Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လြန္ခဲ့တဲ့ ၂၀၀၈ ခုႏွစ္တုန္းက အက္ဆစ္ နဲ႔အပက္ခံရၿပီး မ်က္ႏွာတစ္ခုလုံး ပ်က္စီးခဲ့ရတဲ့ ေမာ္လ္ဒယ္မင္းသမီးေဟာင္း Katie Piper တစ္ေယာက္ မၾကာခင္လပိုင္းအတြင္း ကေလးႏွစ္ေယာက္ေမေမျဖစ္ေတာ့မွာပါ။ သမီးႀကီးေလးက ၃ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ေကတီက အခုဆိုရင္ ေနာက္ထပ္ကိုယ္ဝန္အတြက္ စိတ္လႈပ္ရွားေနၿပီလို႔လည္း ဆိုပါတယ္။

လာမယ့္အေဖမ်ားေန႔မွာ သမီးေလးရဲ႕ေဖေဖက ကေလးႏွစ္ေယာက္ဖခင္ျဖစ္လာေတာ့မွာပါ။ ကြၽန္မတို႔ေတြ အရမ္းကိုစိတ္လႈပ္ရွားၿပီး ေပ်ာ္႐ႊင္ေနရပါတယ္။ အားလုံးလည္း ေပ်ာ္႐ႊင္ဖြယ္ေန႔ရက္ေလးေတြကို ပိုင္ဆိုင္ၾကပါေစလို႔ ေကတီက သူမရဲ႕ အင္စတာဂရမ္မွာ ေရးသားခဲ့တာပါ။ လက္ရွိမွာ အရမ္းခ်စ္စရာေကာင္းတဲ့ သမီးေလးနဲ႔အတူ သူမတို႔မိသားစုေတြအားလုံးက ေနာက္ထပ္တိုးလာမယ့္ ေဘဘီေလးကို ဝမ္းေျမာက္ဝမ္းသာႀကိဳဆိုေနၾကပါၿပီ။

သူမဟာ ေမာ္လ္ဒယ္သ႐ုပ္ေဆာင္အျဖစ္ ေက်ာ္ၾကားေအာင္ျမင္ေနခဲ့ရာက ၂၀၀၈ ခုႏွစ္မွာေတာ့ ကံဆိုးမိုးေမွာင္က်ခဲ့ရပါေတာ့တယ္။ သူမရဲ႕ရည္းစားေဟာင္းျဖစ္တဲ့ Daniel Lynch က သူမမ်က္ႏွာကို အက္ဆစ္နဲ႔တိုက္ခိုက္ခဲ့တာပါ။ အဲ့ဒါေၾကာင့္ သူမရဲ႕မ်က္ႏွာတစ္ခုလုံး ပ်က္စီးခဲ့ရၿပီး သူမႏွစ္သက္သေဘာက်တဲ့ အႏုပညာလုပ္ငန္းေတြကိုလည္း အနားယူခဲ့ရတာပါ။ ရည္႐ြယ္ခ်က္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြ၊ ပန္းတိုင္ေတြ အားလုံးဟာ အဲ့ဒီအခ်ိန္က ေပ်ာက္ရွသြားခဲ့ရတာပါ။

သူမဟာ ပ်က္စီးခဲ့တဲ့ မ်က္ႏွာကို ခြဲစိတ္ျပဳျပင္မႈေတြေဆာင္႐ြက္ခဲ့ၿပီး ေသသပ္ေအာင္ဖန္တီးခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ၂၀၁၅ ခုႏွစ္အေစာပိုင္းမွာ ခင္ပြန္းသည္ Richard နဲ႔ လက္ထပ္ခဲ့ၿပီး သမီးေလးတစ္ဦးစတင္ထြန္းကားခဲ့တာပါ။ အတိတ္မွာ နာက်ည္းစရာေတြ၊ ဝမ္းနည္းစရာေတြႀကဳံခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာတာ့ ေနာက္ထပ္ကေလးေလးတစ္ဦးအတြက္ေတာင္ ရင္ေတြခုန္ေနၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးနဲ႔ရပ္တည္ေနပါတယ္တဲ့။

တိုက္ခိုက္ခံရၿပီးတဲ့ေနာက္ အႏုပညာအလုပ္ေတြကို လက္လႊတ္ခဲ့ရေပမယ့္ သူမဟာ အႏုပညာေလာကနဲ႔စိမ္းမေနဘဲ သူမပါခြင့္ရသေလာက္ပါဝင္ေနပါေသးတယ္တဲ့။ ေနာက္ၿပီး သူမဟာ အဲ့ဒီတိုက္ခိုက္ခံရမႈအၿပီးေနာက္ပိုင္းမွာ ေထာက္ပံ့ကူညီမႈေတြ ျပဳလုပ္ဖို႔အတြက္ Katie Piper Foundation ကိုထူေထာင္လိုက္ၿပီး လတ္တေလာတိုက္ခိုက္ခံရမႈေတြ၊ အကူအညီလိုအပ္သူေတြအတြက္ အသင့္ရွိေနေပးပါသတဲ့။

ကဲပရိသတ္ႀကီးေရ Katie Piper ကေတာ့ အတိတ္မွာ ဘယ္လိုပဲ နာက်င္စရာေတြရွိခဲ့ရွိခဲ့ အခုဆိုရင္ေတာ့ သားသားလား မီးမီးလား မသိရေသးတဲ့ ေဘဘီေလးအတြက္ ရင္ခုန္ရင္းက ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးမွာ သာယာေအးခ်မ္းစြာနဲ႔ ျဖတ္သန္းေနပါၿပီေနာ္။ ပရိသတ္ႀကီးကလည္း သူမရဲ႕ ဒုတိယေျမာက္ ေဘဘီေလးကို ဝိုင္းဝန္းႀကိဳဆိုေပးလိုက္ရေအာင္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက အက်ဆစ် နဲ့အပက်ခံရပြီး မျက်နှာတစ်ခုလုံး ပျက်စီးခဲ့ရတဲ့ မော်လ်ဒယ်မင်းသမီးဟောင်း Katie Piper တစ်ယောက် မကြာခင်လပိုင်းအတွင်း ကလေးနှစ်ယောက်မေမေဖြစ်တော့မှာပါ။ သမီးကြီးလေးက ၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကေတီက အခုဆိုရင် နောက်ထပ်ကိုယ်ဝန်အတွက် စိတ်လှုပ်ရှားနေပြီလို့လည်း ဆိုပါတယ်။

လာမယ့်အဖေများနေ့မှာ သမီးလေးရဲ့ဖေဖေက ကလေးနှစ်ယောက်ဖခင်ဖြစ်လာတော့မှာပါ။ ကျွန်မတို့တွေ အရမ်းကိုစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေရပါတယ်။ အားလုံးလည်း ပျော်ရွှင်ဖွယ်နေ့ရက်လေးတွေကို ပိုင်ဆိုင်ကြပါစေလို့ ကေတီက သူမရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။ လက်ရှိမှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ သူမတို့မိသားစုတွေအားလုံးက နောက်ထပ်တိုးလာမယ့် ဘေဘီလေးကို ဝမ်းမြောက်ဝမ်းသာကြိုဆိုနေကြပါပြီ။

သူမဟာ မော်လ်ဒယ်သရုပ်ဆောင်အဖြစ် ကျော်ကြားအောင်မြင်နေခဲ့ရာက ၂၀၀၈ ခုနှစ်မှာတော့ ကံဆိုးမိုးမှောင်ကျခဲ့ရပါတော့တယ်။ သူမရဲ့ရည်းစားဟောင်းဖြစ်တဲ့ Daniel Lynch က သူမမျက်နှာကို အက်ဆစ်နဲ့တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒါကြောင့် သူမရဲ့မျက်နှာတစ်ခုလုံး ပျက်စီးခဲ့ရပြီး သူမနှစ်သက်သဘောကျတဲ့ အနုပညာလုပ်ငန်းတွေကိုလည်း အနားယူခဲ့ရတာပါ။ ရည်ရွယ်ချက်တွေ၊ မျှော်လင့်ချက်တွေ၊ ပန်းတိုင်တွေ အားလုံးဟာ အဲ့ဒီအချိန်က ပျောက်ရှသွားခဲ့ရတာပါ။

သူမဟာ ပျက်စီးခဲ့တဲ့ မျက်နှာကို ခွဲစိတ်ပြုပြင်မှုတွေဆောင်ရွက်ခဲ့ပြီး သေသပ်အောင်ဖန်တီးခဲ့ပြီးတဲ့နောက်မှာတော့ ၂၀၁၅ ခုနှစ်အစောပိုင်းမှာ ခင်ပွန်းသည် Richard နဲ့ လက်ထပ်ခဲ့ပြီး သမီးလေးတစ်ဦးစတင်ထွန်းကားခဲ့တာပါ။ အတိတ်မှာ နာကျည်းစရာတွေ၊ ဝမ်းနည်းစရာတွေကြုံခဲ့ရပေမယ့် လက်ရှိအချိန်မှာတာ့ နောက်ထပ်ကလေးလေးတစ်ဦးအတွက်တောင် ရင်တွေခုန်နေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးနဲ့ရပ်တည်နေပါတယ်တဲ့။

တိုက်ခိုက်ခံရပြီးတဲ့နောက် အနုပညာအလုပ်တွေကို လက်လွှတ်ခဲ့ရပေမယ့် သူမဟာ အနုပညာလောကနဲ့စိမ်းမနေဘဲ သူမပါခွင့်ရသလောက်ပါဝင်နေပါသေးတယ်တဲ့။ နောက်ပြီး သူမဟာ အဲ့ဒီတိုက်ခိုက်ခံရမှုအပြီးနောက်ပိုင်းမှာ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ဖို့အတွက် Katie Piper Foundation ကိုထူထောင်လိုက်ပြီး လတ်တလောတိုက်ခိုက်ခံရမှုတွေ၊ အကူအညီလိုအပ်သူတွေအတွက် အသင့်ရှိနေပေးပါသတဲ့။

ကဲပရိသတ်ကြီးရေ Katie Piper ကတော့ အတိတ်မှာ ဘယ်လိုပဲ နာကျင်စရာတွေရှိခဲ့ရှိခဲ့ အခုဆိုရင်တော့ သားသားလား မီးမီးလား မသိရသေးတဲ့ ဘေဘီလေးအတွက် ရင်ခုန်ရင်းက ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးမှာ သာယာအေးချမ်းစွာနဲ့ ဖြတ်သန်းနေပါပြီနော်။ ပရိသတ်ကြီးကလည်း သူမရဲ့ ဒုတိယမြောက် ဘေဘီလေးကို ဝိုင်းဝန်းကြိုဆိုပေးလိုက်ရအောင်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top