ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အစာအိမ္ထဲမွာ ဂတ္စ္ေတြ စုေဝးေနျခင္းဟာ ခႏၶာကိုယ္ရဲ႕ လုပ္ငန္းေဆာင္တာေတြထဲက တစ္ခုျဖစ္ပါတယ္။ အစာအိမ္ထဲကေလေတြ ျပန္ထုတ္တဲ့ ေလလည္ျခင္းလုပ္ငန္းဟာလည္း လူၾကားထဲမွာ လုပ္ဖုိ႔အတြက္ အ႐ွက္ရဆံုး အလုပ္တစ္ခု ျဖစ္လိမ့္မယ္ေနာ္။ လူၾကားထဲ ေလလည္မိရင္ အနံ႔ထြက္လာေတာ့ ႐ွက္ရတယ္ေလ။ ဘူခနဲ အသံၾကားၿပီး အနံ႔ပါထြက္လို႔ ေဘးလူေတြလည္း စိတ္ဆိုး၊ ကိုယ္လည္း အရွက္ရမိေပမဲ့ ေလလည္တာဟာ က်န္းမာေရးေကာင္းတယ္ဆုိတာ သိပါသလား။

၁။ ခႏၶာကိုယ္တြင္းက မေကာင္းတဲ့ဓာတုပစၥည္းေတြဖယ္႐ွားေပးတယ္

ပဲစားမိရင္ ေလလည္သံက်ယ္ၿပီး အနံ႔ကလည္း ျပင္းတယ္ေနာ္။ ေလလည္လို႔ အနံ႔ဆိုးထြက္တယ္ဆုိတာ အူမႀကီးရဲ႕ က်န္းမာေရးေကာင္းေၾကာင္း ျပသေနတာျဖစ္ပါတယ္။

၂။ ကိုယ္ဝန္႐ွိတာျဖစ္ႏိုင္

အရင္တုန္းကနဲ႔မတူဘဲ ခဏခဏ ေလလည္ေနၿပီဆုိရင္ ကိုယ္ဝန္႐ွိေနတာလည္း ျဖစ္ႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ကိုယ္ဝန္ေၾကာင့္ ေဟာ္မုန္းေတြေျပာင္းလဲမႈျဖစ္ေပၚရာကေန အစာေျခလမ္းေၾကာင္းက ၾကြက္သားေတြ ေလ်ာ့ရဲမႈျဖစ္လာလို႔ပါ။ အဲ့ဒီအတြက္ အစာေျခတာလည္း ေႏွးသြားၿပီး မၾကာခဏ ေလလည္ပါေတာ့တယ္။

၃။ အသက္႐ွည္ေစ

ဝမ္းတစ္လံုးေကာင္းရင္ ေခါင္းမခဲရဘူးလို႔ ေ႐ွးလူႀကီးေတြက ဆုိတယ္မဟုတ္လား။ ေလလည္ျခင္းဟာ အစာထဲက ေကာင္းတဲ့ဘက္တီးရီးယားေတြ အလုပ္လုပ္ေနေၾကာင္း ျပသရာလည္းေရာက္လို႔ က်န္းမာေရးေကာင္းျခင္းရဲ႕ လကၡဏာတစ္ခုပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အစာအိမ်ထဲမှာ ဂတ်စ်တွေ စုဝေးနေခြင်းဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေထဲက တစ်ခုဖြစ်ပါတယ်။ အစာအိမ်ထဲကလေတွေ ပြန်ထုတ်တဲ့ လေလည်ခြင်းလုပ်ငန်းဟာလည်း လူကြားထဲမှာ လုပ်ဖို့အတွက် အရှက်ရဆုံး အလုပ်တစ်ခု ဖြစ်လိမ့်မယ်နော်။ လူကြားထဲ လေလည်မိရင် အနံ့ထွက်လာတော့ ရှက်ရတယ်လေ။ ဘူခနဲ အသံကြားပြီး အနံ့ပါထွက်လို့ ဘေးလူတွေလည်း စိတ်ဆိုး၊ ကိုယ်လည်း အရှက်ရမိပေမဲ့ လေလည်တာဟာ ကျန်းမာရေးကောင်းတယ်ဆိုတာ သိပါသလား။

၁။ ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ဓာတုပစ္စည်းတွေဖယ်ရှားပေးတယ်

ပဲစားမိရင် လေလည်သံကျယ်ပြီး အနံ့ကလည်း ပြင်းတယ်နော်။ လေလည်လို့ အနံ့ဆိုးထွက်တယ်ဆိုတာ အူမကြီးရဲ့ ကျန်းမာရေးကောင်းကြောင်း ပြသနေတာဖြစ်ပါတယ်။

၂။ ကိုယ်ဝန်ရှိတာဖြစ်နိုင်

အရင်တုန်းကနဲ့မတူဘဲ ခဏခဏ လေလည်နေပြီဆိုရင် ကိုယ်ဝန်ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ကြောင့် ဟော်မုန်းတွေပြောင်းလဲမှုဖြစ်ပေါ်ရာကနေ အစာခြေလမ်းကြောင်းက ကြွက်သားတွေ လျော့ရဲမှုဖြစ်လာလို့ပါ။ အဲ့ဒီအတွက် အစာခြေတာလည်း နှေးသွားပြီး မကြာခဏ လေလည်ပါတော့တယ်။

၃။ အသက်ရှည်စေ

ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲရဘူးလို့ ရှေးလူကြီးတွေက ဆိုတယ်မဟုတ်လား။ လေလည်ခြင်းဟာ အစာထဲက ကောင်းတဲ့ဘက်တီးရီးယားတွေ အလုပ်လုပ်နေကြောင်း ပြသရာလည်းရောက်လို့ ကျန်းမာရေးကောင်းခြင်းရဲ့ လက္ခဏာတစ်ခုပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top