Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ခ်ည္ထည္ကုန္ၾကမ္းမ်ား ေစ်းတက္ေနၿပီး ကုန္ေခ်ာေစ်းႏႈန္း က်ဆင္းေနေသာေၾကာင့္ မံုရြာ ေဒသရွိ ရက္ကန္းလုပ္ငန္းအမ်ား စုရပ္နားထားရေၾကာင္း ေဒသခံရက္ကန္းလုပ္ငန္း လုပ္ကိုင္သူ မ်ားက ေျပာသည္။

မံုရြာၿမိဳ႕နယ္တြင္ ယခုႏွစ္အတြင္း အိႏိၵယႏုိင္ငံမွ တင္သြင္း ေသာ ခ်ည္ထည္ကုန္ၾကမ္းတစ္ ထုပ္လွ်င္ က်ပ္ႏွစ္ေသာင္းခန္႔မွ သံုးေသာင္းအထိ ေစ်းတက္ခဲ့ၿပီး ကုန္ေခ်ာအမ်ဳိးသမီး၀တ္  ခ်ိပ္ထ ဘီ တစ္ထည္လွ်င္ ယခင္က်ပ္ ကိုးေထာင္ခန္႔မွ ယခု က်ပ္ငါး ေထာင္ခန္႔အထိ ေစ်းက်ဆင္း၍ မိ႐ိုးဖလာရက္ကန္းလုပ္ငန္းရွင္ မ်ား အ႐ႈံးေပၚေနေၾကာင္း မံုရြာၿမိဳ႕နယ္ ကံျပားေက်းရြာေဒသခံ ရက္ ကန္းလုပ္ငန္းရွင္ ေဒၚ၀င္းသန္႔က ေျပာသည္။

‘‘ခ်ိပ္ထဘီတစ္ထည္ဆိုရင္ ေန႔ေရာညပါ ရက္လုပ္ရင္ တစ္ ေန႔တည္းၿပီးတယ္။ အရင္တုန္းက အထည္တစ္ထည္ၿပီးရင္ သံုး ေထာင့္ငါးရာေလာက္ရတယ္။ အခုအထည္တစ္ထည္ၿပီးမွ တစ္ ေထာင့္တစ္ရာကေန တစ္ေထာင့္ ငါးရာပဲရတာဆိုေတာ့ သိပ္မ ကိုက္ေတာ့ဘူး’’ဟု ၎က ေျပာသည္။ မိ႐ိုးဖလာ  ရက္ကန္းလုပ္ငန္းမ်ား အ႐ႈံးေပၚေန၍ ရက္ကန္းလုပ္ငန္းရွင္အမ်ားစုသည္ လယ္ ယာလုပ္ငန္းခြင္ႏွင့္ အိႏိၵယႏုိင္ငံ အိုက္ေဇာေဒသရွိ ရက္ကန္းလုပ္ ငန္းမ်ားသို႔ ေျပာင္းေရႊ႕လုပ္ကိုင္ သူ ပိုမိုမ်ားျပားလာေၾကာင္း ေဒၚ ၀င္းသန္႔က ေျပာသည္။

  ‘‘ဒီမွာ ကုန္ၾကမ္းေစ်း တက္ၿပီး   ကုန္ေခ်ာေစ်းက်လို႔ ရက္ကန္းလုပ္တဲ့သူက တစ္ရက္ ကို ငါးေထာင္ရဖို႔ မေသခ်ာေတာ့ ဘူး။ အိုက္ေဇာဘက္သြားလုပ္တဲ့ သူက တစ္ရက္ကို ခုနစ္ေထာင္က ေန တစ္ေသာင္း၀န္းက်င္အထိ ရတယ္ဆိုေတာ့ အဲဒီ့ကို သြားလုပ္ တာ ပိုမ်ားတယ္’’ဟု မံုရြာၿမိဳ႕နယ္ သမႏၲာေက်းရြာေဒသခံ ရက္ကန္းလုပ္ကိုင္သူတစ္ဦးကေျပာသည္။

မံုရြာၿမိဳ႕နယ္တြင္ လူငယ္ အမ်ဳိးသား၊ အမ်ဳိးသမီးအမ်ားစု သည္ အိႏိၵယႏိုင္ငံ အိုက္ေဇာေဒသ ခ်ည္ထည္လုပ္ငန္းမ်ားသို႔ သြား ေရာက္လုပ္ကိုင္ၾကၿပီး အသက္ အရြယ္ႀကီးရင့္သည့္ ရက္ကန္းလုပ္ ကိုင္သူအမ်ားစုသည္ ေဒသတြင္း လယ္ယာလုပ္ငန္းခြင္သို႔ ေျပာင္း ေရႊ႕လုပ္ကိုင္လာၾကကာ မိ႐ိုးဖလာရက္ကန္းလုပ္ငန္းကို ဆက္လက္လုပ္ကိုင္သူ အနည္းငယ္သာက်န္ေတာ့ေၾကာင္း ေဒသခံရက္ကန္းလုပ္ကိုင္သူမ်ားက ေျပာသည္။

မံုရြာၿမိဳ႕နယ္ မိ႐ိုးဖလာရက္ ကန္းလုပ္ငန္းမ်ားသည္ အမ်ဳိး သမီး၀တ္ ထဘီအမ်ဳိးအစား (၂၀) ေက်ာ္ထုတ္လုပ္၍ မံုရြာ၊ မႏၲေလး၊ ရန္ကုန္၊ လား႐ႈိးစသည့္ၿမိဳ႕ႀကီး မ်ားသို႔ ေန႔စဥ္တင္ပို႔ေရာင္းခ်ေန ေၾကာင္း မံုရြာေဒသခံ ရက္ကန္း အထည္ေရာင္း၀ယ္ေရးလုပ္ငန္းရွင္မ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ချည်ထည်ကုန်ကြမ်းများ ဈေးတက်နေပြီး ကုန်ချောဈေးနှုန်း ကျဆင်းနေသောကြောင့် မုံရွာ ဒေသရှိ ရက်ကန်းလုပ်ငန်းအများ စုရပ်နားထားရကြောင်း ဒေသခံရက်ကန်းလုပ်ငန်း လုပ်ကိုင်သူ များက ပြောသည်။

မုံရွာမြို့နယ်တွင် ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှ တင်သွင်း သော ချည်ထည်ကုန်ကြမ်းတစ် ထုပ်လျှင် ကျပ်နှစ်သောင်းခန့်မှ သုံးသောင်းအထိ ဈေးတက်ခဲ့ပြီး ကုန်ချောအမျိုးသမီးဝတ်  ချိပ်ထ ဘီ တစ်ထည်လျှင် ယခင်ကျပ် ကိုးထောင်ခန့်မှ ယခု ကျပ်ငါး ထောင်ခန့်အထိ ဈေးကျဆင်း၍ မိရိုးဖလာရက်ကန်းလုပ်ငန်းရှင် များ အရှုံးပေါ်နေကြောင်း မုံရွာမြို့နယ် ကံပြားကျေးရွာဒေသခံ ရက် ကန်းလုပ်ငန်းရှင် ဒေါ်ဝင်းသန့်က ပြောသည်။

‘‘ချိပ်ထဘီတစ်ထည်ဆိုရင် နေ့ရောညပါ ရက်လုပ်ရင် တစ် နေ့တည်းပြီးတယ်။ အရင်တုန်းက အထည်တစ်ထည်ပြီးရင် သုံး ထောင့်ငါးရာလောက်ရတယ်။ အခုအထည်တစ်ထည်ပြီးမှ တစ် ထောင့်တစ်ရာကနေ တစ်ထောင့် ငါးရာပဲရတာဆိုတော့ သိပ်မ ကိုက်တော့ဘူး’’ဟု ၎င်းက ပြောသည်။ မိရိုးဖလာ  ရက်ကန်းလုပ်ငန်းများ အရှုံးပေါ်နေ၍ ရက်ကန်းလုပ်ငန်းရှင်အများစုသည် လယ် ယာလုပ်ငန်းခွင်နှင့် အိန္ဒိယနိုင်ငံ အိုက်ဇောဒေသရှိ ရက်ကန်းလုပ် ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင် သူ ပိုမိုများပြားလာကြောင်း ဒေါ် ဝင်းသန့်က ပြောသည်။

  ‘‘ဒီမှာ ကုန်ကြမ်းဈေး တက်ပြီး   ကုန်ချောဈေးကျလို့ ရက်ကန်းလုပ်တဲ့သူက တစ်ရက် ကို ငါးထောင်ရဖို့ မသေချာတော့ ဘူး။ အိုက်ဇောဘက်သွားလုပ်တဲ့ သူက တစ်ရက်ကို ခုနစ်ထောင်က နေ တစ်သောင်းဝန်းကျင်အထိ ရတယ်ဆိုတော့ အဲဒီ့ကို သွားလုပ် တာ ပိုများတယ်’’ဟု မုံရွာမြို့နယ် သမန္တာကျေးရွာဒေသခံ ရက်ကန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။

မုံရွာမြို့နယ်တွင် လူငယ် အမျိုးသား၊ အမျိုးသမီးအများစု သည် အိန္ဒိယနိုင်ငံ အိုက်ဇောဒေသ ချည်ထည်လုပ်ငန်းများသို့ သွား ရောက်လုပ်ကိုင်ကြပြီး အသက် အရွယ်ကြီးရင့်သည့် ရက်ကန်းလုပ် ကိုင်သူအများစုသည် ဒေသတွင်း လယ်ယာလုပ်ငန်းခွင်သို့ ပြောင်း ရွှေ့လုပ်ကိုင်လာကြကာ မိရိုးဖလာရက်ကန်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်သူ အနည်းငယ်သာကျန်တော့ကြောင်း ဒေသခံရက်ကန်းလုပ်ကိုင်သူများက ပြောသည်။

မုံရွာမြို့နယ် မိရိုးဖလာရက် ကန်းလုပ်ငန်းများသည် အမျိုး သမီးဝတ် ထဘီအမျိုးအစား (၂၀) ကျော်ထုတ်လုပ်၍ မုံရွာ၊ မန္တလေး၊ ရန်ကုန်၊ လားရှိုးစသည့်မြို့ကြီး များသို့ နေ့စဉ်တင်ပို့ရောင်းချနေ ကြောင်း မုံရွာဒေသခံ ရက်ကန်း အထည်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top