ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

Dry Mouth (ခံတြင္းေျခာက္ျခင္း) ကဘာလဲ။

Xerostomia လို႔ေခၚတဲ့ခံတြင္းေျခာက္ျခင္းဟာ တံေတြးအထြက္နည္းျခင္းေၾကာင့္ျဖစ္ရတာပါ။ ဒါဟာေရာဂါတစ္ခုေတာ့မဟုတ္ေပမယ့္ က်န္းမာေရးအေျခအေနတစ္ခုခုရဲ႕ လကၡဏာတစ္ရပ္ျဖစ္နိုင္သလို antihistamines၊ ႏွာပိတ္သက္သာေဆး၊ အကိုက္အခဲေပ်ာက္ေဆး၊ဆီးေဆး နဲ႔အျခားေသာေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြလည္းျဖစ္နိုင္ပါတယ္။

တံေတြးဟာ သြားေတြမပ်က္စီးေအာင္နဲ႔ ပါးစပ္ထဲမွာရွိတဲ့ နူးညံ့တဲ့တစ္သွ်ဴးေတြ၊ မာေက်ာတဲ့တစ္သွ်ဴးေတြ စတာေတြကို က်န္းမာေနေစဖို႔ ထိန္းညွိေပးတဲ့ ခံတြင္းရဲ႕အေျခခံတိုက္စစ္လည္းျဖစ္ပါတယ္။ တံေတြးဟာ အစာေတြနဲ႔ အျခားေသာအပိုင္းအစေတြကိုဖယ္ရွားရွင္းလင္းေပးျပီး ပါးစပ္ထဲမွာရွိတဲ့ ဘက္တီးရီးယားေတြကထုတ္လႊတ္လိုက္တဲ့ အက္ဆစ္ေတြကို ဓာတ္ျပယ္ေစပါတယ္။ ဒါတင္မကပါဘူး ေရာဂါေတြကိုတိုက္ဖ်က္နိုင္တဲ့အရာေတြကိုလည္း ပါးစပ္ထဲမွာထုတ္ေပးတဲ့အျပင္ ေရာဂါျဖစ္ေစနုိင္တဲ့ ပိုးမႊားေတြ၀င္ေရာက္လာမႈနဲ႔ၾကီးထြားလာမႈတို႔ကို ေရွ႕တန္းက ကာကြယ္ေပးေနတာပါ။
ခံတြင္းေျခာက္တာနဲ႔ဆက္စပ္ေနတဲ့ အျဖစ္မ်ားတဲ့ျပႆနာေတြကေတာ့ လည္ေခ်ာင္းၾကာရွည္နာျခင္း၊ ပူေလာင္ေနသလိုခံစားရျခင္း၊ စကားေျပာရ ဒုကၡေရာက္ျခင္း၊ ျမိဳခ်ရခက္ျခင္း၊ အသံ၀င္ျခင္း၊သို႔မဟုတ္ ႏွာေခါင္းလမ္းေၾကာင္းေျခာက္ေသြ႕ျခင္း စတာေတြပါ၀င္ပါတယ္။ အခ်ိဳ႕အေျခအေနေတြမွာ ခံတြင္းေျခာက္ျခင္းဟာ Sjőgren’s syndrome (ရွဴိးဂရင္း ေရာဂါ) ရဲ႕လကၡဏာတစ္ရပ္လည္းျဖစ္နိုင္ပါေသးတယ္။ Sjőgren’s syndrome ဆိုတာဟာ နာတာရွည္ခုခံအားဆိုင္ရာျပႆနာျဖစ္ျပီး ဒီအေျခအေနမွာ ခႏၶာကိုယ္ထဲက ခုခံအားဟာ သူ႔ကိုယ္ပိုင္ အစိုဓာတ္ထုတ္ေပးတဲ့ဂလင္းေတြ၊ မ်က္ရည္ဂလင္းနဲ႔ တံေတြးဂလင္းေတြအျပင္ အျခားကိုယ္အဂၤါအစိတ္အပိုင္းေတြကိုပါ မွားယြင္းျပီးတိုက္ခိုက္ေနတာမ်ိဳးပါ။
လကၡဏာမ်ား
Dry Mouth (ခံတြင္းေျခာက္ျခင္း) ရဲ႕လကၡဏာေတြကဘာေတြလဲ

တကယ္လို႔သင္က တံေတြးအထြက္နည္းတယ္ဆိုရင္ အခ်ိန္တိုင္းသို႔မဟုတ္ အခ်ိန္အမ်ားစုမွာ ေအာက္ပါလကၡဏာေတြကုိ ခံစားေနရမွာပါ။
• ပါးစပ္ထဲမွာေျခာက္ကပ္ေနျခင္း
• ေရမၾကာခဏဆာျခင္း
• ပါးစပ္တြင္းအနာျဖစ္ျခင္း၊ (ပါးစပ္ေထာင့္ေတြကြဲတာ သို႔မဟုတ္ အနာျဖစ္တာ၊ နႈတ္ခမ္းကြဲတာ စတာမ်ိဳးေတြပါ။)
• လည္ေခ်ာင္းေျခာက္ျခင္း
• ပါးစပ္ထဲမွာ အထူးသျဖင့္ လွ်ာမွာ ပူေနတာ သို႔မဟုတ္ တဆစ္ဆစ္ေနတဲ့ ခံစားမႈမ်ိဳးရေနျခင္း
• လွ်ာဟာ ေျခာက္ေသြ႕နီရဲျပီးနာက်င္ေနျခင္း
• စကားေျပာရာမွာျပႆနာရွိျခင္း သို႔မဟုတ္ အရသာခံရာမွာ ၊ ၀ါးတဲ့ေနရာမွာ၊ ျမိဳခ်တဲ့ေနရာမွာ အဆင္မေျပျဖစ္ျခင္း
• အသံ၀င္ျခင္း၊ နွာေခါင္းလမ္းေၾကာင္းေျခာက္ျခင္းနဲ႔ လည္ေခ်ာင္းနာျခင္း
• ခံတြင္းနံ႔ဆိုးျခင္း
အထက္မွာေဖာ္ျပထားတဲ့အထဲမွာမပါ၀င္တဲ့ အျခားေသာလကၡဏာေတြလည္းရွိႏုိင္ပါေသးတယ္။ တကယ္လို႔ကိုယ့္ဆီမွာ ေရာဂါလကၡဏာတစ္ခုခုမ်ားရွိေနမလားဆိုျပီး စိုးရိမ္ေနမယ္ဆိုရင္ ဆရာ၀န္နဲ႔ ေဆြးေႏြးတုိင္ပင္သင့္ပါတယ္။
ဘယ္အခ်ိန္မွာ ဆရာ၀န္နဲ႔ သြားေရာက္ေတြ႔ဆံုသင့္သလဲ

တကယ္လို႔သင္က ခံတြင္းေျခာက္ျခင္းရဲ႕ သေကၤတနဲ႔ လကၡဏာေတြကို ခံစားလာရတယ္ဆိုရင္ သြားဆရာ၀န္ သို႔မဟုတ္ မိသားစုဆရာ၀န္နဲ႔ သြားေတြ႕ပါ။
ကာကြယ္ျခင္းႏွင့္ ကုသမႈ
Dry Mouth (ခံတြင္းေျခာက္ျခင္း) ကို ဘယ္္လိုကာကြယ္မလဲ

ခံတြင္းေျခာက္ျခင္းဟာ အျဖစ္မ်ားျပီး မ်ားေသာအားျဖင့္ေတာ့ ကာကြယ္လို႔ရပါတယ္။ ေအာ္ပါအခ်က္ေတြကို လိုက္နာၾကည့္ပါ။
• တစ္ရက္ကို ေရ ၂လီတာေသာက္ပါ။ ဒါက ၂၅၀မီလီလီတာရွိတဲ့ ဖန္ခြက္၈ခြက္စာေရပမာဏပါပဲ။
• အိမ္မွာေရေငြ႕ေပးစက္ကိုသံုးပါ။ အထူးသျဖင့္ အိပ္ခန္းထဲမွာေပါ့။
• ပါးစပ္နဲ႔အသက္ရွဴမယ့္အစား နွာေခါင္းနဲ႔ရွဴပါ။
• ခံတြင္းေျခာက္ေစတဲ့ ေဆးေတြမေသာက္ပါနဲ႔။ အဆိုပါေဆးေတြထဲမွာ ဆီးေဆး၊ antihistamines နဲ႔ ႏွာပိတ္သက္သာေဆး စတာေတြပါ၀င္ပါတယ္။ သင့္ဆရာ၀န္က အျခားေဆးတစ္ခုကို ညႊန္းေပးနိုင္ပါလိမ့္မယ္။
• ကဖိန္းပါတဲ့ေသာက္စရာေတြ၊ ေဆးရြက္ၾကီးနဲ႔ အရက္စတာေတြကိုေရွာင္ပါ။ ဒီအရာအားလံုးဟာ ခံတြင္းထဲမွာေျခာက္ေသြ႕ေနမႈကို ပိုတိုးလာေစပါတယ္။
Dry Mouth (ခံတြင္းေျခာက္ျခင္း) ကို ဘယ္္လိုကုသပါသလဲ

ဆရာ၀န္နဲ႔ သြားဆရာ၀န္ေတြဆီက အၾကံေပးခ်က္ေတြအျပင္ ေအာက္ပါအခ်က္ေတြကလည္း သင့္ရဲ႕ေ၀ဒနာေတြကို သက္သာေစမွာပါ။
• တစ္ေန႔လံုး သင့္ခံတြင္းကို အစိုဓာတ္ေပးနိုင္ေအာင္ ေရသို႔မဟုတ္ သၾကားမပါတဲ့အရည္ကိုေသာက္ပါ။ သို႔မဟုတ္ ေရခဲတံုးေတါကို ငံုထားပါ။ ၀ါးတာနဲ႔ျမိဳခ်ရတာကို အဆင္ေျပေစဖို႔ အစာစားတဲ့အခ်ိန္မွာ ေရေသာက္ေပးပါ။
• သၾကားမပါတဲ့ပီေကကို၀ါးပါ။ သို႔မဟုတ္ သၾကားမပါတဲ့ခ်ိဳခ်ဥ္အမာေတြငံုပါ။ ဒါေပမယ့္အခ်ိဳ႕လူေတအတြက္ သၾကားမပါတဲ့ပီေကနဲ႔ခ်ိဳခ်ဥ္ေတြမွာေတြ႕ရတဲ့ xylitol ဟာ မ်ားမ်ားစားရင္ ၀မ္းပ်က္ျခင္း သို႔မဟုတ္ ဗိုက္ေအာက္ပိုင္းေအာင့္ျခင္းေတြကိုျဖစ္ေစနိုင္ပါတယ္။
• Biotene Oral Balance လိုမ်ိဳး Carboxymethyl cellulose သို႔မဟုတ္ hydroxyethyl cellulose ပါ၀င္တဲ့ ေဆးဆုိင္မွာ ကိုယ္တုိင္၀ယ္လို ့ရတဲ့ တံေတြးအစားထိုးပစၥည္းေတြကို သံုးၾကည့္ပါ။
• ပါးစပ္နဲ႔အသက္မရွဴဘဲ နွာေခါင္းနဲ့အသက္ရွဴပါ။ ညဘက္ေတြမွာ ပါးစပ္နဲ႔အသက္ရွဴတာျဖစ္ေစနုိင္တဲ့ အိပ္ေဟာက္ျခင္းကိုကုသဖို႔နည္းလမ္း ရွာပါ။
• ညဘက္ဆို အခန္းထဲကို အခန္းတြင္းေရေငြ႕ေပးစက္ကိုသံုးျပီး အစိုဓာတ္ေပးပါ။
• ႏႈတ္ခမ္းေျခာက္တာေတြ ကြဲတာေတြကိုေခ်ာေမြ႕သြားေစဖို႔ ႏႈတ္ခမ္းကိုအစိုဓာတ္ျဖည့္ပါ။
ေရာဂါအေျခအေနပိုဆိုးသြားေစမယ့္ပစၥည္းေတြကိုေရွာင္ပါ။ ဒီပစၥည္းေတြကေတာ့
• အရက္နဲ႔ ကဖိန္းဓာတ္ေတြ။ ဒီပစၥည္းေတြဟာ ေျခာက္ေသြ႕နာက်င္ျခင္းေတြကိုျဖစ္ေစပါတယ္။ alcohol ပါတဲ့ခံတြင္းသန္႔စင္ေဆးရည္ကုိ မသံုးပါနဲ႔။
• ေဆးရြက္ၾကီးနဲ႔ပတ္သက္တာမွန္သမွ် မသံုးပါနဲ႔။ တကယ္လို႔ သင္က ေဆးရြက္ၾကီးကို ရွဴတယ္၊ ၀ါးတယ္ဆိုရင္ ရပ္လိုက္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ ေဆးရြက္ၾကီးပါ၀င္ပစၥည္းေတြဟာ ခံတြင္းကိုေျခာက္ေသြ႕နာက်င္ေစပါတယ္။
• antihistamines နဲ႔ ႏွာပိတ္သက္သာေဆး လို ေဆးမ်ိဳး။ ဒါေတြက ခံတြင္းေျခာက္ျခင္းကို ပိုဆိုးေစပါတယ္။
• သၾကားသို႔မဟုတ္ အက္ဆစ္ဓာတ္ပါ၀င္တဲ့ အစာေတြနဲ႔ခ်ိဳခ်ဥ္ေတြ။ ဒါေတြက သြားပ်က္စီးနိုင္ေခ်ကို ပိုမ်ားေစပါတယ္။ စပ္တဲ့အစာေတြနဲ႔ ဆားငံတဲ့အစာေတြကိုလည္းေရွာင္ပါ။ သူတို႔ကလည္း ခံတြင္းနာက်င္ျခင္းကိုျဖစ္ေစပါတယ္။
တံေတြးဟာသြားနဲ႔ခံတြင္းကို က်န္းမာေရးေကာင္းေအာင္ထိန္းသိမ္းေပးတဲ့ေနရာမွာ အေရးၾကီးလွပါတယ္။ ေအာက္ပါအခ်က္ေတြကိုလိုက္နာျခင္းက ခံတြင္းေျခာက္တာကိုသက္သာေစျပီး သြားေတြကိုလည္း ကာကြယ္ေပးနိုင္မွာပါ။
• ဖလိုရြိဳက္သြားတိုက္ေဆးနဲ႔သြားတိုက္ျပီး သြားၾကားထိုးပါ (ၾကိဳးျဖင့္)။ သင္ဟာ ေဆးပါတဲ့ဖလိုရြိဳက္သြားတိုက္ေဆးေတြ၊ betaie ပါ၀င္တဲ့သြားတိုက္ေဆးေတြ သို႔မဟုတ္ ဘက္တီးရီးယားအက္ဆစ္ေတြကို ဓာတ္ျပယ္ေစတဲ့ သြားတိုက္ေဆးဂ်ယ္ေတြ သံုးရင္ ပိုအဆင္ေျပနိုင္မလားဆိုတာ သြားဆရာ၀န္ကိုေမးပါ။
• ညအိပ္ရာမ၀င္ခင္ ဖလိုရိြဳက္ပါတဲ့ ခံတြင္းသန္႔ေဆးရည္ကိုသံုးပါ။ သို႔မဟုတ္ ဖလိုရြိဳက္ဂ်ယ္နဲ႔ သြားတိုက္ပါ။
• တစ္နွစ္ကို အနည္းဆံုး၂ၾကိမ္သြားဆရာန္နဲ႔ေတြ႕ျပီး သြားပ်က္စီးတာကို ကာကြယ္နိုင္ဖို႔ သြားအေျခအေနစစ္ေဆးျခင္းနဲ႔ သြားခ်ိဳးေတြဖယ္ရွားျခင္းစတာေတြကို ျပဳလုပ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group

# Unicode Version ျဖင့္ ဖတ္ပါ #
Dry Mouth (ခံတွင်းခြောက်ခြင်း) ကဘာလဲ။

Xerostomia လို့ခေါ်တဲ့ခံတွင်းခြောက်ခြင်းဟာ တံတွေးအထွက်နည်းခြင်းကြောင့်ဖြစ်ရတာပါ။ ဒါဟာရောဂါတစ်ခုတော့မဟုတ်ပေမယ့် ကျန်းမာရေးအခြေအနေတစ်ခုခုရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို antihistamines၊ နှာပိတ်သက်သာဆေး၊ အကိုက်အခဲပျောက်ဆေး၊ဆီးဆေး နဲ့အခြားသောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်။
တံတွေးဟာ သွားတွေမပျက်စီးအောင်နဲ့ ပါးစပ်ထဲမှာရှိတဲ့ နူးညံ့တဲ့တစ်သျှူးတွေ၊ မာကျောတဲ့တစ်သျှူးတွေ စတာတွေကို ကျန်းမာနေစေဖို့ ထိန်းညှိပေးတဲ့ ခံတွင်းရဲ့အခြေခံတိုက်စစ်လည်းဖြစ်ပါတယ်။ တံတွေးဟာ အစာတွေနဲ့ အခြားသောအပိုင်းအစတွေကိုဖယ်ရှားရှင်းလင်းပေးပြီး ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကထုတ်လွှတ်လိုက်တဲ့ အက်ဆစ်တွေကို ဓာတ်ပြယ်စေပါတယ်။ ဒါတင်မကပါဘူး ရောဂါတွေကိုတိုက်ဖျက်နိုင်တဲ့အရာတွေကိုလည်း ပါးစပ်ထဲမှာထုတ်ပေးတဲ့အပြင် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေဝင်ရောက်လာမှုနဲ့ကြီးထွားလာမှုတို့ကို ရှေ့တန်းက ကာကွယ်ပေးနေတာပါ။
ခံတွင်းခြောက်တာနဲ့ဆက်စပ်နေတဲ့ အဖြစ်များတဲ့ပြဿနာတွေကတော့ လည်ချောင်းကြာရှည်နာခြင်း၊ ပူလောင်နေသလိုခံစားရခြင်း၊ စကားပြောရ ဒုက္ခရောက်ခြင်း၊ မြိုချရခက်ခြင်း၊ အသံဝင်ခြင်း၊သို့မဟုတ် နှာခေါင်းလမ်းကြောင်းခြောက်သွေ့ခြင်း စတာတွေပါဝင်ပါတယ်။ အချို့အခြေအနေတွေမှာ ခံတွင်းခြောက်ခြင်းဟာ Sjőgren’s syndrome (ရှိူးဂရင်း ရောဂါ) ရဲ့လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါသေးတယ်။ Sjőgren’s syndrome ဆိုတာဟာ နာတာရှည်ခုခံအားဆိုင်ရာပြဿနာဖြစ်ပြီး ဒီအခြေအနေမှာ ခန္ဓာကိုယ်ထဲက ခုခံအားဟာ သူ့ကိုယ်ပိုင် အစိုဓာတ်ထုတ်ပေးတဲ့ဂလင်းတွေ၊ မျက်ရည်ဂလင်းနဲ့ တံတွေးဂလင်းတွေအပြင် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပါ မှားယွင်းပြီးတိုက်ခိုက်နေတာမျိုးပါ။
လက္ခဏာများ
Dry Mouth (ခံတွင်းခြောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တကယ်လို့သင်က တံတွေးအထွက်နည်းတယ်ဆိုရင် အချိန်တိုင်းသို့မဟုတ် အချိန်အများစုမှာ အောက်ပါလက္ခဏာတွေကို ခံစားနေရမှာပါ။
• ပါးစပ်ထဲမှာခြောက်ကပ်နေခြင်း
• ရေမကြာခဏဆာခြင်း
• ပါးစပ်တွင်းအနာဖြစ်ခြင်း၊ (ပါးစပ်ထောင့်တွေကွဲတာ သို့မဟုတ် အနာဖြစ်တာ၊ နှုတ်ခမ်းကွဲတာ စတာမျိုးတွေပါ။)
• လည်ချောင်းခြောက်ခြင်း
• ပါးစပ်ထဲမှာ အထူးသဖြင့် လျှာမှာ ပူနေတာ သို့မဟုတ် တဆစ်ဆစ်နေတဲ့ ခံစားမှုမျိုးရနေခြင်း
• လျှာဟာ ခြောက်သွေ့နီရဲပြီးနာကျင်နေခြင်း
• စကားပြောရာမှာပြဿနာရှိခြင်း သို့မဟုတ် အရသာခံရာမှာ ၊ ဝါးတဲ့နေရာမှာ၊ မြိုချတဲ့နေရာမှာ အဆင်မပြေဖြစ်ခြင်း
• အသံဝင်ခြင်း၊ နှာခေါင်းလမ်းကြောင်းခြောက်ခြင်းနဲ့ လည်ချောင်းနာခြင်း
• ခံတွင်းနံ့ဆိုးခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့သင်က ခံတွင်းခြောက်ခြင်းရဲ့ သင်္ကေတနဲ့ လက္ခဏာတွေကို ခံစားလာရတယ်ဆိုရင် သွားဆရာဝန် သို့မဟုတ် မိသားစုဆရာဝန်နဲ့ သွားတွေ့ပါ။
ကာကွယ်ခြင်းနှင့် ကုသမှု
Dry Mouth (ခံတွင်းခြောက်ခြင်း) ကို ဘယ်လိုကာကွယ်မလဲ

ခံတွင်းခြောက်ခြင်းဟာ အဖြစ်များပြီး များသောအားဖြင့်တော့ ကာကွယ်လို့ရပါတယ်။ အော်ပါအချက်တွေကို လိုက်နာကြည့်ပါ။
• တစ်ရက်ကို ရေ ၂လီတာသောက်ပါ။ ဒါက ၂၅၀မီလီလီတာရှိတဲ့ ဖန်ခွက်၈ခွက်စာရေပမာဏပါပဲ။
• အိမ်မှာရေငွေ့ပေးစက်ကိုသုံးပါ။ အထူးသဖြင့် အိပ်ခန်းထဲမှာပေါ့။
• ပါးစပ်နဲ့အသက်ရှူမယ့်အစား နှာခေါင်းနဲ့ရှူပါ။
• ခံတွင်းခြောက်စေတဲ့ ဆေးတွေမသောက်ပါနဲ့။ အဆိုပါဆေးတွေထဲမှာ ဆီးဆေး၊ antihistamines နဲ့ နှာပိတ်သက်သာဆေး စတာတွေပါဝင်ပါတယ်။ သင့်ဆရာဝန်က အခြားဆေးတစ်ခုကို ညွှန်းပေးနိုင်ပါလိမ့်မယ်။
• ကဖိန်းပါတဲ့သောက်စရာတွေ၊ ဆေးရွက်ကြီးနဲ့ အရက်စတာတွေကိုရှောင်ပါ။ ဒီအရာအားလုံးဟာ ခံတွင်းထဲမှာခြောက်သွေ့နေမှုကို ပိုတိုးလာစေပါတယ်။
Dry Mouth (ခံတွင်းခြောက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်နဲ့ သွားဆရာဝန်တွေဆီက အကြံပေးချက်တွေအပြင် အောက်ပါအချက်တွေကလည်း သင့်ရဲ့ဝေဒနာတွေကို သက်သာစေမှာပါ။
• တစ်နေ့လုံး သင့်ခံတွင်းကို အစိုဓာတ်ပေးနိုင်အောင် ရေသို့မဟုတ် သကြားမပါတဲ့အရည်ကိုသောက်ပါ။ သို့မဟုတ် ရေခဲတုံးတေါကို ငုံထားပါ။ ဝါးတာနဲ့မြိုချရတာကို အဆင်ပြေစေဖို့ အစာစားတဲ့အချိန်မှာ ရေသောက်ပေးပါ။
• သကြားမပါတဲ့ပီကေကိုဝါးပါ။ သို့မဟုတ် သကြားမပါတဲ့ချိုချဉ်အမာတွေငုံပါ။ ဒါပေမယ့်အချို့လူတေအတွက် သကြားမပါတဲ့ပီကေနဲ့ချိုချဉ်တွေမှာတွေ့ရတဲ့ xylitol ဟာ များများစားရင် ဝမ်းပျက်ခြင်း သို့မဟုတ် ဗိုက်အောက်ပိုင်းအောင့်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။
• Biotene Oral Balance လိုမျိုး Carboxymethyl cellulose သို့မဟုတ် hydroxyethyl cellulose ပါဝင်တဲ့ ဆေးဆိုင်မှာ ကိုယ်တိုင်ဝယ်လို့ရတဲ့ တံတွေးအစားထိုးပစ္စည်းတွေကို သုံးကြည့်ပါ။
• ပါးစပ်နဲ့အသက်မရှူဘဲ နှာခေါင်းနဲ့အသက်ရှူပါ။ ညဘက်တွေမှာ ပါးစပ်နဲ့အသက်ရှူတာဖြစ်စေနိုင်တဲ့ အိပ်ဟောက်ခြင်းကိုကုသဖို့နည်းလမ်း ရှာပါ။
• ညဘက်ဆို အခန်းထဲကို အခန်းတွင်းရေငွေ့ပေးစက်ကိုသုံးပြီး အစိုဓာတ်ပေးပါ။
• နှုတ်ခမ်းခြောက်တာတွေ ကွဲတာတွေကိုချောမွေ့သွားစေဖို့ နှုတ်ခမ်းကိုအစိုဓာတ်ဖြည့်ပါ။
ရောဂါအခြေအနေပိုဆိုးသွားစေမယ့်ပစ္စည်းတွေကိုရှောင်ပါ။ ဒီပစ္စည်းတွေကတော့
• အရက်နဲ့ ကဖိန်းဓာတ်တွေ။ ဒီပစ္စည်းတွေဟာ ခြောက်သွေ့နာကျင်ခြင်းတွေကိုဖြစ်စေပါတယ်။ alcohol ပါတဲ့ခံတွင်းသန့်စင်ဆေးရည်ကို မသုံးပါနဲ့။
• ဆေးရွက်ကြီးနဲ့ပတ်သက်တာမှန်သမျှ မသုံးပါနဲ့။ တကယ်လို့ သင်က ဆေးရွက်ကြီးကို ရှူတယ်၊ ဝါးတယ်ဆိုရင် ရပ်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ဆေးရွက်ကြီးပါဝင်ပစ္စည်းတွေဟာ ခံတွင်းကိုခြောက်သွေ့နာကျင်စေပါတယ်။
• antihistamines နဲ့ နှာပိတ်သက်သာဆေး လို ဆေးမျိုး။ ဒါတွေက ခံတွင်းခြောက်ခြင်းကို ပိုဆိုးစေပါတယ်။
• သကြားသို့မဟုတ် အက်ဆစ်ဓာတ်ပါဝင်တဲ့ အစာတွေနဲ့ချိုချဉ်တွေ။ ဒါတွေက သွားပျက်စီးနိုင်ချေကို ပိုများစေပါတယ်။ စပ်တဲ့အစာတွေနဲ့ ဆားငံတဲ့အစာတွေကိုလည်းရှောင်ပါ။ သူတို့ကလည်း ခံတွင်းနာကျင်ခြင်းကိုဖြစ်စေပါတယ်။
တံတွေးဟာသွားနဲ့ခံတွင်းကို ကျန်းမာရေးကောင်းအောင်ထိန်းသိမ်းပေးတဲ့နေရာမှာ အရေးကြီးလှပါတယ်။ အောက်ပါအချက်တွေကိုလိုက်နာခြင်းက ခံတွင်းခြောက်တာကိုသက်သာစေပြီး သွားတွေကိုလည်း ကာကွယ်ပေးနိုင်မှာပါ။
• ဖလိုရွိုက်သွားတိုက်ဆေးနဲ့သွားတိုက်ပြီး သွားကြားထိုးပါ (ကြိုးဖြင့်)။ သင်ဟာ ဆေးပါတဲ့ဖလိုရွိုက်သွားတိုက်ဆေးတွေ၊ betaie ပါဝင်တဲ့သွားတိုက်ဆေးတွေ သို့မဟုတ် ဘက်တီးရီးယားအက်ဆစ်တွေကို ဓာတ်ပြယ်စေတဲ့ သွားတိုက်ဆေးဂျယ်တွေ သုံးရင် ပိုအဆင်ပြေနိုင်မလားဆိုတာ သွားဆရာဝန်ကိုမေးပါ။
• ညအိပ်ရာမဝင်ခင် ဖလိုရွိုက်ပါတဲ့ ခံတွင်းသန့်ဆေးရည်ကိုသုံးပါ။ သို့မဟုတ် ဖလိုရွိုက်ဂျယ်နဲ့ သွားတိုက်ပါ။
• တစ်နှစ်ကို အနည်းဆုံး၂ကြိမ်သွားဆရာန်နဲ့တွေ့ပြီး သွားပျက်စီးတာကို ကာကွယ်နိုင်ဖို့ သွားအခြေအနေစစ်ဆေးခြင်းနဲ့ သွားချိုးတွေဖယ်ရှားခြင်းစတာတွေကို ပြုလုပ်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top