ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စစ္ကိုင္းတုိင္းေဒသႀကီး မံုရြာၿမိဳ႕နယ္တရားရံုး အခ်ဳပ္ကေန ထြက္ေျပးသြားသူ ၇ ဦးထဲက ျပန္လည္ဖမ္းမိထားတဲ့ အခ်ဳပ္သား ၃ ေယာက္ကို အခ်ဳပ္ေဖာက္ထြက္ေျပးမႈ ရာဇသတ္ႀကီးပုဒ္မ ၂၂၄ နဲ႔ အေရးယူထားတယ္လို႔ မံုရြာၿမိဳ႕ရဲစခန္းမွဴး ဒုရဲမွဴးက်င္စိန္က ေျပာပါတယ္။

ထြက္ေျပးေနဆဲျဖစ္တဲ့ အခ်ဳပ္သား ၄ ေယာက္ကို ရွာေဖြေနဆဲျဖစ္ၿပီး ျပန္မိတဲ့ ၃ ေယာက္ကို အခ်ဳပ္ခန္းထြက္ေျပးမႈ နဲ႔ အေရးယူထားတာျဖစ္တယ္လို႔ ဒုရဲမွဴးက်င္စိန္က ေျပာပါတယ္။

"အဲဒါေတာ့ က်ေနာ္တုိ႔ ရရွိတဲ့သတင္းေတြနဲ႔ ေတာက္ေလွ်ာက္လိုက္ၿပီးေတာ့ ဆက္စပ္နယ္ေျမေတြနဲ႔ ဆက္စပ္စခန္းေတြနဲ႔ စံုစမ္းဖမ္းဆီးတုန္းပါပဲခင္ဗ်၊ သူတုိ႔ကို ထပ္ၿပီးအမႈဖြင့္ထားပါတယ္ခင္ဗ်၊ အဲဒီ ဖ်က္ေဖာက္ ထြက္ေျပးမႈနဲ႔ အေရးယူထားပါတယ္ခင္ဗ်၊ ၂၂၄ ပါဗ်၊ ရာဇသတ္ႀကီး ပုဒ္မေနာ္။ အားလံုးေပါင္း ၇ ေယာက္ေပါ့ဗ်ာ၊ ၃ ေယာက္ျပန္မိတယ္ေပါ့။ အဲေရွ႕က ၄ ေယာက္ကေနၿပီး သူတုိ႔ကို ဆြယ္တာေပါ့။ လိုက္ေျပးရင္ေျပး ဘာညာနဲ႔ သူတုိ႔ကို ေျပာလို႔ လုိက္ေျပးရင္းနဲ႔ ေနာက္က်ေတာ့ အဖမ္းခံရတာေပါ့။ အဲလို ေျပာဆုိပါတယ္"

ထြက္ေျပးလြတ္ေျမာက္သြားတဲ့ အခ်ဳပ္သားေတြနဲ႔ ျပန္ဖမ္းမိတဲ့ အခ်ဳပ္သားေတြဟာ မူးယစ္ေဆး၀ါးအမႈေတြ၊ အဓမၼျပဳက်င့္မႈ ပုဒ္မေတြနဲ႔ တရားစြဲခံထားရသူေတြျဖစ္ပါတယ္။

အဲဒီအခ်ဳပ္သားေတြ ထြက္ေျပးသြားခ်ိန္မွာ တာ၀န္က်တဲ့ ရဲတပ္သား ၄ ေယာက္လည္း ထြက္ေျပးေနတယ္လို႔ သတင္းေတြထြက္ေပၚေပမယ့္ အဲဒီရဲတပ္သားေတြဟာ ခြင့္မဲ့ပ်က္ကြက္ေနၿပီး ထြက္ေျပးသြားတယ္လို႔ အတည္ျပဳလို႔ မရေသးေၾကာင္း ဒုရဲမွဴးက်င္စိန္က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တရားရုံး အချုပ်ကနေ ထွက်ပြေးသွားသူ ၇ ဦးထဲက ပြန်လည်ဖမ်းမိထားတဲ့ အချုပ်သား ၃ ယောက်ကို အချုပ်ဖောက်ထွက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၂၂၄ နဲ့ အရေးယူထားတယ်လို့ မုံရွာမြို့ရဲစခန်းမှူး ဒုရဲမှူးကျင်စိန်က ပြောပါတယ်။

ထွက်ပြေးနေဆဲဖြစ်တဲ့ အချုပ်သား ၄ ယောက်ကို ရှာဖွေနေဆဲဖြစ်ပြီး ပြန်မိတဲ့ ၃ ယောက်ကို အချုပ်ခန်းထွက်ပြေးမှု နဲ့ အရေးယူထားတာဖြစ်တယ်လို့ ဒုရဲမှူးကျင်စိန်က ပြောပါတယ်။

"အဲဒါတော့ ကျနော်တို့ ရရှိတဲ့သတင်းတွေနဲ့ တောက်လျှောက်လိုက်ပြီးတော့ ဆက်စပ်နယ်မြေတွေနဲ့ ဆက်စပ်စခန်းတွေနဲ့ စုံစမ်းဖမ်းဆီးတုန်းပါပဲခင်ဗျ၊ သူတို့ကို ထပ်ပြီးအမှုဖွင့်ထားပါတယ်ခင်ဗျ၊ အဲဒီ ဖျက်ဖောက် ထွက်ပြေးမှုနဲ့ အရေးယူထားပါတယ်ခင်ဗျ၊ ၂၂၄ ပါဗျ၊ ရာဇသတ်ကြီး ပုဒ်မနော်။ အားလုံးပေါင်း ၇ ယောက်ပေါ့ဗျာ၊ ၃ ယောက်ပြန်မိတယ်ပေါ့။ အဲရှေ့က ၄ ယောက်ကနေပြီး သူတို့ကို ဆွယ်တာပေါ့။ လိုက်ပြေးရင်ပြေး ဘာညာနဲ့ သူတို့ကို ပြောလို့ လိုက်ပြေးရင်းနဲ့ နောက်ကျတော့ အဖမ်းခံရတာပေါ့။ အဲလို ပြောဆိုပါတယ်"

ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေနဲ့ ပြန်ဖမ်းမိတဲ့ အချုပ်သားတွေဟာ မူးယစ်ဆေးဝါးအမှုတွေ၊ အဓမ္မပြုကျင့်မှု ပုဒ်မတွေနဲ့ တရားစွဲခံထားရသူတွေဖြစ်ပါတယ်။

အဲဒီအချုပ်သားတွေ ထွက်ပြေးသွားချိန်မှာ တာဝန်ကျတဲ့ ရဲတပ်သား ၄ ယောက်လည်း ထွက်ပြေးနေတယ်လို့ သတင်းတွေထွက်ပေါ်ပေမယ့် အဲဒီရဲတပ်သားတွေဟာ ခွင့်မဲ့ပျက်ကွက်နေပြီး ထွက်ပြေးသွားတယ်လို့ အတည်ပြုလို့ မရသေးကြောင်း ဒုရဲမှူးကျင်စိန်က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top