Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အျငင္းပြားဖြယ္ရပ္တန႔္ ေနေသာ ျမစ္ဆုံ ဆည္စီမံကိန္းႏွင့္ပတ္သက္၍ ျမန္မာအစိုးရႏွင့္ ဆက္လက္ ေဆြးေႏြးမည္ျဖစ္ ေၾကာင္း တ႐ုတ္ႏိုင္ငံက ႏိုဝင္ဘာ ၈ ရက္တြင္ ေျပာၾကားသည္။
ျမန္မာႏိုင္ငံ ေျမာက္ပိုင္းရွိ ျမစ္ဆုံဆည္စီမံကိန္းကို ယခင္ အစိုးရက ၂၀၁၁ အတြင္း ရပ္ ဆိုင္းခဲ့ၿပီးေနာက္ ယင္းကန္ေဒၚ လာ ၃ ဒသမ ၆ ဘီလီယံတန္ဖိုးရွိ စီမံကိန္းသည္ ႏွစ္ႏိုင္ငံၾကား သေဘာတူညီမႈရႏိုင္ေျခမရွိ ျဖစ္ ေနသည္။

သဘာဝပတ္ဝန္းက်င္ႏွင့္ ပတ္သက္ေသာ စိုးရိမ္မႈမ်ားရွိေန စဥ္ ယင္းစီမံကိန္းႀကီးကို ျမန္မာ ဘက္က စြန႔္လႊတ္ခြင့္ရရွိမည့္ နည္းလမ္းမ်ားႏွင့္ ပတ္သက္၍ တ႐ုတ္ႏွင့္ ျမန္မာ အရာရွိမ်ား ေဆြးေႏြးခဲ့ေၾကာင္း ႐ိုက္တာသ တင္းက ဧၿပီလအတြင္း ေဖာ္ျပခဲ့ သည္။

ႀကီးမားေသာ ေရအားလွ်ပ္ စစ္ထုတ္လုပ္ေရး ဆည္မ်ားသည္ ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္စြမ္းအင္ မလုံေလာက္မႈကို တိုက္ဖ်က္ေရး မဟာဗ်ဴဟာ၏ အဓိကဦးစားေပး အစီအစဥ္မ်ားမဟုတ္ဟု စြမ္းအင္ ဝန္ႀကီး ဦးဝင္းခိုင္က အဂၤါေန႔တြင္ ႐ိုက္တာသတင္းဌာနအား ေျပာ ၾကားသည္။

ေဘဂ်င္းၿမိဳ႕၌ တ႐ုတ္ႏိုင္ငံ ျခားေရးဝန္ႀကီးဌာန ေျပာေရးဆို ခြင့္ရွိ အမ်ိဳးသမီး ဟြာခြၽန္ယင္က ျမစ္ဆုံဆည္စီမံကိန္းႏွင့္ ပတ္ သက္သည့္ သေဘာထားေျပာင္း လဲမႈမရွိဟု ေျပာသည္။

‘‘ျမစ္ဆုံေရအားလွ်ပ္စစ္ စက္႐ုံဟာ ႏွစ္ဖက္စလုံး သေဘာ တူထားတဲ့ စီးပြားေရးဆိုင္ရာ ပူး ေပါင္းေဆာင္႐ြက္မႈ စီမံကိန္းတစ္ခု ျဖစ္ပါတယ္။ ၿပီးေတာ့ သေဘာတူခြင့္ျပဳမႈလုပ္ငန္းစဥ္ တစ္ခုကိုလည္း ေက်ာ္ျဖတ္ၿပီး ျဖစ္ပါ တယ္’’ဟု မစၥစ္ဟြာက ေန႔စဥ္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာ သည္။

မိမိတို႔အေနျဖင့္ ျမန္မာ ဘက္ျခမ္းႏွင့္ ဆက္လက္ဆက္ သြယ္ကာ ျပႆနာမ်ား (သို႔မ ဟုတ္) အခက္အခဲမ်ားကို အ ေျပာင္းအလဲျဖစ္ေစေအာင္ သင့္ ေလ်ာ္ေသာ ကိုင္တြယ္ေျဖရွင္းမႈ ျပဳလုပ္မည္ျဖစ္ၿပီး ပူးေပါင္း ေဆာင္႐ြက္မည္ဟု ၎က ထပ္ ေလာင္းေျပာၾကားသည္။

ယင္းအဆိုျပဳထားေသာ ဆည္မွ ေရအားလွ်ပ္စစ္ထုတ္လုပ္ခ်ိန္တြင္ ထုတ္လႊတ္ေသာ လွ်ပ္စစ္ဓာတ္အား အမ်ားစုကို တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္သို႔ နယ္စပ္ျဖတ္ေက်ာ္ ေပးပို႔မည္ျဖစ္သည္။

၂၀၁၆ ဩဂုတ္က ဖြဲ႕စည္း ထားေသာ အစိုးရအဖြဲ႕တစ္ဖြဲ႕က ယင္းဆည္စီမံကိန္းကို ျပန္လည္ သုံးသပ္မည္ျဖစ္ေၾကာင္း ျမန္မာ စြမ္းအင္ဝန္ႀကီးကေျပာၿပီး မိမိတို႔ အစိုးရသည္ တ႐ုတ္ကုမၸဏီ State Power Investment ေကာ္ပိုေရးရွင္း၏ ကုမၸဏီခြဲ Yunan International Power Investment ႏွင့္ ေဆြးေႏြးေနေၾကာင္း ၎က ထပ္ ေလာင္းေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day
#Unicode Version#
အငြင်းပွားဖွယ်ရပ်တန့် နေသော မြစ်ဆုံ ဆည်စီမံကိန်းနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် ဆက်လက် ဆွေးနွေးမည်ဖြစ် ကြောင်း တရုတ်နိုင်ငံက နိုဝင်ဘာ ၈ ရက်တွင် ပြောကြားသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းရှိ မြစ်ဆုံဆည်စီမံကိန်းကို ယခင် အစိုးရက ၂၀၁၁ အတွင်း ရပ် ဆိုင်းခဲ့ပြီးနောက် ယင်းကန်ဒေါ် လာ ၃ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ စီမံကိန်းသည် နှစ်နိုင်ငံကြား သဘောတူညီမှုရနိုင်ခြေမရှိ ဖြစ် နေသည်။

သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သော စိုးရိမ်မှုများရှိနေ စဉ် ယင်းစီမံကိန်းကြီးကို မြန်မာ ဘက်က စွန့်လွှတ်ခွင့်ရရှိမည့် နည်းလမ်းများနှင့် ပတ်သက်၍ တရုတ်နှင့် မြန်မာ အရာရှိများ ဆွေးနွေးခဲ့ကြောင်း ရိုက်တာသ တင်းက ဧပြီလအတွင်း ဖော်ပြခဲ့ သည်။

ကြီးမားသော ရေအားလျှပ် စစ်ထုတ်လုပ်ရေး ဆည်များသည် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင် မလုံလောက်မှုကို တိုက်ဖျက်ရေး မဟာဗျူဟာ၏ အဓိကဦးစားပေး အစီအစဉ်များမဟုတ်ဟု စွမ်းအင် ဝန်ကြီး ဦးဝင်းခိုင်က အင်္ဂါနေ့တွင် ရိုက်တာသတင်းဌာနအား ပြော ကြားသည်။

ဘေဂျင်းမြို့၌ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိ အမျိုးသမီး ဟွာချွန်ယင်က မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ် သက်သည့် သဘောထားပြောင်း လဲမှုမရှိဟု ပြောသည်။

‘‘မြစ်ဆုံရေအားလျှပ်စစ် စက်ရုံဟာ နှစ်ဖက်စလုံး သဘော တူထားတဲ့ စီးပွားရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှု စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ သဘောတူခွင့်ပြုမှုလုပ်ငန်းစဉ် တစ်ခုကိုလည်း ကျော်ဖြတ်ပြီး ဖြစ်ပါ တယ်’’ဟု မစ္စစ်ဟွာက နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။

မိမိတို့အနေဖြင့် မြန်မာ ဘက်ခြမ်းနှင့် ဆက်လက်ဆက် သွယ်ကာ ပြဿနာများ (သို့မ ဟုတ်) အခက်အခဲများကို အ ပြောင်းအလဲဖြစ်စေအောင် သင့် လျော်သော ကိုင်တွယ်ဖြေရှင်းမှု ပြုလုပ်မည်ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မည်ဟု ၎င်းက ထပ် လောင်းပြောကြားသည်။

ယင်းအဆိုပြုထားသော ဆည်မှ ရေအားလျှပ်စစ်ထုတ်လုပ်ချိန်တွင် ထုတ်လွှတ်သော လျှပ်စစ်ဓာတ်အား အများစုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ နယ်စပ်ဖြတ်ကျော် ပေးပို့မည်ဖြစ်သည်။

၂၀၁၆ ဩဂုတ်က ဖွဲ့စည်း ထားသော အစိုးရအဖွဲ့တစ်ဖွဲ့က ယင်းဆည်စီမံကိန်းကို ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း မြန်မာ စွမ်းအင်ဝန်ကြီးကပြောပြီး မိမိတို့ အစိုးရသည် တရုတ်ကုမ္ပဏီ State Power Investment ကော်ပိုရေးရှင်း၏ ကုမ္ပဏီခွဲ Yunan International Power Investment နှင့် ဆွေးနွေးနေကြောင်း ၎င်းက ထပ် လောင်းပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top