Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×




Credit: Kyaw Swa Min
#Unicode Version#
၁၆ ရာစု ကတည်းက လာအို ကို ဘုရင့်နောင် အကြိမ်ကြိမ်ဝင်တိုက်တာ မအောင်ခဲ့ဘူး…ဘုရင့်နောင်လာတိုက်ရင် တာထူထူထဲ တမြို့လုံးဖျက်ပြီး လူမျိုးတမျိုးလုံး ပုန်းနေခဲ့ကြတယ်တဲ့… ပိဿနိုးလောက် တို့ ဇင်းမယ်တို့ လွယ်လွယ်ကူကူလုပ်ကြံနိုင်ခဲ့ပေမဲ့ ဘုရင်နောင်သာ နတ်ရွာစံသွားတယ် .. လာအိုကိုမရခဲ့ဘူး တဲ့…အရှေ့တောင်အာရှ က ကုန်းတွင်းပိတ်နိုင်ငံလေး… The Land of a million elephants ဆင်တသန်းနိုင်ငံ လို့ ခေါ်ခဲ့တယ်….

၁၉၆၄-၁၉၇၃ အမေရိကန်-ဗီယင်နမ်စစ်ပွဲ ကာလအတွင်း ဗီယက်နမ်၊ကမ္ဘောဒီးယား ကနေ လာအို နိုင်ငံ အထိ စစ်ကူးစက်လာခဲ့တယ်… အမေရိကန်ဟာ လာအိုကို မြေပြင်ကနေ တိုက်သိမ်းလို့မရတော့ လေယာဉ်တွေနဲ့ အကြိမ်ပေါင်း ငါးသိန်းရှစ်သောင်းကျော် ဝင်ပြီး ယန်း တန်ချိန် ၂သန်း… ဗုံးအလုံးပေါင်း သန်း၂၈၀ကျော် ကြဲချခဲ့တယ်…စစ်ပွဲကာလ အတွင်း ရှစ်မိနစ် တကြိမ်နှုံး ၂၄ နာရီ ၉ နှစ်တိတိ ဗုံးကြဲခဲ့တယ်ဆိုပဲ… ဒုတိယကမ္ဘာစစ် အတွင်း ဥရောပ တတိုက်လုံးမှာသုံးခဲ့တဲ့ ဗုံးအရေအတွက်ထက် ပိုသုံးခဲ့ပေမဲ့ လာအို နိုင်ငံကိုမသိမ်းပိုက်နိုင်ခဲ့ဘူး…လာအိုဟာ ကမ္ဘာမှာ ဗုံးအကြဲခံရဆုံးနိုင်ငံ အဖြစ် စံချိန်တင်ခဲ့တယ်…

စစ်ဒါဏ်အလူးအလဲခံခဲ့ရတဲ့ကုန်းတွင်းပိတ် နိုင်ငံငယ်လေး ဒုက္ခသုက္ခတွေများပြီး ငတ် ငတ် နေလို့ ကျွန်တော်တို့ငယ်ငယ်က ဆန်လှုပေးရတဲ့ နိုင်ငံလေး က အခု လူတဦးချင်းဝင်ငွေ တနှစ်ဒေါ်လာ ၂၃၅၃ ဒေါ်လာ.. မြန်မာငွေ သိန်းသုံးဆယ်ကျော် နဲ့ မြန်မာ နိုင်ငံရဲ့ တဦးချင်းဝင်ငွေထက် နှစ်ဆ ဝင်နေပြီ ဆိုရင် ယုံနိုင်ကြမလား?

ဖိုးသူတော် (www.phothutaw.com)
Credit: Kyaw Swa Min
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top