ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မႏၲေလးၿမိဳ႕ ခ်မ္းျမသာ စည္ေတာင္ရပ္ကြက္ အကြက္ (၈၈၃) ရွိ ၿမိဳ႕ေဟာင္းဘူတာတြင္ ႏုိ၀င္ဘာ ၁၆ ရက္ နံနက္အေစာ ပိုင္းက ရပ္ထားေသာရထားတြဲ မ်ား မီးေလာင္မႈျဖစ္ပြားသည္။

ႏုိ၀င္ဘာ ၁၅ ရက္ ည ၁၂ နာရီခြဲခန္႔တြင္ မီးရထားရပ္နား၀င္း အတြင္း ရပ္နားထားေသာ လူစီး ရထားအိပ္စင္တြဲသုံးတြဲႏွင့္ ႐ုိး႐ုိး ရထားတြဲတစ္တြဲတို႔ မီးေလာင္ခဲ့ ေၾကာင္း မီးသတ္ဦးစီးဌာနမွတ္ တမ္းမ်ားတြင္ ေဖာ္ျပထားသည္။

မီးရထားေလးတြဲေလာင္ ကြၽမ္းမႈေၾကာင့္ ဆုံး႐ႈံးမႈတန္ဖုိး က်ပ္ ၂၃ သိန္းခန္႔ရွိေၾကာင္း မီး သတ္ဦးစီးဌာနက ထုတ္ျပန္ထား ၿပီး ေလာင္ကြၽမ္းရသည့္အ ေၾကာင္းရင္းကုိ စုံစမ္းစစ္ေဆးဆဲ ျဖစ္ေၾကာင္း မႏၲေလးခ႐ုိင္မီးသတ္ ဦးစီးမွဴး ဦးသန္းႏုိင္က ႏုိ၀င္ဘာ ၁၆ ရက္ေန႔လယ္ပုိင္းက ေျပာ သည္။

‘‘အသုံးမျပဳဘဲ ရပ္ထားတဲ့ မီးရထားတြဲေတြေလ။ ဒီတိုင္းထား တာ ေတာ္ေတာ္ၾကာၿပီလုိ႔သိရ တယ္။ မီးေလာင္တဲ့အေၾကာင္း ရင္းေတာ့ မသိရေသးဘူး။ စုံစမ္း ေနတုန္းပဲ။ ျဖစ္ဖုိ႔ရာကေတာ့ အသုံးမျပဳတဲ့ မီးရထားတြဲေတြဆုိ ေတာ့ ဘယ္သူမွလည္း ေစာင့္ ၾကည့္မေနႏုိင္ဘူးေလ။ လာ ေသာက္စားတဲ့လူေတြေၾကာင့္ပဲ ျဖစ္မွာေပါ့’’ ဟု ၎ကေျပာသည္။

မီးေလာင္မႈေၾကာင့္ ေသဆုံး မႈမရွိဘဲ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ကြၽန္းလုံးဥေသွ်ာင္ အရန္မီးသတ္ စခန္းမွ အရန္မီးသတ္တပ္ခြဲမွဴး တစ္ဦး မီးၿငႇိမ္းသတ္စဥ္ ေျခေထာက္အနည္းငယ္  ထိခုိက္ ဒဏ္ရာရရွိခဲ့ေၾကာင္း ဦးသန္းႏုိင္ က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မန္တလေးမြို့ ချမ်းမြသာ စည်တောင်ရပ်ကွက် အကွက် (၈၈၃) ရှိ မြို့ဟောင်းဘူတာတွင် နိုဝင်ဘာ ၁၆ ရက် နံနက်အစော ပိုင်းက ရပ်ထားသောရထားတွဲ များ မီးလောင်မှုဖြစ်ပွားသည်။

နိုဝင်ဘာ ၁၅ ရက် ည ၁၂ နာရီခွဲခန့်တွင် မီးရထားရပ်နားဝင်း အတွင်း ရပ်နားထားသော လူစီး ရထားအိပ်စင်တွဲသုံးတွဲနှင့် ရိုးရိုး ရထားတွဲတစ်တွဲတို့ မီးလောင်ခဲ့ ကြောင်း မီးသတ်ဦးစီးဌာနမှတ် တမ်းများတွင် ဖော်ပြထားသည်။

မီးရထားလေးတွဲလောင် ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၃ သိန်းခန့်ရှိကြောင်း မီး သတ်ဦးစီးဌာနက ထုတ်ပြန်ထား ပြီး လောင်ကျွမ်းရသည့်အ ကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း မန္တလေးခရိုင်မီးသတ် ဦးစီးမှူး ဦးသန်းနိုင်က နိုဝင်ဘာ ၁၆ ရက်နေ့လယ်ပိုင်းက ပြော သည်။

‘‘အသုံးမပြုဘဲ ရပ်ထားတဲ့ မီးရထားတွဲတွေလေ။ ဒီတိုင်းထား တာ တော်တော်ကြာပြီလို့သိရ တယ်။ မီးလောင်တဲ့အကြောင်း ရင်းတော့ မသိရသေးဘူး။ စုံစမ်း နေတုန်းပဲ။ ဖြစ်ဖို့ရာကတော့ အသုံးမပြုတဲ့ မီးရထားတွဲတွေဆို တော့ ဘယ်သူမှလည်း စောင့် ကြည့်မနေနိုင်ဘူးလေ။ လာ သောက်စားတဲ့လူတွေကြောင့်ပဲ ဖြစ်မှာပေါ့’’ ဟု ၎င်းကပြောသည်။

မီးလောင်မှုကြောင့် သေဆုံး မှုမရှိဘဲ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင် အရန်မီးသတ် စခန်းမှ အရန်မီးသတ်တပ်ခွဲမှူး တစ်ဦး မီးငြှိမ်းသတ်စဉ် ခြေထောက်အနည်းငယ်  ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဦးသန်းနိုင် က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top