Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေလဆိပ္ ကိုသြားတယ္ဆိုတာ အေပ်ာ္ခရီးထြက္တာေတာ႔ မဟုတ္ပါဘူး။ ေလယာဥ္စီး ခရီးသည္အမ်ားစုကလည္း ေလယာဥ္ကို သြားလိုရာခရီးစဥ္ကို ျမန္ျမန္ေရာက္ဖို႔ပဲ အသံုးျပဳတတ္ၾကၿပီး ဇိမ္က်က်စီးနင္းႏိုင္ဖို႔ကို သိပ္မေမွ်ာ္လင္႔ထားၾကပါဘူး။ ဒါေၾကာင္႔ ဒီႀကီးမားတဲ႔ သတၳဳငွက္ႀကီးထဲကို ဝင္လိုက္ၿပီဆိုတာနဲ႔ သြားလိုရာကို အဆင္ေျပေျပ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ျမန္ျမန္ေရာက္ဖို႔ကိုပဲ ေရွ႕တန္းတင္ၾကပါတယ္။

အပိုေၾကးေတြ၊ အပိုဝန္ေဆာင္ခေတြကို သိပ္မေပးခ်င္ၾကပါဘူး။ ဒါေပမယ္႔ ေလေၾကာင္းလိုင္း ေတာ္ေတာ္မ်ားမ်ားက ေပါင္ (၅၀) ထက္ေက်ာ္ရင္ အပိုေၾကးေပးေဆာင္ရပါတယ္။
ဒါေပမယ္႔ ေလေၾကာင္းလိုင္းတစ္ခုကေတာ႔ သမရိုးက်ေတြကို ေျပာင္းလဲလိုက္ပါၿပီ။ သူတို႔က သူတို႔ရဲ႕ခရီးသည္ေတြကို ခရီးေဆာင္ အိတ္ေတြကို အေလးခ်ိန္မခ်ိန္ခင္ ေပါင္ခ်ိန္စက္ေပၚ အရင္တက္ဖို႔ ေတာင္းဆုိတတ္ပါတယ္။ Finnair လုိ႔ေခၚတဲ႔ ေလေၾကာင္းက ခရီးသည္ေတြကို ေလယာဥ္ေပၚမတက္ခင္ ကိုယ္အေလးခ်ိန္ တိုင္းတာေနတာပါ။ ဒါေပမယ္႔ ခင္ဗ်ားထင္ထားတဲ႔ အေၾကာင္းရင္း ေၾကာင္႔ေတာ႔ မဟုတ္ပါဘူး။

ဒီလို ကိုယ္အေလးခ်ိန္တိုင္းတာတာဟာ သတ္မွတ္ထားတဲ႔ ကိုယ္အေလးခ်ိန္ သတ္မွတ္ခ်က္ထက္ေက်ာ္တဲ႔ ခရီးသည္ေတြကို အပိုေၾကး ေတာင္းခံဖို႔အတြက္ မဟုတ္ပါဘူး။ အခုလို ေလယာဥ္မထြက္ခင္ ကိုယ္အေလးခ်ိန္ တိုင္းတာရျခင္းက ကုမၼဏီအေနနဲ႔ ေလာင္စာဆီ ကုန္က်မႈကို ခန္႔မွန္းဖို႔နဲ႔ ေလယာဥ္ရဲ႕ အေလးခ်ိန္မွ်ေျခကို ထိန္းသိမ္းဖို႔အတြက္ပဲ ျဖစ္ပါတယ္။

အရင္တံုးက အသံုးျပဳေနတဲ႔ စနစ္ေတြထက္ ပိုမိုေကာင္းမြန္တဲ႔ စနစ္တစ္ခု ျဖစ္လာေစမယ္လို႔ တာဝန္ရွိသူေတြက ယံုၾကည္ေနပါတယ္။ ဒီနည္းစနစ္ကို ဥေရာပေလေၾကာင္း လံုျခံဳေရးေအဂ်င္စီက လြန္ခဲ႔တဲ႔ ရွစ္ႏွစ္ေလာက္က တီထြင္ခဲ႔တာပဲ ျဖစ္ပါတယ္။

ေလာေလာဆယ္ေတာ႔ အခုလို ကိုယ္အေလးခ်ိန္ တိုင္းတာျခင္းကို လူတိုင္းကို မျဖစ္မေနတိုင္းတာဦးမွာ မဟုတ္ဘဲ ေဗာ္လန္တီယာ စနစ္နဲ႔ပဲ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ေနာက္ၿပီး ၂၀၁၈ ခုႏွစ္ အေစာပိုင္းေလာက္ထိ စမ္းသပ္ၾကည္႔ဖို႔ စီစဥ္ထားပါတယ္။
လာမယ္႔လဆန္းပိုင္းမွာ ခရီးသည္ အေယာက္ႏွစ္ေထာင္ခန္႔ကို ဝိတ္တိုင္းဖို႔ စီစဥ္ထားပါတယ္။ မိမိရဲ႕ ကိုယ္အေလးခ်ိန္ကို သူမ်ားသိမွာကိုလည္း မစိုးရိမ္ပါနဲ႔။ ခင္ဗ်ားကိုယ္အေလးခ်ိန္ တိုင္းတာေနခ်ိန္မွာ ဒီလုပ္ငန္းကို လုပ္ေဆာင္မယ္႔ ေလဆိပ္ဝန္ထမ္း တစ္ဦးသာ အနားမွာရွိမွာပါ။
Source: Reader’s Digest

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
လေဆိပ် ကိုသွားတယ်ဆိုတာ အပျော်ခရီးထွက်တာတော့ မဟုတ်ပါဘူး။ လေယာဉ်စီး ခရီးသည်အများစုကလည်း လေယာဉ်ကို သွားလိုရာခရီးစဉ်ကို မြန်မြန်ရောက်ဖို့ပဲ အသုံးပြုတတ်ကြပြီး ဇိမ်ကျကျစီးနင်းနိုင်ဖို့ကို သိပ်မမျှော်လင့်ထားကြပါဘူး။ ဒါကြောင့် ဒီကြီးမားတဲ့ သတ္ထုငှက်ကြီးထဲကို ဝင်လိုက်ပြီဆိုတာနဲ့ သွားလိုရာကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ မြန်မြန်ရောက်ဖို့ကိုပဲ ရှေ့တန်းတင်ကြပါတယ်။

အပိုကြေးတွေ၊ အပိုဝန်ဆောင်ခတွေကို သိပ်မပေးချင်ကြပါဘူး။ ဒါပေမယ့် လေကြောင်းလိုင်း တော်တော်များများက ပေါင် (၅၀) ထက်ကျော်ရင် အပိုကြေးပေးဆောင်ရပါတယ်။
ဒါပေမယ့် လေကြောင်းလိုင်းတစ်ခုကတော့ သမရိုးကျတွေကို ပြောင်းလဲလိုက်ပါပြီ။ သူတို့က သူတို့ရဲ့ခရီးသည်တွေကို ခရီးဆောင် အိတ်တွေကို အလေးချိန်မချိန်ခင် ပေါင်ချိန်စက်ပေါ် အရင်တက်ဖို့ တောင်းဆိုတတ်ပါတယ်။ Finnair လို့ခေါ်တဲ့ လေကြောင်းက ခရီးသည်တွေကို လေယာဉ်ပေါ်မတက်ခင် ကိုယ်အလေးချိန် တိုင်းတာနေတာပါ။ ဒါပေမယ့် ခင်ဗျားထင်ထားတဲ့ အကြောင်းရင်း ကြောင့်တော့ မဟုတ်ပါဘူး။

ဒီလို ကိုယ်အလေးချိန်တိုင်းတာတာဟာ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန် သတ်မှတ်ချက်ထက်ကျော်တဲ့ ခရီးသည်တွေကို အပိုကြေး တောင်းခံဖို့အတွက် မဟုတ်ပါဘူး။ အခုလို လေယာဉ်မထွက်ခင် ကိုယ်အလေးချိန် တိုင်းတာရခြင်းက ကုမ္မဏီအနေနဲ့ လောင်စာဆီ ကုန်ကျမှုကို ခန့်မှန်းဖို့နဲ့ လေယာဉ်ရဲ့ အလေးချိန်မျှခြေကို ထိန်းသိမ်းဖို့အတွက်ပဲ ဖြစ်ပါတယ်။

အရင်တုံးက အသုံးပြုနေတဲ့ စနစ်တွေထက် ပိုမိုကောင်းမွန်တဲ့ စနစ်တစ်ခု ဖြစ်လာစေမယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။ ဒီနည်းစနစ်ကို ဥရောပလေကြောင်း လုံခြုံရေးအေဂျင်စီက လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။

လောလောဆယ်တော့ အခုလို ကိုယ်အလေးချိန် တိုင်းတာခြင်းကို လူတိုင်းကို မဖြစ်မနေတိုင်းတာဦးမှာ မဟုတ်ဘဲ ဗော်လန်တီယာ စနစ်နဲ့ပဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ၂၀၁၈ ခုနှစ် အစောပိုင်းလောက်ထိ စမ်းသပ်ကြည့်ဖို့ စီစဉ်ထားပါတယ်။
လာမယ့်လဆန်းပိုင်းမှာ ခရီးသည် အယောက်နှစ်ထောင်ခန့်ကို ဝိတ်တိုင်းဖို့ စီစဉ်ထားပါတယ်။ မိမိရဲ့ ကိုယ်အလေးချိန်ကို သူများသိမှာကိုလည်း မစိုးရိမ်ပါနဲ့။ ခင်ဗျားကိုယ်အလေးချိန် တိုင်းတာနေချိန်မှာ ဒီလုပ်ငန်းကို လုပ်ဆောင်မယ့် လေဆိပ်ဝန်ထမ်း တစ်ဦးသာ အနားမှာရှိမှာပါ။
Source: Reader’s Digest

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top