Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အင္ဒိုနီးရွား အၾကမ္းဖက္မႈတိုက္ဖ်က္ေရးရဲတပ္ဖြဲ႔ဟာ ျမန္မာသံရံုုး နဲ႔ သမၼတ ဂ်ိဳကုိ “ဂ်ိဳကုိဝီ” ဝီဒုိဒုိ ရဲ႕ သမီးမဂၤလာေဆာင္အခမ္းအနားကို တုိက္ခိုက္ဖို႔စီစဥ္ထားတဲ့ မြတ္စလင္စစ္ေသြးၾကြတစ္ဦးကို ဖမ္းဆီးမိခဲ့တယ္လုိ႔ ရဲအရာရွိတစ္ဦးက ဗုဒၶဟူးေန႔က ေျပာပါတယ္။

သံသယရွိသူ အသက္ ၂၅ နွစ္အရြယ္ ရစ္ကီ အန္ဂါရာ ပူထရာကုိ ျမိဳ႕ေတာ္နဲ႔ကပ္လ်က္ ဘတ္ကစီျမိဳ႕မွာရွိတဲ့ သူရဲ႕ အငွားေနအိမ္အတြင္း တနလၤာေန႔ မြန္းလြဲပုိင္းမွာ ဝင္ေရာက္စီးနင္းဖမ္းဆီးခဲ့တယ္လုိ႔ ဂ်ာကာတာရဲတပ္ဖြဲ႔ ေျပာေရးဆုိခြင့္ရွိသူ ရာဒန္ အာဂို ယူဝိုႏုိ က ဆုိပါတယ္။ ၄၄ နွစ္အရြယ္ မိခင္နွင့္အတူ ေခတၱေနထိုင္ေနတဲ့ ရစ္ကီဟာ “အိုင္အက္စ္အဖြဲ႔ကို ေထာက္ခံသူ” ျဖစ္ပံုရတယ္လုိ႔ အာဂိုက ေျပာဆိုပါတယ္။ “သူဟာ ဂ်ကာတာမွာရွိတဲ့ ျမန္မာသံရံုးနဲ႕ သမၼတဂ်ိဳကုိဝီရဲ႕ သမီးမဂၤလာအခမ္းအနားကုိ တုိက္ခုိက္ဖို႔ စီစဥ္ခဲ့တယ္” လုိ႔ ေျပာေရးဆုိခြင့္ရွိသူက ဆက္ေျပာပါတယ္။ မဂၤလာအခမ္းအနားကုိ အလယ္ပိုင္းဂ်ာဗားျပည္နယ္ ဂ်ိဳကုိဝီရဲ႕ ဇာတိျမိဳ႕ ဆိုလုိမွာ ဗုဒၶဟူးေန႔ မနက္ပုိင္းက က်င္းပခဲ့ပါတယ္။ နုိင္ငံတကာသံအမတ္မ်ားအပါအဝင္ ဧည့္သည္ေပါင္း ၈၀၀၀ ခန္႔ အခမ္းအနားကို တက္ေရာက္ခဲ့ၾက ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
အင်ဒိုနီးရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ဟာ မြန်မာသံရုံုး နဲ့ သမ္မတ ဂျိုကို “ဂျိုကိုဝီ” ဝီဒိုဒို ရဲ့ သမီးမင်္ဂလာဆောင်အခမ်းအနားကို တိုက်ခိုက်ဖို့စီစဉ်ထားတဲ့ မွတ်စလင်စစ်သွေးကြွတစ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

သံသယရှိသူ အသက် ၂၅ နှစ်အရွယ် ရစ်ကီ အန်ဂါရာ ပူထရာကို မြို့တော်နဲ့ကပ်လျက် ဘတ်ကစီမြို့မှာရှိတဲ့ သူရဲ့ အငှားနေအိမ်အတွင်း တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တယ်လို့ ဂျာကာတာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရာဒန် အာဂို ယူဝိုနို က ဆိုပါတယ်။ ၄၄ နှစ်အရွယ် မိခင်နှင့်အတူ ခေတ္တနေထိုင်နေတဲ့ ရစ်ကီဟာ “အိုင်အက်စ်အဖွဲ့ကို ထောက်ခံသူ” ဖြစ်ပုံရတယ်လို့ အာဂိုက ပြောဆိုပါတယ်။ “သူဟာ ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးနဲ့ သမ္မတဂျိုကိုဝီရဲ့ သမီးမင်္ဂလာအခမ်းအနားကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။ မင်္ဂလာအခမ်းအနားကို အလယ်ပိုင်းဂျာဗားပြည်နယ် ဂျိုကိုဝီရဲ့ ဇာတိမြို့ ဆိုလိုမှာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာသံအမတ်များအပါအဝင် ဧည့်သည်ပေါင်း ၈၀၀၀ ခန့် အခမ်းအနားကို တက်ရောက်ခဲ့ကြ ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top