Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

သေဘၤာသီးမွာ ပက္ပိန္း အင္ဇိုင္းအျပင္  အင္တီေအာက္ဆီးဒင့္ျဖစ္တဲ့ ဘီတာကယ္႐ိုတင္းနဲ႔ ဗီတာမင္စီ၊ ဖေလဗိုႏြိဳက္၊ ဗီတာမင္ဘီအုပ္စု၊ ေဖာလိတ္၊ ပန္တုိသနစ္အက္စစ္၊ သတၱဳဓာတ္ေတြျဖစ္တဲ့ ပိုတက္စီယမ္၊ မဂၢနီစီယမ္နဲ႔ အမွ်င္ဓာတ္ေတြ မ်ားစြာ ပါဝင္လို႔ အသားအေရနဲ႔ ဆံသား အလွအပ ေရးရာေတြမွာ ေကာင္းက်ဳိးေတြ ေပးစြမ္းႏုိင္ပါတယ္။

အေရျပားအတြက္ ေကာင္းက်ဳိး

(၁) ဆဲလ္ေသေတြကို ဖယ္ရွားေပးတယ္ 

သေဘၤာသီးမွာ ဗီတာမင္ေအနဲ႔ ပက္ပိန္း ပါဝင္လို႔ အေရျပားေပၚက ဆဲလ္ေသေတြကို ဖယ္ရွားေပးပါတယ္။

(၂) ေရဓာတ္ျဖည့္ေပးတယ္ 

သေဘၤာသီးမွာ ခႏၶာကုိယ္တြင္းမွ ေရဆြဲတဲ့ ဆုိဒီယမ္ ပါဝင္မႈနည္းလို႔ ကုိယ္တြင္း ေရဓာတ္ကို ထိန္းထားေပးပါတယ္။

(၃) အရြယ္တင္ႏုပ်ဳိေစတယ္ 

သေဘၤာသီးမွာ တျခား သီးႏွံေတြထက္ အင္တီေအာက္ဆီးဒင့္ ပါဝင္မႈ မ်ားတာေၾကာင့္ အရြယ္တင္ႏုပ်ဳိေစပါတယ္။

(၄) ဝက္ၿခံႏွင့္ အမာရြတ္မ်ားကို ဖယ္ရွားေပးတယ္ 


သေဘၤာသီးမွည့္ကို ႀကိတ္ေခ်ၿပီး မ်က္ႏွာျပင္အႏွံ႔ လိမ္းကာ ၂၅ မိနစ္ထားၿပီးမွ ေရနဲ႔ သန္႔စင္ေပးပါ။ မ်က္ႏွာေပၚက ဝက္ၿခံေတြကို ေလ်ာ့နည္းေစၿပီး အမာရြတ္ေတြကို အေရာင္ေဖ်ာ့ေစပါတယ္။

(၅) အသားအေရ ေတာက္ပေစတယ္ 

သေဘၤာသီးကို မ်က္ႏွာေပၚ လိမ္းေပးတာ ဒါမွမဟုတ္ ပံုမွန္ စားသံုးေပးပါက အသားအေရ ေတာက္ပေစၿပီး မ်က္ႏွာ ျပင္ဆင္ျခယ္သထားတာေတြက ၾကာရွည္ခံေစပါတယ္။ သေဘၤာသီးမွည့္ကို အခြံႏႊာၿပီး ႀကိတ္ေခ်ပါ။ သန္႔စင္ထားတဲ့ မ်က္ႏွာေပၚလိမ္းၿပီး ၁၅ မိနစ္ထားပါ။ ၿပီးမွ ေရေအးနဲ႔ သန္႔စင္ေဆးေၾကာပါ။

(၆)  ေျခဖေနာင့္ကြဲတာကို သက္သာေစတယ္ 


ေဆာင္းရာသီမွာ ေျခဖေနာင့္ကြဲတာအတြက္ သေဘၤာသီးမွည့္ကို ႀကိတ္ေခ်ၿပီး ေျခဖေနာင့္မွာ လိမ္းေပးႏုိင္ပါတယ္။

(၇) ေၾကးခၽြတ္ေပးတယ္ 

သေဘၤာသီးက သဘာဝေၾကးခၽြတ္ အာနိသင္ ရွိလို႔ ဓာတုပစၥည္းေတြနဲ႔ ေဖာ္စပ္ထားတဲ့ မ်က္ႏွာေၾကးခၽြတ္ ခရင္မ္ေတြအစား အသံုးျပဳႏုိင္ပါတယ္။



(၈) အေရျပား အေရာင္ညီေစတယ္

သေဘၤာသီးမွည့္ကို အသားအေရာင္ ေျပာင္းလဲတဲ့ ေနရာေပၚ လိမ္းေပးပါက ပံုမွန္ အသားအေရာင္ကို ျပန္လည္ ရရွိေစပါတယ္။

(၉) သေဘၤာသီးအခြံက အသားျဖဴေစတယ္



သေဘၤာသီးအခြံကို အသားျဖဴေစဖုိ႔ မ်က္ႏွာတင္မကဘဲ တံေတာင္ဆစ္၊ ဒူးဆစ္ စတဲ့ မည္းေနတဲ့ အေရျပားေတြ ျဖဴဝင္းေစဖုိ႔ အသံုးျပဳႏုိင္ပါတယ္။

အသားအေရ ႏူးညံ့ေစရန္ 

သေဘၤာသီးမွည့္ကို အခြံႏႊာၿပီး အသားကို စားပါ။ အခြံကို မ်က္ႏွာေပၚလိမ္းၿပီး မ်က္ႏွာသစ္ပါ။

အစက္အေျပာက္မ်ား ကင္းေစရန္ 

သေဘၤာသီးအစိမ္းကို ႀကိတ္ေခ်ၿပီး ႏြားႏုိ႔နဲ႔ေရာကာ မ်က္ႏွာျပင္အႏွံ႔ လိမ္းပါ။

အသားအေရ တင္းရင္းေစရန္ 

ႀကိတ္ေျခထားတဲ့ သေဘၤာသီးမွည့္ကို ပ်ားရည္၊ ဆန္မႈန္႔ အနည္းငယ္တုိ႔နဲ႔ ေရာၿပီး မ်က္ႏွာေပၚ လိမ္းေပးပါ။ မိနစ္ ၂၀ ထားၿပီးမွ ေရေအးနဲ႔ သန္႔စင္ေပးပါ။ တစ္ပတ္ကို သံုးႀကိမ္ ျပဳလုပ္ေပးပါ။

ေၾကးခၽြတ္ရန္ 

သေဘၤာသီး အစိမ္းကို ႀကိတ္ေျခၿပီး ပ်ားရည္၊ ေၾကးခၽြတ္ဆား၊ သံလြင္ဆီတုိ႔နဲ႔ ေရာကာ ခႏၶာကိုယ္အႏွံ႔ လိမ္းၿပီး ညင္သာစြာ ပြတ္ကာ ေၾကးခၽြတ္ေပးႏုိင္ပါတယ္။

အညိဳကြက္မ်ားကို အေရာင္ေဖ်ာ့ေစရန္ 

သေဘၤာသီးမွည့္ကို ႀကိတ္ေျခၿပီး ပ်ားရည္၊ ဒိန္ခ်ဥ္၊ သံပရာရည္၊ ၾကက္ဥအကာတုိ႔နဲ႔ ေရာၿပီး မ်က္ႏွာျပင္အႏွံ႔ ခပ္ထူထူ လိမ္းေပးပါ။ ၁၅-၂၀ မိနစ္ ထားၿပီးမွ ၾကက္သီးေႏြးေရနဲ႔ သန္႔စင္ေပးပါ။

ဆံသားအတြက္ ေကာင္းက်ဳိးမ်ား

(၁) ထိပ္ေျပာင္ျခင္းကို ကာကြယ္ေပးတယ္ 

သေဘၤာသီးက အာဟာရဓာတ္ေတြ ႂကြယ္ဝလို႔ ဆံပင္သန္၊ ဆံပင္ေပါက္တာကို အားေပးတာေၾကာင့္ ထိပ္ေျပာင္တာ မျဖစ္ေအာင္ ကာကြယ္ႏုိင္ပါတယ္။ သေဘၤာသီးကို ေန႔စဥ္စားေပးရင္ ဆံပင္ပါးတာကေန ကာကြယ္ႏုိင္ပါတယ္။



(၂) ေဗာက္ေပ်ာက္ေစတယ္ 

သေဘၤာသီးက ဦးေရျပား ေဗာက္ထတာ မျဖစ္ေအာင္ ကာကြယ္ႏုိင္ပါတယ္။

(၃) အညစ္အေၾကး ကင္းစင္ေစတယ္ 

သေဘၤာသီးမွာ ဗီတာမင္၊ သတၱဳဓာတ္၊ အင္ဇိုင္းေတြ မ်ားစြာ ပါဝင္လို႔ ဆံသားမွာ ကပ္ၿငိေနတဲ့ အညစ္အေၾကး၊ အဆီနဲ႔ ဆံပင္ အလွအပအတြက္ အသံုးျပဳထားတဲ့ ဓာတုပစၥည္းေတြကို ကင္းစင္ေစပါတယ္။

(၄) ဆံသား ေတာက္ေျပာင္ လွပေစတယ္ 

သေဘၤာရြက္ကို ဆံသား ေတာက္ေျပာင္လွပေစဖုိ႔ ကြန္ဒီရွင္နာအျဖစ္ အသံုးျပဳႏုိင္ပါတယ္။

(၅) ဆံသားထူထဲေစတယ္ 

သေဘၤာသီးနဲ႔ ဆံပင္ေပါင္းတင္ေပးပါက ဆံသား က်န္းမာသန္စြမ္းၿပီး ေတာက္ေျပာင္ကာ ဆံသားထူေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yatanarpon

# Unicode Version ျဖင့္ ဖတ္ပါ #

 သင်္ဘောသီးမှာ ပက်ပိန်း အင်ဇိုင်းအပြင်  အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင်စီ၊ ဖလေဗိုနွိုက်၊ ဗီတာမင်ဘီအုပ်စု၊ ဖောလိတ်၊ ပန်တိုသနစ်အက်စစ်၊ သတ္တုဓာတ်တွေဖြစ်တဲ့ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ အမျှင်ဓာတ်တွေ များစွာ ပါဝင်လို့ အသားအရေနဲ့ ဆံသား အလှအပ ရေးရာတွေမှာ ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။

အရေပြားအတွက် ကောင်းကျိုး

(၁) ဆဲလ်သေတွေကို ဖယ်ရှားပေးတယ် 

သင်္ဘောသီးမှာ ဗီတာမင်အေနဲ့ ပက်ပိန်း ပါဝင်လို့ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။

(၂) ရေဓာတ်ဖြည့်ပေးတယ် 

သင်္ဘောသီးမှာ ခန္ဓာကိုယ်တွင်းမှ ရေဆွဲတဲ့ ဆိုဒီယမ် ပါဝင်မှုနည်းလို့ ကိုယ်တွင်း ရေဓာတ်ကို ထိန်းထားပေးပါတယ်။

(၃) အရွယ်တင်နုပျိုစေတယ် 

သင်္ဘောသီးမှာ တခြား သီးနှံတွေထက် အင်တီအောက်ဆီးဒင့် ပါဝင်မှု များတာကြောင့် အရွယ်တင်နုပျိုစေပါတယ်။

(၄) ဝက်ခြံနှင့် အမာရွတ်များကို ဖယ်ရှားပေးတယ် 


သင်္ဘောသီးမှည့်ကို ကြိတ်ချေပြီး မျက်နှာပြင်အနှံ့ လိမ်းကာ ၂၅ မိနစ်ထားပြီးမှ ရေနဲ့ သန့်စင်ပေးပါ။ မျက်နှာပေါ်က ဝက်ခြံတွေကို လျော့နည်းစေပြီး အမာရွတ်တွေကို အရောင်ဖျော့စေပါတယ်။

(၅) အသားအရေ တောက်ပစေတယ် 

သင်္ဘောသီးကို မျက်နှာပေါ် လိမ်းပေးတာ ဒါမှမဟုတ် ပုံမှန် စားသုံးပေးပါက အသားအရေ တောက်ပစေပြီး မျက်နှာ ပြင်ဆင်ခြယ်သထားတာတွေက ကြာရှည်ခံစေပါတယ်။ သင်္ဘောသီးမှည့်ကို အခွံနွှာပြီး ကြိတ်ချေပါ။ သန့်စင်ထားတဲ့ မျက်နှာပေါ်လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးမှ ရေအေးနဲ့ သန့်စင်ဆေးကြောပါ။

(၆)  ခြေဖနောင့်ကွဲတာကို သက်သာစေတယ် 


ဆောင်းရာသီမှာ ခြေဖနောင့်ကွဲတာအတွက် သင်္ဘောသီးမှည့်ကို ကြိတ်ချေပြီး ခြေဖနောင့်မှာ လိမ်းပေးနိုင်ပါတယ်။

(၇) ကြေးချွတ်ပေးတယ် 

သင်္ဘောသီးက သဘာဝကြေးချွတ် အာနိသင် ရှိလို့ ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ မျက်နှာကြေးချွတ် ခရင်မ်တွေအစား အသုံးပြုနိုင်ပါတယ်။



(၈) အရေပြား အရောင်ညီစေတယ်

သင်္ဘောသီးမှည့်ကို အသားအရောင် ပြောင်းလဲတဲ့ နေရာပေါ် လိမ်းပေးပါက ပုံမှန် အသားအရောင်ကို ပြန်လည် ရရှိစေပါတယ်။

(၉) သင်္ဘောသီးအခွံက အသားဖြူစေတယ်



သင်္ဘောသီးအခွံကို အသားဖြူစေဖို့ မျက်နှာတင်မကဘဲ တံတောင်ဆစ်၊ ဒူးဆစ် စတဲ့ မည်းနေတဲ့ အရေပြားတွေ ဖြူဝင်းစေဖို့ အသုံးပြုနိုင်ပါတယ်။

အသားအရေ နူးညံ့စေရန် 

သင်္ဘောသီးမှည့်ကို အခွံနွှာပြီး အသားကို စားပါ။ အခွံကို မျက်နှာပေါ်လိမ်းပြီး မျက်နှာသစ်ပါ။

အစက်အပြောက်များ ကင်းစေရန် 

သင်္ဘောသီးအစိမ်းကို ကြိတ်ချေပြီး နွားနို့နဲ့ရောကာ မျက်နှာပြင်အနှံ့ လိမ်းပါ။

အသားအရေ တင်းရင်းစေရန် 

ကြိတ်ခြေထားတဲ့ သင်္ဘောသီးမှည့်ကို ပျားရည်၊ ဆန်မှုန့် အနည်းငယ်တို့နဲ့ ရောပြီး မျက်နှာပေါ် လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ ရေအေးနဲ့ သန့်စင်ပေးပါ။ တစ်ပတ်ကို သုံးကြိမ် ပြုလုပ်ပေးပါ။

ကြေးချွတ်ရန် 

သင်္ဘောသီး အစိမ်းကို ကြိတ်ခြေပြီး ပျားရည်၊ ကြေးချွတ်ဆား၊ သံလွင်ဆီတို့နဲ့ ရောကာ ခန္ဓာကိုယ်အနှံ့ လိမ်းပြီး ညင်သာစွာ ပွတ်ကာ ကြေးချွတ်ပေးနိုင်ပါတယ်။

အညိုကွက်များကို အရောင်ဖျော့စေရန် 

သင်္ဘောသီးမှည့်ကို ကြိတ်ခြေပြီး ပျားရည်၊ ဒိန်ချဉ်၊ သံပရာရည်၊ ကြက်ဥအကာတို့နဲ့ ရောပြီး မျက်နှာပြင်အနှံ့ ခပ်ထူထူ လိမ်းပေးပါ။ ၁၅-၂၀ မိနစ် ထားပြီးမှ ကြက်သီးနွေးရေနဲ့ သန့်စင်ပေးပါ။

ဆံသားအတွက် ကောင်းကျိုးများ

(၁) ထိပ်ပြောင်ခြင်းကို ကာကွယ်ပေးတယ် 

သင်္ဘောသီးက အာဟာရဓာတ်တွေ ကြွယ်ဝလို့ ဆံပင်သန်၊ ဆံပင်ပေါက်တာကို အားပေးတာကြောင့် ထိပ်ပြောင်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သင်္ဘောသီးကို နေ့စဉ်စားပေးရင် ဆံပင်ပါးတာကနေ ကာကွယ်နိုင်ပါတယ်။



(၂) ဗောက်ပျောက်စေတယ် 

သင်္ဘောသီးက ဦးရေပြား ဗောက်ထတာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၃) အညစ်အကြေး ကင်းစင်စေတယ် 

သင်္ဘောသီးမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အင်ဇိုင်းတွေ များစွာ ပါဝင်လို့ ဆံသားမှာ ကပ်ငြိနေတဲ့ အညစ်အကြေး၊ အဆီနဲ့ ဆံပင် အလှအပအတွက် အသုံးပြုထားတဲ့ ဓာတုပစ္စည်းတွေကို ကင်းစင်စေပါတယ်။

(၄) ဆံသား တောက်ပြောင် လှပစေတယ် 

သင်္ဘောရွက်ကို ဆံသား တောက်ပြောင်လှပစေဖို့ ကွန်ဒီရှင်နာအဖြစ် အသုံးပြုနိုင်ပါတယ်။

(၅) ဆံသားထူထဲစေတယ် 

သင်္ဘောသီးနဲ့ ဆံပင်ပေါင်းတင်ပေးပါက ဆံသား ကျန်းမာသန်စွမ်းပြီး တောက်ပြောင်ကာ ဆံသားထူစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: yatanarpon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top