Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ခႏၶာကိုယ္အတြက္ အာဟာရျဖစ္ေစၿပီး မွတ္ဉာဏ္အားကို တိုးေစပါတယ္။

ျမင္းခြာ႐ြက္ဟာ ေဆးဘက္ဝင္တဲ့ အရြက္တစ္မ်ိဳး ျဖစ္ပါတယ္။ အထူးသျဖင့္ စိတ္ကိုၾကည္လင္ေစၿပီး မွတ္ဉာဏ္အားကိုလည္း ေကာင္းမြန္ေစပါတယ္။ အနာက်က္တာ ျမန္ေစၿပီး ရင္ေအးေစလို႔ ေႏြရာသီမွာ ပိုစားသင့္ပါတယ္။ ျမင္းခြာ႐ြက္ကို ေဖ်ာ္ရည္လို လုပ္ေသာက္ၾကည့္ပါ။

လတ္ဆက္တဲ့ ျမင္းခြာရြက္ကို ေရနဲ႔ အႀကိမ္ႀကိမ္ ေဆးေပးရပါမယ္။ သစ္သီးဝလံ ဟင္းသီးဟင္းရြက္ေတြကို အစိမ္းစားမယ္ဆုိရင္ ေရနဲ႔အထပ္ထပ္ေဆးမွသာ ပိုးသတ္ေဆးနဲ႔ အျခားအညစ္အေၾကးေတြ စင္သြားမွာမုိ႔လို႔ပါပဲ။ ၿပီးရင္ေတာ့ အရြက္ကိုေရာ အရိုးကိုပါ တစ္လက္မခြဲေလာက္စီ အပိုင္းပိုင္းေလးေတြ လွီးျဖတ္လိုက္ပါ။ Blender ထဲကို ေရနဲ႔အရြက္ေတြ ေရာထည့္ၿပီး ႀကိတ္ရပါမယ္။ ႀကိတ္ၿပီးရင္ေတာ့ ခြက္ထဲကို ေရစစ္နဲ႔စစ္ၿပီး အရည္ပဲယူထားလုိက္ပါ။

ႀကိတ္ထားၿပီးသား ျမင္းခြာရြက္အရည္ေတြကို ပ်ားရည္နဲ႔ေရာစပ္ၿပီး ေသာက္သံုးေပး႐ံုပါပဲ။ ေရခဲတံုးေလးေတြ ထည့္မယ္ဆုိရင္ ပ်ားရည္ရဲ႕အခ်ိဳဓာတ္နဲ႔ပါ ေပါင္းစပ္သြားလို႔ အနံ႔ကိုလည္း မႏွစ္သက္စရာမရွိပါဘူး။ ျမင္းခြာရြက္ေဖ်ာ္ရည္ကို ေသာက္သံုးျခင္းဟာ ခႏၶာကိုယ္အတြက္ အာဟာရျဖစ္ေစၿပီး မွတ္ဉာဏ္အားကို တိုးေစပါတယ္။ ႀကိတ္ၿပီး ပိုေနတဲ့ ျမင္းခြာရြက္အႏွစ္ေတြကို မ်က္ႏွာမွာ မိနစ္ ၂၀ ေလာက္ ကပ္ထားေပးမယ္ဆုိ အသားအေရ ၾကည္လင္ေစပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေပြီး မှတ်ဉာဏ်အားကို တိုးစေပါတယ်။

မြင်းခွာရွက်ဟာ ဆေးဘက်ဝင်တဲ့ အရွက်တစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ကိုကြည်လင်စေပြီး မှတ်ဉာဏ်အားကိုလည်း ကောင်းမွန်စေပါတယ်။ အနာကျက်တာ မြန်စေပြီး ရင်အေးစေလို့ နွေရာသီမှာ ပိုစားသင့်ပါတယ်။ မြင်းခွာရွက်ကို ဖျော်ရည်လို လုပ်သောက်ကြည့်ပါ။

လတ်ဆက်တဲ့ မြင်းခွာရွက်ကို ရေနဲ့ အကြိမ်ကြိမ် ဆေးပေးရပါမယ်။ သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားမယ်ဆိုရင် ရေနဲ့အထပ်ထပ်ဆေးမှသာ ပိုးသတ်ဆေးနဲ့ အခြားအညစ်အကြေးတွေ စင်သွားမှာမို့လို့ပါပဲ။ ပြီးရင်တော့ အရွက်ကိုရော အရိုးကိုပါ တစ်လက်မခွဲလောက်စီ အပိုင်းပိုင်းလေးတွေ လှီးဖြတ်လိုက်ပါ။ Blender ထဲကို ရေနဲ့အရွက်တွေ ရောထည့်ပြီး ကြိတ်ရပါမယ်။ ကြိတ်ပြီးရင်တော့ ခွက်ထဲကို ရေစစ်နဲ့စစ်ပြီး အရည်ပဲယူထားလိုက်ပါ။

ကြိတ်ထားပြီးသား မြင်းခွာရွက်အရည်တွေကို ပျားရည်နဲ့ရောစပ်ပြီး သောက်သုံးပေးရုံပါပဲ။ ရေခဲတုံးလေးတွေ ထည့်မယ်ဆိုရင် ပျားရည်ရဲ့အချိုဓာတ်နဲ့ပါ ပေါင်းစပ်သွားလို့ အနံ့ကိုလည်း မနှစ်သက်စရာမရှိပါဘူး။ မြင်းခွာရွက်ဖျော်ရည်ကို သောက်သုံးခြင်းဟာ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေပြီး မှတ်ဉာဏ်အားကို တိုးစေပါတယ်။ ကြိတ်ပြီး ပိုနေတဲ့ မြင်းခွာရွက်အနှစ်တွေကို မျက်နှာမှာ မိနစ် ၂၀ လောက် ကပ်ထားပေးမယ်ဆို အသားအရေ ကြည်လင်စေပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top