ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေက်ာက္ဖ႐ုံသီး သည္ ဖ႐ုံမ်ိဳးႏြယ္ဝင္ သစ္သီးတစ္မ်ိဳးျဖစ္သည္။ သို႔ေသာ္ ေရႊဖ႐ုံသီးႏွင့္ မတူကြဲျပားၿပီး အစိမ္းေရာင္ ရွိသည္။ အသားထူ၍ အေအးကို အားေပးေသာ အေအးစာတစ္မ်ိဳး ျဖစ္သည္။
ေက်ာက္ဖ႐ုံသီး တြင္ ဗီတာမင္ေအႏွင့္ ဗီတာမင္္ စီ အမ်ားဆုံး ပါဝင္ၿပီး ေက်ာက္ဖ႐ုံသီး အေစ့တြင္ ဗီတာမင္အီးဓာတ္ ပါဝင္သည္။

ဗီတာမင္အီးဓာတ္ ပါဝင္ေသာေၾကာင့္ ေလးဖက္နာေရာဂါ၊ အဆစ္ေရာင္ ေရာဂါႏွင့္ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါတို႔အတြက္ စားသုံးေပးသင့္ေသာ အစားအစာတစ္မ်ိဳး ျဖစ္သည္။
ေက်ာက္ဖ႐ုံသီး တြင္ ထုံးဓာတ္ ပါဝင္မႈ အနည္းငယ္ရွိေသာေၾကာင့္ အ႐ိုးႏွင့္ အဆစ္အတြက္ ေကာင္းမြန္ကာ သြားခိုင္မာမႈကိုလည္း အားေပးသည္။
အမ်ိဳးသမီးတုိ႔ အသားအေရ ခမ္းေျခာက္၍ အေရျပားတြင္ ပက္ၾကားအက္ထင္ျခင္း၊ အေရးအေၾကာင္းမ်ား ထင္ျခင္း၊ အသားအေရ အပူေလာင္ျခင္းတို႔အတြက္ ေက်ာက္ဖ႐ုံသီးကို စားသုံးေပးျခင္းျဖင့္ သက္သာေစႏိုင္သည္။ ထို႔အျပင္ အမ်ိဳးသားမ်ားအတြက္ ခြန္အားကို ျဖစ္ေစေၾကာင္း သိရသည္။

ေက်ာက္ဖ႐ုံသီး ကို စားသုံးျခင္းျဖင့္ ေခၽြးနံ႔တို႔ကို ေပ်ာက္ကင္းေစၿပီး အာခံတြင္းနံ႔ေကာင္းျခင္း၊ ကိုယ္ကာယမွ ထြက္ေသာ အနံ႔ဆိုးမ်ားကို ပယ္ရွားႏိုင္ျခင္း စသည့္ အက်ိဳးေက်းဇူးမ်ား ရရွိေစႏိုင္သည္။
ေက်ာက္ဖ႐ုံသီး သည္ အပုပ္နံ႔ဆိုးမ်ားကို စုပ္ယူႏိုင္စြမ္းရွိေသာေၾကာင့္ ေရွးလူႀကီးမ်ားက ေသသူအနီးတြင္ ထားရွိေလ့ရွိၾကသည္။

ထို႔အျပင္ ေရွးလူႀကီးသူမမ်ားက အိမ္တြင္ ေက်ာက္ဖ႐ုံသီး (၂) လုံးမွ (၃) လုံးအထိ ခ်ိတ္ဆြဲထားေသာ အေလ့အထလည္း ရွိခဲ့ဖူးသည္။
အဘယ့္ေၾကာင့္ဆိုေသာ္ ေက်ာက္ဖ႐ုံသီး ကို ခ်ိတ္ဆြဲထားျခင္းျဖင့္ အိမ္တြင္းရွိ မေကာင္းေသာ ေလဆိုး၊ ေလညစ္ႏွင့္ အပုပ္၊ အေညႇာ္နံ႔မ်ားကို စုပ္ယူသြားႏိုင္ျခင္းေၾကာင့္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myawady Health
#Unicode Version#
ကျောက်ဖရုံသီး သည် ဖရုံမျိုးနွယ်ဝင် သစ်သီးတစ်မျိုးဖြစ်သည်။ သို့သော် ရွှေဖရုံသီးနှင့် မတူကွဲပြားပြီး အစိမ်းရောင် ရှိသည်။ အသားထူ၍ အအေးကို အားပေးသော အအေးစာတစ်မျိုး ဖြစ်သည်။
ကျောက်ဖရုံသီး တွင် ဗီတာမင်အေနှင့် ဗီတာမင် စီ အများဆုံး ပါဝင်ပြီး ကျောက်ဖရုံသီး အစေ့တွင် ဗီတာမင်အီးဓာတ် ပါဝင်သည်။

ဗီတာမင်အီးဓာတ် ပါဝင်သောကြောင့် လေးဖက်နာရောဂါ၊ အဆစ်ရောင် ရောဂါနှင့် နှလုံးသွေးကြောကျဉ်း ရောဂါတို့အတွက် စားသုံးပေးသင့်သော အစားအစာတစ်မျိုး ဖြစ်သည်။
ကျောက်ဖရုံသီး တွင် ထုံးဓာတ် ပါဝင်မှု အနည်းငယ်ရှိသောကြောင့် အရိုးနှင့် အဆစ်အတွက် ကောင်းမွန်ကာ သွားခိုင်မာမှုကိုလည်း အားပေးသည်။
အမျိုးသမီးတို့ အသားအရေ ခမ်းခြောက်၍ အရေပြားတွင် ပက်ကြားအက်ထင်ခြင်း၊ အရေးအကြောင်းများ ထင်ခြင်း၊ အသားအရေ အပူလောင်ခြင်းတို့အတွက် ကျောက်ဖရုံသီးကို စားသုံးပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ထို့အပြင် အမျိုးသားများအတွက် ခွန်အားကို ဖြစ်စေကြောင်း သိရသည်။

ကျောက်ဖရုံသီး ကို စားသုံးခြင်းဖြင့် ချွေးနံ့တို့ကို ပျောက်ကင်းစေပြီး အာခံတွင်းနံ့ကောင်းခြင်း၊ ကိုယ်ကာယမှ ထွက်သော အနံ့ဆိုးများကို ပယ်ရှားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။
ကျောက်ဖရုံသီး သည် အပုပ်နံ့ဆိုးများကို စုပ်ယူနိုင်စွမ်းရှိသောကြောင့် ရှေးလူကြီးများက သေသူအနီးတွင် ထားရှိလေ့ရှိကြသည်။

ထို့အပြင် ရှေးလူကြီးသူမများက အိမ်တွင် ကျောက်ဖရုံသီး (၂) လုံးမှ (၃) လုံးအထိ ချိတ်ဆွဲထားသော အလေ့အထလည်း ရှိခဲ့ဖူးသည်။
အဘယ့်ကြောင့်ဆိုသော် ကျောက်ဖရုံသီး ကို ချိတ်ဆွဲထားခြင်းဖြင့် အိမ်တွင်းရှိ မကောင်းသော လေဆိုး၊ လေညစ်နှင့် အပုပ်၊ အညှော်နံ့များကို စုပ်ယူသွားနိုင်ခြင်းကြောင့် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myawady Health
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top