္အျဖစ္ သုံး, ေလးႀကိမ္မွ် ပါဖူးသည့္ အျဖစ္ကလည္း ေဒၚတင္မမႀကီးအား ပို၍ ေသြးနားထင္ ေရာက္ေစ၏။ ၿပီးလွ်င္ သူမ၏ သားသည္ လူအမ်ား၏ အလယ္တြင္ အဖိုးတန္ မ်က္ႏွာပြင့္လွသည့္ ဆရာဝန္ တစ္ေယာက္လည္း ျဖစ္ေနေသးသည္ပဲ။
“သားက ဆရာဝန္ ေမာ္ဒယ္လ္ေလ … အဟင္းဟင္း” ဟု တစ္ေယာက္ေယာက္ကိုမ်ား ေျပာလိုက္ရလွ်င္ ပါးစပ္ထဲ ဘယ္ေလာက္ ေစးေစးပိုင္ပိုင္ ရွိလိုက္သလဲ။ ဒီေခတ္ႀကီးမွာ ဒီထက္ မ်က္ႏွာပြင့္တာ ဘာရွိႏုိင္ေသးတုံး။ စဥ္းစားရင္းပင္ “ေခတ္ႀကီးကိုက” ဟူေသာ အေတြးသည္ ေဒၚတင္မမ ႀကီး၏ စိတ္ထဲ ဆက္ဝင္လာျပန္သည္။“အင္း ခက္တယ္… ခက္တယ္၊ ေခတ္ႀကီးကိုက ခက္တယ္။ ဘာတဲ့ ‘လူပ်ိဳ႕ အေမ ဆန္တစ္အိတ္နဲ႔ ေတာင္ထိပ္မွာပုန္း’ ဆိုတာ တကယ္ပါပဲ။ အင္း … ဒီေခတ္မွ ဒီေခတ္”
ေနာက္ဆုံး ေဒၚတင္မမႀကီးသည္ သူမ၏ အညာ ေကာက္ညႇင္းထုပ္ႏွင့္ တူလွသည့္ ကိုယ္ခႏၶာႀကီးကို ဆက္တီခုံေပၚ ေျခပစ္လက္ပစ္ တင္လိုက္ရင္း “ဒီေခတ္ႀကီးမွာ သားလူပ်ိဳ အေကာင္းစားနဲ႔ အေမလုပ္ရတာလည္း မလြယ္ဘူးေတာ္ေရ့” ဟု တစ္ေယာက္ေယာက္ကိုပဲ ညည္းသလိုလို၊ ကိုယ့္ကိုယ္ကိုယ္ပဲ ညည္းသလိုလို ခပ္ႂကြားႂကြားေလး ဆိုလိုက္ရမွ ရင္ထဲတြင္ ေခ်ာင္၏။

(၂)သား ျပန္လာမည္ဆိုသည့္ သတင္းေၾကာင့္ ေဒၚတင္မမႀကီးသည္ မနက္ခင္းတစ္ခုလုံး ဗ်ာေတာက္ ေနသည္။ ျခံေထာင့္ကို ေရာက္၏။ “ဒီအမွိုက္ေတြ ရွင္းပါဟဲ့” ေအာ္၏။ သစ္ပင္ေအာက္ကို ေရာက္၏။ “ဟို အကိုင္းကို ခုတ္ပစ္လိုက္စမ္း” ဟု ဟစ္၏။ အိမ္၏ ဧည့္ခန္းထဲတြင္ ရပ္မိ၏။ “ပန္းအိုးထိုးထားတာကိုက ပုံမက်ဘူး” ဟု ဆူ၏။

သားအိပ္မည့္ အခန္းထဲ ဝင္ၾကည့္ခ်ိန္တြင္ကား ေဒၚတင္မမႀကီး၏ ျမည္တြန္ ေတာက္တီးသံမ်ားသည္ မရပ္ေတာ့။ တစ္အိမ္လုံး လွည့္ပတ္ၾကည့္ၿပီး လွ်င္ကား ေဒၚတင္မမႀကီးသည္ “သူမ၏ သား ခဏမွ် အလည္ျပန္လာမည့္အေၾကာင္း” ကို ၿမိဳ႕ပတ္ကာ ေမာင္းထု၏။ “သားက အိမ္ျပန္မလာတာ တစ္ႏွစ္ေလာက္ေတာ့ ရွိၿပီ။ အမယ္ေလး … မအားဘူး။ သူတို႔ ဆရာဝန္ ဆိုတာေတြက ႐ုံးပိတ္ရက္မရွိ၊ သၾကၤန္ မရွိ၊ အခါမရွိ၊ ဥပုသ္သီတင္း မရွိရယ္။

သူ ဝါသနာပါတဲ့ ေမာ္ဒယ္လ္အလုပ္ေတာင္ ဆက္မလုပ္ႏုိင္ေတာ့တာသာ ၾကည့္ေတာ့” ဟူေသာ စကားကို က်ယ္ေလာင္က်ယ္ေလာင္ ဆိုရင္း တဟင္းဟင္း မွ်င္းရယ္၏။ ထို႔ေနာက္တြင္ သား၏ ေတာ္ပုံ၊ ထက္ျမက္ပုံ၊ သြက္လက္ခ်က္ခ်ာပုံတို႔ကို စကားဆက္သည္။ သားအေၾကာင္း အေကာင္းဋီကာ ဖြဲ႕ၿပီးေနာက္ အႂကြားသန္ေလျခင္း မျဖစ္ေစရန္ အဆုံးသတ္တြင္မွ ဟို ငယ္ငယ္ ကေလးဘဝက ဆိုးပုံ၊ ေတပုံ၊ ေပပုံမ်ားျဖင့္ သူမ၏စကားကို အဆုံးသတ္သည္။

“ေကာင္မေလးကိုက ပါးစပ္ရဲလြန္းတယ္။ ပုံစံကလည္း ပ်ံတံတံ နန႔္တန႔္တန႔္ မေျပာလိုက္ခ်င္ဘူး”ၿမိဳ႕ပတ္ၿပီး ႏွစ္နာရီခန႔္ၾကာလွ်င္ ေဒၚကင္မမႀကီးသည္ ပြစိပြစိျဖင့္ အိမ္ျပန္ေရာက္လာသည္။ အေၾကာင္းကား လမ္း၌ ေတြ႕ေသာ ေကာင္မေလး တစ္ေယာက္မွ “ေယာကၡမႀကီး …. ကိုကို အိမ္ျပန္လာမယ္ဆို” ဟု ေအာ္ဟစ္ၿပီး ႏႈတ္ဆက္ဂါရဝ ျပဳလိုက္ေသာေၾကာင့္ ျဖစ္၏။

“ဘယ္ႏွယ့္ေတာ္ … သူ မရွက္ေပမဲ့ ငါက ရွက္တယ္ မိန္းမတဲ့ … ဘယ္မွာလဲ ဣေျႏၵ၊ ဘယ္မွာလဲ သိကၡာ။ ေခတ္ႀကီးက ကေျပာင္းတိ ကေျပာင္းျပန္။ က်ဳပ္တို႔ ငယ္ငယ္တုန္းကမ်ား မိန္းမႀကိဳက္ေတာ့ ေမွ်ာ္လိုက္တာ၊ ေယာက္်ားႀကိဳက္ေတာ့ စိုက္စိုက္လာတဲ့။ အခုေတာ့ မဟုတ္ေပါင္”ဟု အိမ္ေရာက္ေရာက္ခ်င္း ေအာ္ႀကီးဟစ္က်ယ္ လုပ္၏။

သား၏အေဖ၊ လင္ျဖစ္သူမွ “ဟ … ဘာျဖစ္ေသးတုံး၊ ကိုယ္က သားရွင္ပဲ။ ဟုတ္တယ္ သမီးေရလို႔ ျပန္ေျပာလိုက္ေပါ့၊ မနာပါဘူး” ဟု ေျပာခါမွ ေဒၚတင္မမႀကီးသည္ ပိုဆိုးကာ “အမယ္ေလးေတာ္” ဟု ထဟစ္ျပန္သည္။“နာတယ္ေတာ္ေရ့၊ ကိုယ့္ဘက္က သားရွင္ဆိုေပမဲ့လည္း နာတာေတြ ရွိတယ္။ မိန္းကေလး အပ်ိဳျဖစ္တိုင္း သေဘာတူစရာ မဟုတ္ဘူး။

႐ုပ္ရည္႐ူပကာ၊ ပညာ၊ ဥစၥာ၊ ၿပီးေတာ့ မိဘမ်ိဳး႐ုိး၊ စာရိတၱ အကုန္ၾကည့္ရမယ္ ေတာ္ေရ့ ။ ကိုယ့္သားက အေကာင္းစား၊ ဆရာဝန္ေတာ့။ ဘယ့္ႏွယ္ ေတြ႕သမွ် မိန္းကေလး ေခၽြးမေခၚရေအာင္ ကိုယ့္သားက အေလနေတာ မဟုတ္ဘူး” စကားကို အဆက္မျပတ္ ဆို၏။ ခဏမွ်ၾကာလွ်င္ အခဲမေက် ေသးဟန္ျဖင့္ “အခုမွ သားက ႏွစ္ဆယ့္ခြန္ပဲ ရွိေသးတယ္။ ဘယ့္ႏွယ္ ငယ္ငယ္ေလး ရွိေသးတာ။
အားလုံး ျပည့္စုံေနတဲ့ မိန္းကေလးဆိုရင္ေတာင္ မေပးစားႏုိင္ေသးဘူး။ အို ကုန္ကုန္ေျပာမယ္ရွင္၊ အခုေနကေတာ့ သိၾကားမင္းရဲ႕ သမီးဆိုရင္ေတာင္ မေပးစားႏုိင္ေသးဘူး” ဟု စကားဆက္၏။ ေျပာရင္း ေဒၚတင္မမႀကီးသည္ ငါ့စကားမ်ား လြန္ကုန္ၿပီလားဟု ေတြးမိၿပီး လင္အား မသိမသာ ေခ်ာင္းၾကည့္၏။ လင္ျဖစ္သူ၏ မ်က္ႏွာ ျပံဳးရိပ္ရိပ္ ရွိေနသည္ကို ျမင္လွ်င္ စိတ္ထဲမလုံဘဲ “ဘာတုံး ေတာ္က” ဟု ရန္လုပ္ လိုက္ေသးသည္။

(၃)ရထားေပၚမွ ဆင္းလာေသာ သားကို ျမင္ျမင္ခ်င္း ေဒၚတင္မမႀကီးသည္ “အမယ္ေလး … သားက ပိုၿပီးေတာ့ေတာင္ ေခ်ာလာေသးတယ္” ဟု ဆီးႀကိဳသည္။ “အေမျဖင့္ ပင္ပန္းတာနဲ႔ ပိန္သြား မည္းသြားၿပီလားလို႔ စိုးရိမ္ေနတာ” ဟုလည္း ခပ္ပိုပို ဆို၏။ ထို႔ေနာက္ သား၏ ေဘးတြင္ ျပံဳးတုံ႔တုံ႔ ရပ္ေနသည့္ လူငယ္အား သတိထားမိၿပီး “အို … သားရဲ႕ သူငယ္ခ်င္းလား၊ သားကလည္း အေခ်ာေလးပဲ” ဟု လက္ကို ဆြဲယမ္းကာ ဟန္မူပိုပို ႏႈတ္ဆက္ျပန္၏။

ထို႔ေနာက္ အိမ္တြင္ သားႀကိဳက္ေသာ ငါးဆုပ္ဟင္းမ်ား ခ်က္ထားေၾကာင္း၊ ေနာက္တစ္ေန႔တြင္ ဝက္သားႏွင့္ မွ်စ္ခ်ဥ္ေရာၿပီး ခ်က္ရန္ စီမံထားေၾကာင္း၊ သားေမြးထားသည့္ ေခြးသည္ မၾကာေသးခင္ကပင္ ေနမေကာင္းျဖစ္ေၾကာင္း၊ တိရစၧာန္ဆရာဝန္ထံ ႏွစ္ေခါက္သြားျပရၿပီး ပိုက္ဆံတစ္ေသာင္းခြဲ ကုန္သြားေၾကာင္း၊ ၿပီးလွ်င္ သားရွိစဥ္က စိုက္ထားေသာ ႏွင္းဆီခင္းသည္ ယခု ပြင့္ေနၿပီျဖစ္ေၾကာင္းႏွင့္ လြန္ခဲ့ေသာ တစ္ပတ္က ထိုႏွင္းဆီပန္းမ်ားကို ေဖာက္သည္ေပးရာ ေငြငါးေထာင္ေက်ာ္ ရေၾကာင္း ေထြလီကာလီ ဇာတ္စုံခင္း၏။ ေျပာရင္း ေဒၚတင္မမႀကီး၏ စကားမ်ားသည္ သူမအား ေယာကၡမႀကီးဟု ေခၚလိုက္ေသာ မိန္းကေလး အေၾကာင္းကို ေရာက္သြား၏။

“ေခတ္ႀကီးကိုက ေၾကာက္စရာခ်ည္း။ အေမ့ကိုမ်ား သူက ေယာကၡမႀကီးတဲ့၊ သူမို႔လို႔ မရွက္မေၾကာက္။ ဟိုတုန္းက ေျပာၾကတဲ့ ‘လူပ်ိဳ႕ အေမ ဆန္တစ္အိတ္နဲ႔ ေတာင္ထိပ္မွာ ပုန္း’ ဆိုတာ ဒီေခတ္ႀကီးမွ ဒီေခတ္ႀကီး။ အမယ္ေလး အခုၾကံဳတုန္း သားႏွစ္ေယာက္စလုံးကို မွာလိုက္ခ်င္ရဲ႕။ ရည္းစားလည္း မရွာၾကနဲ႔ဦး၊ ခ်စ္သူလည္း မထားၾကနဲ႔ဦး၊ ေနာက္ ကိုယ္က အထူးကုဆရာဝန္ႀကီး ျဖစ္ၿပီဆိုမွ အဲဒီကိစၥေတြကို စဥ္းစား”
စုံစီနဖာ စကားမ်ားကို ေျပာရင္း ေဒၚတင္မမႀကီးသည္ ေနာက္နားက်က်မွ လိုက္လာေသာ သားႏွစ္ေယာက္အား “ေျပာသာ ေျပာေနရတာ အခုေတာင္ ရည္းစား ရွိေနၾကၿပီလား မသိဘူး” ဟု စကားႏႈိက္ေသးသည္။ သားႏွစ္ေယာက္က တစ္ဦးကို တစ္ဦး ျပံဳးၾကည့္ၿပီး “မရွိေသးပါဘူး” ဟု အာမဘေႏၲ ခံသည့္တိုင္ မိန္းမ မေကာင္းေၾကာင္းကို မန္လည္ဆရာေတာ္ ရႈံးေလာက္ေအာင္ပင္ ဋီကာဖြဲ႕လိုက္ေသး၏။

သူမ၏သား ျပန္ေရာက္သည့္ေန႔မွစ၍ ေဒၚတင္မမႀကီးသည္ အိမ္လည္ၿပီး အတင္းမတုတ္ႏုိင္ရွာ။ အေၾကာင္းကား သူမ၏ သားအေကာင္းစားအား ကင္းေစာင့္တာဝန္ က်ေနေသာေၾကာင့္ ျဖစ္၏။ အခါတိုင္းတြင္ အျမဲလိုလို ျပံဳးခ်ိဳရယ္ေမာေနေသာ ေဒၚတင္မမႀကီး၏ မ်က္ႏွာသည္ သား၏ မိန္းကေလး သူငယ္ခ်င္း တစ္ေယာက္ေယာက္ လာလွ်င္မူ အလိုလိုပင္ တင္းကာ သြားသည္။
ထို႔ေနာက္ အသံမာမာျဖင့္ “သားေရ ဧည့္သည္” ဟု ေခၚေပး၏ ။ ၿပီးလွ်င္ ထိုမိန္းကေလး မျပန္မခ်င္း ဟိုဟာလုပ္သလိုလို ဒီဟာလုပ္သလိုလို အနားတြင္ ရစ္သီရစ္သီ လုပ္၏။ ထိုမိန္းကေလးသူငယ္ခ်င္း အိမ္ျပန္သြားခ်ိန္တြင္ကား “အဲဒီေကာင္မေလးက …” အစခ်ီကာ ဘယ္တုန္းက ရည္းစားထားဖူး၊ ၾကက္ဥပင္ မျပဳတ္တတ္၊ င႐ုတ္သီးပင္ မေထာင္းတတ္ စသည္ျဖင့္ ထိုမိန္းကေလး၏ မေကာင္းကြက္ အဖုံဖုံကို ဇာတ္စုံခင္း၏။

ေနာက္ဆုံး ေယာက္်ားျဖစ္သူမွ “ေတာ္ပါေတာ့ မိန္းမရယ္၊ မင္းမလည္း အပ်ိဳ အတင္းေပါင္းခ်ဳပ္ ျဖစ္ေနၿပီ” ဟု တားရသည္။ ထိုအခါတြင္လည္း ေဒၚတင္မမႀကီးသည္ ဆိတ္ဆိတ္ၿငိမ္မခံ။ “အို … ကိုယ္က သားရွင္ဆိုေတာ့ ဘယ္မိန္းကေလးက ဘယ္လိုဆိုတာ ေလ့လာထားရတယ္ ေတာ္ေရ၊ စပ္စုခ်င္လြန္းလို႔ မဟုတ္ဘူး။ သိတယ္ မဟုတ္လား။ တခ်ိဳ႕က မ်က္ႏွာမွာ ေပါင္ဒါအေဖြးသားနဲ႔ ေပါင္မွာ ေသးစီးေၾကာင္းနဲ႔ ဆိုတာ” ဟု ကက္ကက္လန္ အေၾကာင္းျပန္သည္။

တစ္ရက္သားတြင္မူ ေဒၚတင္မမႀကီးသည္ အိမ္တြင္ အၿမိဳ႕င့္သား ထိုင္ေနရင္းပင္ ေဒါသပုန္ ထရေသး၏။ အေၾကာင္းကား ၿမိဳ႕၏ အပ်ိဳ႕ေဂဇက္ သတင္းစာတြင္ သူမအား အာသာဝတီ ႏြယ္နီနတ္ပန္းအား ေစာင့္ ၾကပ္သည့္ ဘီလူးမႀကီးအျဖစ္ ရယ္ပြဲဖြဲ႕ေနၾကေၾကာင္း တစ္ဆင့္စကား ၾကားလိုက္ရေသာေၾကာင့္ ျဖစ္၏။
ထို႔ ေနာက္တြင္ ေဒၚတင္မမႀကီးသည္ ပို၍ မ်က္ႏွာေၾကာ တင္းလာ၏ ။ ရံဖန္ရံခါ မိန္းကေလး အသံႏွင့္ ဖုန္းဝင္လာလွ်င္ ဘာဘာညာညာ ေမးမေနဘဲ “မရွိဘူးေဟ့” ဟု ေဆာင့္ႀကီးေအာင့္ႀကီး ေျဖၿပီး “ေဂါက္”ခနဲေနေအာင္ပင္ ဖုန္းကို ခ်၏။ ၿပီးလွ်င္ “ေကာင္မေလးေတြက ကဲကိုကဲ လြန္းတယ္” ဟု ဆက္ေရရြတ္၏။

(၄) မနက္ခင္းတစ္ခုတြင္ ေဒၚတင္မမႀကီးသည္ သားက အိမ္သားမ်ားကို မျပန္ခင္ ငါးေပါင္း လုပ္ေကၽြးမည္ဟု ဆိုသျဖင့္ လိုအပ္သည့္ အဆာပလာမ်ား ဝယ္ၿပီး ျပန္လာ၏။ လမ္း၌ ထုံးစံအတိုင္း “သားျပန္လာသျဖင့္ အိမ္ပင္ မလည္ႏုိင္ေၾကာင္း၊ ယခုေခတ္ ေကာင္မေလးမ်ားကလည္း ကဲလြန္းေၾကာင္း” ေအာ္ႀကီးဟစ္က်ယ္ ေျပာ၏။

ဤတြင္ ေဒၚတင္မမႀကီးအား အေတာ္ ျမင္ျပင္း ကတ္ေနဟန္တူသည့္ မိန္းကေလးတစ္ဦးသည္ “အန္တီေရ ေဒါင္းမ်ား က,တာ ျမင္ဖူးတယ္ မဟုတ္လား၊ အေရွ႕ဘက္က ၾကည့္ရင္ သိပ္လွတာ။ အဲ အေနာက္က ၾကည့္ရင္ေတာ့ ေတာ္ေတာ္ကို က်က္သေရ မရွိတာ” ဟု ေျပာလက္စ, စကားႏွင့္ မဆီမဆိုင္ ေျပာ၏။ ဘာဆိုလိုသည္ကို ႐ုတ္တရက္ စဥ္းစားမရသျဖင့္ ေဒၚတင္မမႀကီးသည္ ဘာမွ် ျပန္မေျပာလိုက္ႏုိင္။
အိမ္အျပန္လမ္း တစ္ေလွ်ာက္တြင္ ထိုစကားကို တအုံေႏြးေႏြး ေတြးကာ “ဒီေကာင္မေလး ဘာေျပာခ်င္တာလဲ” ဟု ႀကိတ္မႏုိင္ခဲမရ ျဖစ္ရ၏။ တစိမ့္စိမ့္ေတြးရင္း အိမ္နားသို႔ေရာက္မွ “ဘုရားေရ၊ ငါ့သားမွာ ရည္းစားရွိေနၿပီလို႔ ဆိုခ်င္တာလား” ဟု စဥ္းစားမိသည္။ “ျဖစ္ႏုိင္တယ္၊ ျဖစ္ႏုိင္တယ္၊ အန္တီကသာ တိုေနတာ အန္တီ့သားမွာ ရည္းစားနဲ႔လို႔ ေျပာခ်င္ပုံပဲ” ဟု ဆက္ေတြးမိလွ်င္ ေဒၚတင္မမႀကီး၏ ရင္သည္ တဒိန္းဒိန္း ခုန္လာေလ၏ ။

အိမ္သို႔ ေရာက္ခ်ိန္တြင္ သားႏွင့္ သား၏သူငယ္ခ်င္းသည္ ႏွင္းဆီပန္းခင္းအလယ္တြင္ ေရပုံးကိုယ္စီ ကိုင္လ်က္ ေခါင္းခ်င္းဆိုင္ ရယ္ေနၾကသည္ကို ခပ္လွမ္းလွမ္းမွ ျမင္လိုက္၏။ ၿပီးလွ်င္ သူမအနား ေရာက္သြားခ်ိန္တြင္ ျပံဳးစိစိ မ်က္ႏွာမ်ားျဖင့္ ဘာအေၾကာင္းမွ် ေျပာမေနၾကသလို လူခ်င္း ခြာသြားၾကသည္ကိုလည္း သတိထားမိ၏။
ေဒၚတင္မမႀကီး၏ စိတ္ထဲမွ “ေသခ်ာပါၿပီ၊ ဒါ သူတို႔ရည္းစားေတြအေၾကာင္း ေျပာေနတာပဲ ေနမွာ၊ သားမွာ ရည္းစားရွိေနပါၿပီ” ဟု ပိုထင္လာ၏။ ထို႔ေၾကာင့္ “ကဲ သားတို႔ မီးဖိုထဲမွာ ႀကိဳက္သလို ခ်က္ၾက၊ အေမေတာ့ ေမာတာနဲ႔ အိမ္ေရွ႕မွာ နားလိုက္ဦးမယ္” ဟု ပ,ထုတ္ကာ အားလုံးအလစ္တြင္ သားမ်ားေနသည့္ အခန္းအတြင္း ဝင္ကာ ေမႊေလ၏။

ဤသို႔ျဖင့္ ဆယ္မိနစ္ေက်ာ္ၾကာလွ်င္ ေဒၚတင္မမႀကီး၏ လက္ထဲတြင္ မသကၤာစရာ စာအုပ္ႏွစ္အုပ္ကို ဆုပ္မိေလ၏။ စာအုပ္ႏွစ္အုပ္သည္ ပုံစံတူ၊ အေရာင္တူျဖစ္ၿပီး မတူသည္ကား အထဲမွ လက္ေရး ျဖစ္သည္။၊ ေဒၚတင္မမႀကီး တစ္အုပ္ကို ဖ်တ္ခနဲ လွန္ၾကည့္မိေလ၏။ “ေကာင္းကင္မွာ ေတာက္ပေနတဲ့ ၾကယ္ေတြ အမ်ားႀကီးထဲမွ မင္းက အေတာက္ပဆုံး ၾကယ္တစ္ပြင့္ပါ” ဟူေသာ စာကို ဖတ္လိုက္ရ၏။
“ဒါ သား လက္ေရး မဟုတ္ဘူး။ ဟိုေကာင္ေလး စာအုပ္ေနမွာ” ဟု ေတြးၿပီး ထိုစာအုပ္ကို ခ်က္ခ်င္းပိတ္ကာ ေနာက္တစ္အုပ္ကို လွန္ၾကည့္ျပန္၏။“အခ်ိန္ေတြ ၾကာလာတာနဲ႔အမွ် ဘဝတစ္ခုလုံး လက္တြဲရမယ့္ လူဆိုတာ ေသခ်ာလာတယ္။ တကယ္ ဘာေၾကာင့္ပဲျဖစ္ျဖစ္ ဘယ္ေတာ့မွ မခြဲေၾကးေနာ္။ ခ်စ္တယ္ကြာ … အရမ္းခ်စ္တယ္။”

ဘုရားေရ … သားလက္ေရးမွ သားလက္ေရး။ ေဒၚတင္မမႀကီးသည္ ဒိန္းခနဲ ငယ္ထိပ္တက္ေဆာင့္သလို ျဖစ္ကာ စာရြက္မ်ားကို ဖ်ိဳးဖ်ိဳးဖ်ပ္ဖ်ပ္ လွန္ၾကည့္၏။ ခ်စ္သည့္ အေၾကာင္း၊ ၾကင္နာသည့္ အေၾကာင္းမ်ားသာ ေတြ႕ရၿပီး ေကာင္မေလး နာမည္ကား ရွာမေတြ႕။ “ရည္းစားရွိတာေတာ့ ေသခ်ာပါၿပီ။ ဘယ္က ေကာင္မေလးမ်ားလဲ မသိဘူး” ဟူေသာ အေတြးျဖင့္ ေဒၚတင္မမႀကီးသည္ ထူသလိုလို၊ ထုံသလိုလို ျဖစ္လာကာ အိမ္ေရွ႕ခန္းဘက္ ျပန္ထြက္ခဲ့၏။

ထိုစဥ္ခဏအခ်ိန္က ႏွင္းဆီခင္းထဲတြင္ သားႏွစ္ေယာက္ ေခါင္းခ်င္းဆိုင္ေနၾကသည္ကို ျပန္ျမင္ေယာင္ၿပီး “သူတို႔ပဲ ရွိရင္ေတာ့ သူတို႔ရည္းစားေတြ အေၾကာင္း ေျပာၾကမွာပဲ” ဟု ေတြးမိလ်က္ မီးဖိုခန္းဘက္သို႔ ေျခဖြနင္းကာ ထြက္ခဲ့သည္။ ၿပီးလွ်င္ မဟတဟ ရွိေနသည့္ တံခါးသို႔ကပ္ကာ အသာေခ်ာင္းေလ၏။
ဘုရားေရ …။ ေဒၚတင္မမႀကီး၏ ရင္သည္ ကုလားဘုရားပြဲ လွည့္သလို တဒုန္းဒုန္း ခုန္လာသည္။ သူမစိတ္တြင္ ေလာကႀကီးသည္ ေဇာက္ထိုးမိုးေမွ်ာ္ ျဖစ္ကုန္ၿပီ ထင္ပါရဲ႕ဟုလည္း ေတြးမိ၏။ ယင္းေနာက္တြင္ကား ကိုယ့္ကိုယ္ကိုယ္ ထိန္း၍ ထြက္လာသည့္တိုင္ ေဒၚတင္မမႀကီး၏ ေျခႏွင့္လက္မ်ားသည္ တဆတ္ဆတ္ တုန္ခါေနၾကသည္။

ထိုသို႔ တုန္တုန္လႈပ္လႈပ္ ေလွ်ာက္လာရင္းပင္ နားထဲ၌ “အင္ … အေရွ႕မွာ အေမတို႔ ရွိေနတယ္ေနာ္” ဟူေသာ သား၏ ခၽြဲတဲတဲ စကားသံကို ျပန္ၾကားသည္။ ၿပီးလွ်င္ သား၏သူငယ္ခ်င္းသည္ သားအား ရြတ္ခနဲ နမ္းလိုက္သည္ကိုလည္း ျမင္ျပန္၏။ ထိုအခါ ေဒၚတင္မမႀကီး ခ်က္ခ်င္းပင္ ေခါင္းကို ဆတ္ခနဲ ဆတ္ခနဲေနေအာင္ ခါယမ္းမိ၏။

“အမယ္ေလး … ေလး။ ငါ့ကို လူေတြ ဘယ္ေလာက္မ်ား ရယ္ၾကမလဲ မသိဘူး။ ငါကေတာ့ သားကို တိုလြန္းလို႔ ကာလိုက္ရတာ၊ အခုေတာ့ သားက …။ ဘုရား …၊ ဘုရား … တစ္ခုခုေတာ့ လုပ္မွျဖစ္မယ္၊ တစ္ခုခုေတာ့ လုပ္မွျဖစ္မယ္”
ထို႔ေနာက္ ဘုရားအလီလီတ,ကာ ေယာင္တိေယာင္ခ်ာျဖင့္ သတိလက္လႊတ္ တတြတ္တြတ္ရြတ္ရင္း ေလွ်ာက္လာေသာ ေဒၚတင္မမႀကီးသည္ တယ္လီဖုန္းစင္နား ေရာက္လွ်င္ ႐ုတ္တရက္ တုံ႔ခနဲရပ္ၿပီး ဖုန္းခြက္ကို ဆတ္ခနဲ ေကာက္ကိုင္လိုက္သည္။

“ဟယ္လို … ျမလား။ အဟင္း … ဟင္း၊ တင္မ ပါ။ ဒီလိုေလ သားက အခု အိမ္ျပန္ေရာက္ေနေတာ့ တင္မတို႔ကပဲ ျမတို႔ကို ထမင္းစား ဖိတ္ရမလား၊ ဒါမွမဟုတ္ ျမတို႔ကပဲ တင္မတို႔ကို ထမင္းစားဖိတ္မလား တစ္ခုခု စီစဥ္ၾကရေအာင္လို႔ေလ …။ အဟင္းဟင္း၊ သိတယ္ မဟုတ္လား။ သမီး နီလာေလးနဲ႔ သားကို …”
ေဒၚတင္မမႀကီး၏ အသံသည္ ခ်ိဳျမေဝလြင္ေနေသာ္ျငား မ်က္ႏွာကား မျပံဳး။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  lwinpyin
#Unicode Version#
လူပျို့အမေ (ရေအေး)
(၁) ဒေါ်တင်မမကြီးအဖို့ ထုရသည့် ရင်ဘတ်သည် သူမ၏ ရင်ဘတ်ဖြစ်နေသောကြောင့် အသံထွက်ရုံ ခပ်သာသာလေး ထုလိုက်ရသည်။ သို့ကြောင့်ပင် စိတ်ထဲတွင် ရှိနေသည့် ကလိတိတိများသည် မကျေမချမ်းနိုင်ဘဲ “ဘယ်နှယ့်တော် … ပြောစရာလား။ တန်မှန်းမသိ၊ မတန်မှန်း မသိ’ ဟု ဆက်ပြီး ရေရွတ်မိ၏။


ထိုသို့ စဉ်းစားရင်းပင် ငြိမ်းလုလု မာနမီးတောက်သည် “ငါ့သား” ဆိုသည့် ဘဝင်လေဟပ်ကာ ချက်ချင်းပင် အသစ်တစ်ဖန် ပြန်လည်ကြီးထွား ပြန်လေရာ ပါးစပ်ကို စေ့စေ့ ပိတ်မထားနိုင်တော့ဘဲ “အံ့ကြီးကို သြပါရဲ့ တော်” ဟု အာလုတ်သံကြီးနှင့် ဟစ်မိ၏။ “သူ့သမီး အသားမည်းမ ကိုများ ငါ့သား အကောင်းစားနဲ့ ပေးစားချင်ရသေး သတဲ့” ဟု မကျေလည်စွာ ပွစိပွစိရွတ်ရင်း သက်ပြင်းမောကို ရှူးခနဲမြည်အောင် မှုတ်လိုက်သည်။


‘သမီးက ရူပဗေဒနဲ့ ကျောင်းပြီးတာလေ၊ သူက ဘွဲ့ရတော့ ကျောင်း ဆရာမ လုပ်ချင်တာ။ အဲဒါကို ကိုယ်တွေက “တော်ပါ သမီးရယ်၊ ကိုယ်က ပညာတတ်ပြီပဲ။ လစာလေး တစ်ပဲခြောက်ပြားနဲ့ အစိုးရလခစားလည်း လုပ်ချင်မနေပါနဲ့။ ကိုယ့်အဖေရဲ့ ကုမ္ပဏီမှာပဲ အလုပ်သင်အဖြစ် ဝင်လုပ်ပါ’ တားရတယ်။ အခုတော့ သူက အဖေအားကိုးရတဲ့ မန်နေဂျာကြီး ဖြစ်နေပြီလေ။


ဒါတောင်မှ ဒီကြားထဲ စီမံခန့်ခွဲမှု သင်တန်းဆိုလား နိုင်ငံခြားကနေ ဘွဲ့တစ်ခု ထပ်ယူလိုက်သေးတယ်” သမီးအကြောင်း ရွှန်းရွှန်းဝေအောင် ကြော်ငြာထိုး သွားသည့် ဒေါ်စိန်ရွှေမြ၏ စကားသံကို ပြန်ကြားမိလျှင် ဒေါ်တင်မမကြီးသည် “ဟင့်”ခနဲ မဲ့၏။ ပြီးလျှင် “လစာလေး တစ်ပဲခြောက်ပြား အစိုးရလခစားလည်း လုပ်ချင် မနေပါနဲ့တဲ့။


အဲဒီတုန်းကများ သူ့သမီး အဲဒီ ကျောင်းဆရာမအလုပ် ရချင်လို့ ဖျပ်ဖျပ်လူးနေတာ မှတ်မိသေးတယ်။ သူ့သမီးကရော နာမည်ကသာ စိန်နီလာ၊ လူက ညံ့လိုက်တာမှ ချာတူးကို လန်လို့။ ဖြေတဲ့ စာမေးပွဲတိုင်း ကျ။ နောက်ဆုံး စေလိုရာစေ လျှောက်တာတောင် ဘယ်မှာ အောင်လို့လဲ။ ဒါနဲ့ပဲ စာမေးပွဲဖြေစရာ မလိုတဲ့ သူ့အဖေရဲ့ အလုပ်ထဲကိုပဲ ဝင်လိုက်ရတာကိုများ အချင်းချင်း ကြွားချင်သေးတယ် ဒင်း (သင်း) က။


ပြီးတော့ ပြောသေးရဲ့ ကုမ္ပဏီတဲ့။ အဖေက ဥက္ကဋ္ဌ၊ သမီးက မန်နေဂျာ၊ အမေက စာရင်းကိုင်၊ သားက ပြာတာ။ လက်ချိုးရေလို့မှ လူက လက်တစ်ဖက် မပြည့်တဲ့ဟာများ ကုမ္ပဏီတဲ့။ ဘာတဲ့ ဆိုင်းဘုတ်က စိန် ရေချိုရေငန်ထွက် ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်တဲ့။ ငါးပိ၊ ငါးခြောက်သည်က ငါးပိငါးခြောက်သည်ပေါ့အေ။ အလကား ကြွားလုံးတွေ” ဟု စိတ်ထဲမှ ချိုးချိုးဖဲ့ဖဲ့ ဆက်တွေးသည်။
ထိုသို့တွေးရင်း မျက်စိရှေ့မှ ဒေါ်စိန်ရွှေမြ ပေးသွားသည့် ငါးပိနှင့် ငါးခြောက် လက်ဆောင်ထုပ်ကို မျက်စိရောက် လျှင်မူ “ဟင်း” ခနဲ သက်ပြင်းရှည်ကြီးတစ်ခု ချ၏။ ပြီးလျှင် “အမယ်လေး … သားကိုတော့ ငါးပိ လေးငါးဆယ်သား လောက်နဲ့တော့ မလဲနိုင်ပါဘူး” ဟု မဲ့မဲ့ရွဲ့ရွဲ့ သာသာထိုးထိုး ဆက်တွေး၏။ ယင်းမှ သားဖြစ်သူအကြောင်း ကို အမျှင်တတန်းတန်း ဆက်တွေးပြန်သည်။


ဒေါ်တင်မမကြီး၏ သားသည် အရပ်မနိမ့်မမြင့် ပိန်ပိန်ပါးပါး ဖြစ်သည်။ အသားညိုစိမ့်စိမ့်တွင် အရိုးအဆစ် ပြေပြစ်လေရာ ကြည့်ပျော်သူ ဖြစ်၏။ အပြစ် ပြောစရာဆို၍ နှာခေါင်းလေးနည်းနည်းကြီးသည့် အချက်တစ်ချက်သာ ရှိ၏။ သို့သော် ဒေါ်တင်မမကြီး၏ စိတ်ထဲတွင်ကား ထိုနှာခေါင်းကို အပြစ်ဆိုစရာဟု မထင်။


အမေပီပီ ယင်းကြောင့်ပင် သူ့သားသည် ပို၍ ခံ့ထည်နေသည်ဟု စိတ်တွင် တွေး၏။ ထို့ပြင် သူမ၏ သားသည် မဂ္ဂဇင်းစာမျက်နှာများတွင် ဓာတ်ပုံ မော်ဒယ်လ်အဖြစ် သုံး, လေးကြိမ်မျှ ပါဖူးသည့် အဖြစ်ကလည်း ဒေါ်တင်မမကြီးအား ပို၍ သွေးနားထင် ရောက်စေ၏။ ပြီးလျှင် သူမ၏ သားသည် လူအများ၏ အလယ်တွင် အဖိုးတန် မျက်နှာပွင့်လှသည့် ဆရာဝန် တစ်ယောက်လည်း ဖြစ်နေသေးသည်ပဲ။
“သားက ဆရာဝန် မော်ဒယ်လ်လေ … အဟင်းဟင်း” ဟု တစ်ယောက်ယောက်ကိုများ ပြောလိုက်ရလျှင် ပါးစပ်ထဲ ဘယ်လောက် စေးစေးပိုင်ပိုင် ရှိလိုက်သလဲ။ ဒီခေတ်ကြီးမှာ ဒီထက် မျက်နှာပွင့်တာ ဘာရှိနိုင်သေးတုံး။ စဉ်းစားရင်းပင် “ခေတ်ကြီးကိုက” ဟူသော အတွေးသည် ဒေါ်တင်မမ ကြီး၏ စိတ်ထဲ ဆက်ဝင်လာပြန်သည်။“အင်း ခက်တယ်… ခက်တယ်၊ ခေတ်ကြီးကိုက ခက်တယ်။ ဘာတဲ့ ‘လူပျို့ အမေ ဆန်တစ်အိတ်နဲ့ တောင်ထိပ်မှာပုန်း’ ဆိုတာ တကယ်ပါပဲ။ အင်း … ဒီခေတ်မှ ဒီခေတ်”
နောက်ဆုံး ဒေါ်တင်မမကြီးသည် သူမ၏ အညာ ကောက်ညှင်းထုပ်နှင့် တူလှသည့် ကိုယ်ခန္ဓာကြီးကို ဆက်တီခုံပေါ် ခြေပစ်လက်ပစ် တင်လိုက်ရင်း “ဒီခေတ်ကြီးမှာ သားလူပျို အကောင်းစားနဲ့ အမေလုပ်ရတာလည်း မလွယ်ဘူးတော်ရေ့” ဟု တစ်ယောက်ယောက်ကိုပဲ ညည်းသလိုလို၊ ကိုယ့်ကိုယ်ကိုယ်ပဲ ညည်းသလိုလို ခပ်ကြွားကြွားလေး ဆိုလိုက်ရမှ ရင်ထဲတွင် ချောင်၏။


(၂)သား ပြန်လာမည်ဆိုသည့် သတင်းကြောင့် ဒေါ်တင်မမကြီးသည် မနက်ခင်းတစ်ခုလုံး ဗျာတောက် နေသည်။ ခြံထောင့်ကို ရောက်၏။ “ဒီအမှိုက်တွေ ရှင်းပါဟဲ့” အော်၏။ သစ်ပင်အောက်ကို ရောက်၏။ “ဟို အကိုင်းကို ခုတ်ပစ်လိုက်စမ်း” ဟု ဟစ်၏။ အိမ်၏ ဧည့်ခန်းထဲတွင် ရပ်မိ၏။ “ပန်းအိုးထိုးထားတာကိုက ပုံမကျဘူး” ဟု ဆူ၏။


သားအိပ်မည့် အခန်းထဲ ဝင်ကြည့်ချိန်တွင်ကား ဒေါ်တင်မမကြီး၏ မြည်တွန် တောက်တီးသံများသည် မရပ်တော့။ တစ်အိမ်လုံး လှည့်ပတ်ကြည့်ပြီး လျှင်ကား ဒေါ်တင်မမကြီးသည် “သူမ၏ သား ခဏမျှ အလည်ပြန်လာမည့်အကြောင်း” ကို မြို့ပတ်ကာ မောင်းထု၏။ “သားက အိမ်ပြန်မလာတာ တစ်နှစ်လောက်တော့ ရှိပြီ။ အမယ်လေး … မအားဘူး။ သူတို့ ဆရာဝန် ဆိုတာတွေက ရုံးပိတ်ရက်မရှိ၊ သင်္ကြန် မရှိ၊ အခါမရှိ၊ ဥပုသ်သီတင်း မရှိရယ်။


သူ ဝါသနာပါတဲ့ မော်ဒယ်လ်အလုပ်တောင် ဆက်မလုပ်နိုင်တော့တာသာ ကြည့်တော့” ဟူသော စကားကို ကျယ်လောင်ကျယ်လောင် ဆိုရင်း တဟင်းဟင်း မျှင်းရယ်၏။ ထို့နောက်တွင် သား၏ တော်ပုံ၊ ထက်မြက်ပုံ၊ သွက်လက်ချက်ချာပုံတို့ကို စကားဆက်သည်။ သားအကြောင်း အကောင်းဋီကာ ဖွဲ့ပြီးနောက် အကြွားသန်လေခြင်း မဖြစ်စေရန် အဆုံးသတ်တွင်မှ ဟို ငယ်ငယ် ကလေးဘဝက ဆိုးပုံ၊ တေပုံ၊ ပေပုံများဖြင့် သူမ၏စကားကို အဆုံးသတ်သည်။


“ကောင်မလေးကိုက ပါးစပ်ရဲလွန်းတယ်။ ပုံစံကလည်း ပျံတံတံ နန့်တန့်တန့် မပြောလိုက်ချင်ဘူး”မြို့ပတ်ပြီး နှစ်နာရီခန့်ကြာလျှင် ဒေါ်ကင်မမကြီးသည် ပွစိပွစိဖြင့် အိမ်ပြန်ရောက်လာသည်။ အကြောင်းကား လမ်း၌ တွေ့သော ကောင်မလေး တစ်ယောက်မှ “ယောက္ခမကြီး …. ကိုကို အိမ်ပြန်လာမယ်ဆို” ဟု အော်ဟစ်ပြီး နှုတ်ဆက်ဂါရဝ ပြုလိုက်သောကြောင့် ဖြစ်၏။


“ဘယ်နှယ့်တော် … သူ မရှက်ပေမဲ့ ငါက ရှက်တယ် မိန်းမတဲ့ … ဘယ်မှာလဲ ဣနြေ္ဒ၊ ဘယ်မှာလဲ သိက္ခာ။ ခေတ်ကြီးက ကပြောင်းတိ ကပြောင်းပြန်။ ကျုပ်တို့ ငယ်ငယ်တုန်းကများ မိန်းမကြိုက်တော့ မျှော်လိုက်တာ၊ ယောက်ျားကြိုက်တော့ စိုက်စိုက်လာတဲ့။ အခုတော့ မဟုတ်ပေါင်”ဟု အိမ်ရောက်ရောက်ချင်း အော်ကြီးဟစ်ကျယ် လုပ်၏။


သား၏အဖေ၊ လင်ဖြစ်သူမှ “ဟ … ဘာဖြစ်သေးတုံး၊ ကိုယ်က သားရှင်ပဲ။ ဟုတ်တယ် သမီးရေလို့ ပြန်ပြောလိုက်ပေါ့၊ မနာပါဘူး” ဟု ပြောခါမှ ဒေါ်တင်မမကြီးသည် ပိုဆိုးကာ “အမယ်လေးတော်” ဟု ထဟစ်ပြန်သည်။“နာတယ်တော်ရေ့၊ ကိုယ့်ဘက်က သားရှင်ဆိုပေမဲ့လည်း နာတာတွေ ရှိတယ်။ မိန်းကလေး အပျိုဖြစ်တိုင်း သဘောတူစရာ မဟုတ်ဘူး။


ရုပ်ရည်ရူပကာ၊ ပညာ၊ ဥစ္စာ၊ ပြီးတော့ မိဘမျိုးရိုး၊ စာရိတ္တ အကုန်ကြည့်ရမယ် တော်ရေ့ ။ ကိုယ့်သားက အကောင်းစား၊ ဆရာဝန်တော့။ ဘယ့်နှယ် တွေ့သမျှ မိန်းကလေး ချွေးမခေါ်ရအောင် ကိုယ့်သားက အလေနတော မဟုတ်ဘူး” စကားကို အဆက်မပြတ် ဆို၏။ ခဏမျှကြာလျှင် အခဲမကျေ သေးဟန်ဖြင့် “အခုမှ သားက နှစ်ဆယ့်ခွန်ပဲ ရှိသေးတယ်။ ဘယ့်နှယ် ငယ်ငယ်လေး ရှိသေးတာ။
အားလုံး ပြည့်စုံနေတဲ့ မိန်းကလေးဆိုရင်တောင် မပေးစားနိုင်သေးဘူး။ အို ကုန်ကုန်ပြောမယ်ရှင်၊ အခုနေကတော့ သိကြားမင်းရဲ့ သမီးဆိုရင်တောင် မပေးစားနိုင်သေးဘူး” ဟု စကားဆက်၏။ ပြောရင်း ဒေါ်တင်မမကြီးသည် ငါ့စကားများ လွန်ကုန်ပြီလားဟု တွေးမိပြီး လင်အား မသိမသာ ချောင်းကြည့်၏။ လင်ဖြစ်သူ၏ မျက်နှာ ပြုံးရိပ်ရိပ် ရှိနေသည်ကို မြင်လျှင် စိတ်ထဲမလုံဘဲ “ဘာတုံး တော်က” ဟု ရန်လုပ် လိုက်သေးသည်။


(၃)ရထားပေါ်မှ ဆင်းလာသော သားကို မြင်မြင်ချင်း ဒေါ်တင်မမကြီးသည် “အမယ်လေး … သားက ပိုပြီးတော့တောင် ချောလာသေးတယ်” ဟု ဆီးကြိုသည်။ “အမေဖြင့် ပင်ပန်းတာနဲ့ ပိန်သွား မည်းသွားပြီလားလို့ စိုးရိမ်နေတာ” ဟုလည်း ခပ်ပိုပို ဆို၏။ ထို့နောက် သား၏ ဘေးတွင် ပြုံးတုံ့တုံ့ ရပ်နေသည့် လူငယ်အား သတိထားမိပြီး “အို … သားရဲ့ သူငယ်ချင်းလား၊ သားကလည်း အချောလေးပဲ” ဟု လက်ကို ဆွဲယမ်းကာ ဟန်မူပိုပို နှုတ်ဆက်ပြန်၏။


ထို့နောက် အိမ်တွင် သားကြိုက်သော ငါးဆုပ်ဟင်းများ ချက်ထားကြောင်း၊ နောက်တစ်နေ့တွင် ဝက်သားနှင့် မျှစ်ချဉ်ရောပြီး ချက်ရန် စီမံထားကြောင်း၊ သားမွေးထားသည့် ခွေးသည် မကြာသေးခင်ကပင် နေမကောင်းဖြစ်ကြောင်း၊ တိရစ္ဆာန်ဆရာဝန်ထံ နှစ်ခေါက်သွားပြရပြီး ပိုက်ဆံတစ်သောင်းခွဲ ကုန်သွားကြောင်း၊ ပြီးလျှင် သားရှိစဉ်က စိုက်ထားသော နှင်းဆီခင်းသည် ယခု ပွင့်နေပြီဖြစ်ကြောင်းနှင့် လွန်ခဲ့သော တစ်ပတ်က ထိုနှင်းဆီပန်းများကို ဖောက်သည်ပေးရာ ငွေငါးထောင်ကျော် ရကြောင်း ထွေလီကာလီ ဇာတ်စုံခင်း၏။ ပြောရင်း ဒေါ်တင်မမကြီး၏ စကားများသည် သူမအား ယောက္ခမကြီးဟု ခေါ်လိုက်သော မိန်းကလေး အကြောင်းကို ရောက်သွား၏။


“ခေတ်ကြီးကိုက ကြောက်စရာချည်း။ အမေ့ကိုများ သူက ယောက္ခမကြီးတဲ့၊ သူမို့လို့ မရှက်မကြောက်။ ဟိုတုန်းက ပြောကြတဲ့ ‘လူပျို့ အမေ ဆန်တစ်အိတ်နဲ့ တောင်ထိပ်မှာ ပုန်း’ ဆိုတာ ဒီခေတ်ကြီးမှ ဒီခေတ်ကြီး။ အမယ်လေး အခုကြုံတုန်း သားနှစ်ယောက်စလုံးကို မှာလိုက်ချင်ရဲ့။ ရည်းစားလည်း မရှာကြနဲ့ဦး၊ ချစ်သူလည်း မထားကြနဲ့ဦး၊ နောက် ကိုယ်က အထူးကုဆရာဝန်ကြီး ဖြစ်ပြီဆိုမှ အဲဒီကိစ္စတွေကို စဉ်းစား”
စုံစီနဖာ စကားများကို ပြောရင်း ဒေါ်တင်မမကြီးသည် နောက်နားကျကျမှ လိုက်လာသော သားနှစ်ယောက်အား “ပြောသာ ပြောနေရတာ အခုတောင် ရည်းစား ရှိနေကြပြီလား မသိဘူး” ဟု စကားနှိုက်သေးသည်။ သားနှစ်ယောက်က တစ်ဦးကို တစ်ဦး ပြုံးကြည့်ပြီး “မရှိသေးပါဘူး” ဟု အာမဘန္တေ ခံသည့်တိုင် မိန်းမ မကောင်းကြောင်းကို မန်လည်ဆရာတော် ရှုံးလောက်အောင်ပင် ဋီကာဖွဲ့လိုက်သေး၏။


သူမ၏သား ပြန်ရောက်သည့်နေ့မှစ၍ ဒေါ်တင်မမကြီးသည် အိမ်လည်ပြီး အတင်းမတုတ်နိုင်ရှာ။ အကြောင်းကား သူမ၏ သားအကောင်းစားအား ကင်းစောင့်တာဝန် ကျနေသောကြောင့် ဖြစ်၏။ အခါတိုင်းတွင် အမြဲလိုလို ပြုံးချိုရယ်မောနေသော ဒေါ်တင်မမကြီး၏ မျက်နှာသည် သား၏ မိန်းကလေး သူငယ်ချင်း တစ်ယောက်ယောက် လာလျှင်မူ အလိုလိုပင် တင်းကာ သွားသည်။
ထို့နောက် အသံမာမာဖြင့် “သားရေ ဧည့်သည်” ဟု ခေါ်ပေး၏ ။ ပြီးလျှင် ထိုမိန်းကလေး မပြန်မချင်း ဟိုဟာလုပ်သလိုလို ဒီဟာလုပ်သလိုလို အနားတွင် ရစ်သီရစ်သီ လုပ်၏။ ထိုမိန်းကလေးသူငယ်ချင်း အိမ်ပြန်သွားချိန်တွင်ကား “အဲဒီကောင်မလေးက …” အစချီကာ ဘယ်တုန်းက ရည်းစားထားဖူး၊ ကြက်ဥပင် မပြုတ်တတ်၊ ငရုတ်သီးပင် မထောင်းတတ် စသည်ဖြင့် ထိုမိန်းကလေး၏ မကောင်းကွက် အဖုံဖုံကို ဇာတ်စုံခင်း၏။


နောက်ဆုံး ယောက်ျားဖြစ်သူမှ “တော်ပါတော့ မိန်းမရယ်၊ မင်းမလည်း အပျို အတင်းပေါင်းချုပ် ဖြစ်နေပြီ” ဟု တားရသည်။ ထိုအခါတွင်လည်း ဒေါ်တင်မမကြီးသည် ဆိတ်ဆိတ်ငြိမ်မခံ။ “အို … ကိုယ်က သားရှင်ဆိုတော့ ဘယ်မိန်းကလေးက ဘယ်လိုဆိုတာ လေ့လာထားရတယ် တော်ရေ၊ စပ်စုချင်လွန်းလို့ မဟုတ်ဘူး။ သိတယ် မဟုတ်လား။ တချို့က မျက်နှာမှာ ပေါင်ဒါအဖွေးသားနဲ့ ပေါင်မှာ သေးစီးကြောင်းနဲ့ ဆိုတာ” ဟု ကက်ကက်လန် အကြောင်းပြန်သည်။


တစ်ရက်သားတွင်မူ ဒေါ်တင်မမကြီးသည် အိမ်တွင် အမြို့င့်သား ထိုင်နေရင်းပင် ဒေါသပုန် ထရသေး၏။ အကြောင်းကား မြို့၏ အပျို့ဂေဇက် သတင်းစာတွင် သူမအား အာသာဝတီ နွယ်နီနတ်ပန်းအား စောင့် ကြပ်သည့် ဘီလူးမကြီးအဖြစ် ရယ်ပွဲဖွဲ့နေကြကြောင်း တစ်ဆင့်စကား ကြားလိုက်ရသောကြောင့် ဖြစ်၏။
ထို့ နောက်တွင် ဒေါ်တင်မမကြီးသည် ပို၍ မျက်နှာကြော တင်းလာ၏ ။ ရံဖန်ရံခါ မိန်းကလေး အသံနှင့် ဖုန်းဝင်လာလျှင် ဘာဘာညာညာ မေးမနေဘဲ “မရှိဘူးဟေ့” ဟု ဆောင့်ကြီးအောင့်ကြီး ဖြေပြီး “ဂေါက်”ခနဲနေအောင်ပင် ဖုန်းကို ချ၏။ ပြီးလျှင် “ကောင်မလေးတွေက ကဲကိုကဲ လွန်းတယ်” ဟု ဆက်ရေရွတ်၏။


(၄) မနက်ခင်းတစ်ခုတွင် ဒေါ်တင်မမကြီးသည် သားက အိမ်သားများကို မပြန်ခင် ငါးပေါင်း လုပ်ကျွေးမည်ဟု ဆိုသဖြင့် လိုအပ်သည့် အဆာပလာများ ဝယ်ပြီး ပြန်လာ၏။ လမ်း၌ ထုံးစံအတိုင်း “သားပြန်လာသဖြင့် အိမ်ပင် မလည်နိုင်ကြောင်း၊ ယခုခေတ် ကောင်မလေးများကလည်း ကဲလွန်းကြောင်း” အော်ကြီးဟစ်ကျယ် ပြော၏။


ဤတွင် ဒေါ်တင်မမကြီးအား အတော် မြင်ပြင်း ကတ်နေဟန်တူသည့် မိန်းကလေးတစ်ဦးသည် “အန်တီရေ ဒေါင်းများ က,တာ မြင်ဖူးတယ် မဟုတ်လား၊ အရှေ့ဘက်က ကြည့်ရင် သိပ်လှတာ။ အဲ အနောက်က ကြည့်ရင်တော့ တော်တော်ကို ကျက်သရေ မရှိတာ” ဟု ပြောလက်စ, စကားနှင့် မဆီမဆိုင် ပြော၏။ ဘာဆိုလိုသည်ကို ရုတ်တရက် စဉ်းစားမရသဖြင့် ဒေါ်တင်မမကြီးသည် ဘာမျှ ပြန်မပြောလိုက်နိုင်။
အိမ်အပြန်လမ်း တစ်လျှောက်တွင် ထိုစကားကို တအုံနွေးနွေး တွေးကာ “ဒီကောင်မလေး ဘာပြောချင်တာလဲ” ဟု ကြိတ်မနိုင်ခဲမရ ဖြစ်ရ၏။ တစိမ့်စိမ့်တွေးရင်း အိမ်နားသို့ရောက်မှ “ဘုရားရေ၊ ငါ့သားမှာ ရည်းစားရှိနေပြီလို့ ဆိုချင်တာလား” ဟု စဉ်းစားမိသည်။ “ဖြစ်နိုင်တယ်၊ ဖြစ်နိုင်တယ်၊ အန်တီကသာ တိုနေတာ အန်တီ့သားမှာ ရည်းစားနဲ့လို့ ပြောချင်ပုံပဲ” ဟု ဆက်တွေးမိလျှင် ဒေါ်တင်မမကြီး၏ ရင်သည် တဒိန်းဒိန်း ခုန်လာလေ၏ ။


အိမ်သို့ ရောက်ချိန်တွင် သားနှင့် သား၏သူငယ်ချင်းသည် နှင်းဆီပန်းခင်းအလယ်တွင် ရေပုံးကိုယ်စီ ကိုင်လျက် ခေါင်းချင်းဆိုင် ရယ်နေကြသည်ကို ခပ်လှမ်းလှမ်းမှ မြင်လိုက်၏။ ပြီးလျှင် သူမအနား ရောက်သွားချိန်တွင် ပြုံးစိစိ မျက်နှာများဖြင့် ဘာအကြောင်းမျှ ပြောမနေကြသလို လူချင်း ခွာသွားကြသည်ကိုလည်း သတိထားမိ၏။
ဒေါ်တင်မမကြီး၏ စိတ်ထဲမှ “သေချာပါပြီ၊ ဒါ သူတို့ရည်းစားတွေအကြောင်း ပြောနေတာပဲ နေမှာ၊ သားမှာ ရည်းစားရှိနေပါပြီ” ဟု ပိုထင်လာ၏။ ထို့ကြောင့် “ကဲ သားတို့ မီးဖိုထဲမှာ ကြိုက်သလို ချက်ကြ၊ အမေတော့ မောတာနဲ့ အိမ်ရှေ့မှာ နားလိုက်ဦးမယ်” ဟု ပ,ထုတ်ကာ အားလုံးအလစ်တွင် သားများနေသည့် အခန်းအတွင်း ဝင်ကာ မွှေလေ၏။


ဤသို့ဖြင့် ဆယ်မိနစ်ကျော်ကြာလျှင် ဒေါ်တင်မမကြီး၏ လက်ထဲတွင် မသင်္ကာစရာ စာအုပ်နှစ်အုပ်ကို ဆုပ်မိလေ၏။ စာအုပ်နှစ်အုပ်သည် ပုံစံတူ၊ အရောင်တူဖြစ်ပြီး မတူသည်ကား အထဲမှ လက်ရေး ဖြစ်သည်။၊ ဒေါ်တင်မမကြီး တစ်အုပ်ကို ဖျတ်ခနဲ လှန်ကြည့်မိလေ၏။ “ကောင်းကင်မှာ တောက်ပနေတဲ့ ကြယ်တွေ အများကြီးထဲမှ မင်းက အတောက်ပဆုံး ကြယ်တစ်ပွင့်ပါ” ဟူသော စာကို ဖတ်လိုက်ရ၏။
“ဒါ သား လက်ရေး မဟုတ်ဘူး။ ဟိုကောင်လေး စာအုပ်နေမှာ” ဟု တွေးပြီး ထိုစာအုပ်ကို ချက်ချင်းပိတ်ကာ နောက်တစ်အုပ်ကို လှန်ကြည့်ပြန်၏။“အချိန်တွေ ကြာလာတာနဲ့အမျှ ဘဝတစ်ခုလုံး လက်တွဲရမယ့် လူဆိုတာ သေချာလာတယ်။ တကယ် ဘာကြောင့်ပဲဖြစ်ဖြစ် ဘယ်တော့မှ မခွဲကြေးနော်။ ချစ်တယ်ကွာ … အရမ်းချစ်တယ်။”


ဘုရားရေ … သားလက်ရေးမှ သားလက်ရေး။ ဒေါ်တင်မမကြီးသည် ဒိန်းခနဲ ငယ်ထိပ်တက်ဆောင့်သလို ဖြစ်ကာ စာရွက်များကို ဖျိုးဖျိုးဖျပ်ဖျပ် လှန်ကြည့်၏။ ချစ်သည့် အကြောင်း၊ ကြင်နာသည့် အကြောင်းများသာ တွေ့ရပြီး ကောင်မလေး နာမည်ကား ရှာမတွေ့။ “ရည်းစားရှိတာတော့ သေချာပါပြီ။ ဘယ်က ကောင်မလေးများလဲ မသိဘူး” ဟူသော အတွေးဖြင့် ဒေါ်တင်မမကြီးသည် ထူသလိုလို၊ ထုံသလိုလို ဖြစ်လာကာ အိမ်ရှေ့ခန်းဘက် ပြန်ထွက်ခဲ့၏။


ထိုစဉ်ခဏအချိန်က နှင်းဆီခင်းထဲတွင် သားနှစ်ယောက် ခေါင်းချင်းဆိုင်နေကြသည်ကို ပြန်မြင်ယောင်ပြီး “သူတို့ပဲ ရှိရင်တော့ သူတို့ရည်းစားတွေ အကြောင်း ပြောကြမှာပဲ” ဟု တွေးမိလျက် မီးဖိုခန်းဘက်သို့ ခြေဖွနင်းကာ ထွက်ခဲ့သည်။ ပြီးလျှင် မဟတဟ ရှိနေသည့် တံခါးသို့ကပ်ကာ အသာချောင်းလေ၏။
ဘုရားရေ …။ ဒေါ်တင်မမကြီး၏ ရင်သည် ကုလားဘုရားပွဲ လှည့်သလို တဒုန်းဒုန်း ခုန်လာသည်။ သူမစိတ်တွင် လောကကြီးသည် ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပြီ ထင်ပါရဲ့ဟုလည်း တွေးမိ၏။ ယင်းနောက်တွင်ကား ကိုယ့်ကိုယ်ကိုယ် ထိန်း၍ ထွက်လာသည့်တိုင် ဒေါ်တင်မမကြီး၏ ခြေနှင့်လက်များသည် တဆတ်ဆတ် တုန်ခါနေကြသည်။


ထိုသို့ တုန်တုန်လှုပ်လှုပ် လျှောက်လာရင်းပင် နားထဲ၌ “အင် … အရှေ့မှာ အမေတို့ ရှိနေတယ်နော်” ဟူသော သား၏ ချွဲတဲတဲ စကားသံကို ပြန်ကြားသည်။ ပြီးလျှင် သား၏သူငယ်ချင်းသည် သားအား ရွတ်ခနဲ နမ်းလိုက်သည်ကိုလည်း မြင်ပြန်၏။ ထိုအခါ ဒေါ်တင်မမကြီး ချက်ချင်းပင် ခေါင်းကို ဆတ်ခနဲ ဆတ်ခနဲနေအောင် ခါယမ်းမိ၏။


“အမယ်လေး … လေး။ ငါ့ကို လူတွေ ဘယ်လောက်များ ရယ်ကြမလဲ မသိဘူး။ ငါကတော့ သားကို တိုလွန်းလို့ ကာလိုက်ရတာ၊ အခုတော့ သားက …။ ဘုရား …၊ ဘုရား … တစ်ခုခုတော့ လုပ်မှဖြစ်မယ်၊ တစ်ခုခုတော့ လုပ်မှဖြစ်မယ်”
ထို့နောက် ဘုရားအလီလီတ,ကာ ယောင်တိယောင်ချာဖြင့် သတိလက်လွှတ် တတွတ်တွတ်ရွတ်ရင်း လျှောက်လာသော ဒေါ်တင်မမကြီးသည် တယ်လီဖုန်းစင်နား ရောက်လျှင် ရုတ်တရက် တုံ့ခနဲရပ်ပြီး ဖုန်းခွက်ကို ဆတ်ခနဲ ကောက်ကိုင်လိုက်သည်။


“ဟယ်လို … မြလား။ အဟင်း … ဟင်း၊ တင်မ ပါ။ ဒီလိုလေ သားက အခု အိမ်ပြန်ရောက်နေတော့ တင်မတို့ကပဲ မြတို့ကို ထမင်းစား ဖိတ်ရမလား၊ ဒါမှမဟုတ် မြတို့ကပဲ တင်မတို့ကို ထမင်းစားဖိတ်မလား တစ်ခုခု စီစဉ်ကြရအောင်လို့လေ …။ အဟင်းဟင်း၊ သိတယ် မဟုတ်လား။ သမီး နီလာလေးနဲ့ သားကို …”
ဒေါ်တင်မမကြီး၏ အသံသည် ချိုမြဝေလွင်နေသော်ငြား မျက်နှာကား မပြုံး။

ဖိုးသူတော် (www.phothutaw.com)
Credit:  lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top