ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အမ်ိဳးသမီးေတြရဲ႕ ၇၅ ကေန ၈၀ ရာခုိ္င္ႏႈန္းဟာ မွားယြင္းတဲ့ ဘရာအရြယ္အစားေတြ ၀တ္ဆင္ေနၾကပါတယ္။

ပိန္ၿခင္း ၀ၿခင္း ကုိယ္၀န္ေဆာင္ၿခင္းေတြေၾကာင့္ ခႏၶာကုိယ္မွာ ေၿပာင္းလဲမႈေတြ ရွိေနပါတယ္။ ဒါေၾကာင့္မို႕ ခုခိ်န္မွာ မွန္ကန္တဲ့အရြယ္အစားကို ဝတ္ေနရင္ေတာင္ ေနာင္မွာ ေၿပာင္းဖုိ႔ လုိေကာင္းလိုလာပါလိမ့္မယ္။

တုိင္းတာသင့္ပါသလား

သင့္ရဲ႕ ဘရာအရြယ္အစားကို တုိင္းဖို႔ ခက္ေကာင္းခက္ႏုိင္ပါတယ္။ ဒါေပမယ့္ ဒီလမ္းညႊန္ခ်က္အတုိင္း လုပ္ၾကည္႔မယ္ဆုိရင္ ကိုယ္နဲ႔ ေတာ္မေတာ္ တုိင္းတာလုိ႔ရမွာပါ။

အမ်ိဳးသမီးတစ္ေယာက္နဲ႕ တစ္ေယာက္ မတူပါဘူး။ ဒါေၾကာင့္မို႕ တေၿပးညီခ်ဳပ္ထားတဲ့ ဘရာေတြက လူတုိင္းနဲ႕ အဆင္ေၿပမွာ မဟုတ္ပါဘူး။ ဒီအတြက္ အရင္ဆံုး ကုိယ့္ရဲ႕ ကုိယ္တုိ္င္းကို သိဖို႔လိုပါတယ္။

အဆင့္(၂)ဆင့္ ရွိပါတယ္။

ဘရာအပတ္ အရြယ္အစားကို တုိင္းတာၿခင္း

၁။ ဘရာအပတ္ရဲ႕ ေအာက္၊ ရင္သားေတြရဲ႕ေအာက္ကေန နံရုိးေတြကိုၿဖတ္ၿပီး သင့္ရဲ႕အေနာက္ကေန အေရွ႕ကိုပတ္ၿပီး တုိင္းလိုက္ပါ။ အနီးဆံုးကိန္းၿပည္႕ကို ယူပါ။

၂။ မဂဏန္းထြက္ေနရင္ ၅ ေပါင္းပါ။ စံုဂဏန္းထြက္ေနရင္ ၄ ေပါင္းပါ။ (၃၂ ရရင္ သင့္ရဲ႕ ဘရာအပတ္အရြယ္အစားက ၃၆ လက္မၿဖစ္ၿပီး ၃၃ ရရင္ေတာ့ ၃၈ လက္မၿဖစ္ပါမယ္)

ဘရာခြက္ကို တုိင္းတာၿခင္း

၁။ ရင္သားရဲ႕ အဖြံ႕ၿဖိဳးဆံုးေနရာနားမွာ ခပ္ေလ်ာ့ေလ်ာ့ေလး အေနာက္ကေန အေရွ႕ကိုပတ္ၿပိး တုိင္းပါ။ အဲဒါက ဘရာခြက္ရဲ႕ အရြယ္အစားပါ။

၂။ ၿပီးရင္ ပထမအဆင့္ တုိင္းလို႔ရလာတဲ့ ဘရာအပတ္ အရြယ္အစားကုိ ႏႈတ္လိုက္ပါ။ ၿခားနားခ်က္က သင္နဲ႕ေတာ္တဲ့ ဘရာအရြယ္အစားပါပဲ။ (ဥပမာ ခုတုိင္းလို႔ရတာက ၃၆၊ ဘရာအပတ္က ၃၄ ဆုိရင္ ၿခားနားခ်က္ ၂ၿဖစ္တာမို႕ သင္နဲ႕ သင့္ေတာ္တဲ့ ဘရာအရြယ္အစားက B ၿဖစ္ပါလိမ့္မယ္

ေရးသားသူ Dr. Phio Thia
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. K Zin Thwe
[ ဤေဆာင္းပါးကို ရိုးရာေလး ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။ ]

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yoyarlay
#Unicode Version#
အမျိုးသမီးတွေရဲ့ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းဟာ မှားယွင်းတဲ့ ဘရာအရွယ်အစားတွေ ဝတ်ဆင်နေကြပါတယ်။

ပိန်ခြင်း ဝခြင်း ကိုယ်ဝန်ဆောင်ခြင်းတွေကြောင့် ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ရှိနေပါတယ်။ ဒါကြောင့်မို့ ခုချိန်မှာ မှန်ကန်တဲ့အရွယ်အစားကို ဝတ်နေရင်တောင် နောင်မှာ ပြောင်းဖို့ လိုကောင်းလိုလာပါလိမ့်မယ်။

တိုင်းတာသင့်ပါသလား

သင့်ရဲ့ ဘရာအရွယ်အစားကို တိုင်းဖို့ ခက်ကောင်းခက်နိုင်ပါတယ်။ ဒါပေမယ့် ဒီလမ်းညွှန်ချက်အတိုင်း လုပ်ကြည့်မယ်ဆိုရင် ကိုယ်နဲ့ တော်မတော် တိုင်းတာလို့ရမှာပါ။

အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဒါကြောင့်မို့ တပြေးညီချုပ်ထားတဲ့ ဘရာတွေက လူတိုင်းနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီအတွက် အရင်ဆုံး ကိုယ့်ရဲ့ ကိုယ်တိုင်းကို သိဖို့လိုပါတယ်။

အဆင့်(၂)ဆင့် ရှိပါတယ်။

ဘရာအပတ် အရွယ်အစားကို တိုင်းတာခြင်း

၁။ ဘရာအပတ်ရဲ့ အောက်၊ ရင်သားတွေရဲ့အောက်ကနေ နံရိုးတွေကိုဖြတ်ပြီး သင့်ရဲ့အနောက်ကနေ အရှေ့ကိုပတ်ပြီး တိုင်းလိုက်ပါ။ အနီးဆုံးကိန်းပြည့်ကို ယူပါ။

၂။ မဂဏန်းထွက်နေရင် ၅ ပေါင်းပါ။ စုံဂဏန်းထွက်နေရင် ၄ ပေါင်းပါ။ (၃၂ ရရင် သင့်ရဲ့ ဘရာအပတ်အရွယ်အစားက ၃၆ လက်မဖြစ်ပြီး ၃၃ ရရင်တော့ ၃၈ လက်မဖြစ်ပါမယ်)

ဘရာခွက်ကို တိုင်းတာခြင်း

၁။ ရင်သားရဲ့ အဖွံ့ဖြိုးဆုံးနေရာနားမှာ ခပ်လျော့လျော့လေး အနောက်ကနေ အရှေ့ကိုပတ်ပြိး တိုင်းပါ။ အဲဒါက ဘရာခွက်ရဲ့ အရွယ်အစားပါ။

၂။ ပြီးရင် ပထမအဆင့် တိုင်းလို့ရလာတဲ့ ဘရာအပတ် အရွယ်အစားကို နှုတ်လိုက်ပါ။ ခြားနားချက်က သင်နဲ့တော်တဲ့ ဘရာအရွယ်အစားပါပဲ။ (ဥပမာ ခုတိုင်းလို့ရတာက ၃၆၊ ဘရာအပတ်က ၃၄ ဆိုရင် ခြားနားချက် ၂ဖြစ်တာမို့ သင်နဲ့ သင့်တော်တဲ့ ဘရာအရွယ်အစားက B ဖြစ်ပါလိမ့်မယ်

ရေးသားသူ Dr. Phio Thia
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
[ ဤဆောင်းပါးကို ရိုးရာလေး ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ]

ဖိုးသူတော် (www.phothutaw.com)
Credit: Yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top