Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေဘာက္ေတြကို ဆံပင္ကို က်န္းမာေအာင္ ဂရုစိုက္ျခင္းနဲ႔ ထိန္းခ်ဳပ္ႏိုင္ပါတယ္။ အိမ္မွာ အသံုးျပဳလို႔ရတဲ့ ရိုးရွင္းတဲ့ ေဆးေတြကိုလည္း စမ္းၾကည့္ႏိုင္ပါတယ္။ သဘာဝေဆးေတြဟာ အာနိသင္ျပဖုိ႔ အခ်ိန္ယူရေပမယ့္ ျပႆနာကို လံုးဝ ေျဖရွင္းေပးႏိုင္ပါတယ္။

Aspirin

Asipirin မွာ ေဘာက္ေပ်ာက္ေစတဲ့ ေခါင္းေလွ်ာ္ရည္ေတြနဲ႔ တူညီတဲ့ ပါဝင္ပစၥည္းတစ္မ်ဳိးျဖစ္တဲ့ Salicyclic acid ပါဝင္ပါတယ္။ ေဆးျပားႏွစ္ျပားကို အမႈန္႔က်ိတ္ၿပီး အသံုးျပဳေနက် ေခါင္းေလွ်ာ္ရည္ ပမာဏထဲထည့္ၿပီး ေခါင္းေလွ်ာ္စဥ္မွာ အသံုးျပဳသင့္ပါတယ္။ ဒီအေရာကို ဆံပင္ေပၚမွာ တစ္မိနစ္ကေန ႏွစ္မိနစ္အထိ ထားသင့္ၿပီး ေခါင္းေလွ်ာ္ရည္နဲ႔ ထပ္ေလွ်ာ္သင့္ပါတယ္။

ရွာလကာရည္

ေခါင္းကိုရွာလကာရည္သံုးၿပီး ေလွ်ာ္ဖို႔ဆိုတာ ေၾကာက္စရာေကာင္းတယ္လုိ႔ ထင္ရပမယ့္ သူဟာ ျပႆနာျဖစ္ေစတဲ့ အေၾကာင္းရင္းကို ေျဖရွင္းေပးတာေၾကာင့္ ထိေရာက္တဲ့နည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ အရွင္းဆံုးေျပာမယ္ဆုိရင္ေတာ့ ေဘာက္ေတြဟာ အေရျပားဆဲလ္ေတြ အလ်င္အျမန္ ရင့္က်က္ေသဆံုးၿပီး ပံုလာကာ ယားယံမႈကို ျဖစ္ေပၚေစပါတယ္။ ရွာလကာရည္ဟာ ေဘာက္ျဖစ္ေစတဲ့ မလိုခ်င္တဲ့ အေရျပားဆဲလ္ေတြကို ဖယ္ရွားေပးၿပီး ေခြ်းေပါက္ကိုလဲ မပိတ္ေစပါဘူး။ မိႈပိုပြားျခင္းဟာလည္း ေဘာက္ျဖစ္ေစတာမို႔ ရွာလကာရည္ဟာ မိႈကိုလည္း သတ္ေပးႏိုင္ပါတယ္။ ဒါဟာ အျခားေခါင္းေလွ်ာ္ရည္ေတြထက္ ပိုမိုလြယ္ကူၿပီး ရိုးရွင္းတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ အေရးတႀကီး အစည္းအေဝးေတြ ရွိရင္ ရွာလကာရည္နဲ႔ ေခါင္းမေလွ်ာ္သင့္ပါဘူး။ ေနာက္တစ္ခါ မေလွ်ာ္မခ်င္း ေခါင္းမွာ ရွာလကာရည္အနံ႔ နံေနမွာ ျဖစ္ပါတယ္။

အုန္းဆီ

အုန္းဆီ ဟာ မိႈသတ္ေဆးျဖစ္တာေၾကာင့္ ေဘာက္ေပ်ာက္ေစပါတယ္။ သူဟာ ေျခာက္ေသြ႔တဲ့ ဦးေရျပားကို စိုေျပေစၿပီး ယားယံမႈကို သက္သာေစပါတယ္။ အုန္းဆီကို သံပုရာရည္တစ္ဝက္နဲ႔ ေရာေမႊသင့္ပါတယ္။ ၿပီးရင္ ဦးေရျပားေပၚကို ပြတ္ေပးၿပီး မိနစ္အနည္းငယ္ၾကာ ႏွိ္ပ္နယ္သင့္ပါတယ္။ မိနစ္ ၂၀ ေက်ာ္ၾကာရင္ေတာ့ ေရေဆးခ်ႏိုင္ၿပီ ျဖစ္ပါတယ္။ ဒီနည္းကို တစ္ပတ္ကို ႏွစ္ႀကိမ္ သံုးႀကိမ္ ျပဳလုပ္ႏိုင္ပါတယ္။
သံပုရာရည္
ေဘာက္ေပ်ာက္ေဆးေတြဟာ ေရခဲေသတၱာထဲမွာ တင္ရွိပါတယ္။ သံပုရာရည္ စားပြဲတင္ဇြန္းႏွစ္ဇြန္းကို ဦးေရျပားေပၚတင္ ႏွိပ္နယ္ၿပီး ေရေဆးခ်သင့္ပါတယ္။ သံပုရာရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းကို ေရတစ္ခြက္နဲ႔ ေရာေမႊၿပီး ေရေဆးခ်သင့္ပါတယ္။ ဒါကို ေဘာက္ေပ်ာက္သြားတဲ့အထိ အသံုးျပဳသင့္ပါတယ္။ သံပုရာရည္ရဲ႕ အက္ဆစ္ဓါတ္ဟာ ဦးေရျပားရဲ႕ pH ကို ထိန္းညွိေပးၿပီး ေဘာက္ေပ်ာက္ေစမွာ ျဖစ္ပါတယ္။

ေနေရာင္ျခည္

အတိအက် သိရွိျခင္း မရွိေပမယ့္ ေဘာက္ထျခင္းနဲ႔ ေနေရာင္ျခည္ဟာ ဆက္စပ္မႈ ရွိပါတယ္။ ေနေရာင္ျခည္ထဲမွာ ၾကာၾကာေနရင္ ေဘာက္ထျခင္းသက္သာေစပါတယ္။ ဒါဟာ ဘာေၾကာင့္လဲဆိုေတာ့ ေဆာင္းရာသီက ေျခာက္ေသြ႔တဲ့ ရာသီဥတုဟာ ေဘာက္ကိုျဖစ္ေပၚေစျခင္းေၾကာင့္ ျဖစ္ႏိုင္ၿပီး ေနေရာင္ျခည္ ရွားပါးမႈေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ေနေရာင္ျခည္ဟာ အဆီပိုေတြကို ေျခာက္ေသြ႔ေစၿပီး ေနေရာင္ျခည္ ရရွိျခင္းဟာ လူေတြကို ေပ်ာ္ရႊင္က်န္းမာေစပါတယ္။ ဘာေၾကာင့္ပဲျဖစ္ျဖစ္ ဒါကို စမ္းၾကည့္သင့္ပါတယ္။
ေန႔စဥ္ ေနေရာင္ျခည္ေအာက္မွာ ၁၀-၁၅ မိနစ္အထိ ေနသင့္ပါတယ္။ ဒါေပမယ့္ ေနေရာင္ျခည္နဲ႔ အလြန္အမင္း ထိေတြ႔ျခင္းဟာ သင့္အေရျပား၊ ဆံပင္နဲ႔ က်န္းမာေရးကို ထိခိုက္ေစတာမို႔ ေနေရာင္နဲ႔ ထိေတြ႔ခ်ိန္ကိုေတာ့ ကန္႔သတ္သင့္ပါတယ္။

မုန္႔ဖုတ္ ဆိုဒါ

မုန္႔ဖုတ္ဆိုဒါဟာ ဆဲလ္အေသေတြကို ဖယ္ရွားေပးၿပီး အဆီပိုေတြကို စုပ္ယူေပးပါတယ္။ သူဟာ ဦးေရျပားရဲ႕ pH ပမာဏကို ထိန္းညွိေပးၿပီး မိႈေပါက္ပြားျခင္းေၾကာင့္ ေဘာက္ျဖစ္ေစျခင္းကိုလည္း ကာကြယ္ေပးပါတယ္။ ဦးေရျပားကို ေရစြတ္ၿပီး မုန္႔ဖုတ္ဆိုဒါ လက္တစ္ဆုပ္စာကို ဦးေရျပားေပၚတင္ပါ။ မိနစ္အနည္းငယ္ၾကာရင္ ေရေႏြးနဲ႔ ေဆးခ်ပါ။ ဒါမ်ိဳးကို တစ္ပတ္မွာ တစ္ႀကိမ္ ႏွစ္ႀကိမ္ေလာက္ ရက္သတၱပတ္ အနည္းငယ္အထိ လုပ္ေပးသင့္ပါတယ္။ ဒီကုသမႈအၿပီးမွာ ေခါင္းမေလွ်ာ္ဖုိ႔ သတိရသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ဘောက်တွေကို ဆံပင်ကို ကျန်းမာအောင် ဂရုစိုက်ခြင်းနဲ့ ထိန်းချုပ်နိုင်ပါတယ်။ အိမ်မှာ အသုံးပြုလို့ရတဲ့ ရိုးရှင်းတဲ့ ဆေးတွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။ သဘာဝဆေးတွေဟာ အာနိသင်ပြဖို့ အချိန်ယူရပေမယ့် ပြဿနာကို လုံးဝ ဖြေရှင်းပေးနိုင်ပါတယ်။

Aspirin

Asipirin မှာ ဘောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်တွေနဲ့ တူညီတဲ့ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Salicyclic acid ပါဝင်ပါတယ်။ ဆေးပြားနှစ်ပြားကို အမှုန့်ကျိတ်ပြီး အသုံးပြုနေကျ ခေါင်းလျှော်ရည် ပမာဏထဲထည့်ပြီး ခေါင်းလျှော်စဉ်မှာ အသုံးပြုသင့်ပါတယ်။ ဒီအရောကို ဆံပင်ပေါ်မှာ တစ်မိနစ်ကနေ နှစ်မိနစ်အထိ ထားသင့်ပြီး ခေါင်းလျှော်ရည်နဲ့ ထပ်လျှော်သင့်ပါတယ်။

ရှာလကာရည်

ခေါင်းကိုရှာလကာရည်သုံးပြီး လျှော်ဖို့ဆိုတာ ကြောက်စရာကောင်းတယ်လို့ ထင်ရပမယ့် သူဟာ ပြဿနာဖြစ်စေတဲ့ အကြောင်းရင်းကို ဖြေရှင်းပေးတာကြောင့် ထိရောက်တဲ့နည်းတစ်မျိုးပဲဖြစ်ပါတယ်။ အရှင်းဆုံးပြောမယ်ဆိုရင်တော့ ဘောက်တွေဟာ အရေပြားဆဲလ်တွေ အလျင်အမြန် ရင့်ကျက်သေဆုံးပြီး ပုံလာကာ ယားယံမှုကို ဖြစ်ပေါ်စေပါတယ်။ ရှာလကာရည်ဟာ ဘောက်ဖြစ်စေတဲ့ မလိုချင်တဲ့ အရေပြားဆဲလ်တွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ကိုလဲ မပိတ်စေပါဘူး။ မှိုပိုပွားခြင်းဟာလည်း ဘောက်ဖြစ်စေတာမို့ ရှာလကာရည်ဟာ မှိုကိုလည်း သတ်ပေးနိုင်ပါတယ်။ ဒါဟာ အခြားခေါင်းလျှော်ရည်တွေထက် ပိုမိုလွယ်ကူပြီး ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အရေးတကြီး အစည်းအဝေးတွေ ရှိရင် ရှာလကာရည်နဲ့ ခေါင်းမလျှော်သင့်ပါဘူး။ နောက်တစ်ခါ မလျှော်မချင်း ခေါင်းမှာ ရှာလကာရည်အနံ့ နံနေမှာ ဖြစ်ပါတယ်။

အုန်းဆီ

အုန်းဆီ ဟာ မှိုသတ်ဆေးဖြစ်တာကြောင့် ဘောက်ပျောက်စေပါတယ်။ သူဟာ ခြောက်သွေ့တဲ့ ဦးရေပြားကို စိုပြေစေပြီး ယားယံမှုကို သက်သာစေပါတယ်။ အုန်းဆီကို သံပုရာရည်တစ်ဝက်နဲ့ ရောမွှေသင့်ပါတယ်။ ပြီးရင် ဦးရေပြားပေါ်ကို ပွတ်ပေးပြီး မိနစ်အနည်းငယ်ကြာ နှိပ်နယ်သင့်ပါတယ်။ မိနစ် ၂၀ ကျော်ကြာရင်တော့ ရေဆေးချနိုင်ပြီ ဖြစ်ပါတယ်။ ဒီနည်းကို တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ် ပြုလုပ်နိုင်ပါတယ်။
သံပုရာရည်
ဘောက်ပျောက်ဆေးတွေဟာ ရေခဲသေတ္တာထဲမှာ တင်ရှိပါတယ်။ သံပုရာရည် စားပွဲတင်ဇွန်းနှစ်ဇွန်းကို ဦးရေပြားပေါ်တင် နှိပ်နယ်ပြီး ရေဆေးချသင့်ပါတယ်။ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေတစ်ခွက်နဲ့ ရောမွှေပြီး ရေဆေးချသင့်ပါတယ်။ ဒါကို ဘောက်ပျောက်သွားတဲ့အထိ အသုံးပြုသင့်ပါတယ်။ သံပုရာရည်ရဲ့ အက်ဆစ်ဓါတ်ဟာ ဦးရေပြားရဲ့ pH ကို ထိန်းညှိပေးပြီး ဘောက်ပျောက်စေမှာ ဖြစ်ပါတယ်။

နေရောင်ခြည်

အတိအကျ သိရှိခြင်း မရှိပေမယ့် ဘောက်ထခြင်းနဲ့ နေရောင်ခြည်ဟာ ဆက်စပ်မှု ရှိပါတယ်။ နေရောင်ခြည်ထဲမှာ ကြာကြာနေရင် ဘောက်ထခြင်းသက်သာစေပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဆောင်းရာသီက ခြောက်သွေ့တဲ့ ရာသီဥတုဟာ ဘောက်ကိုဖြစ်ပေါ်စေခြင်းကြောင့် ဖြစ်နိုင်ပြီး နေရောင်ခြည် ရှားပါးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေရောင်ခြည်ဟာ အဆီပိုတွေကို ခြောက်သွေ့စေပြီး နေရောင်ခြည် ရရှိခြင်းဟာ လူတွေကို ပျော်ရွှင်ကျန်းမာစေပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒါကို စမ်းကြည့်သင့်ပါတယ်။
နေ့စဉ် နေရောင်ခြည်အောက်မှာ ၁၀-၁၅ မိနစ်အထိ နေသင့်ပါတယ်။ ဒါပေမယ့် နေရောင်ခြည်နဲ့ အလွန်အမင်း ထိတွေ့ခြင်းဟာ သင့်အရေပြား၊ ဆံပင်နဲ့ ကျန်းမာရေးကို ထိခိုက်စေတာမို့ နေရောင်နဲ့ ထိတွေ့ချိန်ကိုတော့ ကန့်သတ်သင့်ပါတယ်။

မုန့်ဖုတ် ဆိုဒါ

မုန့်ဖုတ်ဆိုဒါဟာ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အဆီပိုတွေကို စုပ်ယူပေးပါတယ်။ သူဟာ ဦးရေပြားရဲ့ pH ပမာဏကို ထိန်းညှိပေးပြီး မှိုပေါက်ပွားခြင်းကြောင့် ဘောက်ဖြစ်စေခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဦးရေပြားကို ရေစွတ်ပြီး မုန့်ဖုတ်ဆိုဒါ လက်တစ်ဆုပ်စာကို ဦးရေပြားပေါ်တင်ပါ။ မိနစ်အနည်းငယ်ကြာရင် ရေနွေးနဲ့ ဆေးချပါ။ ဒါမျိုးကို တစ်ပတ်မှာ တစ်ကြိမ် နှစ်ကြိမ်လောက် ရက်သတ္တပတ် အနည်းငယ်အထိ လုပ်ပေးသင့်ပါတယ်။ ဒီကုသမှုအပြီးမှာ ခေါင်းမလျှော်ဖို့ သတိရသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top