Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျမန္မာ့လက္ေရြးစင္ ေဘာလံုးသမားေဟာင္းႀကီး တဦးျဖစ္ၿပီး ယခင္စာတိုက္ႏွင့္ ေၾကးနန္း၀န္ႀကီးဌာန၏ ၀န္ထမ္းေဟာင္းတဦးျဖစ္သူ ဦးတင္ဦးသည္ လက္ရိွေနထိုင္ရာ ရန္ကုန္တိုင္းေဒသႀကီး ေက်ာက္တံတားၿမိဳ႕နယ္ရိွ ပို႔ေဆာင္ေရးနွင့္ ဆက္သြယ္ေရး၀န္ၾကီးဌာန၏ ၀န္ထမ္းအိမ္ရာမွ ေျပာင္းေရႊ႕ရန္ ညႊန္ၾကားခံထားရေသာေၾကာင့္ အခက္အခဲမ်ား ျဖစ္ေပၚလ်က္ရိွေနသည္။

ဦးတင္ဦးသည္ စာတိုက္ႏွင့္ ေၾကးနန္းေဘာလံုး အသင္းတြင္ ႏွစ္ေပါင္းမ်ားစြာ ကစားသမားအျဖစ္လည္း ေကာင္း၊ နည္းျပအျဖစ္လည္းေကာင္း လႈပ္ရွားေဆာင္ရြက္ခဲ့ၿပီး ၁၉၆၁ ခုနွစ္မွ ၁၉၆၃ ခုႏွစ္အထိ ျမန္မာ့ လက္ေရြးစင္ေဘာလံုးသမားအျဖစ္ ကစားခဲ့ကာ တိုင္းျပည္ႏွင့္ ၀န္ႀကီးဌာနအတြက္ ေပးဆပ္ခဲ့ေသာ္လည္း အသက္အရြယ္ႀကီးရင့္ခိ်န္တြင္ ေျပာင္းေရႊ႕ခိုင္းေသာေၾကာင့္ စိတ္ထိခိုက္လ်က္ရိွေနသည္။

????????????????????????????????????
ထို႔ေၾကာင့္ ဦးတင္ဦးေနထိုင္ရာ အမွတ္(၁၂၅)၊ ပန္းဆိုးတန္းလမ္း၊ ေက်ာက္တံတားၿမိဳ႕နယ္ရိွ ေၾကးနန္း ႐ံုး၀န္ထမ္းအိမ္ရာသို႔ သြားေရာက္ေတြ႕ဆံုေမးျမန္းခဲ့မႈမ်ားကို ေဖာ္ျပလိုက္ပါသည္။

အဘရဲ႕ငယ္ဘ၀နဲ႔ ျမန္မာ့လက္ေရြးစင္ကစားသမားျဖစ္လာပံုေလး သိပါရေစ။

ကြ်န္ေတာ့ဇာတိက ကြမ္းျခံကုန္းကပါ။ ငယ္ငယ္ေလးတည္းက မိဘေတြဆံုးသြားလို႔ အသက္ ၇ နွစ္သားေလာက္မွာ ရန္ကုန္ လွည္းတန္းနားက ဆင္ေရတြင္းမွာ အေဒၚေတြနဲ႔အတူေနခဲ့ရပါတယ္။ ငယ္ငယ္က တကၠသိုလ္ေဘာလံုးကြင္းထဲက တင္းနစ္ကြင္းထဲမွာ တင္းနစ္ေဘာလံုးေကာက္ပါတယ္။ တေန႔က်ေတာ့ တကၠသိုလ္လက္ေရြးစင္အသင္းရဲ႕နည္းျပျဖစ္တဲ့ ဆရာၿငိမ္းက ကြ်န္ေတာ့ကို ေဟ့ေကာင္ ကုလားေလး မင္းတင္းနစ္ေဘာလံုးမေကာက္နဲ႔ ငါတို႔ကန္တဲ့ေဘာလံုးကို လာေကာက္ေပးမလား။ မင္းကို ေဘာလံုးပညာ သင္ေပးမယ္လို႔ေျပာတယ္။ ကြ်န္ေတာ္လည္း ေဘာလံုး တအားကန္ခ်င္ေနတာဆိုေတာ့ ဆရာျငိမ္းရဲ႕ကမ္းလွမ္း မႈကို လက္ခံလိုက္တယ္။ ေဘာလံုးေကာက္ေပးတယ္။ ဆရာၿငိမ္းနဲ႔ သူ႔တပည့္ေတြက ကြ်န္ေတာ့္ကို ေဘာလံုး ပညာသင္ေပးတယ္။ အစတုန္းကေတာ့ ရပ္ကြက္ပဲြေတြမွာ ကစားတယ္။ ေနာက္ စာတိုက္နဲ႔ေၾကးနန္း အသင္းက ကြ်န္ေတာ့ကို ေခၚကစားတာနဲ႔ စာတိုက္နဲ႔ ေၾကးနန္းအသင္းမွာ ကစားျဖစ္တယ္။ အဲဒီမွာပဲ ကြ်န္ေတာ့ကို ၀န္ထမ္းအျဖစ္ခန္႔တယ္။ လက္ေရြးစင္အေနနဲ႔ေျပာရရင္ ၁၉၆၁ ခုနွစ္မွာ လူငယ္လက္ေရြးစင္ အေနနဲ႔ ယိုးဒယားကိုသြားၿပီး ကစားခဲ့တယ္။ ဗမာ့လက္ေရြးစင္အေနနဲ႔ ပါကစၥတန္နဲ႔ မေလးရွားႏိုင္ငံေတြကို သြားၿပီးေတာ့ ကစားခဲ့တယ္။

အဘနဲ႔ ေခတ္ၿပိဳင္ကစားခဲ့တဲ့ ကစားသမားေတြကိုေရာ မွတ္မိလား။

ကြ်န္ေတာ္နဲ႔အတူတူ ကစားခဲ့ၾကတဲ့သူေတြထဲမွာဆိုရင္ ဗဟာဒူး၊ ကိုကိုႀကီး၊ တင္ေအး၊ လွေရႊ၊ ေမာင္သိန္း၊ ၀င္းၾကည္၊ သန္းလြင္၊ အံုးေဖ၊ ဟန္ဆင္း၊ ခ်စ္လိႈင္၊ သန္းေထြး၊ ဟန္ကိုလွ်န္၊ ခင္ေမာင္ထြန္း(ဂိုး) တို႔ကိုေတာ့ မွတ္မိေနပါတယ္။ ကြ်န္ေတာ္က ေနာက္တန္း ဘယ္အစြန္၊ ညာအစြန္ဆိုက္ကေန ကစားတာပါ။ ေက်ာနံပါတ္က ၅။ အျပင္မွာေတာ့ ကြ်န္ေတာ္ တခါမွ ရန္မျဖစ္ဖူးဘူး။ ရန္ကိုေရွာင္ေလ့ရိွပါတယ္။ ကြင္းထဲေရာက္ရင္ေတာ့ ကြ်န္ေတာ္က တြန္းတြန္းတိုက္တိုက္ ကစားပါတယ္။ အဲဒီေခတ္က စာေစာင္ေတြမွာ ကြ်န္ေတာ္က အသားမည္းေတာ့ ပုလဲနက္နဲ႔တင္စားၿပီး ပုလဲနက္တင္ဦးလို႔ေရးၾကတာေတြလည္း ရိွပါတယ္။

အခု အဘတို႔လက္ရိွေနတဲ့ ၀န္ထမ္းအိမ္ရာ အခန္းကို ဖယ္ေပးရမယ္ဆိုၿပီး ညႊန္ၾကားခံထားရ တယ္လို႔သိရပါတယ္။ အဲဒီအေျခအေနေလးနဲ႔ ပတ္သက္ၿပီး ရွင္းျပေပးပါလား။

ကြ်န္ေတာ္တို႔ ဒီမွာေနလာတာ ႏွစ္ေပါင္း ၃၀ ေက်ာ္ပါၿပီ။ ကြ်န္ေတာ္ သက္ျပည့္အၿငိမ္းစားယူေတာ့ ကြ်န္ေတာ့သမီးကလည္း ဒီ႐ံုးမွာပဲ ၀န္ထမ္းျဖစ္တဲ့အခါၾကေတာ့ သမီးရဲ႕အမည္နဲ႔ ဆက္လက္ေနထိုင္ပါတယ္။ ကြ်န္ေတာ့္မွာ သားတေယာက္ သမီးတေယာက္ရိွပါတယ္။ သားျဖစ္တဲ့သူက ဒီနွစ္ေလးလပိုင္းမွာ ဆံုးသြားပါတယ္။ သမီးကေလးကေတာ့ ဒီႏွစ္ ငါးလပိုင္းမွာ ဆံုးပါတယ္။ တလအတြင္းမွာ ေရွ႕ဆင့္ေနာက္ဆင့္ ဆံုးသြားၾကတာပါ။ အခု ကြ်န္ေတာ့္ဇနီးနဲ႔ ကြ်န္ေတာ္ပဲ က်န္ေတာ့တယ္။ ကြ်န္ေတာ္က ၇၅ ႏွစ္ ဇနီးက ၇၀၊ အိုႀကီးအိုမေတြ ျဖစ္ေနပါၿပီ။ ေအာက္တိုဘာ ၁၆ ရက္မွာ တာ၀န္ထမ္းေဆာင္ဆဲ ၀န္ထမ္းေတြထဲမွာ ေနေရးထိုင္ေရး အခက္အခဲရိွတဲ့သူေတြက အိမ္ရာေလွ်ာက္တာေတြရိွတဲ့အတြက္ လက္ရိွအၿငိမ္းစား ၀န္ထမ္းေတြအေနနဲ႔ ေဆာလ်င္စြာ ဖယ္ရွားေပးဖို႔နဲ႔ ဖယ္ရွားေပးႏိုင္မယ့္ရက္ကို ျပန္လည္တင္ျပေပးရန္ အေၾကာင္းၾကားပါသည္ဆိုၿပီးေတာ့ ရန္ကုန္တိုင္းေဒသႀကီး ျမန္မာ့စာတိုက္လုပ္ငန္း ဦးေသာင္းႏိုင္စိုးလက္မွတ္ နဲ႔ စာပို႔ထားပါတယ္။

ေျပာင္းဖို႔ေရႊ႕ဖို႔ေရာ ဘယ္လို ျပင္ဆင္ေဆာင္ရြက္ေနပါသလဲ။

ကြ်န္ေတာ့္အေနနဲ႔လည္း လက္ရိွအေျခအေနမွာ ေခ်ာ္လဲထားတဲ့အတြက္ ေျခေထာက္မေကာင္းပါဘူး။ ကြ်န္ေတာ့ ပင္စင္ရယ္၊ သမီး ပင္စင္ရယ္ေပါင္းရင္ တသိန္းေက်ာ္ေလာက္ရပါတယ္။ အဲဒါေလးနဲ႔ စားေသာက္ေနပါတယ္။ ေျပာင္းဖို႔ အခက္အခဲရိွပါတယ္။ အဲဒါေၾကာင့္ ၂၀၁၈ ခုနွစ္ တနွစ္ေလာက္ ဆက္ေနခြင့္ရဖို႔အတြက္ အသနားခံစာကို ေအာက္တိုဘာ ၂၅ ရက္ ရက္စဲြနဲ႔ ျပန္တင္ျပထားပါတယ္။ လက္ရိွ အခိ်န္အထိေတာ့ အေၾကာင္းမျပန္ေသးပါဘူး။

အဘအေနနဲ႔ ဘာမ်ားျဖည့္စြက္ၿပီး ေျပာခ်င္တာရိွပါသလဲ။

ကြ်န္ေတာ္တို႔ေခတ္က ေဘာလံုးသမားေတြဆိုတာ သိပ္ၿပီးေတာ့ ႀကိဳးစားၾကပါတယ္။ အေထာက္ အကူပစၥည္းဆိုလို႔လည္း ဘာမွသိပ္မရိွပါဘူး။ ဒီေခတ္ ေဘာလံုးသမားေတြကို ေျပာခ်င္တာက ႀကိဳးစားေစ ခ်င္တယ္။ ကြ်န္ေတာ္ဆိုရင္ တႏိုင္ငံလံုးလွည့္ၿပီး ေဘာလံုးပတ္ကန္ေနတာ ကေလးေတြ ဘယ္ႏွတန္း ေရာက္လို႔ေရာက္မွန္း မသိဘူး။ သူ႔အေမပဲေနာက္ကေန အုပ္ထိန္းေပးခဲ့တာ။ ကြ်န္ေတာ္အသက္လည္း ၾကီးပါၿပီ။ ကြ်န္ေတာ့္ဘ၀ကို ေအးေအးခ်မ္းခ်မ္းေလးပဲ ျဖတ္သန္းသြားခ်င္ပါတယ္။

မွတ္ခ်က္ ။ ။ ဦးတင္ဦးအတြက္ အလွဴေငြ လွဴဒါန္းလိုပါက တပည့္ေဟာင္းမ်ားျဖစ္သည့္ ဦးဟန္လင္း (ျမန္မာ့လက္ေရြးစင္ေဟာင္း) ၀၉-၅၀၁၉၄၁၉၊ ကိုဇာနည္တင္ ၀၉-၉၆၃၆၀၃၃၂၉ တို႔ထံ ဆက္သြယ္ လွဴဒါန္းႏိုင္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းကြီး တဦးဖြစ်ပြီး ယခင်စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ဝန်ထမ်းဟောင်းတဦးဖြစ်သူ ဦးတင်ဦးသည် လက်ရှိနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာမှ ပြောင်းရွှေ့ရန် ညွှန်ကြားခံထားရသောကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိနေသည်။

ဦးတင်ဦးသည် စာတိုက်နှင့် ကြေးနန်းဘောလုံး အသင်းတွင် နှစ်ပေါင်းများစွာ ကစားသမားအဖြစ်လည်း ကောင်း၊ နည်းပြအဖြစ်လည်းကောင်း လှုပ်ရှားဆောင်ရွက်ခဲ့ပြီး ၁၉၆၁ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ မြန်မာ့ လက်ရွေးစင်ဘောလုံးသမားအဖြစ် ကစားခဲ့ကာ တိုင်းပြည်နှင့် ဝန်ကြီးဌာနအတွက် ပေးဆပ်ခဲ့သော်လည်း အသက်အရွယ်ကြီးရင့်ချိန်တွင် ပြောင်းရွှေ့ခိုင်းသောကြောင့် စိတ်ထိခိုက်လျက်ရှိနေသည်။

????????????????????????????????????
ထို့ကြောင့် ဦးတင်ဦးနေထိုင်ရာ အမှတ်(၁၂၅)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်ရှိ ကြေးနန်း ရုံးဝန်ထမ်းအိမ်ရာသို့ သွားရောက်တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။

အဘရဲ့ငယ်ဘဝနဲ့ မြန်မာ့လက်ရွေးစင်ကစားသမားဖြစ်လာပုံလေး သိပါရစေ။

ကျွန်တော့ဇာတိက ကွမ်းခြံကုန်းကပါ။ ငယ်ငယ်လေးတည်းက မိဘတွေဆုံးသွားလို့ အသက် ၇ နှစ်သားလောက်မှာ ရန်ကုန် လှည်းတန်းနားက ဆင်ရေတွင်းမှာ အဒေါ်တွေနဲ့အတူနေခဲ့ရပါတယ်။ ငယ်ငယ်က တက္ကသိုလ်ဘောလုံးကွင်းထဲက တင်းနစ်ကွင်းထဲမှာ တင်းနစ်ဘောလုံးကောက်ပါတယ်။ တနေ့ကျတော့ တက္ကသိုလ်လက်ရွေးစင်အသင်းရဲ့နည်းပြဖြစ်တဲ့ ဆရာငြိမ်းက ကျွန်တော့ကို ဟေ့ကောင် ကုလားလေး မင်းတင်းနစ်ဘောလုံးမကောက်နဲ့ ငါတို့ကန်တဲ့ဘောလုံးကို လာကောက်ပေးမလား။ မင်းကို ဘောလုံးပညာ သင်ပေးမယ်လို့ပြောတယ်။ ကျွန်တော်လည်း ဘောလုံး တအားကန်ချင်နေတာဆိုတော့ ဆရာငြိမ်းရဲ့ကမ်းလှမ်း မှုကို လက်ခံလိုက်တယ်။ ဘောလုံးကောက်ပေးတယ်။ ဆရာငြိမ်းနဲ့ သူ့တပည့်တွေက ကျွန်တော့်ကို ဘောလုံး ပညာသင်ပေးတယ်။ အစတုန်းကတော့ ရပ်ကွက်ပွဲတွေမှာ ကစားတယ်။ နောက် စာတိုက်နဲ့ကြေးနန်း အသင်းက ကျွန်တော့ကို ခေါ်ကစားတာနဲ့ စာတိုက်နဲ့ ကြေးနန်းအသင်းမှာ ကစားဖြစ်တယ်။ အဲဒီမှာပဲ ကျွန်တော့ကို ဝန်ထမ်းအဖြစ်ခန့်တယ်။ လက်ရွေးစင်အနေနဲ့ပြောရရင် ၁၉၆၁ ခုနှစ်မှာ လူငယ်လက်ရွေးစင် အနေနဲ့ ယိုးဒယားကိုသွားပြီး ကစားခဲ့တယ်။ ဗမာ့လက်ရွေးစင်အနေနဲ့ ပါကစ္စတန်နဲ့ မလေးရှားနိုင်ငံတွေကို သွားပြီးတော့ ကစားခဲ့တယ်။

အဘနဲ့ ခေတ်ပြိုင်ကစားခဲ့တဲ့ ကစားသမားတွေကိုရော မှတ်မိလား။

ကျွန်တော်နဲ့အတူတူ ကစားခဲ့ကြတဲ့သူတွေထဲမှာဆိုရင် ဗဟာဒူး၊ ကိုကိုကြီး၊ တင်အေး၊ လှရွှေ၊ မောင်သိန်း၊ ဝင်းကြည်၊ သန်းလွင်၊ အုံးဖေ၊ ဟန်ဆင်း၊ ချစ်လှိုင်၊ သန်းထွေး၊ ဟန်ကိုလျှန်၊ ခင်မောင်ထွန်း(ဂိုး) တို့ကိုတော့ မှတ်မိနေပါတယ်။ ကျွန်တော်က နောက်တန်း ဘယ်အစွန်၊ ညာအစွန်ဆိုက်ကနေ ကစားတာပါ။ ကျောနံပါတ်က ၅။ အပြင်မှာတော့ ကျွန်တော် တခါမှ ရန်မဖြစ်ဖူးဘူး။ ရန်ကိုရှောင်လေ့ရှိပါတယ်။ ကွင်းထဲရောက်ရင်တော့ ကျွန်တော်က တွန်းတွန်းတိုက်တိုက် ကစားပါတယ်။ အဲဒီခေတ်က စာစောင်တွေမှာ ကျွန်တော်က အသားမည်းတော့ ပုလဲနက်နဲ့တင်စားပြီး ပုလဲနက်တင်ဦးလို့ရေးကြတာတွေလည်း ရှိပါတယ်။

အခု အဘတို့လက်ရှိနေတဲ့ ဝန်ထမ်းအိမ်ရာ အခန်းကို ဖယ်ပေးရမယ်ဆိုပြီး ညွှန်ကြားခံထားရ တယ်လို့သိရပါတယ်။ အဲဒီအခြေအနေလေးနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါလား။

ကျွန်တော်တို့ ဒီမှာနေလာတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ ကျွန်တော် သက်ပြည့်အငြိမ်းစားယူတော့ ကျွန်တော့သမီးကလည်း ဒီရုံးမှာပဲ ဝန်ထမ်းဖြစ်တဲ့အခါကြတော့ သမီးရဲ့အမည်နဲ့ ဆက်လက်နေထိုင်ပါတယ်။ ကျွန်တော့်မှာ သားတယောက် သမီးတယောက်ရှိပါတယ်။ သားဖြစ်တဲ့သူက ဒီနှစ်လေးလပိုင်းမှာ ဆုံးသွားပါတယ်။ သမီးကလေးကတော့ ဒီနှစ် ငါးလပိုင်းမှာ ဆုံးပါတယ်။ တလအတွင်းမှာ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားကြတာပါ။ အခု ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ပဲ ကျန်တော့တယ်။ ကျွန်တော်က ၇၅ နှစ် ဇနီးက ၇၀၊ အိုကြီးအိုမတွေ ဖြစ်နေပါပြီ။ အောက်တိုဘာ ၁၆ ရက်မှာ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းတွေထဲမှာ နေရေးထိုင်ရေး အခက်အခဲရှိတဲ့သူတွေက အိမ်ရာလျှောက်တာတွေရှိတဲ့အတွက် လက်ရှိအငြိမ်းစား ဝန်ထမ်းတွေအနေနဲ့ ဆောလျင်စွာ ဖယ်ရှားပေးဖို့နဲ့ ဖယ်ရှားပေးနိုင်မယ့်ရက်ကို ပြန်လည်တင်ပြပေးရန် အကြောင်းကြားပါသည်ဆိုပြီးတော့ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့စာတိုက်လုပ်ငန်း ဦးသောင်းနိုင်စိုးလက်မှတ် နဲ့ စာပို့ထားပါတယ်။

ပြောင်းဖို့ရွှေ့ဖို့ရော ဘယ်လို ပြင်ဆင်ဆောင်ရွက်နေပါသလဲ။

ကျွန်တော့်အနေနဲ့လည်း လက်ရှိအခြေအနေမှာ ချော်လဲထားတဲ့အတွက် ခြေထောက်မကောင်းပါဘူး။ ကျွန်တော့ ပင်စင်ရယ်၊ သမီး ပင်စင်ရယ်ပေါင်းရင် တသိန်းကျော်လောက်ရပါတယ်။ အဲဒါလေးနဲ့ စားသောက်နေပါတယ်။ ပြောင်းဖို့ အခက်အခဲရှိပါတယ်။ အဲဒါကြောင့် ၂၀၁၈ ခုနှစ် တနှစ်လောက် ဆက်နေခွင့်ရဖို့အတွက် အသနားခံစာကို အောက်တိုဘာ ၂၅ ရက် ရက်စွဲနဲ့ ပြန်တင်ပြထားပါတယ်။ လက်ရှိ အချိန်အထိတော့ အကြောင်းမပြန်သေးပါဘူး။

အဘအနေနဲ့ ဘာများဖြည့်စွက်ပြီး ပြောချင်တာရှိပါသလဲ။

ကျွန်တော်တို့ခေတ်က ဘောလုံးသမားတွေဆိုတာ သိပ်ပြီးတော့ ကြိုးစားကြပါတယ်။ အထောက် အကူပစ္စည်းဆိုလို့လည်း ဘာမှသိပ်မရှိပါဘူး။ ဒီခေတ် ဘောလုံးသမားတွေကို ပြောချင်တာက ကြိုးစားစေ ချင်တယ်။ ကျွန်တော်ဆိုရင် တနိုင်ငံလုံးလှည့်ပြီး ဘောလုံးပတ်ကန်နေတာ ကလေးတွေ ဘယ်နှတန်း ရောက်လို့ရောက်မှန်း မသိဘူး။ သူ့အမေပဲနောက်ကနေ အုပ်ထိန်းပေးခဲ့တာ။ ကျွန်တော်အသက်လည်း ကြီးပါပြီ။ ကျွန်တော့်ဘဝကို အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်းသွားချင်ပါတယ်။

မှတ်ချက် ။ ။ ဦးတင်ဦးအတွက် အလှူငွေ လှူဒါန်းလိုပါက တပည့်ဟောင်းများဖြစ်သည့် ဦးဟန်လင်း (မြန်မာ့လက်ရွေးစင်ဟောင်း) ၀၉-၅၀၁၉၄၁၉၊ ကိုဇာနည်တင် ၀၉-၉၆၃၆၀၃၃၂၉ တို့ထံ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top