ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျမန္မာႏိုင္ငံနဲ႔ အေရွ႕ေတာင္အာရွႏုိင္ငံေတြမွာ ဆန္ကို အဓိကထား စားသံုးၾကသလို အေနာက္ႏုိင္ငံေတြမွာလည္း ဂ်ံဳဟာ အသက္ေသြးေၾကာပါပဲ။ ဂ်ံဳကေန ရရွိတဲ့ ေပါင္မုန္႔ကိုလည္း အေနာက္တုိင္းသားေတြဟာ ေရွးႏွစ္ေပါင္းမ်ားစြာကေန ယေန႔အထိ အဓိက အစားအစာ အျဖစ္ စားသံုးေနၾကဆဲ ျဖစ္ပါတယ္။

ေျမေအာက္မွာ ရာစုႏွစ္ေပါင္းမ်ားစြာက လူေတြ စားသံုးခဲ့ၾကတာ ျဖစ္ၿပီး ေက်ာက္ေခတ္လူေတြကတည္းက စားခဲ့ၾကတယ္လို႔ အေနာက္ႏုိင္ငံေတြက အေထာက္အထားေတြနဲ႔ ေျပာဆိုထားၾကပါတယ္။ ေက်ာက္ေခတ္လူေတြဟာ အလြန္ၾကမ္းတမ္းတဲ့ မုေယာနဲ႔ လုပ္တဲ့ ေပါင္မုန္႔ေတြကို စားခဲ့တယ္ဆိုတဲ့ အေထာက္အထားကို ဆြစ္ဇာလန္ႏုိင္ငံ ေဒသအခ်ိဳ႕မွာ တူးေဖာ္ေတြ႔ရွိထားပါတယ္။ အီဂ်စ္မွာေတာ့ လြန္ခဲ့တဲ့ ွစ္ေပါင္း ၅၀၀၀ခန္႔ကပင္ ေပါင္မုန္႔ အျဖဴေတြကို စားသံုးခဲ့ၾကပါတယ္။

ေပါင္မုန္႔ကို ျပဳလုပ္ရာမွာ အဓိက ဂ်ံဳေစ့နဲ႔ ႀကိတ္ထားတဲ့ ဂ်ံဳမုန္႔ကေန ျပဳလုပ္တာျဖစ္ပါတယ္။ ဂ်ံဳမရႏုိင္တဲ့ေနရာေတြမွာ ရိုင္းစပါး၊ မုေယာ၊ ျမင္းစားဂ်ံဳ၊ အာလူး၊ ေျပာင္းဆန္ေတြနဲ႔ ျပဳလုပ္ၾကပါတယ္။ ေရွးက်တဲ့လူမ်ိဳးေတြကေတာ့ အေလ့က်ေပါကတဲ့ အသီးအႏွံ အေစ့ဆန္ေတြ သစ္ဥေတြကေန အမႈန္႔ႀကိတ္ၿပီး ေပါင္မုန္႔ ျပဳလုပ္ၾကပါတယ္။ အာဖရိကတိုက္မွာ ရွိတဲ့ လူရိုင္းအခ်ိဳ႕ကေတာ့ ေမ်ာက္ဥေတြနဲ႔ ေပါင္မုန္႔
ျပဳလုပ္ၾကပါတယ္။ အေမရိကန္ျပည္မွာေတာ့ တိုင္းရင္းသားအခ်ိဳ႕ကေတာ့ ၀က္သစ္ခ်ေစ့နဲ႔ ေပါင္မုန္႔ ျပဳလုပ္ၾကပါတ္။ ေပါင္မုန္႔ ျပဳလုပ္ရမွာ ဂ်ံဳနဲ႔ ရိုင္းစပါးျဖင့္ ျပဳလုပ္ထားတဲ့ ေပါင္မုန္႔က ေပါ့ၿပီး ပြတာေၾကာင့္ စားသံဳးဖို႔ အအေကာင္းဆံုး ပါပဲ။

ေပါင္မုန္႔ျပဳလုပ္ရာမွာ အခ်ဥ္ေဖာက္ၿပီး ျပဳလုပ္တဲ့ ေပါင္မုန္႔နဲ႔ အခ်ဥ္မေဖာက္ဘဲ ျပဳလုပ္တဲ့ ေပါင္မုန္႔ဆိုၿပီး ႏွစ္မ်ိဳး ရွိပါတယ္။ အခ်ဥ္ေဖာက္ၿပီး ျပဳလုပ္တဲ့ ေပါင္မုန္႔ဟာ ၾကာရွည္ေတာ့ အထားမခံပါဘူး။ အခ်ဥ္မေဖာက္ဘဲ ျပဳလုပ္တဲ့ ေပါင္မုန္႔ဟာ စားလို႔ သိပ္မေကာင္းလွေပမယ့္ ၾကာရွည္ခံပါတယ္။ ခရီးေ၀း သြားလာသူေတြ အတြက္ အသံုးတည့္လွတဲ့ နည္းပါ။

ေပါင္မုန္႔ဟာ လူတို႔ရဲ႕ အင္အားျဖစ္ေစတဲ့ အစားအစာ တစ္ခု ျဖစ္ပါတယ္။ ေပါင္မုန္႔ျဖဴ တစ္လံုးမွာ ကာဗိုဟိုက္ဒရိတ္၊ ေရဓာတ္၊ ပရိုတင္းဓာတ္၊ ျပာဓာတ္၊ အဆီဓာတ္၊ အမွ်င္ဓာတ္တို႔ ပါ၀င္ပါတယ္။ ေပါင္မုန္႔မွာ ပါ၀င္တဲ့ ျဖည့္စြက္အစာေတြေၾကာင့္လည္း ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြကို ထပ္မံ ရႏိုင္ပါေသးတယ္။ ပဲနဲ႔လုပ္တဲ့ ေပါင္မုန္႔ကေတာ့ က်န္းမာေရးနဲ႔ အလြန္ျပည့္စံုေစတဲ့ ေပါင္မုန္႔အမ်ိဳးအစားပဲ ျဖစ္ပါတယ္။

ေပါင္မုန္႔ကို အဓိက အစာအျဖစ္ စားၾကတဲ့ ႏုိင္ငံေတြမွာေတာ့ က်န္းမာေရးနဲ႔ ညီညႊတ္ေစရန္ လိုအပ္တဲ့ ပမာဏေတြကို အခ်ိဳးက် အမွန္အကန္ ပါ၀င္ေစဖို႔ ဥပေဒမ်ားနဲ႔ သတ္မွတ္ထားၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Wiki
#Unicode Version#
 မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆန်ကို အဓိကထား စားသုံးကြသလို အနောက်နိုင်ငံတွေမှာလည်း ဂျုံဟာ အသက်သွေးကြောပါပဲ။ ဂျုံကနေ ရရှိတဲ့ ပေါင်မုန့်ကိုလည်း အနောက်တိုင်းသားတွေဟာ ရှေးနှစ်ပေါင်းများစွာကနေ ယနေ့အထိ အဓိက အစားအစာ အဖြစ် စားသုံးနေကြဆဲ ဖြစ်ပါတယ်။

မြေအောက်မှာ ရာစုနှစ်ပေါင်းများစွာက လူတွေ စားသုံးခဲ့ကြတာ ဖြစ်ပြီး ကျောက်ခေတ်လူတွေကတည်းက စားခဲ့ကြတယ်လို့ အနောက်နိုင်ငံတွေက အထောက်အထားတွေနဲ့ ပြောဆိုထားကြပါတယ်။ ကျောက်ခေတ်လူတွေဟာ အလွန်ကြမ်းတမ်းတဲ့ မုယောနဲ့ လုပ်တဲ့ ပေါင်မုန့်တွေကို စားခဲ့တယ်ဆိုတဲ့ အထောက်အထားကို ဆွစ်ဇာလန်နိုင်ငံ ဒေသအချို့မှာ တူးဖော်တွေ့ရှိထားပါတယ်။ အီဂျစ်မှာတော့ လွန်ခဲ့တဲ့ ှစ်ပေါင်း ၅၀၀၀ခန့်ကပင် ပေါင်မုန့် အဖြူတွေကို စားသုံးခဲ့ကြပါတယ်။

ပေါင်မုန့်ကို ပြုလုပ်ရာမှာ အဓိက ဂျုံစေ့နဲ့ ကြိတ်ထားတဲ့ ဂျုံမုန့်ကနေ ပြုလုပ်တာဖြစ်ပါတယ်။ ဂျုံမရနိုင်တဲ့နေရာတွေမှာ ရိုင်းစပါး၊ မုယော၊ မြင်းစားဂျုံ၊ အာလူး၊ ပြောင်းဆန်တွေနဲ့ ပြုလုပ်ကြပါတယ်။ ရှေးကျတဲ့လူမျိုးတွေကတော့ အလေ့ကျပေါကတဲ့ အသီးအနှံ အစေ့ဆန်တွေ သစ်ဥတွေကနေ အမှုန့်ကြိတ်ပြီး ပေါင်မုန့် ပြုလုပ်ကြပါတယ်။ အာဖရိကတိုက်မှာ ရှိတဲ့ လူရိုင်းအချို့ကတော့ မျောက်ဥတွေနဲ့ ပေါင်မုန့်
ပြုလုပ်ကြပါတယ်။ အမေရိကန်ပြည်မှာတော့ တိုင်းရင်းသားအချို့ကတော့ ဝက်သစ်ချစေ့နဲ့ ပေါင်မုန့် ပြုလုပ်ကြပါတ်။ ပေါင်မုန့် ပြုလုပ်ရမှာ ဂျုံနဲ့ ရိုင်းစပါးဖြင့် ပြုလုပ်ထားတဲ့ ပေါင်မုန့်က ပေါ့ပြီး ပွတာကြောင့် စားသုံးဖို့ အအကောင်းဆုံး ပါပဲ။

ပေါင်မုန့်ပြုလုပ်ရာမှာ အချဉ်ဖောက်ပြီး ပြုလုပ်တဲ့ ပေါင်မုန့်နဲ့ အချဉ်မဖောက်ဘဲ ပြုလုပ်တဲ့ ပေါင်မုန့်ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အချဉ်ဖောက်ပြီး ပြုလုပ်တဲ့ ပေါင်မုန့်ဟာ ကြာရှည်တော့ အထားမခံပါဘူး။ အချဉ်မဖောက်ဘဲ ပြုလုပ်တဲ့ ပေါင်မုန့်ဟာ စားလို့ သိပ်မကောင်းလှပေမယ့် ကြာရှည်ခံပါတယ်။ ခရီးဝေး သွားလာသူတွေ အတွက် အသုံးတည့်လှတဲ့ နည်းပါ။

ပေါင်မုန့်ဟာ လူတို့ရဲ့ အင်အားဖြစ်စေတဲ့ အစားအစာ တစ်ခု ဖြစ်ပါတယ်။ ပေါင်မုန့်ဖြူ တစ်လုံးမှာ ကာဗိုဟိုက်ဒရိတ်၊ ရေဓာတ်၊ ပရိုတင်းဓာတ်၊ ပြာဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ ပေါင်မုန့်မှာ ပါဝင်တဲ့ ဖြည့်စွက်အစာတွေကြောင့်လည်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ထပ်မံ ရနိုင်ပါသေးတယ်။ ပဲနဲ့လုပ်တဲ့ ပေါင်မုန့်ကတော့ ကျန်းမာရေးနဲ့ အလွန်ပြည့်စုံစေတဲ့ ပေါင်မုန့်အမျိုးအစားပဲ ဖြစ်ပါတယ်။

ပေါင်မုန့်ကို အဓိက အစာအဖြစ် စားကြတဲ့ နိုင်ငံတွေမှာတော့ ကျန်းမာရေးနဲ့ ညီညွှတ်စေရန် လိုအပ်တဲ့ ပမာဏတွေကို အချိုးကျ အမှန်အကန် ပါဝင်စေဖို့ ဥပဒေများနဲ့ သတ်မှတ်ထားကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Wiki
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top