(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

လႊတ္ေတာ္အ ေဆာက္အအုံကို ဒ႐ုန္းျဖင့္႐ုိက္ ကူးရန္ႀကိဳးစားသူမ်ားအားပုိ႔ကုန္၊ သြင္းကုန္ ဥပေဒပုဒ္မ ၈ ျဖင့္ တရားစြဲဆုိထားမႈ ပယ္ဖ်က္ေပး ရန္ တရား႐ုံးသ႔ုိ ဦးတုိက္ေလွ်ာက္ ထားခဲ့ေၾကာင္း စြပ္စြဲခံရသူမ်ား၏ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာ သည္။

လႊတ္ေတာ္အေဆာက္အအုံ ကုိ ဒ႐ုန္းျဖင့္႐ုိက္ကူးရန္ႀကိဳးစား ခဲ့မႈႏွင့္ပတ္သက္၍ ႏုိ၀င္ဘာ ၁၀ ရက္က တူရကီအေျခစုိက္ TRT သတင္းဌာနမွ ျပည္ပဂ်ာနယ္လစ္ ႏွစ္ဦး၊ စကားျပန္အျဖစ္လုိက္ပါ လာသူႏွင့္ ယာဥ္ေမာင္းအပါအ ၀င္ ေလးဦးကုိ ဇမၺဴသီရိၿမိဳ႕နယ္ တရား႐ုံးက ေလယာဥ္အက္ဥပ ေဒပုဒ္မ ၁၀ ျဖင့္ ေထာင္ဒဏ္ႏွစ္ လစီခ်မွတ္ခဲ့သည္။

ယမန္ေန႔႐ုံးထုတ္တြင္ မူလ က တရားစြဲဆုိထားေသာ ပုိ႔ကုန္ သြင္းကုန္ဥပေဒပုဒ္မ ၈ ႏွင့္ပတ္ သက္၍ ႐ုံးထုတ္စစ္ေဆးသည္။

ပုိ႔ကုန္၊သြင္းကုန္ဥပေဒပုဒ္မ ၈ သည္ ေလယာဥ္အက္ဥပေဒ ပုဒ္မ ၁၀ အတြင္းရွိ ပုဒ္မခြဲ ၅၊၆၊ ၇ မ်ားႏွင့္အက်ံဳး၀င္ေသာေၾကာင့္ ႏွစ္ႀကိမ္အျပစ္ေပးသည့္သေဘာ သက္ေရာက္ေန၍ ယင္းပုဒ္မျဖင့္ တရားစြဲဆုိမႈကုိ ပယ္ဖ်က္ေပးရန္ ႏုိ၀င္ဘာ ၁၆ ရက္႐ုံးခ်ိန္းတြင္ ေလွ်ာက္ထားခဲ့သည္ဟု တရား လႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ ေဇာ္က ဆုိသည္။

ေလယာဥ္အက္ဥပေဒပုဒ္မ ၁၀ အတြင္းရွိ ပုဒ္မခြဲ ၅၊၆၊၇ တြင္ ေလယာဥ္(သုိ႔မဟုတ္) ေလ ယာဥ္ႏွင့္တူေသာ ပစၥည္းကုိ ေဆာက္လုပ္ျခင္း၊ အျခားႏုိင္ငံ မ်ားမွ တင္သြင္းျခင္း၊ ပ်ံသန္းသုံး စြဲျခင္းမ်ားျပဳလုပ္ပါက ေလယာဥ္ အက္ဥပေဒ ၁၀ ျဖင့္ တရားစြဲဆုိ ႏုိင္ေၾကာင္း အဓိပၸာယ္ဖြင့္ဆုိထား သည္ဟု ဦးခင္ေမာင္ေဇာ္က ေျပာ သည္။

‘‘အခုပုဒ္မ ၁၀ နဲ႔အျပစ္ေပး ထားတာက အဲဒါေတြအကုန္လုံး လႊမ္းၿခံဳၿပီးေတာ့ ေပးထားတာ။ ပ်ံ လုိ႔ တစ္ခုတည္းေပးတာမဟုတ္ ဘူး။ ဥပေဒအရဆုိရင္ အဲဒီအ တြက္ အျပစ္ေပးၿပီးသားျဖစ္ေန ၿပီ။ အဲဒီေတာ့ ဥပေဒမွာက လူ တစ္ေယာက္ကုိ ႏွစ္ခါအျပစ္မေပး ရဘူးဆုိၿပီးရွိတယ္။ အဲဒီေတာ့ ဒီဒ႐ုန္းကုိ ပ်ံသန္းတာအပါအ၀င္ တင္သြင္းတဲ့ကိစၥလည္း အျပစ္ ေပးထားၿပီးျဖစ္ပါတယ္။ အဲဒါကုိ အခု ပုိ႔ကုန္၊သြင္းကုန္ကိစၥနဲ႔အျပစ္ ထပ္ေပးမယ္ဆုိရင္ ႏွစ္ထပ္အျဖစ္ ေပးျခင္းထဲမွာ ၀င္ေနတယ္’’ ဟု ၎က ဆက္လက္ေျပာၾကား သည္။

ယင္းအတြက္ လာမည့္ႏုိ၀င္ ဘာ ၂၀ ရက္(တနလၤာေန႔)႐ုံးခ်ိန္း တြင္ ဇမၺဴသီရိၿမိဳ႕နယ္တရား႐ုံးသုိ႔ ေလွ်ာက္လဲခ်က္တင္သြင္းမည္ဟု ဦးခင္ေမာင္ေဇာ္က ဆုိသည္။

‘‘ကြၽန္ေတာ္တို႔ ေလွ်ာက္လဲ ခ်က္ေပးမယ္။ တကယ္လုိ႔ လက္ မခံရင္ အထက္အဆင့္ဆင့္တက္ မယ္။ ေနာက္ဆုံးအမႈကုိ ေခ်ဖ်က္ ေပးဖုိ႔ တရားလႊတ္ေတာ္အထိ တက္လုိ႔ရတယ္’’ ဟု ၎ကေျပာ သည္။

ပုိ႔ကုန္၊သြင္းကုန္ဥပေဒပုဒ္မ ၈ ကုိ ၎တုိ႔အေနျဖင့္ ဒဏ္ေငြ ျဖင့္သာ ၿပီးဆုံးမည္ဟု ေမွ်ာ္လင့္ ထားေၾကာင္း TRT သတင္းဌာနမွ ဂ်ာနယ္လစ္ႏွစ္ဦးကုိ စကားျပန္ အျဖစ္ လုိက္ပါေဆာင္ရြက္ေပး ေသာ ကုိေအာင္ႏုိင္စုိးက ေျပာ သည္။

‘‘ကြၽန္ေတာ္တို႔ကေတာ့ အ ေကာင္းလုိ႔ပဲ ေမွ်ာ္လင့္ထားပါ တယ္’’ ဟု ၎က ေျပာသည္။

ႏုိ၀င္ဘာ ၁၆ ရက္က ဇမၺဴ သီရိၿမိဳ႕နယ္တရား႐ုံးတြင္ ဒုတိယ အႀကိမ္ ႐ုံးထုတ္စစ္ေဆးရာ စကားျပန္အျဖစ္ ေဆာင္ရြက္ေပး ခဲ့ေသာ ကုိေအာင္ႏုိင္စုိး၏ မိသား စု၀င္မ်ား၊ ယာဥ္ေမာင္း ဦးတင္လွ ၏မိသားစု၀င္မ်ားႏွင့္ မေလးရွား ႏုိင္ငံသူ၏ မိသားစု၀င္မ်ားအပါ အ၀င္ စင္ကာပူသံ႐ုံးမွ တာ၀န္ ရွိသူမ်ား တက္ေရာက္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


လွှတ်တော်အ ဆောက်အအုံကို ဒရုန်းဖြင့်ရိုက် ကူးရန်ကြိုးစားသူများအားပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် တရားစွဲဆိုထားမှု ပယ်ဖျက်ပေး ရန် တရားရုံးသ့ို ဦးတိုက်လျှောက် ထားခဲ့ကြောင်း စွပ်စွဲခံရသူများ၏ ရှေ့နေ ဦးခင်မောင်ဇော်က ပြော သည်။


လွှတ်တော်အဆောက်အအုံ ကို ဒရုန်းဖြင့်ရိုက်ကူးရန်ကြိုးစား ခဲ့မှုနှင့်ပတ်သက်၍ နိုဝင်ဘာ ၁၀ ရက်က တူရကီအခြေစိုက် TRT သတင်းဌာနမှ ပြည်ပဂျာနယ်လစ် နှစ်ဦး၊ စကားပြန်အဖြစ်လိုက်ပါ လာသူနှင့် ယာဉ်မောင်းအပါအ ဝင် လေးဦးကို ဇမ္ဗူသီရိမြို့နယ် တရားရုံးက လေယာဉ်အက်ဥပ ဒေပုဒ်မ ၁၀ ဖြင့် ထောင်ဒဏ်နှစ် လစီချမှတ်ခဲ့သည်။

ယမန်နေ့ရုံးထုတ်တွင် မူလ က တရားစွဲဆိုထားသော ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့်ပတ် သက်၍ ရုံးထုတ်စစ်ဆေးသည်။

ပို့ကုန်၊သွင်းကုန်ဥပဒေပုဒ်မ ၈ သည် လေယာဉ်အက်ဥပဒေ ပုဒ်မ ၁၀ အတွင်းရှိ ပုဒ်မခွဲ ၅၊၆၊ ၇ များနှင့်အကျုံးဝင်သောကြောင့် နှစ်ကြိမ်အပြစ်ပေးသည့်သဘော သက်ရောက်နေ၍ ယင်းပုဒ်မဖြင့် တရားစွဲဆိုမှုကို ပယ်ဖျက်ပေးရန် နိုဝင်ဘာ ၁၆ ရက်ရုံးချိန်းတွင် လျှောက်ထားခဲ့သည်ဟု တရား လွှတ်တော်ရှေ့နေ ဦးခင်မောင် ဇော်က ဆိုသည်။

လေယာဉ်အက်ဥပဒေပုဒ်မ ၁၀ အတွင်းရှိ ပုဒ်မခွဲ ၅၊၆၊၇ တွင် လေယာဉ်(သို့မဟုတ်) လေ ယာဉ်နှင့်တူသော ပစ္စည်းကို ဆောက်လုပ်ခြင်း၊ အခြားနိုင်ငံ များမှ တင်သွင်းခြင်း၊ ပျံသန်းသုံး စွဲခြင်းများပြုလုပ်ပါက လေယာဉ် အက်ဥပဒေ ၁၀ ဖြင့် တရားစွဲဆို နိုင်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုထား သည်ဟု ဦးခင်မောင်ဇော်က ပြော သည်။

‘‘အခုပုဒ်မ ၁၀ နဲ့အပြစ်ပေး ထားတာက အဲဒါတွေအကုန်လုံး လွှမ်းခြုံပြီးတော့ ပေးထားတာ။ ပျံ လို့ တစ်ခုတည်းပေးတာမဟုတ် ဘူး။ ဥပဒေအရဆိုရင် အဲဒီအ တွက် အပြစ်ပေးပြီးသားဖြစ်နေ ပြီ။ အဲဒီတော့ ဥပဒေမှာက လူ တစ်ယောက်ကို နှစ်ခါအပြစ်မပေး ရဘူးဆိုပြီးရှိတယ်။ အဲဒီတော့ ဒီဒရုန်းကို ပျံသန်းတာအပါအဝင် တင်သွင်းတဲ့ကိစ္စလည်း အပြစ် ပေးထားပြီးဖြစ်ပါတယ်။ အဲဒါကို အခု ပို့ကုန်၊သွင်းကုန်ကိစ္စနဲ့အပြစ် ထပ်ပေးမယ်ဆိုရင် နှစ်ထပ်အဖြစ် ပေးခြင်းထဲမှာ ဝင်နေတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ယင်းအတွက် လာမည့်နိုဝင် ဘာ ၂၀ ရက်(တနင်္လာနေ့)ရုံးချိန်း တွင် ဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ လျှောက်လဲချက်တင်သွင်းမည်ဟု ဦးခင်မောင်ဇော်က ဆိုသည်။

‘‘ကျွန်တော်တို့ လျှောက်လဲ ချက်ပေးမယ်။ တကယ်လို့ လက် မခံရင် အထက်အဆင့်ဆင့်တက် မယ်။ နောက်ဆုံးအမှုကို ချေဖျက် ပေးဖို့ တရားလွှတ်တော်အထိ တက်လို့ရတယ်’’ ဟု ၎င်းကပြော သည်။

ပို့ကုန်၊သွင်းကုန်ဥပဒေပုဒ်မ ၈ ကို ၎င်းတို့အနေဖြင့် ဒဏ်ငွေ ဖြင့်သာ ပြီးဆုံးမည်ဟု မျှော်လင့် ထားကြောင်း TRT သတင်းဌာနမှ ဂျာနယ်လစ်နှစ်ဦးကို စကားပြန် အဖြစ် လိုက်ပါဆောင်ရွက်ပေး သော ကိုအောင်နိုင်စိုးက ပြော သည်။

‘‘ကျွန်တော်တို့ကတော့ အ ကောင်းလို့ပဲ မျှော်လင့်ထားပါ တယ်’’ ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၁၆ ရက်က ဇမ္ဗူ သီရိမြို့နယ်တရားရုံးတွင် ဒုတိယ အကြိမ် ရုံးထုတ်စစ်ဆေးရာ စကားပြန်အဖြစ် ဆောင်ရွက်ပေး ခဲ့သော ကိုအောင်နိုင်စိုး၏ မိသား စုဝင်များ၊ ယာဉ်မောင်း ဦးတင်လှ ၏မိသားစုဝင်များနှင့် မလေးရှား နိုင်ငံသူ၏ မိသားစုဝင်များအပါ အဝင် စင်ကာပူသံရုံးမှ တာဝန် ရှိသူများ တက်ရောက်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top