က်ေနာ့္နားမွာ ဆရာဝန္ေတြ ပ်ာယာခတ္ေနၾကတယ္ … က်ေနာ့္ခႏၶာကိုယ္ကို စက္ကရိယာ အမ်ိဳးမ်ိဳးနဲ႔ ဖိၾက ႏွိပ္ၾကေပမယ့္ လုံးဝ နာက်ဥ္ျခင္းမရွိ ပကတိ လြတ္လပ္ေပါ့ပါးျခင္း အရသာလိုေအးခ်မ္းလိုက္တာ …ကုတင္ေပၚမွာလဲေလ်ာင္းေနတဲ့ က်ေနာ့္႐ုပ္ခႏၶာကို တစ္ခ်က္စိုက္ၾကည့္လိုက္ပီး အခန္းအျပင္ကို ထြက္လိုက္ေတာ့ ခုံတန္းေလးေပၚမွာထိုင္ေနတဲ့ က်ေနာ့္ဇနီးနဲ႔ က်ေနာ့္သားေလး …စိုးရိမ္ပူပန္မႈေတြ ေသာကေတြနဲ႔ မ်က္ရည္ေတြစီးက်ေနတဲ့ ဇနီးသည္နဲ႔ သားေလးဆီကို သြားမလို႔ ေျခလွမ္းလိုက္ခ်ိန္မွာ အလြန္ႀကီးမားတဲ့အင္အားတစ္ခုက ဆြဲယူလိုက္သလို က်ေနာ့္ခႏၶာကိုယ္ဟာ ျပဴတင္းေပါက္ကတဆင့္ လမ္းမႀကီး တစ္ခုေပၚကို ေရာက္သြားပါတယ္ …

ေျဖာင့္တန္းေနတဲ့ လမ္းမႀကီးေပၚမွာ က်ေနာ့္ေရွ႕က သြားေနၾကတဲ့လူတစ္အုပ္ ကေလးလူႀကီး အ႐ြယ္စုံ လူမ်ိဳးစုံ သတို႔အားလုံးဟာတစ္ေနရာကို ေရွ႕ရႈပီး ခပ္သုတ္သုတ္သြားေနၾကတဲ့တြက္ ေနာက္ကေန အမီလိုက္ပီး သူတို႔နဲ႔အတူ က်ေနာ္ပါ လိုက္သြားခဲ့ပါတယ္ …တေအာင့္အၾကာမွာ ေျပးၾကေဟ့ ေျပးၾကဆိုတဲ့ေၾကာက္လန႔္တၾကားေအာ္ဟစ္လိုက္တဲ့ အသံ
နဲ႔ အတူ ဝ႐ုန္းသုန္းကား ေျပးၾကလႊားၾကတာနဲ႔က်ေနာ္ပါ ေရာပီးေျပးမိပါတယ္ ဘာျဖစ္လို႔ပါလိမ့္လို႔ ေနာက္ကို ႐ုတ္တရက္လွည့္ၾကည့္လိုက္တဲ့ခါ …ဘုရားေရွ႕က ခေၾသၤ့ႀကီးေတြနီးပါးရွိတဲ့ ေခြးနက္ႀကီးေတြဟာ ေနာက္ကလိုက္လာရင္း မွီရာလူကိုအစြယ္ေဖြးေဖြးႀကီးေတြနဲ႔ ကိုက္ခဲဝါးၿမိဳေနၾကပီးကိုက္ခဲခံရတဲ့သူေတြဟာ ေသြးသံရဲရဲ အပိုင္းပိုင္းအျပတ္ျပတ္ျဖစ္သြားတဲ့ ျမင္ကြင္းကို ေသြးပ်က္ဖြယ္ရာ ျမင္ေတြ႕လိုက္ရပါတယ္ …

ေအာင္မေလး … ဘုရား ဘုရား …က်ေနာ္လည္း ေရွ႕ကေျပးေနတဲ့လူေတြလို အသက္လုေျပးရင္း လဲက်က်န္ခဲ့သူေတြရဲ႕ ငယ္သံပါေအာင္ ေအာ္ဟစ္သံေတြ ၾကားေနရေပမယ့္ လွည့္မၾကည့္အားပဲ ဆက္ေျပးေနရာကေရွ႕ကလူေတြဟာ ေခြးႀကီးေတြလက္က လြတ္ေအာင္ အေငြ႕တေခ်ာင္းေခ်ာင္းထပီး ဆူပြက္ေနတဲ့ ေရကန္ႀကီးတစ္ကန္ထဲကို တဝုန္းဝုန္းခုန္ခ် ေနၾကပါတယ္ …
က်ေနာ္လည္း သူတို႔နဲ႔အတူ ေရကန္ႀကီးထဲကိုဝုန္းကနဲ ခုန္ခ်လိုက္တဲ့ခါ ေရနဲ႔မထိခင္ က်ေနာ့္ကိုယ္ကို ပိန္းေကာမေလာက္ႀကီးတဲ့ ဖိနပ္ႀကီးတစ္ဖက္ ႐ုတ္တရက္ေပၚလာပီး ထိုးခံလိုက္တာေၾကာင့္ ဖိနပ္ႀကီးေပၚကို အားယားေမွာက္က်သြားပါတယ္ …ေရထဲခုန္ခ်သြားသူေတြဟာ ကယ္ပါယူပါ တစာစာေအာ္ဟစ္ရင္း ကမ္းေပၚကို အလုအယက္ျပန္တက္ေျပးတဲ့ခါမွာ ဘယ္ကေရာက္လာမွန္းမသိတဲ့ ဧရာမလူႀကီးေတြဟာ လွံစြပ္ေတြနဲ႔တစြပ္စြပ္ ျပန္ထိုးခ်ေနတဲ့တြက္ တစ္ခ်ိဳ႕လည္းေနာက္ျပန္ျပဳတ္က်ရင္း ေရထဲကို စုန္းစုန္းျမဳတ္ကုန္ၾကပါတယ္ ေၾကာက္လန႔္တၾကားကူးေနတဲ့ လူေတြဟာလည္း အသားေတြအလႊားလိုက္
ကြာက် မ်က္လုံးေတြ တေဖာင္းေဖာင္း ေပါက္ထြက္ကုန္ရင္း နစ္ျမဳတ္ကုန္ၾကပါတယ္ …

က်ေနာ္ဟာ ေၾကာက္လြန္းလို႔ အသားေတြ တဆတ္ဆတ္တုံေနသလို ပြက္ပြက္ဆူေနတဲ့ ေရထဲ ျပဳတ္မက်ေအာင္ ဖိနပ္သဲႀကိဳးႀကီးကို က်စ္က်စ္ပါေအာင္ ဖက္တြယ္ထားတဲ့ခ်ိန္မွာ ဖိနပ္ႀကီးဟာ ေရထဲကို တအိအိနဲ႔ နစ္လာပါတယ္ …
က်ေနာ္ ေသရေတာ့မွာလားဆိုတဲ့ အသိတစ္ခ်က္ဝင္လာတဲ့ခ်ိန္မွာ ဘုရားကို ႐ုတ္တရက္သတိရလာပီး ဘုရား ဘုရား ကယ္ေတာ္မူပါတပည့္ေတာ္ လူမွန္းသိကတည္းက အရက္ေသစာ လုံးဝ မေသာက္ခဲ့ပါဘုရား တပည့္ေတာ္ကို ကယ္ေတာ္မူပါဘုရားလို႔ ေၾကာက္လြန္းလို႔ အသံေတြတုံပီး ႏႈတ္ကေန တတြတ္တြတ္ ႐ြတ္ဆိုေနမိပါတယ္ …

ဖိနပ္ႀကီး တအိအိနစ္ျမဳတ္ပီး က်ေနာ့္ကိုယ္နဲ႔ေရနဲ႔မထိခင္ေလးမွာ တစ္စုံတစ္ေယာက္ကက်ေနာ့္ကို ႐ုတ္တရက္ဆြဲယူလိုက္ၿပီး ျပန္သြားလို႔ တြန္းလႊတ္လိုက္တာေၾကာင့္ ကုတင္ေပၚမွာရွိတဲ့ က်ေနာ့္ကိုယ္ေပၚကို ေမွာက္လ်က္သား က်သြားခဲ့ပါေတာ့တယ္ …
က်ေနာ္သံေခ်ာင္း ကံေကာင္းလို႔ မေသခဲ့ပါေသ႐ြာျပန္ က်ေနာ့္အျဖစ္ကို တစ္႐ြာလုံးသာမက က်ေနာ္ကိုယ္တိုင္လည္း အံ့ၾသေနမိပါတယ္ … ပိန္းေကာမဖိနပ္ႀကီး က်ေနာ့္ကိုကယ္တင္လိုက္တဲ့ ပိန္းေကာမဖိနပ္ႀကီး ဒီဖိနပ္ႀကီး က်ေနာ့္ကို ဘာျဖစ္လို႔ကယ္လိုက္ပါလိမ့္ …အခါခါ ျပန္စဥ္းစားရင္း အျဖစ္အပ်က္တစ္ခုကို က်ေနာ့္မ်က္ေစ့ထဲ ျပန္လည္ျမင္ေယာင္
လာပါေတာ့တယ္ …

အဲသည္ေန႔က ရန္ကုန္တစ္ဖက္ကမ္းကေနအျပန္ သေဘာဆႋပ္မွာ က်ေနာ့္ေရွ႕က သြားေနတဲ့ ရဟန္းအိုႀကီးတစ္ပါး သူစီးထားတဲ့ဖိနပ္ ႐ုတ္တရက္ ျပတ္သြားတာျမင္ပီး အျမင္မေတာ္တာနဲ႔ သြပ္နန္းႀကိဳးေလးရွာပီး ဆက္ေပး လိုက္ပါတယ္ …
ေထာ့နဲ႔ေထာ့နဲ႔ သြားေနတာကို စိတ္မေကာင္းျဖစ္မိလို႔ ရပ္ေတာ္မူပါဦးဘုရားလို႔ ေလ်ာက္ထားပီး ရဟန္းအိုႀကီးအတြက္ ကတၱီပါ ဖိနပ္တစ္ရံ အေျပးအလႊားဝယ္ပီး လႈဒါန္းလိုက္ပါတယ္ က်ေနာ့္မွာ လမ္းစရိတ္သာ က်န္ေတာ့ေပမယ့္ က်ေနာ္လႈလိုက္တဲ့ဖိနပ္ကို စီးၿပီးတင့္တယ္စြာ ႂကြလွမ္းသြားတဲ့ ရဟန္းႀကီးကိုၾကည့္ပီး က်ေနာ္ပီတိျဖစ္လိုက္တာေလ …
က်ေနာ္ႀကဳံေတြ႕ခဲ့ရတဲ့ အျဖစ္ကို သိပ္ေၾကာက္လြန္းလို႔ ခုဆို ငါးပါးသီလကို လုံၿခဳံေအာင္ထိန္းႏိုင္ခဲ့ပါၿပီ က်ေနာ့္သားေလး အ႐ြယ္ေရာက္လာတဲ့ခ်ိန္မွာ ရဟန္းေဘာင္ အၿပီးတိုင္ တက္ဖို႔ကိုလည္း ဆုံးျဖတ္ႏိုင္ခဲ့ပါၿပီ …မထင္မွတ္ပဲ ျပဳခဲ့ရတဲ့ က်ေနာ့္ရဲ႕ ေကာင္းမႈကုသိုလ္ကို အမွ် အမွ် အမွ် ေပးေဝပါတယ္က်ေနာ္နဲ႔ ထပ္တူထပ္မွ် ကုသိုလ္ ရၾကပါေစသာဓု ေခၚဆိုေပးၾကပါ ခင္ဗ်ာ …

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Uploader
#Unicode Version#


ကျနော့်နားမှာ ဆရာဝန်တွေ ပျာယာခတ်နေကြတယ် … ကျနော့်ခန္ဓာကိုယ်ကို စက်ကရိယာ အမျိုးမျိုးနဲ့ ဖိကြ နှိပ်ကြပေမယ့် လုံးဝ နာကျဉ်ခြင်းမရှိ ပကတိ လွတ်လပ်ပေါ့ပါးခြင်း အရသာလိုအေးချမ်းလိုက်တာ …ကုတင်ပေါ်မှာလဲလျောင်းနေတဲ့ ကျနော့်ရုပ်ခန္ဓာကို တစ်ချက်စိုက်ကြည့်လိုက်ပီး အခန်းအပြင်ကို ထွက်လိုက်တော့ ခုံတန်းလေးပေါ်မှာထိုင်နေတဲ့ ကျနော့်ဇနီးနဲ့ ကျနော့်သားလေး …စိုးရိမ်ပူပန်မှုတွေ သောကတွေနဲ့ မျက်ရည်တွေစီးကျနေတဲ့ ဇနီးသည်နဲ့ သားလေးဆီကို သွားမလို့ ခြေလှမ်းလိုက်ချိန်မှာ အလွန်ကြီးမားတဲ့အင်အားတစ်ခုက ဆွဲယူလိုက်သလို ကျနော့်ခန္ဓာကိုယ်ဟာ ပြူတင်းပေါက်ကတဆင့် လမ်းမကြီး တစ်ခုပေါ်ကို ရောက်သွားပါတယ် …

ဖြောင့်တန်းနေတဲ့ လမ်းမကြီးပေါ်မှာ ကျနော့်ရှေ့က သွားနေကြတဲ့လူတစ်အုပ် ကလေးလူကြီး အရွယ်စုံ လူမျိုးစုံ သတို့အားလုံးဟာတစ်နေရာကို ရှေ့ရှုပီး ခပ်သုတ်သုတ်သွားနေကြတဲ့တွက် နောက်ကနေ အမီလိုက်ပီး သူတို့နဲ့အတူ ကျနော်ပါ လိုက်သွားခဲ့ပါတယ် …တအောင့်အကြာမှာ ပြေးကြဟေ့ ပြေးကြဆိုတဲ့ကြောက်လန့်တကြားအော်ဟစ်လိုက်တဲ့ အသံ
နဲ့ အတူ ဝရုန်းသုန်းကား ပြေးကြလွှားကြတာနဲ့ကျနော်ပါ ရောပီးပြေးမိပါတယ် ဘာဖြစ်လို့ပါလိမ့်လို့ နောက်ကို ရုတ်တရက်လှည့်ကြည့်လိုက်တဲ့ခါ …ဘုရားရှေ့က ခြေင်္သ့ကြီးတွေနီးပါးရှိတဲ့ ခွေးနက်ကြီးတွေဟာ နောက်ကလိုက်လာရင်း မှီရာလူကိုအစွယ်ဖွေးဖွေးကြီးတွေနဲ့ ကိုက်ခဲဝါးမြိုနေကြပီးကိုက်ခဲခံရတဲ့သူတွေဟာ သွေးသံရဲရဲ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်သွားတဲ့ မြင်ကွင်းကို သွေးပျက်ဖွယ်ရာ မြင်တွေ့လိုက်ရပါတယ် …

အောင်မလေး … ဘုရား ဘုရား …ကျနော်လည်း ရှေ့ကပြေးနေတဲ့လူတွေလို အသက်လုပြေးရင်း လဲကျကျန်ခဲ့သူတွေရဲ့ ငယ်သံပါအောင် အော်ဟစ်သံတွေ ကြားနေရပေမယ့် လှည့်မကြည့်အားပဲ ဆက်ပြေးနေရာကရှေ့ကလူတွေဟာ ခွေးကြီးတွေလက်က လွတ်အောင် အငွေ့တချောင်းချောင်းထပီး ဆူပွက်နေတဲ့ ရေကန်ကြီးတစ်ကန်ထဲကို တဝုန်းဝုန်းခုန်ချ နေကြပါတယ် …
ကျနော်လည်း သူတို့နဲ့အတူ ရေကန်ကြီးထဲကိုဝုန်းကနဲ ခုန်ချလိုက်တဲ့ခါ ရေနဲ့မထိခင် ကျနော့်ကိုယ်ကို ပိန်းကောမလောက်ကြီးတဲ့ ဖိနပ်ကြီးတစ်ဖက် ရုတ်တရက်ပေါ်လာပီး ထိုးခံလိုက်တာကြောင့် ဖိနပ်ကြီးပေါ်ကို အားယားမှောက်ကျသွားပါတယ် …ရေထဲခုန်ချသွားသူတွေဟာ ကယ်ပါယူပါ တစာစာအော်ဟစ်ရင်း ကမ်းပေါ်ကို အလုအယက်ပြန်တက်ပြေးတဲ့ခါမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ ဧရာမလူကြီးတွေဟာ လှံစွပ်တွေနဲ့တစွပ်စွပ် ပြန်ထိုးချနေတဲ့တွက် တစ်ချို့လည်းနောက်ပြန်ပြုတ်ကျရင်း ရေထဲကို စုန်းစုန်းမြုတ်ကုန်ကြပါတယ် ကြောက်လန့်တကြားကူးနေတဲ့ လူတွေဟာလည်း အသားတွေအလွှားလိုက်
ကွာကျ မျက်လုံးတွေ တဖောင်းဖောင်း ပေါက်ထွက်ကုန်ရင်း နစ်မြုတ်ကုန်ကြပါတယ် …

ကျနော်ဟာ ကြောက်လွန်းလို့ အသားတွေ တဆတ်ဆတ်တုံနေသလို ပွက်ပွက်ဆူနေတဲ့ ရေထဲ ပြုတ်မကျအောင် ဖိနပ်သဲကြိုးကြီးကို ကျစ်ကျစ်ပါအောင် ဖက်တွယ်ထားတဲ့ချိန်မှာ ဖိနပ်ကြီးဟာ ရေထဲကို တအိအိနဲ့ နစ်လာပါတယ် …
ကျနော် သေရတော့မှာလားဆိုတဲ့ အသိတစ်ချက်ဝင်လာတဲ့ချိန်မှာ ဘုရားကို ရုတ်တရက်သတိရလာပီး ဘုရား ဘုရား ကယ်တော်မူပါတပည့်တော် လူမှန်းသိကတည်းက အရက်သေစာ လုံးဝ မသောက်ခဲ့ပါဘုရား တပည့်တော်ကို ကယ်တော်မူပါဘုရားလို့ ကြောက်လွန်းလို့ အသံတွေတုံပီး နှုတ်ကနေ တတွတ်တွတ် ရွတ်ဆိုနေမိပါတယ် …

ဖိနပ်ကြီး တအိအိနစ်မြုတ်ပီး ကျနော့်ကိုယ်နဲ့ရေနဲ့မထိခင်လေးမှာ တစ်စုံတစ်ယောက်ကကျနော့်ကို ရုတ်တရက်ဆွဲယူလိုက်ပြီး ပြန်သွားလို့ တွန်းလွှတ်လိုက်တာကြောင့် ကုတင်ပေါ်မှာရှိတဲ့ ကျနော့်ကိုယ်ပေါ်ကို မှောက်လျက်သား ကျသွားခဲ့ပါတော့တယ် …
ကျနော်သံချောင်း ကံကောင်းလို့ မသေခဲ့ပါသေရွာပြန် ကျနော့်အဖြစ်ကို တစ်ရွာလုံးသာမက ကျနော်ကိုယ်တိုင်လည်း အံ့သြနေမိပါတယ် … ပိန်းကောမဖိနပ်ကြီး ကျနော့်ကိုကယ်တင်လိုက်တဲ့ ပိန်းကောမဖိနပ်ကြီး ဒီဖိနပ်ကြီး ကျနော့်ကို ဘာဖြစ်လို့ကယ်လိုက်ပါလိမ့် …အခါခါ ပြန်စဉ်းစားရင်း အဖြစ်အပျက်တစ်ခုကို ကျနော့်မျက်စေ့ထဲ ပြန်လည်မြင်ယောင်
လာပါတော့တယ် …

အဲသည်နေ့က ရန်ကုန်တစ်ဖက်ကမ်းကနေအပြန် သဘောင်္ဆိပ်မှာ ကျနော့်ရှေ့က သွားနေတဲ့ ရဟန်းအိုကြီးတစ်ပါး သူစီးထားတဲ့ဖိနပ် ရုတ်တရက် ပြတ်သွားတာမြင်ပီး အမြင်မတော်တာနဲ့ သွပ်နန်းကြိုးလေးရှာပီး ဆက်ပေး လိုက်ပါတယ် …
ထော့နဲ့ထော့နဲ့ သွားနေတာကို စိတ်မကောင်းဖြစ်မိလို့ ရပ်တော်မူပါဦးဘုရားလို့ လျောက်ထားပီး ရဟန်းအိုကြီးအတွက် ကတ္တီပါ ဖိနပ်တစ်ရံ အပြေးအလွှားဝယ်ပီး လှုဒါန်းလိုက်ပါတယ် ကျနော့်မှာ လမ်းစရိတ်သာ ကျန်တော့ပေမယ့် ကျနော်လှုလိုက်တဲ့ဖိနပ်ကို စီးပြီးတင့်တယ်စွာ ကြွလှမ်းသွားတဲ့ ရဟန်းကြီးကိုကြည့်ပီး ကျနော်ပီတိဖြစ်လိုက်တာလေ …
ကျနော်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကို သိပ်ကြောက်လွန်းလို့ ခုဆို ငါးပါးသီလကို လုံခြုံအောင်ထိန်းနိုင်ခဲ့ပါပြီ ကျနော့်သားလေး အရွယ်ရောက်လာတဲ့ချိန်မှာ ရဟန်းဘောင် အပြီးတိုင် တက်ဖို့ကိုလည်း ဆုံးဖြတ်နိုင်ခဲ့ပါပြီ …မထင်မှတ်ပဲ ပြုခဲ့ရတဲ့ ကျနော့်ရဲ့ ကောင်းမှုကုသိုလ်ကို အမျှ အမျှ အမျှ ပေးဝေပါတယ်ကျနော်နဲ့ ထပ်တူထပ်မျှ ကုသိုလ် ရကြပါစေသာဓု ခေါ်ဆိုပေးကြပါ ခင်ဗျာ …

ဖိုးသူတော် (www.phothutaw.com)
Credit: Original Uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top