ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မနက္ေစာေစာ အိပ္ယာထရမွာ ပ်င္းတဲ့သူေတြ ပါမွာပါေနာ္။ အိပ္ယာထဖို႔အတြက္ ဆူညံပြက္ေလာရိုက္ေနတဲ့ Alarm ေတြေပးေပမယ့္ အိပ္ယာမထခ်င္ဘဲ alarm ကို ျပန္ျပန္ပိတ္ၿပီး အိပ္သြားၾကတဲ့သူေတြလည္းရွိပါတယ္။ မနက္ေစာေစာ မထေပးဘူးဆိုရင္ သင့္အတြက္ နည္းနည္းေတာ့ အခက္အခဲေတြျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ မနက္ေစာေစာ ဘာလို႔ ထေပးသင့္လဲဆိုတဲ့ အခ်က္ကို မွ်ေ၀ေပးသြားပါမယ္။

၁။ ရံုးသြားရမယ္ေလ

မနက္ေစာေစာ ထတဲ့သူေတြဟာ အိပ္ေရးပုပ္တဲ့သူေတြထက္ ျပႆနာေတြကို ေျဖရွင္းႏိုင္တဲ့ အရည္အေသြး ပိုၿပီးေကာင္းမြန္ပါတယ္။ မနက္ေစာေစာထတတ္တဲ့သူေတြဟာ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈပိုရွိၿပီးၾကတယ္လုိ႔ဆိုပါတယ္။ မနက္ေစာေစာမထတတ္ဘဲ ညည့္နက္မွအိပ္တတ္တဲ့သူေတြကလည္း တီထြင္မႈစြမ္းရည္ပိုေကာင္းၿပီး ဟာသဥာဏ္ရွိတယ္လို႔ ဆိုပါတယ္။

၂။ က်န္းမာတဲ့ မနက္စာကို ေသခ်ာစားႏိုင္တယ္။

မနက္စာဟာ သင့္တစ္ေန႔တာလံုးအတြက္ အေရးႀကီးဆံုး အစားအစာဆိုတာ လူတိုင္း သိၿပီးသားျဖစ္မွာပါ။ မနက္စာစားေပးဖို႔ သိပ္ကိုအေရးႀကီးပါတယ္။ မနက္စာစားေပးတာဟာ တစ္ေန႔တာလံုးအတြက္ လိုအပ္တဲ့အားအင္ေတြကို ရရွိေစပါတယ္။ မနက္စာမစားေပးတဲ့သူေတြဟာ သေရစာ စားခ်င္စိတ္ပိုမ်ားၿပီး အဆီမ်ားမ်ား သၾကားမ်ားမ်ား စားခ်င္စိတ္ပိုမ်ားၾကတယ္လို႔ ေလ့လာသူေတြကဆိုပါတယ္။ မနက္ကိုေနာက္က်မွ ၀ရုန္းသုန္းကာ အလုပ္သြားရင္ မနက္စာကို ေသခ်ာမစားျဖစ္ဘဲ ျဖစ္ေနမွာမို႔ သင့္တစ္ေန႔တာလံုးမွာ စိတ္ညည္းညဴတာမ်ိဳးျဖစ္ေစသလို က်န္းမာတဲ့ ကိုယ္အေလးခ်ိန္ရရွိေစမွာမဟုတ္ပါဘူး။

၃။ သင့္ရဲ့ ကိုယ္ပိုင္ သီးသန္႔အခ်ိန္ေလးကို အသံုးျပဳလို႔ရတယ္။

တစ္ေန႔တာလံုး အလုပ္ေတြမစတင္ခင္ သင္လုပ္ရမယ့္ အလုပ္ေတြအစား သင့္အတြက္ပဲ သင္ အာရံုစိုက္လို႔ရပါတယ္။ အလုပ္မသြားခင္ ေသခ်ာအနားယူလို႔ရသလို ဘုရားရွိခိုးတာမ်ိဳးလည္း အခ်ိန္ယူလုပ္ေပးႏို္င္လို႔ စိတ္ကိုၾကည္လင္ေစမွာပါ။ လမ္းေလွ်ာက္ထြက္ဖို႔လည္း အခ်ိန္ရတာေၾကာင့္ သင့္ရဲ့ ဇီ၀ကာမျဖစ္စဥ္ကို ျမင့္တက္ေစပါတယ္။ ကယ္လ္လိုရီပိုေလာင္ကၽြမ္းေစၿပီး က်န္းမာတဲ့အစားအစာေတြ ေရြးခ်ယ္ႏို္င္ဖို႔ ကူညီေပးမွာပါ။

၄။ ေကာင္းတဲ့အရာေတြ ေတြးၿပီး တစ္ေန႔တာလံုးကို စတင္ႏိုင္တယ္။

ေနာက္ဆံုးတစ္ခ်က္ကေတာ့ မနက္ေစာေစာ အိပ္ယာထတဲ့သူေတြဟာ သင့္ရဲ့စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္ အက်ိဳးသက္ေရာက္မႈရွိေစပါတယ္။ မနက္ေစာေစာ ထမယ္ဆိုရင္ ဘုရားတရားလုပ္ႏို္င္တဲ့အျပင္ စိတ္ၾကည္လင္ၿပီး အေကာင္းဖက္က ေတြးတဲ့အေတြးေတြနဲ႔ စတင္ႏိုင္မွာပါ။ လုပ္စရာရွိတာ စိတ္ေအးလက္ေအးနဲ႔ လုပ္ေဆာင္ႏိုင္မွာမို႔ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပးႏိုင္သပါတယ္။ ဒါ့ေၾကာင္ ့မနက္ေစာေစာထတဲ့သူေတြဟာ ကမၻာေပၚမွာ အေအာင္ျမင္ဆံုးပုဂၢိဳလ္ေတြျဖစ္တယ္လို႔ သုေတသီေတြကဆိုပါတယ္။

ကဲစာဖတ္သူတို႔ေကာ မနက္ေစာေစာ ထၾကမွာလား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
 မနက်စောစော အိပ်ယာထရမှာ ပျင်းတဲ့သူတွေ ပါမှာပါနော်။ အိပ်ယာထဖို့အတွက် ဆူညံပွက်လောရိုက်နေတဲ့ Alarm တွေပေးပေမယ့် အိပ်ယာမထချင်ဘဲ alarm ကို ပြန်ပြန်ပိတ်ပြီး အိပ်သွားကြတဲ့သူတွေလည်းရှိပါတယ်။ မနက်စောစော မထပေးဘူးဆိုရင် သင့်အတွက် နည်းနည်းတော့ အခက်အခဲတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် မနက်စောစော ဘာလို့ ထပေးသင့်လဲဆိုတဲ့ အချက်ကို မျှဝေပေးသွားပါမယ်။

၁။ ရုံးသွားရမယ်လေ

မနက်စောစော ထတဲ့သူတွေဟာ အိပ်ရေးပုပ်တဲ့သူတွေထက် ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အရည်အသွေး ပိုပြီးကောင်းမွန်ပါတယ်။ မနက်စောစောထတတ်တဲ့သူတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိပြီးကြတယ်လို့ဆိုပါတယ်။ မနက်စောစောမထတတ်ဘဲ ညည့်နက်မှအိပ်တတ်တဲ့သူတွေကလည်း တီထွင်မှုစွမ်းရည်ပိုကောင်းပြီး ဟာသဉာဏ်ရှိတယ်လို့ ဆိုပါတယ်။

၂။ ကျန်းမာတဲ့ မနက်စာကို သေချာစားနိုင်တယ်။

မနက်စာဟာ သင့်တစ်နေ့တာလုံးအတွက် အရေးကြီးဆုံး အစားအစာဆိုတာ လူတိုင်း သိပြီးသားဖြစ်မှာပါ။ မနက်စာစားပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။ မနက်စာစားပေးတာဟာ တစ်နေ့တာလုံးအတွက် လိုအပ်တဲ့အားအင်တွေကို ရရှိစေပါတယ်။ မနက်စာမစားပေးတဲ့သူတွေဟာ သရေစာ စားချင်စိတ်ပိုများပြီး အဆီများများ သကြားများများ စားချင်စိတ်ပိုများကြတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ မနက်ကိုနောက်ကျမှ ဝရုန်းသုန်းကာ အလုပ်သွားရင် မနက်စာကို သေချာမစားဖြစ်ဘဲ ဖြစ်နေမှာမို့ သင့်တစ်နေ့တာလုံးမှာ စိတ်ညည်းညူတာမျိုးဖြစ်စေသလို ကျန်းမာတဲ့ ကိုယ်အလေးချိန်ရရှိစေမှာမဟုတ်ပါဘူး။

၃။ သင့်ရဲ့ ကိုယ်ပိုင် သီးသန့်အချိန်လေးကို အသုံးပြုလို့ရတယ်။

တစ်နေ့တာလုံး အလုပ်တွေမစတင်ခင် သင်လုပ်ရမယ့် အလုပ်တွေအစား သင့်အတွက်ပဲ သင် အာရုံစိုက်လို့ရပါတယ်။ အလုပ်မသွားခင် သေချာအနားယူလို့ရသလို ဘုရားရှိခိုးတာမျိုးလည်း အချိန်ယူလုပ်ပေးနိုင်လို့ စိတ်ကိုကြည်လင်စေမှာပါ။ လမ်းလျှောက်ထွက်ဖို့လည်း အချိန်ရတာကြောင့် သင့်ရဲ့ ဇီဝကာမဖြစ်စဉ်ကို မြင့်တက်စေပါတယ်။ ကယ်လ်လိုရီပိုလောင်ကျွမ်းစေပြီး ကျန်းမာတဲ့အစားအစာတွေ ရွေးချယ်နိုင်ဖို့ ကူညီပေးမှာပါ။

၄။ ကောင်းတဲ့အရာတွေ တွေးပြီး တစ်နေ့တာလုံးကို စတင်နိုင်တယ်။

နောက်ဆုံးတစ်ချက်ကတော့ မနက်စောစော အိပ်ယာထတဲ့သူတွေဟာ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုရှိစေပါတယ်။ မနက်စောစော ထမယ်ဆိုရင် ဘုရားတရားလုပ်နိုင်တဲ့အပြင် စိတ်ကြည်လင်ပြီး အကောင်းဖက်က တွေးတဲ့အတွေးတွေနဲ့ စတင်နိုင်မှာပါ။ လုပ်စရာရှိတာ စိတ်အေးလက်အေးနဲ့ လုပ်ဆောင်နိုင်မှာမို့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သပါတယ်။ ဒါ့ကြောင့်မနက်စောစောထတဲ့သူတွေဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးပုဂ္ဂိုလ်တွေဖြစ်တယ်လို့ သုတေသီတွေကဆိုပါတယ်။

ကဲစာဖတ်သူတို့ကော မနက်စောစော ထကြမှာလား။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top